"ကျနော်သိသလောက်ကတော့ ဒီသင်္ဘောကို ဖမ်းထားတယ်ဆိုပေမဲ့ သင်္ဘောသားတွေအနေနဲ့ individual လွတ်လပ်ခွင့်ရပါတယ်။ သင်္ဘောသားတွေက သူတို့အိမ်တွေကို တယ်လီဖုန်းဆက်ခွင့်တို့၊ ဘာတို့ အဲဒါတွေတော့ ရတယ်လို့ ပြောပါတယ်"
"ဒါ ကျနော်တို့ ဒီဆွေးနွေးပွဲက တိုင်းရင်းသား ခေါင်းဆောင်တွေအားလုံး စုံစုံညီညီနဲ့ ဒါ တတိုင်းတပြည်လုံးအတွက် ငြိမ်းချမ်းရေး မြန်မြန်ဆန်ဆန်လေး ရရှိနိုင်ဖို့အတွက် ကျနော်တို့မျှော်လင့်တာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စက အားလုံး ဆွေးနွေးကြမယ်"
"မနေ့တုန်းကနဲ့ ဒီနေ့၊ ရှင်ခုတ်ထန် တဝိုက်မှာပဲခင်ဗျ။ ကျဆုံးတာကတော့ ၁၀ ယောက်ကျော် အယောက် ၂၀ လောက်ရှိမယ်ထင်တယ်။ ထိခိုက်ဒဏ်ရာ ရတာကတော့ ၄၀-၅၀ လောက်တော့ ရှိပါတယ်။ ပေါင်းလိုက်ရင်တော့ ၆၀ ကျော်မယ်"
"အသက်ရှင်လျက် ကယ်ဆယ်ရရှိတဲ့ မြန်မာသင်္ဘောသား ၂၂ ဦးစလုံး ကျန်းကျန်းမာမာ ရှိပါတယ်။ နောက်ပြီးတော့ ဆယ်ယူရရှိတဲ့ အလောင်းတွေထဲမှာ identified လုပ်ကြည့်တဲ့အခါကျတော့ ၁၅ ဦးက မြန်မာဆိုတာကို တွေ့ရှိရပါတယ်။ အဲတော့ ကျနော်တို့ ပျောက်ဆုံးနေတဲ့ ၁၃ ဦးထဲမှာ မြန်မာ ၄ ဦး ပါပါတယ်"
"ပထဝီအနေအထားအရ အရှေ့တောင်အာရှရော၊ အရှေ့အာရှရော၊ တောင်အာရှဒေသကြီးတွေနဲ့ပါ ဆက်စပ်နေတဲ့ နိုင်ငံတခု ဖြစ်တဲ့အတွက်ကြောင့်မို့ အထူးသဖြင့် လမ်းပန်းဆက်သွယ်ရေးနဲ့ တခြား ပို့ဆောင်ရေးလုပ်ငန်းတွေမှာ အချက်အခြာကျတဲ့ နိုင်ငံတခုဖြစ်တဲ့အတွက်ကြောင့် AIIB ရဲ့ ဦးစားပေး စဉ်းစားခံရတဲ့ နိုင်ငံတွေထဲမှာ မြန်မာပါဝင်နိုင်..."
"ဘယ်လိုစဖြစ်လဲဆိုတော့ တိုက်ပွဲကတော့ မနေ့ညသန်းခေါင်အချိန်လောက်မှာ ကျနော်တို့ ရခိုင့်တပ်မတော်ရဲ့ အမှတ် (၅) ဗျူဟာလက်အောက်ခံစစ်ကြောင်းနဲ့ ဗမာစစ်တပ်ရဲ့ တပ်ရင်း (၂၈၉) လက်အောက်ခံအဖွဲ့တွေနဲ့ အဲဒီနေရာမှာ ထိပ်တိုက်တွေ့မှုတွေဖြစ်ပါတယ်။"
"အစိုးရအာဏာပိုင်အဖွဲ့အစည်း အသီးသီးနဲ့ အဆင့်ဆင့်နဲ့ သူတို့အပေးအယူလုပ်ပြီးတော့ လုပ်နေတဲ့ကိစ္စကို ကျနော်တို့က ဘာအကာအကွယ်ပေးရမှာလဲ။ တရုတ်နယ်စပ်ဘက်ကို သွားဖို့အတွက်က KIO ထိန်းချုပ်နယ်မြေထဲကို ဖြတ်ရတယ်။ ကျနော်တို့က အဲ့ဒီမှာ အခွန်ကောက်တယ်။ ဒါပဲရှိတယ်။ သူတို့ကို ကာကွယ်ပေးစရာ အကြောင်းမရှိဘူး"
"လွတ်လပ်စွာ မှန်ရာမှန်ကြောင်း ဝေဖန်ပြောဆိုတော့ သာသနာညှိုးနွမ်းစေမှု ဆိုပြီးတော့ ဟုတ်လား အစိုးရကို အကြည်ညိုပျက်စေမှု ဆိုပြီးတော့ တရားစွဲတယ် ဆိုပြီးတော့ လုပ်နေသမျှတော့ ငါ့အိမ်မှာငါနေလည်း ငါ ထောင်ကျနေမှာပဲ။"
"လက်ချင်းချိတ်ပြီး တားထားတဲ့ ရဲတွေထဲကို ရှေ့က အတားအဆီးတွေကို ဘယ်လိုဖယ်ရှားခဲ့တယ်၊ ရဲတွေထဲကို ဒုတ်တွေနဲ့ ထိုးပြီးတော့ တဲတွေကို ဖြိုဖို့ ဘယ်လိုလုပ်ခဲ့တယ် ဆိုတာတွေ တွေ့လို့ရှိရင် ကျနော်တို့ဟာ နောက်ဆုံးနည်းလမ်းအဖြစ်နဲ့ ဒီလိုသုံးပြီးတော့ လုပ်ရတယ်ဆိုတာကို ခင်ဗျားတို့ နားလည်ပါလိမ့်မယ်"
"မနက်က ၆ နာရီခွဲလောက်ကနေ စတယ်ဗျ။ လက်နက်ကြီးနဲ့ပစ်တယ်။ ကြည်းတပ်က ထိုးတယ်။ ပြီးတော့ ပြန်ဆုတ်တယ်။ လက်နက်ကြီးနဲ့ ပစ်ထုတယ်။ ကြည်းတပ်က ပြန်ထိုးတယ်။ အဲ့လိုမျိုးလုပ်နေတာ ၁၁ နာရီလောက်ထိ ရောက်သွားတယ်ဗျ။ ကျနော်တို့ဘက်ကတော့ ဘယ်သူမှ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူးဗျ"
"ဘာမှတော့ မထူးသေးပါဘူး။ ကျနော်တို့ ညှိနေတာဆိုတော့ သူတို့တောင်းဆိုတာတွေ ကျနော်တို့ပေးနိုင်သမျှ ပေးမှာပေါ့ဗျာ။ တချို့ တိုင်းပြည်ပျက်မှာမျိုး ဆိုရင်တော့ ကျနော်တို့ မပေးဘူးပေါ့ဗျာ"
“လူတွေ ထိခိုက်သေဆုံးမှု သတင်းတွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံအနေနဲ့ စိုးရိမ်မိသလို၊ စိတ်မကောင်းလည်း ဖြစ်ရတဲ့အကြောင်း၊ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေအနေနဲ့ ကျကျနန အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့လည်း မျှော်လင့်တဲ့အကြောင်း” - တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Hua Chunying
"အခု အသတ်ခံရသူတွေကို တိုက်ခိုက်ခဲ့တဲ့ ပေါက်ပြားလို သက်သေခံ ပစ္စည်းတွေကို ရဲဘက်က လိုက်လံ စုစည်းနေပါတယ်။ အခု အသတ်ခံရသူတို့ရဲ့ အဝတ်အစားတွေ၊ ဖိနပ်တွေနဲ့ တခြား သက်သေခံ ပစ္စည်းတွေ ကျနော်တို့မှာ ရှိနေပါပြီ"
"ဒီ torture နဲ့ ပတ်သက်လို့ ကျနော်တို့ အသိပညာ ပေးတာလေးကတော့ ကျယ်ကျယ်ပြန့်ပြန့်လေး နှံ့နှံ့စပ်စပ်လေး လုပ်ဖို့ လိုနေသေးတယ်လို့ ကျနော်တော့ ဒီလို မြင်ပါတယ်။ အဓိကကတော့ ရဲရယ်၊ တပ်ရယ်၊ နောက် ကျနော်တို့ အကျဉ်းဦးစီးရယ်ပေါ့။" - ဦးစစ်မြိုင်
"အနောက်တိုင်းက မြင်သာထင်သာတာကတော့ ဟုတ်တယ်။ မလာဘူး။ ဒီအရှေ့တိုင်းကတော့ လာတဲ့ဟာတွေက မြင်သာထင်သာ မရှိဘူး။ အဲတော့ မြင်သာထင်သာလည်းရှိ လာလည်းလာတဲ့ဟာမျိုးကို ကျနော်တို့က မျှော်လင့်တာပဲ။ ဒါတွေက ရင်းနှီးမြှုပ်နှံတဲ့ သူတွေရဲ့ သဘောပေါ့နော်"
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သစ် မစ္စ ယန်ဟီလီ-က မြန်မာ့နိုင်ငံရေး နောက်ကြောင်း ပြန်လှည့်ချင်တဲ့ လက္ခဏာတွေ တွေ့နေရတယ်လို့ သုံးသပ်တာကို နိုင်ငံရေးအသိုင်းအဝိုင်းက ငြင်းစရာမရှိကြောင်း ပြောကြပါတယ်။
မြန်မာနိုင်ငံတွင်းက ပြည်တွင်းစစ်တွေကြောင့် ထွက်ပြေးခိုလှုံလာတဲ့ မြန်မာ ဒုက္ခသည်တွေကို ဆယ်စုနှစ်တွေနဲ့ချီ လက်ခံထားရှိခဲ့တဲ့ ထိုင်းနိုင်ငံက ဒီဒုက္ခသည်တွေကို နေရပ်ရင်း ပြန်ပို့တော့မယ်လို့ ကြေညာအပြီးမှာ ဒုက္ခသည် သန်ခေါင်စာရင်းကို ထိုင်းစစ်အစိုးရက စပြီး ကောက်ယူနေပါတယ်။
မြန်မာနိုင်ငံကို ပထမဆုံးခရီးစဉ်အဖြစ်နဲ့ ၁၀ ရက်ကြာ ရောက်ရှိနေတဲ့ မြန်မာဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ်ယန်ဟီးလီဟာ ဒီကနေ့မှာ အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးနဲ့တွေ့ဆုံပြီး ကဏ္ဍပေါင်းစုံက တင်ပြလာတဲ့ မြန်မာ့လူ့အခွင့်အရေး အခြေအနေတွေကို နားထောင်ခဲ့ပါတယ်။
မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ရေးဆွဲထားတဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း တရပ်လုံးကို ဆွေးနွေးကြမယ့် တိုင်းရင်းသားလက်နက်ကိုင်များရဲ့ ညီလာခံကို ကချင်ပြည်နယ် လိုင်ဇာမှာ ဒီရက်ပိုင်းအတွင်း ကျင်းပမှာ ဖြစ်ပါတယ်။
လွတ်လပ်စွာ သတင်းရယူခွင့်အတွက် သမ္မ ဦးသိန်းစိန်ကို ငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြတဲ့ သတင်းထောက်တွေကို တရားစွဲဆိုတာအပါအဝင် သတင်းလွတ်လပ်ခွင့် ကိစ္စအားလုံးကို သမ္မတနဲ့ဆွေးနွေးဖို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ကြိုးပမ်းနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်