သမ္မတ Trump ဟာ သူ့ရဲ့ပုဂ္ဂိုလ်ရေး နိုင်ငံရေးအကျိုးအမြတ်အတွက် အာဏာကို အလွဲသုံးစားလုပ်ခဲ့သလို၊ လွှတ်တော်ရဲ့ တရားရေးလုပ်ငန်းတွေကို နှောင့်ယှက်ခဲ့တယ်ဆိုပြီး အောက်လွှတ်တော် တရားရေးကော်မတီက သမ္မတကို အရေးယူရေး စွဲချက် ၂ ရပ် ထုတ်ပြန်လိုက်ပါတယ်။ Arash Arabasadi သတင်းပေးပို့ချက်ကို ကိုသိန်းထိုက်ဦး တင်ပြထားပါတယ်။
သမ္မတ Donald Trump ကို အရေးယူရေး စုံစမ်းမှုတွေနဲ့ ပတ်သက်ပြီး အစီရင်စာထုတ်ပြန်ရေး အောက်လွှတ်တော်အမတ်တွေ ဒီသတင်းပတ်မှာ ဆက်ပြီး ပြင်ဆင်နေပါတယ်။ ဒီအတောအတွင်းမှာပဲ ဒီမိုကရက်ပါတီတွင်း သမ္မတလေင်းအဖြစ် ယှဉ်ပြိုင်သူတွေထဲမှာ နောက်တယောက် တိုးလာပါတယ်။ Arash Arabasadi ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး တင်ပြပါမယ်။
သမ္မတ Donald Trump ကို အရေးယူရေး လွှတ်တော်ကြားနာပွဲတွေနဲ့ ပတ်သက်ပြီး ဒီမိုကရက်ရော၊ ရီပတ်ဗလစ်ကန် အောက်လွှတ်တော်အမတ်တွေပါ တနင်္ဂနွေနေ့က တုံ့ပြန်ပြောဆိုနေကြပါတယ်။ Arash Arabasadi ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပေးပါမယ်။
သမ္မတ Donald Trump ကို အရေးယူနိုင်ရေး၊ အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီက စစ်ဆေးမယ့် လူ အများရှေ့မှောက် ကြားနာပွဲတွေ မနက်ဖြန် စတင်ပါလိမ့်မယ်။ ရီပတ်ဗစ်ကန်တွေဘက်ကတော့ သမ္မတ Trump ကို အရေးယူစရာ ဘာအကြောင်းမှာမရှိဘူးလို့ ခုခံနေပါတယ်။ Arash Arabasadi ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး တင်ပြပေးပါမယ်။
သမ္မတ Trump ကို အရေးယူနေိုင်ရး စုံစမ်းစစ်ဆေးမယ့် လုပ်ငန်းစဉ်ကို တရားဝင် အတည်ပြုပြီး ကြားနာပွဲတွေ ကျင်းပနိုင်ဖို့ ဒီမိုကရက် အောက်လွှတ်တော်အမတ်တွေက ပြင်ဆင်နေချိန်မှာ ဒီမိုကရက်နဲ့ ရီပတ်ဗလစ်ကန်အကြား အပြန်အလှန် ဝေဖန်ထိုးနှက် ပြောဆိုနေကြပါတယ်။ Arash Arabasadi ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး တင်ပြပါမယ်။
အမေရိကန် သမ္မတ Donald Trump က IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင် Abu Bakr al-Baghdadi သေဆုံးသွားတဲ့အတွက် ကမ္ဘာကြီးဟာ ပိုမိုဘေးကင်းတဲ့နေရာတခု ဖြစ်လာပြီလို့ ဆိုပါတယ်။ ဒါပေမဲ့ IS အကြမ်းဖက်အဖွဲ့ရဲ့ အန္တရာယ်တွေကတော့ ကျန်နေဆဲပဲလို့ သတိပေးနေကြတဲ့အကြောင်း Mike O’Sullivan ရဲ့သတင်းလွှာကို ကိုသိန်းထိုက်ဦး တင်ပြပါမယ်။
ဆီးရီးယား အရှေ့မြောက်ပိုင်း အခြေအနေတွေက အမေရိကန် အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒအဖြစ် ဝါရှင်တန်နိုင်ငံရေးအသိုင်းအဝိုင်းမှာလည်း အခြေအတင် ဆက်လက်ငြင်းခုံနေကြဆဲဖြစ်ပါတယ်။ Mike O’Sullivan ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပါမယ်။
ဆီးရီးယားနိုင်ငံ မြောက်ပိုင်းက ကာ့ဒ်လူမျိုးစု တိုက်ခိုက်ရေးအဖွဲ့တွေကို ပံ့ပိုးနေတဲ့ အမေရိကန် တပ်တွေ ရုတ်သိမ်းလိုက်တာကြောင့် သမ္မတ Donald Trump ကို ဒီမိုကရက်ပါတီဝင်တွေအပြင် ရီပတ်ဗလစ်ကန်အမတ်တချို့ကပါ ဝေဖန်နေကြပါတယ်။ Mice O’Sullivan သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပေးပါမယ်။
သမ္မတ Donald Turmp အပေါ် အရေးယူရေး အောက်လွှတ်တော်အမတ်တွေရဲ့ စုံစမ်းစစ်ဆေးမှုတွေကြောင့် ဒီမိုကရက်အမတ်တွေနဲ့ သမ္မတအကြား ဝါရှင်တန်နိုင်ငံရေးမှာ အပြန်အလှန် ဝေဖန်ထိုးနှက် တိုက်ခိုက်မှုတွေ ပိုပြီး များလာနေပါတယ်။ Mike O’Sullivan သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပေးပါမယ်။
အမေရိကန်သမ္မတ Donald Trump ကို အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးမှုတွေ စတင်ဖို့ အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi က ပြီးခဲ့တဲ့အပတ် ကြေညာလိုက်ပြီးတဲ့နောက် အမေရိကန် နိုင်ငံရေးမှာ အပြန်အလှန် စွတ်စွဲချက်တွေနဲ့ ငြင်းခုံမှုတွေ ပိုတိုးလာနေပါတယ်။ Mike O’Sullivan ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပေးပါမယ်။
ဆော်ဒီအာရေးဗီးယားက ရေနံလုပ်ငန်းတွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး အီရန်အပေါ် အပြစ်ဖို့နေပေမဲ့ အီရန်နဲ့ အမေရိကန်အကြား တင်းမာမှုကို သံတမန်ရေးအရ အဖြေရှာနိုင်ဖို့ ကြိုးစားနေတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mke Pompeo က ပြောပါတယ်။ Arash Arabasadi ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး တင်ပြပေးပါမယ်။
၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှု ကြုံခဲ့ရပြီးတဲ့နောက် ကမ္ဘာတဝှမ်းက အကြမ်းဖက်သမားအဖြစ် သံသယရှိသူတွေ နိုင်ငံထဲဝင်မလာနိုင်အောင် အမေရိကန်အစိုးရက တားဆီးတာ၊ စောင့်ကြည့်စစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။ ဒီအပေါ် ဝေဖန်မှုတွေလည်းရှိပါတယ်။ Saba Shah Khan ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး တင်ပြထားပါတယ်။
အာဖဂန်နစ္စတန်မှာ တာလီဘန်အဖွဲ့က အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်ကျုးလွန်နေတဲ့အတွက် အမေရိကန် နဲ့ တာလီဘန်အကြား ငြိမ်းချမ်းရေး စေ့စပ်ညှိ့နိုင်းမှုတွေကို ဖျက်သိမ်းလိုက်တဲ့အကြောင်း သမ္မတ Donald Trump က ကြေညာပါတယ်။ Arash Arabasadi ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး တင်ပြပေးပါမယ်။
အမေရိကန် ပြည်ထောင်စုမှာ လူတွေ အစုလိုက် ပစ်ခတ် တိုက်ခိုက်ခံရတာတွေ ပိုများလာပေမယ့် သေနတ်ကိုင်ဆောင်ခွင့်ကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ဖို့ဆိုရင်၊ နိုင်ငံရေးသမားတွေ တွန့်ဆုတ်နေကြပါတယ်။ Zlatica Hoke ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ကွန်ပျူတာသုံး မြန်မာဘာသာစကား ဖတ်ရှုရေးသားရာမှာ လာမယ့်အောက်တိုဘာ ၁ ရက်ကစပြီး ယူနီကုဒ်စနစ်ကို တပြိုင်တည်း ကူးပြောင်းနိုင်မယ့် အစီအစဉ်နဲ့ပတ်သက်လို့ သိပ်မကြာခင်က အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့ မန္တလေး Alpha Info Tech ကုမ္ပဏီရဲ့ အကြီးအကဲ ဦးရဲမြတ်သူကို VOA က ဦးသိန်းထိုက်ဦးက တွေ့ဆုံမေးမြန်းထားပါတယ်။
ရီပတ်ဗလစ်ကန် ပါတီ အောက်လွှတ်တော်အမတ်ဟောင်းတဦးဖြစ်တဲ့ Joe Walsh က ၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီတွင်း သမ္မတလောင်းအဖြစ် သမ္မတ Donald Trump ကို ယှဉ်ပြိုင်မယ်လို့ ကြေညာလိုက်ပါတယ်။ VOA သတင်းထောက် Elizabeth Cherneff ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပေးပါမယ်။
တရုတ်က သွင်းကုန် ဒေါ်လာ သန်းဘီလျံ ၃၀၀ ဘိုး ကုန်တွေကို အခွန်တိုးကောက်မယ်လို့ ကြေညာပြီး မကြာခင်မှာ ကမ္ဘာ့ အစုရှယ်ယာဈေးတွေ ထိုးကျပြီး၊ စီးပွားရေး ဆုတ်ယုတ်မှုတွေ ရင်ဆိုင်ရနိုင်ခြေ ရှိနေပြီဆိုတဲ့ စီးပွားရေးပညာရှင်တွေရဲ့ သတိပေးချက် ထွက်လာပါတယ်။ Arash Arabasadi ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး တင်ပြပါမယ်။
Texas နဲ့ Ohio ပြည်နယ်တွေမှာ ပြီးခဲ့တဲ့အပတ်က လူအုပ်ထဲ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဒီ သေနတ်ကိုင် အကြမ်းဖက်မှု ကိစ္စက အမေရိကန် နိုင်ငံရေး အခြေအတင်ငြင်းခုံမှုတွေအပေါ် လွှမ်းမိုးနေပါတယ်။ VOA သတင်းထောက် Mike O'Sulivan ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စုမှာ လူ ၃၁ ယောက်သေဆုံးခဲ့တဲ့ ပြီးခဲ့တဲ့ သတင်းပတ်ကုန် သေနတ်ကိုင် ပစ်ခတ်မှု ၂ ခု အပြီး အလားတူ အကြမ်းဖက်မှုတွေ နောင်မကြုံရအောင် ဘယ်လို ဟန့်တားမလဲ မေးခွန်းထုတ်လာကြပါတယ်။
ပြီးခဲ့တဲ့ သတင်းပတ်ကုန်က သေနတ်ကိုင်ပစ်ခတ်မှုတွေ သီးခြားစီ ဖြစ်ပွားခဲ့ပြီး၊ သေဆုံးသူ ၃၁ ယောက် ရှိသွားပြီဖြစ်တဲ့ Ohio ပြည်နယ် Dayton မြို့နဲ့၊ Texas ပြည်နယ် El Paso မြို့တွေကို သမ္မတ Donald Trump ဒီနေ့ သွားရောက်ပါလိမ့်မယ်။
နောက်ထပ်ကြည့်ရှုရန်