မြန်မာ့အကြပ်အတည်းတွေ အဆုံးသတ်ပြီး စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဟန့်တားနိုင်ရေးမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေချမှတ်ဖို့ ပျက်ကွက်နေတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဟန့်တားနိုင်ရေးမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဘက်ကပျက်ကွက်နေတဲ့အကြောင်း ကုလသမဂ္ဂက မြန်မာအရေးကျွမ်းကျင်သူ အရာရှိဟောင်း ၃ ဦး ဦးဆောင်ဖွဲ့စည်းထားတဲ့ မြန်မာ့အရေး အထူးအကြံပေးကောင်စီက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ ဦးသိန်းထိုက်ဦး ပြောပြပေးပါလိမ့်မယ်။
မြန်မာစစ်တပ်ပိုင် ကုမ္ပဏီက ထုတ်လုပ်တဲ့ ဘီယာအမှတ်တံဆိပ်အချို့ကို ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် အတွင်းမှာ ရောင်းဝယ်တာ၊ သယ်ယူပို့ဆောင်တာ မလုပ်ဖို့အတွက် ကချင်လက်နက်ကိုင် KIO အဖွဲ့က တားမြစ်ခဲ့တဲ့နောက် နေရာအတော်များများမှာ ရောင်းချတာတွေ မတွေ့ရတော့ကြောင်း ဒေသခံတွေက ပြောကြပါတယ်။
မြန်မာနိုင်ငံမှာ မီးဖိုချောင်သုံးပစ္စည်းတွေ ဈေးတက်နေတဲ့အတွက် ဝင်ငွေနည်းပါးလာတဲ့ မိသားစုတွေ အခက်ကြုံနေကြရပါတယ်။ လက်ရှိအခြေအနေမှာ အလုပ်အကိုင်လည်း ရှားနေတာကြောင့် အများစုက စားဝတ်နေရေးအတွက် အကြပ်ရိုက်နေကြရ။
မန္တလေးနဲ့တခြားမြို့ကြီးတွေမှာပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာတာဝန်ယူခဲ့ကြတဲ့ ကော်မရှင်အဖွဲ့ဝင်ဟောင်းတွေ ဖိအားပေးအရေးယူခံနေရတာတွေရှိနေပါတယ်။ မဲမသမာမှုနဲ့ပက်သက်ပြီး တရား စွဲဆိုတိုင်ကြားခံထားရတဲ့ အမည်မဖော်လိုသူ ကော်မရှင်အဖွဲ့ဝင်ဟောင်းကို ဦးသိန်းထိုက်ဦး ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုရိုနာဗီဇပြောင်းပိုး အိုမီခရွန် ကမ္ဘာမှာပျံ့နှံ့နေချိန်မှာပဲ ကမ္ဘာမှာ စတ္တုထမြောက်လူဦးရေ အထူထပ်ဆုံး အင်ဒိုနီးရှားနိုင်ငံမှာ အားဖြည့်ကာကွယ်ဆေး စတင်းထိုးပေးနေပါပြီ။ အေပီနဲ့ ရိုက်တာ သတင်းတွေကို အခြေခံပြီး မအေးသန္တာကျော် ပြောပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ မဲပေးခွင့်ကန့်သတ်တဲ့ ဥပဒေတွေ ပြည်နယ်တွေက မပြဌာန်းနိုင်အောင် တားဆီးမယ့် ဥပဒေကြမ်းတရပ် အတည်ပြုရေး သမ္မတ Biden တိုက်တွန်း ကြိုးပမ်း နေပါတယ်။ VOA သတင်းထောက် Anita Powell သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
နေရပ်ပြန်ဖို့ဆန္ဒရှိနေတဲ့ မွတ်ဆလင် ၂,၀၀၀ ကို မြန်မာနိုင်ငံထဲ ပြန်လွှဲပြောင်းမယ်လို့ ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာလထဲမှာ တရုတ်က မြန်မာဘက်က တာဝန်ရှိသူတွေကို စာပေးပို့ပြီးတဲ့နောက် အခု တနင်္လာနေ့မှာ ပထမဦးဆုံးအနေနဲ့ အယောက် ၄၀ ကျော်ကို စပြီးပို့ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရခိုင်စစ်ပြေးဒုက္ခသည်စခန်းတွေမှာ စားရေးသောက်ရေး မလုံလောက်တဲ့ပြဿနာကြုံနေကြတဲ့အပြင် ဆောင်းရာသီဖြစ်တာကြောင့် စောင်နဲ့ အနွေးထည်တွေ လိုအပ်နေကြပါတယ်။
“ရိုက်နှက်ခံရတဲ့သူတွေက ကြားနာစစ်ဆေးဆဲ အချုပ်တရားခံတွေ ဖြစ်တဲ့အတွက် အထူးတရားရုံးတွေကို လာတဲ့အခါ ဒဏ်ရာကြီး၊ငယ်တွေပါလာခဲ့တာ တွေ့ခဲ့ရတယ်။ နှိပ်စက်ညှင်းပန်းမှုကလည်း တော်တော်ပြင်းပြင်းထန်ထန် လုပ်တာဖြစ်တဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခံရသူတွေရဲ့ ရှေ့နေတွေကတဆင့် တရားသူကြီးတွေကို ကျနော်တို့ ဒဏ်ရာတွေပြတယ်။” (ရှေ့နေ)
ကိုဗစ် 19 ရောဂါကူးစက်မှုတွေကြောင့် အမေရိကန် ကုမ္ပဏီကြီးတချို့ ဒီနှစ် Las Vegas မှာ ကျင်းပမယ့် ၂၀၂၂ နိုင်ငံတကာ အီလက်ထရောနစ် လူသုံးကုန် ပြပွဲမှာ မပါဝင်ကြသလို လာရောက်ကြည်မယ့် ပရိတ်သတ်တွေအပေါ်မှာလည်း ကန့်သတ်ထားပါတယ်။ AP သတင်းဆောင်းပါးကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
၂၀၂၁ ခုနှစ်အတွင်း အမေရိကန်နိုင်ငံရေးမှာ လွှတ်တော် ဝင်ရောက် စီးနင်းခံရတာနဲ့ ဆက်စပ်ပြီး သမ္မတဟောင်းကို အရေးယူရေး လုပ်ဆောင်ချက်တွေ၊ ကိုဗစ်ကြောင့် ထိခိုက်ရတဲ့ စီးပွားရေး လုပ်ငန်းတွေ ထောက်ပံ့ရေး ဥပဒေပြုဖို့ ကြိုးပမ်းချက်တွေ လွှမ်းမိုးခဲ့ပါတယ်။ ဦးသိန်းထိုက်ဦးက စုစည်းတင်ပြထားပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ် သံဖိုကျေးရွာမှာ တိုက်ပွဲမရှိဘဲ အိမ်မီးရှို့ခံရသလို နတ်ချောင်းကျေးရွာမှာနဲ့ ချင်းပြည်နယ်မင်းတပ်မြို့တို့မှာ တနင်္ဂနွေနေ့ညက စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF အဖွဲ့တို့တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။
“၂ နာရီလောက်ကနေစတာ မနက် ၅ နာရီခွဲ၊ ၆ နာရီလောက်အထိ ဖြစ်တာပေါ့နော်။ အကြီးကြီးဗျ။ မြေတောင်တုန်တယ်၊ ကျနော့အိမ်နဲ့ဆိုရင် ကပ်လျက်လေ။ လက်နက်ကြီးနဲ့လည်း ပစ်ကူပေးတာ။ တော်တော်ထိတယ်လို့ပြောပါတယ်။ တော်တော်လေး ရစရာမရှိဘူးလို့ပြောတယ်။ နယ်မြေခံတပ်တွေက နည်းသွားပါပြီ။” (ဒေသခံတဦး)
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ဘက် စစ်တပ်က ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပြီး တိုက်ပွဲတွေကြောင့် ဒေသခံကျေးရွာသား ထောင်ချီဟာလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
“နေပြည်တော်က စစ်ဆေးပါဆိုတဲ့ အမိန့်ပေးလိုက်တာကြောင့် တောင်ကုတ်မြို့နယ် ရဲစခန်းမှာ စစ်ဆေးနေတယ်။ ၅၀ (ည) ဆိုတဲ့ ပုဒ်မနဲ့ ဗမာပြည်ထဲမှာ ကူညီတယ်ဆိုတဲ့ ပုဒ်မ နဲ့ ဖမ်းဆီးထားတာဖြစ်တယ်။” (ဦးခင်မောင်စိန်၊ ဖမ်းဆီးခံရသူ တောင်ကုတ်လူငယ်ကွန်ယက်ဥက္ကဋ္ဌ ကိုမင်းကိုဦးရဲ့ဖခင်)
ကန်ပက်လက်မြို့နယ် အုတ်ဖိုကျေးရွာက ဓမ္မအမှုတော်ဆောင် ဆရာတော်အွမ်ကီးကို ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းမှာ ဒီဇင်ဘာ ၁၁ ရက်နေ့က ခေါ်ယူဖမ်းဆီးသွားပြီး ၁၃ ရက်နေ့မှာ အလောင်ပြန်တွေ့ရကြောင်း ဒေသခံတွေနဲ့ အသင်းတော်တာဝန်ရှိသူတွေကပြောပါတယ်။
မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံနေရတဲ့ သတင်းထောက်တွေသာ မကပဲ၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် အာရုံစိုက်ပြီး လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံက ပြန်လည်လွတ်မြောက်ပြီး အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့ သတင်းထောက် Danny Fenster က ပြောပါတယ်။ ကိုသိန်းထိုက်ဦး ပြောပြပါလိ့်မ့်မယ်။
အမေရိကန် သတင်းထောက် Danny Fenster ကို ပြန်လွှတ်ပေးတာဟာအပြုသဘောဆောင်တဲ့ လုပ်ရပ် ဖြစ်ပြီးဖမ်းခံထားရဆဲသတင်းသမားအားလုံး ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂကတောင်းဆိုလိုက်သလို ဖမ်းခံထားရသူအားလုံး ပြန်လွှတ်ဖို့အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ကလည်း တောင်းဆိုလိုက်ပါတယ်။ ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ချင်းပြည်နယ် မတူပီမြို့နယ်က တောတောင်ထဲမှာ ပုန်းရှောင်နေကြတဲ့ ရာနဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေ ဖျားနာနေကြပြီး တော်တော်များများ ကိုဗစ်ရောဂါလက္ခဏာတွေ ပြနေပေမဲ့ စစ်ဆေးနိုင်ခြင်း မရှိကြပါဘူး။
နောက်ထပ်ကြည့်ရှုရန်