မလေးရှား ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်က မူဆလင်တွေ အရေးနဲ့ ပတ်သက်ပြီး လူထုစည်းဝေးပွဲလုပ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ အပေါ် မြန်မာ မူဆလင် လူငယ် အသိုင်းအဝိုင်းက ကန့်ကွက်ပါတယ်။
နယူးယောက်မြို့ Fifth Avenue က ရွေးကောက်ခံသမ္မတ Trump နဲ့ မိသားစုနေထိုင်ရာ Trump Tower ဟာ နိုင်ငံရေးအရ အရေးပါဆုံး နေရာဖြစ်လာပြီး သမ္မတတာဝန် လွှဲပြောင်းယူရေး ပြင်ဆင်နေတဲ့ ဌာနချုပ်ဖြစ်သလို မြောက်ပိုင်းကအိမ်ဖြူတော်လို့ တချို့က တင်စားခေါ်နေကြပါတယ်။ Ramon Taylor ရဲ့သတင်းကို မသိင်္ဂ ီထိုက်က တင်ပြထားပါတယ်။
ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေပေါ်မှာ အတိုင်းအတာ တခုအထိ အားရ ကျေနပ်မှု ရှိတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် လူနည်းစု မူစလင် ရိုဟင်ဂျာ ထောင်နဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရချိန်မှာ အရေးယူ လုပ်ဆောင်ဖို့ ပျက်ကွက်တယ်ဆိုတဲ့ ဝေဖန်မှုနဲ့လည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရပါတယ်။
အရပ်သား အစိုးရရဲ့ ကိုင်တွယ် ဆောင်ရွက်ပုံတွေကြောင့် နိုင်ငံရေး အကြပ်အတည်း ပိုပြီး ကြီးမားသွားနိုင်တာကြောင့် အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ အစည်းအဝေး အမြန်ဆုံး ခေါ်ဖို့ နိုင်ငံရေး ပါတီ တချို့က တောင်းဆိုပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ နောက်ပိုင်း အစိုးရရဲ့ လုံခြုံရေးဆိုင်ရာ ကိုင်တွယ်ပုံ အပေါ်မှာ မကျေနပ်လို့ အင်ဒိုနီးရှားနိုင်ငံ မြန်မာသံရုံးရှေ့မှာ ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ ရခိုင်အရေးနဲ့ ပတ်သက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
စစ်ရေး မတည်မငြိမ် ဖြစ်နေတဲ့ မြန်မာပြည် မြောက်ပိုင်း တလွှားက ကချင် ဒေသခံတွေ အတွက်တော့ ကချင်ဘာသာစကားနဲ့ ထုတ်လွှင့်တဲ့ FM ရေဒီယို ၂ ခုကနေ တိုက်ပွဲတွေ အခြေအနေကို မှန်းဆနေကြရပါတယ်။
တရုတ် မြန်မာ နယ်စပ် မြန်မာဘက်ခြမ်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ မြန်မာ့ တပ်မတော်ကြား တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ တိမ်းရှောင်ရင်း တရုတ်နိုင်ငံတွင်း ထွက်ပြေးလာသူ ၃၀၀၀ ကျော်ရှိနေပြီလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုပါတယ်။
တရုတ်- မြန်မာ နယ်စပ်အနီး တိုက်ခိုက်နေတာတွေကို ရပ်စဲကြဖို့ တရုတ်နိုင်ငံဘက်က တောင်းဆိုလိုက်ပါတယ်။
ရွေးကောက်ခံသမ္မတ Donald Trump လက်ထက် အမေရိကန်နိုင်ငံခြားရေးမူဝါဒတွေအပေါ် စိတ်အေးအေးထားကြဖို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားကသူ့ရဲ့သမ္မတသက်တမ်းအတွင်း နောက်ဆုံးအကြိမ်ပြည်ပခရီးစဉ်အတွင်းမှာ ကမ္ဘာ့ခေါင်းဆောင်တွေကိုတိုက်တွန်းခဲ့ပါတယ်။ Cindy Saine ပေးပို့ထားတဲ့သတင်းကို မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။
မြောင်မြို့နယ်မှာ အသက် ၁၀ နှစ် အရွယ် မိန်းကလေးငယ် တဦး အဓမ္မပြုကျင့် သတ်ဖြတ် ခံလိုက် ရပါတယ်။ အမှုကို စစ်ဆေးနေဆဲ ဖြစ်ပြီး တရားခံကိုတော့ မဖမ်းမိသေးဘူးလို့လည်း မြောင် ရဲစခန်း က ပြောပါတယ်။
အမေရိကန် ပြည်သူအားလုံးအတွက် သမ္မတ ဖြစ်ရပါစေမယ်လို့ ကတိပြု ပြောဆိုလိုက်တဲ့ ဒေါ်နယ် ထရမ့် အမေရိကန် သမ္မတ အဖြစ် တာဝန်ယူလာချိန်မှာ အစဉ်အဆက်ရှိခဲ့တဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုး ဆက်လက် ရှိနေစေဖို့ မဟာမိတ်တွေက မျှော်လင့်ထားကြပါတယ်။
အပစ်ရပ် လက်နက်ကိုင် အဖွဲ့တွေနဲ့ တပ်မတော်ကြား တိုက်ပွဲတွေကို နောက်ပိုင်းမှာ ရှောင်လွှဲနိုင်ဖို့ ရည်ရွယ်ပြီး ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီက ရှမ်းပြည်နယ်တွင်းမှာ ကွင်းဆင်းပြီး အချက်အလက် ရှာဖွေစုဆောင်းခဲ့ပါတယ်။
မြန်မာနိုင်ငံ အတွက် ဖွံ့ဖြိုးရေး အထောက်အကူအဖြစ် ဒေါ်လာ သန်း ၈၀၀၀ နီးပါး ပေးဖို့ ဂျပန် ဝန်ကြီးချုပ်က ဒီကနေ့ ကတိပြု ပြောဆိုလိုက်ပါတယ်။
မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးထားသူ ၆၀ ကျော် ရှိသွားပြီလို့ ရခိုင် ပြည်နယ် အစိုးရက ပြောဆိုပါတယ်။
အမေရိကန် သမ္မတရွေးကောက်ပွဲ အတွက် ကြိုတင်မဲပေးတဲ့ လုပ်ငန်းစဉ်တွေကို ပြည်နယ် ၃၇ တို့မှာ စတင်နေပြီး နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲနေ့ မတိုင်ခင်မှာ သန်းနဲ့ချီတဲ့ အမေရိကန် ပြည်သူတွေ မဲပေးနေကြပါပြီ။
အမေရိကန် စုံစမ်းစစ်ဆေးရေးဗျူရို FBI က ဟီလာရီ ကလင်တန် ကိုယ်ပိုင် အီးမေလ်း ဆာဗာ အသုံးပြုခဲ့တဲ့ ကိစ္စကို ပြန်ပြီး စုံစမ်းစစ်ဆေးမယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က အကြောင်းကြားပြီး နောက်မှာတော့ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေ အပေါ် ရိုတ်ခတ်စေခဲ့ပြန်ပါတယ်။
အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောဒေသတွင်းက လုံခြုံရေး စိုးရိမ်ချက်ကြောင့် တိမ်းရှောင်နေကြသူတွေ ဌာနေပြန်နေကြပါပြီ။ ဒီလိုနေရပ်ပြန်သူတွေ အတွက် အစိုးရဘက်က စီစဉ် ပို့ဆောင်ပေးနေပြီး လုံခြုံရေးလည်း စီစဉ်ပေးတယ်ဆိုပေမယ့် အခြေအနေစောင့်ကြည့်ရင်း စခန်းတွေမှာ ခိုလှုံနေကြသူတွေ ရှိနေဆဲပါ။
ရခိုင်ပြည်နယ်တွင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြန်ဖြစ်တာကြောင့် ဒေသတွင်းက ရခိုင်လူမှု အဖွဲ့အစည်းနဲ့ မူဆလင် လူမှု အဖွဲ့အစည်းကြား ငြိမ်းချမ်းရေး အလားအလာအပေါ် စောင့်ကြည့်စရာ ပြန်ဖြစ်လာပါတယ်။
“ အခွန်အကောက်ပေးခြင်းဆိုတာ ယဉ်ကျေးမှုတစ်ခုပါ။ ဒါဟာ ဥပဒေလည်းလိုတယ်။ သို့သော် အခွန်အကောက်ဘာဖြစ်လို့ ပေးဖို့လိုလဲ ဆိုတာဟာ ပြည်သူ ပြည်သားတွေက နားလည်ပြီးတော့ လျောလျောရှုရှု၊ လိုလိုလားလားနဲ့ ဒီအခွန်တွေ ပေးမှသာလျှင် နိုင်ငံမှာ အခွန်အကောက် ယဉ်ကျေးမှုတစ်ခု တည်တံ့ခိုင်မြဲ သွားပြီလို့ ပြောလို့ရမှာပါ။"
နောက်ထပ်ကြည့်ရှုရန်