အင်ဒိုနီးရှားနိုင်ငံမှာ ကူးစက်မြန် Delta ကိုရိုနာ ဗိုင်းရပ်စ်ပိုးမျိုးကွဲ ကူးစက်မှုတွေ တိုးလာနေပြီး ဆေးရုံတွေမှာလည်း လာရောက်ကုသသူတွေ ပြည့်နေပါတယ်။ ဖျားနာတဲ့သူတွေကို အိမ်မှာကိုယ့်ဘာသာကုသ စောင့်ရှောက်ရတဲ့ အခြေအနေ ရောက်နေပြီး အောက်စီဂျင်ရဖို့ အသည်းအသန် လိုက်ရှာနေရပါတယ်။ ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
KIO ကချင်လက်နက်ကိုင်အဖွဲ့ရဲ့ ပညာရေးအခြေခံဒေသဖြစ်တဲ့ မိုင်ဂျာယန်မှာ Covid 19 ကူးစက်မှုဟာ ကျောင်းသားတွေအကြားမှာ အများစု ကူးစက်ပျံ့နှံ့နေပါတယ်။ လောလောဆည် ပိုးတွေ့သူ ၂၀၀ နီးပါး ရှိကြောင်း KIO ရဲ့ Covid 19 ကာကွယ် တားဆီး နှိမ်နင်းရေးကော်မတီ တာဝန်ရှိသူက ပြော
ဆီးရီးယားနိုင်ငံမြောက်ပိုင်း Rojava အရပ်မှာ မုဆိုးမတွေ စုနေကြတဲ့ အမျိုးသမီးသီးသန့် ကျေးရွာတရွာ ရှိပါတယ်။ အိမ်တွင်းအကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ၊ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကား ခံရတဲ့ အမျိုးသမီးတွေ ဒီသီးသန့်ရွာမှာ နေကြပါတယ်။ ဦးသိန်းထိုက်ဦး က ပြောပြပေးပါလိမ့်မယ်။
KIA ကချင်လက်နက်ကိုင်အဖွဲ့ ဌာနချုပ် လိုင်ဇာနဲ့ ပညာရေးကျောင်းများ တည်ရှိရာ မိုင်ဂျာယန်မှာ Covid 19 အတည်ပြုလူနာ ၂၀ နီးပါး တွေ့ရှိထားကြောင်း COVID-19 ရောဂါ တားဆီးနှိမ်နင်းရေး ကော်မတီ တာဝန်ရှိသူက ပြောပါတယ်။
ကိုဗစ်ကူးစက်မှုတွေ တိုးလာနေတဲ့ ရခိုင်ပြည်နယ်မှာ ကိုဗစ်စည်းကမ်းတွေလည်း တင်းကြပ်ထား သလို ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေရှ့် နယ်စပ်ကုန်သွယ်ရေး စခန်းတွေကို ဒီလ ၁၅ရက်နေ့က နေစပြီး ဇူလိုင်လကုန်အထိ ယာယီပိတ်
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆရာဝန်တွေ ကျန်းမာရေးလုပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ ရှိနေပြီး ဆရာဝန်တွေဟာ ဆေးကုသတဲ့အလုပ်ကို လျို့ဝှက်လုပ်ကိုင်နေရတဲ့အကြောင်း ထွက်ပြေးတိမ်းရှောင်နေတဲ့ ဆရာဝန် လူငယ်တယောက်က ပြောပြပါတယ်။ AP သတင်းကိုအခြေခံပြီး ကိုသိန်းထိုက်ဦး တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်တွင်း ၁၀ မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာတွေရှိနေပြီး ကိုဗစ်ကပ်ရောဂါ ကူးစက်သူများလာနေတာကြောင့် ကိုဗစ်စည်းကမ်းတွေကို တင်းကြပ်လိုက်ပြီး နှာခေါင်းစည်းမတပ်သူတွေကို အရေးယူသွားမယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။
ပုဒ်မ ၅၀၅(က) နဲ့ စွဲဆိုခံရတဲ့ အကျဉ်းသား ၇၀၀ကျော်ကို အင်းစိန်ထောင်ကနေ ပြန်လွှတ်ပေးလိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပေမဲ့ တကယ်တမ်းတော့ ဒီထက်နည်းတဲ့ အရေအတွက်ပဲ လွတ်မြောက်လာတယ် လို့အကျဉ်းသားတွေကို လိုက်ပါကူညီပေးနေတဲ့ ရှေ့နေတွေက ပြောပါတယ်။
အဖမ်းခံခဲ့ရပေမဲ့ သတင်းထောက်အလုပ်ကိုပဲဆက်လုပ်သွားတယ်လို့ ပြန်လွတ်လာတဲ့ သတင်းထောက်တွေက ပြောပါတယ်။ သူတို့ရဲ့ ထောင်တွင်းအတွေ့အကြုံနဲ့ သဘောထားတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုသိန်းထိုက်ဦးက တင်ပြပါမယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့အဝင် ၂၁မိုင်စစ်ဆေးရေးဂိတ်ကို KIA က ဒီကနေ့မနက်မှာ ဝင်ရောက် ပစ်ခတ်ခဲ့တာကြောင့် ရဲတပ်သားတစ်ဦးနဲ့ အရပ်သား တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီပစ်ခတ်မှုဖြစ်ပြီးနောက်မှာတော့ မြစ်ကြီးနားမြို့အတွင်းမှာ လုံခြုံရေးတိုးမြှင့်တာတွေလည်း ရှိနေ
မြန်မာနိုင်ငံမှာ တကျော့ပြန် ကိုဗစ်ရောဂါ ကူးစက်မှုတွေ မြင့်တက်လာချိန်မှာပဲ ချင်းပြည်နယ် မင်းတပ်မြို့ကနေ မကွေးတိုင်း ယောမြို့နယ်ထဲကို တိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည်တွေကြားမှာ ကိုဗစ်ကပ်ရောဂါကူးစက်မယ့် စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲဖြစ်ခဲ့တဲ့ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်ဘက်မှာ စစ်ရှောင်တွေအတွက် အရေးပေါ် စားနပ်ရိက္ခာလိုအပ်ချက် ကြီးမားနေပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီအဆင့်ဆင့်ရဲ့ ခွင့်ပြုချက်ရဖို့ ကြိုးစားနေရတဲ့အတွက် အခုလို အချိန်ကြန့်ကြာနေ
ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံက နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေ ပိုဆိုးနိုင်တယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက သတိပေးထားပါတယ်။ ဒါပေမဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ မြန်မာနိုင်ငံက ပြည်တွင်း ဒုက္ခသည်တွေကတော့ ကိုဗစ်ကပ်ရောဂါကို အာရုံမစိုက်နိုင်ကြဘူးလို့ပြောပါတယ်။
မန္တလေးတိုင်း ငါန်းဇွန်မြို့က ရဲကင်းစခန်းတခုနဲ့ ပဲခူး ညောင်လေးပင်မြို့က ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက်ကတော့ ငါန်းဇွန် ရဲကင်းစခန်းတိုက်ခိုက်ခံရတယ်ဆိုတာ အတည်ပြုပေမယ့်၊ ညောင်လေးပင်အဝင်က ရဲကင်းတိုက်ခိုက်ခံရတယ်ဆိုတာကတော့ မမှန်ကန်ဘူးလို့ တုန့်ပြန်ထား
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်အနီးမှာ စစ်တပ်ယာဉ်တန်းကို ကချင်လက်နက်ကိုင်အဖွဲ့ KIA က နေရာ နှစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လတွေက တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ မိုးမောက်မြို့နယ် မြို့သစ်၊ စီဟတ်၊ ကုန်းလောဘက်တွေမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ငြိမ်သက်နေေ
ရခိုင်လက်နက်ကိုင် AA အဖွဲ့က ဖမ်းထားခဲ့တဲ့ တပ်မတော်သား စစ်သုံ့ပန်း ၉ ဦးအပါအဝင် စုစုပေါင်း ၂၃ ဦးကို AA အဖွဲ့က ပြန်လွတ်ပေးလိုက်ပါတယ်။ အဲဒီထဲမှာ ၂၀၁၉ အောက်တိုဘာလတုန်းက ရွှေနဒီ အမြန်ယာဉ်ပေါ်ကနေ ဖမ်းဆီးခံရသူ ၁၄ ယောက်လည်း ပါပါတယ်။
မြန်မာပြည်နဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးဖို့အတွက် ထိုင်းနိုင်ငံအစိုးရက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ကမ်းလှမ်းထားပါတယ်။ ဒီကမ်းလှမ်းချက်နဲ့ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ တွေ့ဆုံဖွယ်အလားအလာရှိ
ကချင်ပြည်နယ် ရွှေကူမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက လက်နက်တွေ ဖမ်းမိပြီးနောက် စစ်ဆေးရှာဖွေမှုတွေကို စစ်ကောင်စီတပ်တွေက တိုးမြှင့်လုပ်နေပါတယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF နဲ့ဆက်စပ်ပြီး ဒေသခံ ၁၀ ယောက်ကိုလည်း ဖမ်းဆီးထားပါတယ်။
ကယားပြည်နယ်အတွင်း မြန်မာစစ်တပ်ရဲ့ ထိုးစစ်တွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးသူ သောင်းနဲ့ချီ ရှိမယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက ခန့်မှန်းထားပါတယ်။ အဲ့ဒီထဲမှာ စစ်တပ်ကို လက်နက်ကိုင်တိုက်မယ်ဆိုတဲ့ ခံယူချက်နဲ့ ထွက်ခွာသွားတဲ့ လူငယ်တွေလည်း ရာနဲ့ချီပါဝင်ပါတယ်။ ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ကချင်လွတ်မြောက်ရေးတပ် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး မြစ်ကြီးနား - ဗန်းမော်ကားလမ်းမှာ ဖြတ်သွားတဲ့ စစ်ကောင်စီယာဉ်တန်းကို KIA က ဒီကနေ့ မနက်က ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကား ၄ စီး ထိခိုက်ခဲ့
နောက်ထပ်ကြည့်ရှုရန်