ရခိုင်ပြည်နယ် မောင်တောမြို့နယ် အကြမ်းဖက် တိုက်ခိုက်မှုကနေ ထွက်ပြေးကြသူတွေ ဌာနေပြန်နိုင်ရေး အတွက် လုံခြုံရေးဆိုင်ရာ အစီအစဉ်တွေ စတင်ဆောင်ရွက်နေပြီး အကြမ်းဖက်တိုက်ခိုက်မှုမှာ ဆုံးရှုံးခဲ့တဲ့ လက်နက် တချို့ ပြန်လည် ရရှိပြီလို့ ရခိုင်အစိုးရ တာဝန်ရှိသူ တဦးက ပြောဆိုလိုက်ပါတယ်။
မြန်မာ့ရုပ်ရှင်လောကဟာ ဆယ်စုနှစ်ပေါင်းများစွာ ဆင်ဆာ တည်းဖြတ်ခံရတာ၊ မပြည့်စုံတာနဲ့ ရင်ဆိုင်ကြုံတွေ့ နေရပြီး ပြန်လည် ဖွံ့ဖြိုးလာဖို့အတွက် ရုပ်ရှင်လောကသားတွေ အားယူ ပြင်ဆင်နေကြပါတယ်။ AFP သတင်းဆောင်းပါးတပုဒ်ကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်းက လူနည်းစု ရခိုင်တိုင်းရင်းသားတွေ လုံခြုံရေး စိုးရိမ်ချက်ကြောင့် ဒေသတွေကို စွန့်ခွာ ထွက်ပြေးနေကြဆဲ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှု သတင်း ၂ ပတ်အတွင်း ရောက်ရှိလာပြီ ဖြစ်ပေမယ့် အကြမ်းဖက်တိုက်ခိုက်သူတွေ ရယူသွားခဲ့တဲ့ ရဲတပ်ဖွဲ့ပိုင် လက်နက်တွေတော့ ပြန်မရသေးပါဘူး။
မောင်တော အကြမ်းဖက်မှုတွေကြောင့် လူမှုအသိုင်းအဝိုင်း အတွင်း သက်ရောက်မှု ရှိလာမယ့် အပေါ် စိုးရိမ်ချက်နဲ့ အနီးကပ် စောင့်ကြည့်နေသလို ဖမ်းဆီးထိန်းသိမ်းခံရသူတွေနဲ့ တွေ့ဆုံနိုင်ရေး အတွက်လည်း အဆင်သင့် ရှိတယ်လို့ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ ICRC က ပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်း နယ်ခြားစောင့်တပ်တွေ အကြမ်းဖက် တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေပြီး အခုအချိန်ထိ ဘယ်သူ့လက်ချက်လဲ ဆိုတာ သေချာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်ပါတယ်။
အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ မောင်တောမြို့နယ်တကြောမှာ စစ်တပ်က အင်အားဖြည့်တင်းနေသလို ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်နဲ့လည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ အာဏာပိုင်တို့က ပြောပါတယ်။
သမ္မတလောင်း စကားစစ်ထိုးပွဲပြီးတဲ့အထိ ရီပတ်ဘလီကန်တွေကြားမှာ ပါတီရဲ့သမ္မတလောင်း Donald Trump နဲ့ လမ်းခွဲမလား ဆက်ပြီး ထောက်ခံမလားဆိုတဲ့အပေါ်မှာ ကွဲပြားနေဆဲပါ။ အောက်လွှတ်တော် ဥက္ကဌ Paul Ryan ကတော့ ထရမ့်ပ်ကို ကာကွယ် ပြောဆိုတော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ Jim Malone ရဲ့ သတင်းလွှာကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။
UN OCHA အကြီးအကဲရဲ့ မြန်မာ ခရီးစဉ်မှာတော့ မြန်မာနိုင်ငံတွင်းမှာ တွေ့နေရတဲ့ လူသားချင်း စာနာကူညီရေးဆိုင်ရာ လိုအပ်ချက်တွေကို အဓိက ဆွေးနွေးမှာပါ။
ထိုင်းနိုင်ငံက ဝေးလံခေါင်သီတဲ့ ကျေးရွာတခုမှာ တိရစ္ဆာန် အညစ်အကြေးတွေကနေ ဇီ၀ ဓာတ်ငွေ့ထုတ်ပြီး စွမ်းအင် အသုံးပြုနေတာ အတိုင်းအတာတခုအထိ အောင်မြင်မှုရနေပါပြီ။ ပြန်ပြည့်မြဲ စွမ်းအင်ရင်းမြစ်တွေကနေ လျှပ်စစ်တိုးပြီး ထုတ်လုပ်နိုင်ဖို့ ထိုင်းအစိုးရက မျှော်လင့်နေပါတယ်။ AFP သတင်းကို မသိင်္ဂ ီထိုက်က တင်ပြထားပါတယ်။
သက်တမ်းကုန် ကျောက်စိမ်း ကျောက်မျက် လုပ်ကွက်တွေဘက်က တင်ပြထားတဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်တွေကို စတင်စိစစ်နေတာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေ အားလုံးကို စိစစ်ဆောင်ရွက်မှာပါ။
မြန်မာနိုင်ငံရဲ့ ကိုယ်ဝန်ဆောင်စဉ်နဲ့ မွေးဖွားစဉ် ကာလ မိခင် သေဆုံးမှုနှုန်းက အရှေ့တောင် အာရှ ဒေသမှာ ဒုတိယ အမြင့်ဆုံး ဖြစ်နေပြီး ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ မူဝါဒတွေ လိုအပ်နေပြီလို့ ကုလ သမဂ္ဂက ပြောဆိုလိုက်ပါတယ်။
လယ်သမားတွေရဲ့ အခွင့်အရေး တစုတစည်းတည်း တောင်းဆိုနိုင်ဖို့ ရည်ရွယ်ပြီး ရခိုင်ပြည်နယ် လယ်သမား သမဂ္ဂ ဖွဲ့စည်းဖို့ ပြည်နယ်တဝန်းက လယ်သမား ကိုယ်စားလှယ်တွေ စည်းဝေး ညှိနှိုင်းနေကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး မကောင်းလို့ အနားယူူနေရပါတယ်။ ကျန်းမာရေး အခြေအနေကြောင့် တွေ့ဆုံဖို့ စီစဉ်ထားတဲ့ စီးပွားရေး လုပ်ငန်းရှင်များနဲ့ တွေ့ဆုံပွဲကိုလည်း ရက် အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားရပါတယ်။
လက်ကိုင်ဖုန်းအသုံးပြုပြီး အချိန်တိုအတွင်း ငွေလွှဲပို့နိုင်တဲ့ ဝန်ဆောင်မှုတွေ မြန်မာနိုင်ငံမှာ တွင်ကျယ်လာနေပါတယ်။ မြန်မာနိုင်ငံမှာ ငွေကြေးဝန်ဆောင်မှုပေးတဲ့ ဘဏ်အရေအတွက် နည်းနေတာ၊ ဘဏ်တွေအပေါ်မှာ အားထားမှု သိပ်မရှိတာရောကြောင့် ဘဏ်ဝန်ဆောင်မှုတွေကို သုံးသူ နည်းနေဆဲပါ။ AFP သတင်းကို မသိင်္ဂ ီထိုက်က တင်ပြထားပါတယ်။
ရခိုင်ပြည်နယ် မောင်တော ခရိုင်တွင်းက တရားမဝင် ဆောက်လုပ်ထားတဲ့ ပုဂ္ဂလိကနဲ့ သာသနိက အဆောက်အအုံတွေကို ဖျက်သိမ်းမယ်လို့ ရခိုင် ပြည်နယ် အစိုးရ နယ်လုံဝန်ကြီးက ပြောဆိုထားပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် စံတော်ချိန် မနေ့ အင်္ဂါနေ့ ည ၉ နာရီကျော်မှာ အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့တော်ကို ဆိုက်ရောက်လာချိန်မှာတော့ ဒေသခံမြန်မာတွေက ခရီးဦးကြိုခဲ့ကြပါတယ်။
ဗြိတိန် နိုင်ငံ လန်ဒန်မြို့တော်ကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန် အောက်လွှတ်တော် ဥက္ကဌ John Bercow နဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို ကာကွယ်ရေးဆိုင်ရာလေ့လာရေး တော်ဝင်ကောလိပ်ကိုလည်း သွားရောက်ခဲ့ပါတယ်။
ကမ္ဘာတလွှားက ကလေးငယ် သန်း ၅၀ နီးပါးဟာ နေရပ်ရင်းတွေကနေ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ UNICEF ရဲ့ အစီရင်ခံစာသစ်က ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အရေအတွက် ၂ ဆ မြင့်တက်လာတာ ဖြစ်တယ်လို့လည်း UNICEF ရဲ့ အစီရင်ခံစာက ထောက်ပြပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။
အမေရိကန် ပြည်ထောင်စုကို ရှေ့သတင်းပတ်ထဲလာမယ့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် သမ္မတ နဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်သလို ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက် မိန့်ခွန်းပြောဖို့လည်း ရှိနေပါတယ်
နောက်ထပ်ကြည့်ရှုရန်