ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်က မူဆယ်မြို့နယ်၊ မုံးကိုးဒေသဘက်မှာ စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ကြား တိုက်ပွဲတွေ နှစ်ရက်ဆက်တိုက်ဖြစ်နေပြီး အဲဒီသအတွင်း စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ကြား စစ်ရေးတင်းမာမှုတွေ မြင့်တက်လာနေကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ် ပန်ဆိုင်းမြို့အနီးတဝိုက်မှာ စစ်တပ်နဲ့ ကိုးကန့်လက်နက်ကိုင် MNDAA တို့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် တရုတ်နိုင်ငံထဲက ဝမ်တိန်မြို့ထဲအထိ ကျည်ဆံတွေ ကျလာနိုင်တယ်လို့ တရုတ်အာဏာပိုင်တွေက သတိပေးချက် ထုတ်ထားပါတယ်။
လက်ရှိစစ်ကောင်စီက ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ဆက်စပ်ပြီး ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးနေပေမယ့် လွန်ခဲ့တဲ့တနှစ်ကျော်က တင်းမကျေးရွာကဖမ်းသွားသူတွေထဲ သေနတ်ဒဏ်ရာနဲ့ သေဆုံးသူ တယောက်ရှိထားပြီး ကျန်တဲ့ ၁၄ နှစ်အရွယ်ကလေးတယောက်နဲ့ ကျန်သူတွေကို ပြန်လွှတ်မပေးသေးတဲ့အတွက် မိသားစုတွေ ပိုပြီးစိုးရိမ်နေကြပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး လူမည်း နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်၊ စစ်တပ်အကြီးအကဲ အရာရှိကြီး တဦးလည်းဖြစ်တဲ့ Colin Powell ဟာ ကိုဗစ် 19 ရောဂါကြောင့် နောက်ဆက်တွဲ ရောဂါ ဝေဒနာတွေ ခံစားခဲ့ရပြီး မနေ့က အသက် ၈၄ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။ ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စုမှာ Johnson & Johnson ကိုဗစ် 19 ကာကွယ်ဆေးထိုးထားတဲ့ အသက် ၁၈ နှစ်ကျော်တဲ့သူတိုင်း အားဖြည့်ကာကွယ်ဆေး နောက်တလုံး ထပ်ထိုးဖို့ အမေရိကန်ပြည်ထောင်စု အစားအစာနဲ့ ဆေးဝါး ကွပ်ကဲရေးဌာန FDA ရဲ့ အကြံပေး အဖွဲ့က မကြာခင်က ထောက်ခံလိုက်ပါတယ်။ ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
NCA တနိုင်ငံလုံးအတိုင်းအတာနဲ့အပစ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ (၆) နှစ်ပြည့်တဲ့အချိန်မှာ မြန်မာ့အရေး ဝိုင်းဝန်းဖြေရှင်းပေးကြဖို့ လက်မှတ်ထိုးစဉ်က အသိသက်သေတွေဖြစ်ကြတဲ့ နိုင်ငံတွေကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က တောင်းဆိုလိုက်ပါတယ်။
သမ္မတ Joe Biden ရဲ့ ဥပဒေပြုရေး ဦးစားပေးလုပ်ငန်းတွေဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု အခြေခံအဆောက်အအုံတွေ မွန်းမံရေးနဲ့ လူမှုဖူလုံရေးအသုံးစရိတ်ကိစ္စ ထောက်ခံမှု ရဖို့ ရည်ရွယ်ပြီး အင်္ဂါနေ့က Michigan ပြည်နယ်ကို သမ္မတ Binden သွားရောက်ပါတယ်။ ဒီအကြောင်း Patsy Widakuswara ရဲ့သတင်းလွှာကို ကိုသိန်းထိုက်ဦး တင်ပြထားပါတယ်။
၁၆ နှစ် ကြာ တိုင်းပြည်ကို ဦးဆောင်ခဲ့တဲ့ ဝန်ကြီးချုပ် Angela Merkel တာဝန်က အနားယူတော့မှာမို့၊ သူ့ကို နုတ်ဆက်ဖို့ ဂျာမနီနိုင်ငံ ပြင်ဆင်နေပါတယ်။ Henry Ridgwell ဘာလင်မြို့က ပေးပို့တဲ့ သတင်းဆောင်းပါးကို ကိုသိန်းထိုက်ဦး တင်ပြပေးပါမယ်။
အမေရိကန် ပြည်ထောင်စုမှာ သမ္မတ Joe Biden အဆိုပြုထားတဲ့ ဒေါ်လာ တစ် တြီလျံ သုံးစွဲရေး အခြေခံ အဆောက်အအုံ ဥပဒေကြမ်းကို ဒီ တပတ်ထဲမှာ မဲခွဲဆုံးဖြတ်ဖို့ လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi က ကြေညာထားပါတယ်။ Michelle Quinn ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ကိုဗစ် 19 ရောဂါ ကူးစက်မှာစိုးရိမ်ပြီး တနှစ်ကျော် ပိတ်ထားခဲ့ရတဲ့ နယူးယောက်မြို့တော်က ကမ္ဘာကျော် Broadway ပြဇာတ်ရုံတွေ ဒီနှစ် ဆောင်းဦးရာသီမှာ ပြန်ဖွင့်တော့မှာပါ။ ၁၀၀ % ပရိသတ်အပြည့်နဲ့ ပြန်ဖွင့်နိုင်ဖို့ ပြင်ဆင်နေတာပါ။ Tina Trinh ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။
၂ လကြာပိတ်ထားတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ရုံးတွေဒီနေ့ပြန်ဖွင့်တဲ့အတွက် ရန်ကုန်မြို့က ရုံးရှေ့မှာ လူတွေ ကြိတ်ကြိတ်တိုးတန်းစီပြီး နိုင်ငံကူးလက်မှတ်လာလုပ်ခဲ့ကြပါတယ်။ မနက် ၇ နာရီထိုးချိန်မှာကို လူတွေ အတော်များနေပြီလို့ ဝန်ဆောင်မှုပေးသူတယောက်က ဗီအိုအေကို ပြောပါတယ်။
အာဖဂန်နစ္စတန်နဲ့ပတ်သက်လို့ အနှစ် ၂၀ ကြာ စစ်ပွဲအတွင်းမှာ အမေရိကန် ပြည်ထောင်စုဘက်က လုပ်နိုင်သမျှ အားလုံး အကောင်းဆုံး ဆောင်ရွက်ပေးခဲ့တဲ့အကြောင်း အမေရိကန် စစ်မှုထမ်းတဦးက ပြောဆိုပါတယ်။ အာဖဂန်မှာ တာဝန်ထမ်းခဲ့ဖူးတဲ့ စစ်မှုထမ်းတချို့ရဲ့ ပြောပြချက် Kane Farabaugh ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး တင်ပြထားပါတယ်။
အာဖဂန်နစ္စတန်မှာ တွေ့ကြုံခဲ့ရတဲ့ စစ်ရေး နိုင်ငံရေး အတွေ့အကြုံတွေကို အမေရိကန် နိုင်ငံခြားရေးမူဝါဒ ရေးဆွဲရာမှာ ပြန်လည် အသုံးချနိုင်အောင် စစ်ပြန်စစ်မှုထမ်းဟောင်း တချို့က ကြိုးစားနေပါတယ်။ Kane Farabaugh ရဲ့ သတင်းလွှာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
အာဖဂနစ္စတန်ကို အမေရိကန်တပ်ဖွဲ့တွေ ဝင်ရောက်ခဲ့တဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း အာဖဂန်ပြည်သူတွေရဲ့ ထောက်ခံမှုကို ရဖို့ အဓိက ဦးတည်တဲ့ ကူညီထောက်ပံ့ရေးလုပ်ငန်းတွေ တော်တော်များများမှာ အမေရိကန် တပ်ဖွဲ့ဝင်တွေ ပါဝင် ဆောင်ရွက်ခဲ့ပါတယ်။ ကိုသိန်းထိုက်ဦး တင်ပြပါလိမ့်မယ်။
ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ တနိုင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကချင်လက်နက်ကိုင် KIA အဖွဲ့ကြား ဒီကနေ့ မနက်က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဖားကန့်မြို့နယ်ထဲမှာလည်း KIA က တပ်ရိက္ခာ တင်ယာဉ်ကို ခုရက်ပိုင်းအတွင်း မီးရှိုဖျက်ဆီးခဲ့ပါတယ်။
တရုတ်နိုင်ငံ ယူနန်ပြည်ထဲဝင်မယ့် မြန်မာကုန်ကားတွေကို ကျန်းမာရေးစစ်ဆေးပေးမယ့် ကိုဗစ်စင်တာကို ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ တည်ဆောက်နေပြီး လာမယ့်စက်တင်ဘာလလယ်မှာ အပြီးသတ်တဲ့အခါ နယ်စပ်ကုန်သွယ်ရေးပြန်လည်ပတ်နိုင်ဖို့ မြန်မာဘက်က မျှော်လင့်နေပါတယ်။
အမေရိကန် ဦးဆောင်တဲ့ အာဖဂန် စစ်ပွဲကို ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်၊ အမေရိကန်ပြည်ထောင်စု အကြမ်းဖက် တိုက်ခိုက်ခံရပြီး မှာ စတင်ပါတယ်။ အယ်လ်ခိုက်ဒါး အကြမ်းဖက် အဖွဲ့ကို ခိုလှုံခွင့်ပေးထားတဲ့ တာလီဘန်တွေကို မောင်းထုတ်ဖို့ မဟာမိတ် အာဖဂန်အဖွဲ့တွေကို အမေရိကန်တပ်တွေက စပြီး ကူညီပေးခဲ့တာပါ။
အာဖဂန်နိုင်ငံကနေ အမေရိကန်တပ်တွေ အပြီးသတ်ဆုတ်ခွာဖို့ အချိန်အနည်းငယ်ပဲ ကျန်ပါတော့တဲ့ တချိန်တည်းမှာပဲ တာလီဘန်တွေရဲ့တိုက်ခိုက်မှုတွေ တိုးလာနေတာကြောင့် အာဖဂန်အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအတွက် လုံခြုံမှုကင်းမဲ့တဲ့ အနာဂတ်တခု ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြောကြပါတယ်။ ဦးသိန်းထိုက်ဦး က တင်ပြပေးပါမယ်။
မြန်မာစစ်တပ်ကအာဏာရယူထားတာ ၆ လပြည့်လာတဲ့အချိန်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ဆက်ရှိနေသေးပေမဲ့ အရင်ကလို အင်တိုက်အားတိုက် ပါဝင်တဲ့ လှုပ်ရှားမှုတွေ သိပ်မတွေ့ရတော့ပါဘူး။ ကိုဗစ် ရောဂါ ကူးစက်မှု တတိယလှိုင်းအကြီးအကျယ်ခံနေရတဲ့အတွက်လည်းပါတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
KIO ရဲ့ ပညာရေးကျောင်းတွေတည်ရှိရာ မိုင်ဂျာယန်မှာ Covid 19 ကူးစက်သူဟာ ၃၂၀ ကျော်အထိရှိလာနေပြီး လောလောဆယ်မှာကတော့ Covid 19 ပိုးတွေ့လူနာမရှိတဲ့ လိုင်ဇာဒေသဘက်မှာ ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းတွေကို နေ့စဉ် ဆောင်ရွက်ပေးနေကြောင်း KIO တာဝန်ရှိသူက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်