၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ပဏာမအားဖြင့် ရန်ကုန်တိုင်း၊ အလုံမြို့နယ်မှာ စတင်လိုက်ပြီး စာရှင်းပြုစုမှုကို ၁၅ ရက်အတွင်း အပြီးဆောင်ရွက်သွားမှာဖြစ်ကြောင်း ရွေးကောက်ပွဲ ကျင်းပရေးကော်မတီက ပြောပါတယ်။
မန္တလေးမြို့ အေးချမ်းတည်ငြိမ်ရေး အခြေအနေကို ရေရှည်ထိန်းသိမ်းနိုင်ဖို့ မြို့မိမြို့ဖတွေက မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့ကြပြီး ဒီအစည်းအဝေးကနေပြီး မတူညီတဲ့ ယုံကြည်မှုတွေကို အပြန်အလှန် လေးစားလာကြစေဖို့ အပါအဝင် ရေရှည်လုပ်ငန်းစဉ်တွေကို ချမှတ်ခဲ့ကြပါတယ်။
မန္တလေးတိုင်းအတွင်း ဆူပူအကြမ်းဖမ်းမှုတွေကြောင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်တဲ့ မြို့နယ်ထဲမှာ ပုသိမ်ကြီးမြို့နယ်တမြို့ တိုးလာတဲ့အတွက် ညမထွက်ရတဲ့ မြို့နယ် ၇ မြို့နယ် ရှိသွားပါပြီ။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် သမ္မတအမည်တင်သွင်းထားတဲ့ ရခိုင်ပြည်နယ်လွှတ်တော်ရဲ့ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ချုပ်မောင်မောင်အုန်းကို ဒီကနေ့မှာပဲ ပြည်နယ်လွှတ်တော်က ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါပြီ။
The State of the Tropics 2014 အစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားကို တက်ရောက်ဖွင့်လှစ်ပေးခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တပ်မတော်သား လွှတ်တော်အမတ်တွေကို တိုက်တွန်းခဲ့ပါတယ်။
သြစတေးလျနိုင်ငံကို ရောက်နေတဲ့ ကိုမင်းကိုနိုင်နဲ့အဖွဲ့ဟာ မကြာခင် မြန်မာနိုင်ငံခရီး စတင်တော့မယ့် သြစတေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးတာမှာတော့ မြန်မာ့ ဒီမိုကရေစီအရေး မြန်မာအစိုးရကို တွန်းအားပေးသွားမယ်လို့ ကတိပေးခဲ့တဲ့အကြောင်း ၈၈ မျိုးဆက်ခေါင်းဆောင်တဦးဖြစ်သူ ကိုဂျင်မီက ပြောပါတယ်။
"အကယ်၍များ ကန့်ကွက်ဆွေးနွေးဖို့ အကြောင်းပေါ်လာမယ်ဆိုရင် ဒီကော်မရှင်ထဲမှာ မပါတဲ့အတွက် ကျနော်တို့ ကန့်ကွက်ဆွေးနွေးဖို့ရာ သင့်တော်တာပေါ့။ ဒီကော်မရှင်ထဲမှာ အတူ ပူးပေါင်းပါဝင်ပြီး အဲ့ဒီကျတော့မှ ကန့်ကွက်ဖို့ဆိုရင် ကျနော်တို့မှာ အဆင်မပြေဘူး။ ဒါကြောင့်မို့လို့ နှုတ်ထွက်လိုက်တာပါ။"
အာဆီယံထိပ်သီးခေါင်းဆောင်များနဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ အမျိုးသားလူငယ်ကွန်ဂရက်က ကိုဘိုဘိုက အာဆီယံလူငယ်များတွေ့ဆုံပွဲက ချမှတ်ခဲ့တဲ့ ရန်ကုန်ကြေညာစာတမ်းပါ အချက်တွေကို တောင်းဆိုခဲ့ပေမယ့် ကျေနပ်အားရမှုတော့ မရှိခဲ့ကြောင်း ဗွီအိုအေကို ပြောပါတယ်။
"နိုင်ငံရေးဆွေးနွေးပွဲတွေဆိုတာ အပစ်အခတ်ရပ်စဲရေး ဖြစ်စဉ်တခုကို ကျော်လွှားပြီးမှ ပေါ်ပေါက်မယ့် အခြေအနေ ရှိနေတော့ အက္ခရာကျနေတာက အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်နိုင်ဖို့ပဲ။ ဒီစာချုပ်ကလည်း တဘက်ကနေ တဘက်ကို ဆီးပိုးတဲ့စာချုပ် မဟုတ်ဘဲ နှစ်ဘက်လုံးကို မျှမျှတတဖြစ်မယ့် စာချုပ်မျိုး ဖြစ်ဖို့ လိုပါတယ်"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ဒီကနေ့ ဖွဲ့စည်းလိုက်တဲ့ ပူးပေါင်း ကော်မတီက လုပ်ဆောင်မယ့် အချက်ကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရေး လူထု စည်းရုံးလှုပ်ရှားမှု ဖြစ်ပါတယ်။
သတင်းစာဆရာကြီး ဦးဝင်းတင်ဟာ ဆေးကုသမှုခံယူနေတာ ရက်ပေါင်း ၄၀ နီးပါးရှိလာချိန် တတိယအကြိမ် ကျောက်ကပ်ဆေးထားပေမယ့် ကျန်းမာရေးအခြေအနေ စိုးရိမ်နေရဆဲဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ပြင်သစ်စံတော်ချိန် နေ့လည် ၁၂ နာရီမှာ ပြင်သစ်နိုင်ငံကိုရောက်သွားပြီဖြစ်ပြီး ၁၆ ရက်နေ့ ထွက်ခွာချိန်အထိ ၃ ရက်ဆိုပေမယ့် သွားရောက်တွေ့ဆုံဖို့ စီစဉ်ထားတာတွေ အလွန်များတာကြောင့် မြန်မာအသိုင်းအဝိုင်းနဲ့ တွေ့ချင်ပေမယ့် တွေ့ဆုံနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လအတွင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာဖြစ်ခဲ့တဲ့ NGO ရုံးတွေ အတိုက်ခံရမှုနဲ့ ဆက်စပ်ပြီး ထိန်းသိမ်းခံခဲ့ရတဲ့ ရခိုင်အမျိုးသားပါတီရဲ့ ဗဟိုကော်မတီဝင်တစ်ဦးဟာ ထိန်းသိမ်းခံကာလအတွင်း ကျန်းမာရေးချွတ်ယွင်းပြီး ကွယ်လွန်သွားခဲ့ပါတယ်။
သမ္မတဦးသိန်းစိန်က ဒီကနေ့ ရန်ကုန်မြို့မှာ နိုင်ငံရေးပါတီတွေက အဖွဲ့ဝင်တွေနဲ့တွေ့ဆုံပြီး လက်ရှိအစိုးရရဲ့ ဆောင်ရွက်ချက်တွေထဲက အဓိက အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ တိုးတက်တဲ့ အနာဂတ်မြန်မာနိုင်ငံ ဖော်ဆောင်ရေး အကြောင်းတွေကို ရှင်းပြခဲ့ပါတယ်။
"ဝင်ငွေခွန်ကတော့ အရင်တုန်းက လစာက ၁ သိန်း ၂ သောင်းဆိုလို့ရှိရင် တနှစ်ကို ၁၄ သိန်း ၄ သောင်းကျော်လို့ရှိရင် အခွန်စည်းကြပ်တယ်။ အခု ကျမတို့က တနှစ်ကို သိန်း ၂၀ ကျော်မှပဲ စည်းကြပ်တယ်။" - ပြည်သူ့လွှတ်တော်အမတ် ဒေါ်တင်နွယ်ဦး
" မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဓိကအားဖြင့် ဗမာပြည်ကို ငြိမ်းချမ်းရေးရအောင် လုပ်ချင်တယ်ဆိုရင် မြန်မာပြည်မှာဖြစ်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းရမယ်။ ပဋိပက္ခဆိုတဲ့နေရာမှာ ကျနော်တို့က ပဋိပက္ခကို ၃ မျိုးလို့မြင်ပါတယ်။ ပဋိပက္ခ ၃ မျိုးက ဘာလဲဆိုတော့" - ဗွီအိုအေမြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်း
မျိုးစောင့် ဥပဒေတွေ ပြဌာန်းနိုင်ရေး အမျိုးဘာသာ၊သာသနာ ကာကွယ်စောင့်ရှောက်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ အင်းစိန် ရွာမဆရာတော် ရဲ့ ပန်ကြားချက်ထဲက ဘာသာကူးပြောင်းမှု ဆိုင်ရာနဲ့ လူဦးရေ တိုးပွားမှုနှုန်း ထိန်းညှိရေးဆိုင်ရာတို့ အတွက် ကော်မရှင်ဖွဲ့မှာ ဖြစ်တဲ့အကြောင်း သမ္မတ ရုံးက ပြောပါတယ်။
ရှမ်းပြည်နယ်ကို လူထုစည်းရုံးရေးခရီးစဉ်ထွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ကြီးမြို့က ပြည်သူတွေနဲ့ တွေ့ဆုံရာမှာ အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ လူထုသဘောဆန္ဒကို ကောက်ယူခဲ့သလို တက်ရောက်လာသူတွေရဲ့ မေးမြန်းချက်တွေကိုလည်း ဖြေကြားခဲ့ပါတယ်။
ရှမ်းပြည်နယ်ကို ခရီးထွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒေသခံပြည်သူတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအကြောင်း ရှင်းလင်းဆွေးနွေးပြီး တိုင်းရင်းသားတွေရဲ့ တန်းတူအခွင့်အရေးအတွက် ဖက်ဒရယ်ပြည်ထောင်စုစနစ် အရေးကြီးတဲ့အကြောင်းကိုလည်း ပြောပြခဲ့ပြီးတဲ့နောက် လူထုဆန္ဒကိုလည်း ခံယူခဲ့ပါတယ်။
"ငြိမ်းချမ်းခြင်း၊ မျှော်လင့်ခြင်း၊ ဝမ်းမြောက်ခြင်းတွေက ကျမတို့ ဗမာပြည်သူပြည်သား အယောက်ဆီတိုင်းကို ဘုရားရဲ့ဂရုဏာတရားပေ့ါနော် အစဉ်တည်မြဲနေပါစေလို့ ကျမ ဒီနေရာကနေပြီးတော့ ကျမတို့ ဗမာပြည်သူပြည်သားအားလုံးအတွက် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်"
နောက်ထပ်ကြည့်ရှုရန်