"FOC process သဘောအရတော့ ၂ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတွေကြားမှာ တခါတလေကျရင် ဒု-ဝန်ကြီး level၊ တခါတလေကျရင် DG level (ညွန်ကြားရေးမှူးချူပ်အဆင့်) အပြန်အလှန်ပေါ့"
"အစစအရာရာပေါ့နော် ကျနော်တို့ ပါတီလေးတွေ အနေနဲ့ကျတော့ အခက်အခဲလေးတွေ ရှိတာပေါ့နော်။ ငွေရေးကြေးရေးနဲ့ သွားရေးလာရေးကအစပေါ့နော်။"
"လှိုင်သာယာမှာရှိတဲ့ စက်မှုဇုန် တဇုန်လုံးဆိုရင် အလုပ်သမားပေါင်း ၂ သိန်းကျော်ရှိတယ်။ မြန်မာနိုင်ငံ ဒေသအသီးသီးက လာရောက်အလုပ်လုပ်ကိုင်ကြတဲ့ အလုပ်သမားတွေဖြစ်တဲ့အတွက် လှိုင်သာယာမှာ ဧည့်စာရင်းနဲ့ နေရတယ်။ ရက်ပေါင်း ၁၈၀ ထက်လည်း ကျော်ပြီးသွားပြီ သူတို့နေတာ။ ဒါပေမဲ့ မဲစာရင်းမှာ သူတို့နာမည်တွေ မပါလာဘူး။"
"မဲစာရင်း စိစစ်တာတော့ လုပ်နေတုန်းပါပဲ။ မဲစာရင်းတွေက ကျနော်တို့က စစ်ဆေးပြီးသား နယ်တွေမှာပဲ ရေကြီးတာတွေ၊ ဘာတွေ ဖြစ်သွားတော့ ဒုက္ခသည်စခန်းတွေ ရောက်သွားကြ တာပေါ့နော်။ ရွေးကောက်ပွဲ ကော်မရှင်နဲ့ ကျနော်တို့ အဆင်ပြေပါတယ်ခင်ဗျ၊" NLD ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်
"ကျမတို့နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေက တကယ့်ကို ကျမတို့က ပြောနိုင်ရမယ့် အခြေအနေ တကယ့်ကို များများပြောရမယ့် အခြေအနေဖြစ်တယ်။ အမျိုးသားတွေက တော်ရုံဆိုရင် သိပ်မပြောဘူး။ အမျိုးသမီးတွေက ထောင့်စေ့အောင် ပြောတဲ့အတွက် နိုင်ငံရေး အခြေအနေအရ အမျိုးသမီးဟာ ပါကိုပါရမယ်"
"ဒီစပါး ၄ သိန်းပြန်စိုက်တဲ့အချိန် တချို့စပါးတွေက ရေကျသွားပေမဲ့လည်း ထိခိုက်မှုရှိသွားတာပေါ့နော်။ ပြန်လည်ပြုပြင်မှုဆိုတာ မြေသြဇာပြန်ကျွေးဖို့လိုတယ်။ လိုအပ်တဲ့ ထိန်းသိမ်းမှု စောင့်ရှောက်မှုပေးရမှာပေါ့နော်။"
"ဝန်ကြီးဌာနက ဒီကိစ္စကို ဆက်ပြီးတော့ မလုပ်တော့ပါဘူး။ ဆရာဝန်အများစုရဲ့ ဆန္ဒကြောင့်မို့လို့ မလုပ်တော့ပါဘူးပေါ့နော်။ အဲဒီမလုပ်တဲ့ဟာကိုလည်း ကျနော်တို့ သတင်းဖြန့်ဝေလို့ ရပါတယ်ဆိုလို့ ကျနော်တို့ ဖြန့်လိုက်တာဖြစ်ပါတယ်။"
"လောလောဆယ်တော့ တရုတ်က search and rescue team ရှာဖွေ၊ ကယ်ဆယ်ရေး ၁၀ ဦးပါတဲ့အဖွဲ့တဖွဲ့ ရောက်ရှိလာပြီးတော့ အခု ရခိုင်မှာ ရောက်ရှိနေပါတယ်။ ရခိုင်ပြီးရင် သူတို့ ဘယ်ကိုသွားရမလဲ၊ ဘယ်နေရာတွေ သွားပြီးတော့မှ အကူအညီပေးရမလဲ စသဖြင့် ကျနော်တို့နဲ့ ညှိနှိုင်းနေတဲ့ အနေအထားမျိုး ရှိပါတယ်။"
"ဒီဟာက ကျနော်တို့ ရုပ်ရှင်လောကမှာဆို အကယ်ဒမီဆုလိုပေါ့ဗျာ။ ဒီလူမှုရေးဆုကျတော့ ဒီဟာလည်း ကိုယ်ကပိုပြီးတော့ အများအတွက် ပိုလုပ်ရမယ်ဆိုတဲ့ စိတ်ဓာတ်လေးကို ဖြစ်လာတယ်။ ပြီးတော့ ကိုယ်လုပ်ထားတဲ့ ပင်ပန်းတဲ့ဟာတွေကလည်း ဒါ ကိုယ့်အတွက် အင်အားတွေ ရစေပါတယ်။"
"ကျနော်တို့ အခုလက်ရှိ ဖမ်းမိတဲ့ ဟိုဟာပေါ့ ကားတွေနဲ့ ပတ်သက်တဲ့ အထောက်အထားတွေနဲ့ ပတ်သက်ပြီးတော့ ပိုင်ရှင် အမည်ပေါက်တွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဆင့်ကဲဆင့်ကဲ လိုက်လံ စုံစမ်းပြီးတော့ ဒီကားတွေရဲ့ ပိုင်ရှင် ဘယ်သူဆိုတာကို ဖော်ထုတ်နေပါတယ်ခင်ဗျ။"
"၂၀၁၀ အတွေ့အကြုံတုန်းက ကျမတို့ကို ရွာတရွာကနေပြီးတော့ ပြောတယ်။ ကျမတို့က ပေးစရာမလိုဘူး။ ကျမတို့ရဲ့ အုပ်ချုပ်ရေးမှူးက အရမ်းကောင်းပါတယ်တဲ့။ ကျမတို့ကိုယ်စား သူတယောက်တည်းကနေ မဲထည့်ပေးတာတဲ့။ အဆင်ပြေတယ်ပေါ့နော်။ ဆိုလိုချင်တာကတော့ လွတ်လွတ်လပ်လပ် ပေးလို့ရမှာပါ။ မျှတမှုတော့ မရှိနိုင်ပါဘူး။"
"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း အင်အားကောင်းတဲ့ ပါတီကြီး ဖြစ်တဲ့အခါကျတော့ ၂၀၁၅ ရွေးကောက်ပွဲမှာကျရင်တော့ သူတို့ကလည်း နေရာလေး တော်တော်ယူပါလိမ့်မယ်။ ပြည်ခိုင် ဖြိုး အနေနဲ့ကလည်း အကြိတ်အနယ် ပြိုင်ရပါလိမ့်မယ်ခင်ဗျ။"
"တနင်္ဂနွေနေ့ပါ၊ နိုဝင်ဘာလ ၈ ရက် တနင်္ဂနွေနေ့၊ အခုဟာက ကျနော်တို့ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ပေါ့။ နောက်တခုပါသေးတယ်ဗျ။ ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်း စတင်တယ်ဆိုတဲ့ ကြေညာချက်ပါ တွဲကြေညာတယ်။"
"တကယ်တမ်းတော့ မြန်မာနိုင်ငံတခုတည်းတင်မကဘူး အာဆီယံနိုင်ငံတွေ တခုလုံးကပါ ဒီအခြေခံ အဆောက်အအုံ လိုအပ်ချက်တွေ ရှိနေတယ်။ အဲဒါကို လောလောဆယ်မှာ World Bank တို့ ADB တို့က အပြည့်အ၀ ဖြည့်ဆည်းနိုင်တဲ့ အခြေအနေမျိုး မရှိဘူး။ အဲဒါကြောင့် သူက ဒီကွက်လပ်ကို ဝင်ပြီးတော့ ဖြည့်ဆည်းမယ်ဆိုတဲ့ သဘောပေါ့"
"လဝကဥပဒေပုဒ်မနဲ့က သူတို့က အပြစ်ရှိတယ်လို့ ဝန်ခံတဲ့အတွက် ချတာပါ။ လူကုန်ကူးမှုဥပဒေနဲ့ကတော့ လူကုန်ကူးမှုနဲ့ ပတ်သက်ပြီးတော့ အဲဒါအမှုနဲ့ စွဲထားတာပဲရှိသေးတယ်။ အဲဒါမချရသေးဘူး။"
"ပထမတချက်က နိုင်ငံ နှစ်နိုင်ငံကြား ဆက်ဆံရေး ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ဖို့၊ နှစ်ကတော့ နှစ်နိုင်ငံကြားမှာ နယ်စပ်ဒေသ လုံခြုံရေးအပြင် လုံခြုံရေး၊ ကာကွယ်ရေးအပြင် သတင်းအချက်အလက် ဖလှယ်ရေးဆိုတဲ့ ကဏ္ဍအ၀၀မှာ ပူးပေါင်းဆောင်ရွက်ရေး ဒါကိုပဲ ဆွေးနွေးပါတယ်ခင်ဗျ။"
"ရွေးကောက်ပွဲမှာ သတင်းထောက်တွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ ပြည်သူတွေ ရွေးကောက်တင်မြှောက်ရမယ့် အခြေအနေကို ပိုပြီး သိရှိနားလည်စေဖို့ သတင်းအချက်အလက်တွေ ပိုပြီး ရစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။"
"တဘက်က အစိုးရနဲ့ညှိပြီးတော့မှ ဆောင်ရွက်သလား၊ လွှတ်တော်ထဲမှာရှိတဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေကပဲ ဆောင်ရွက်တာလားဆိုတာ ဝေခွဲဖို့ နည်းနည်းခက်နေပါတယ်။ တဘက်က အုပ်ချုပ်ရေးက မပါရင်တော့ အခက်အခဲ ရှိနိုင်ပါတယ်။ နောက်ပြီးတော့ တပ်ပိုင်းဆိုင်ရာက မပါရင်လည်း အခက်အခဲရှိနိုင်တယ်လို့ ကျနော်မြင်ထားပါတယ်။"
"တချို့ဟာတွေက၊ နိုင်ငံရေးအနေနဲ့ အသုံးချမယ်ဆိုရင်တော့ ဘယ်လိုမှ အဖြေရှာလို့ မရနိုင်ဘူးပေါ့။ ဒါ လူသားချင်းစာနာရမယ့်ကိစ္စ၊ လူသားချင်း ကူညီရမယ့်ကိစ္စ အနေနဲ့ အားလုံးက ဝိုင်းစဉ်းစားပြီးတော့ ဖြစ်နေတဲ့ ပြဿနာအပေါ်မှာ ရေရှည် ဖြေရှင်းနိုင်မယ့် အဆင့်အထိ ရောက်အောင် ကျနော်တို့ ဆွေးနွေးပေးဖို့တော့ အစီအစဉ် ရှိပါတယ်"
“ကျနော်တို့ ရေပြင်နဲ့ ဝေဟင်မှာ စောင့်နေပါတယ်။ အဲဒီကနေ စောင့်နေတာ တခုခုဖြစ်တယ်ဆိုရင် ကျနော်တို့က ဆောင်ရွက်ပေးဖို့ ရယ်ဒီရှိတယ်ဆိုတာကို ဖော်ပြထားတာ။ ကျနော်တို့ ဒီဟာနဲ့ပတ်သက်ပြီး လူသားချင်းစာနာမှု ရှုထောင့်ကနေ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်ဆိုတာကို ပြောထားပြီးပါပြီ။”
နောက်ထပ်ကြည့်ရှုရန်