မံစီကနေ မြင်ရတာတော့ လေယာဉ်တွေသွားတာ၊ ရဟတ်ယာဉ်တွေသွားတာတော့ မြင်နေရတာပေါ့။ ဟိုမှာကတော့ သတင်းရတာကတော့ လေယာဉ်နဲ့ တိုက်နေတယ်လို့ သတင်းရတာပေါ့။ မျက်မြင်ကိုယ်တွေ့တော့ မဟုတ်ဘူးပေါ့နော်။
မောင်တော ဒေသတွင်းက လူမှုအသိုင်းအဝိုင်းအတွက် မလေးရှား လူမှုကူညီရေး အသင်းအဖွဲ့တွေရဲ့ အကူအညီတွေကို မြန်မာဘက်က လက်ခံဖို့ ဒီကနေ့ နှစ်နိုင်ငံ အစိုးရချင်း သဘောတူလိုက်ပါပြီ။
တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင် စခန်းတွေမှာ ခိုလှုံနေရသူတွေ နေရာသစ်ကို ထပ်ပြီး ထွက်ပြေးနေကြရပြီးအရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုနဲ့ စားနပ်ရိက္ခာ ပြတ်လပ်မယ့် အရေး အကူအညီပေးသူတွေ စိုးရိမ်နေကြပါတယ်။
ဘင်္ဂလားဒေရှ့် နိုင်ငံထဲကို ရောက်ရှိနေတဲ့ မြန်မာဘက်က ဝင်ရောက်လာသူတွေ အားလုံးကို ပြန်ခေါ်ဖို့ ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ်က မြန်မာဘက်ကို တောင်းဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် သံတမန် ဆက်ဆံရေး အဆင့်လျှော့ချပြီး ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ မြန်မာနိုင်ငံကို ထိတွေ့ဆက်ဆံရေး မူဝါဒ စတင်ကျင့်သုံးခဲ့တဲ့ သမ္မတ အိုဘားမားရဲ့ ဆောင်ရွက်ချက်တွေက မြန်မာ့ အသွင်ကူးပြောင်းရေးကို ပိုပြီး ထိရောက်စေခဲ့တယ်လို့လည်း သုံးသပ်ကြပါတယ်။
လူတွေနဲ့ အပြန်အလှန် စကားပြောနိုင်၊ ရာသီဥတု အခြေအနေ နောက် အမျိုးသား အမျိုးသမီး ကိုလည်း ခွဲခြားသိတဲ့ အမျိုးသမီးပုံစံ စက်ရုပ်တခုကို တရုတ် သိပ္ပံ ပညာရှင် တစုက တီထွင်လိုက်ပါတယ်။ AFP သတင်းတပုဒ်ကို မသိင်္ဂၤ ီထိုက် ပြောပြပေးပါမယ်။
ရန်ကုန်မြို့ရဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး အစီအစဉ်ကို ရန်ကုန်တိုင်း အစိုးရက နောက် သတင်းပတ်က စလို့ စတင် တာဝန်ယူတော့မှာ ဖြစ်ပါတယ်။
လာအိုနိုင်ငံက မဲခေါင်မြစ်ပေါ်မှာ ရေကာတာ ၉ ခုတည်ဆောက်ဖို့ စီစဉ်နေတာဟာ ဒေသတွင်း ကုန်းတွင်းငါးဖမ်းလုပ်ငန်းတွေကို ပျက်ဆီးစေနိုင်ပြီး မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ ဆန်စပါး ထုတ်လုပ်မှုအပေါ်မှာလည်း သက်ရောက်မှုဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ AP သတင်းကိုအခြေခံပြီး မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။
အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်းက ပညာရေး ဝန်ထမ်း အမျိုးသမီး ၁၈၀ ကျော်ကို နယ်ပြောင်းရွှေ့ခွင့်ပေးလိုက်ပါတယ်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC နဲ့ မြန်မာ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ လာမယ့်နှစ်ဆန်းမှာ အလွတ်သဘော တွေ့ဆုံကြဖို့ ညှိနှိုင်းနေကြပါတယ်။
၂၀၁၆ ခုနှစ်အတွင်း တာလီဘန်တွေဟာ အာဖဂန်နစ္စတန်အတွင်းက သူတို့ရဲ့ အနေအထားကို ပိုပြီး စုစည်းခိုင်မာထားနိုင်ပုံ ရှိပါတယ်။ အာဖဂန်အစိုးရက ဒါကိုလက်မခံသလို၊ တာလီဘန်အရေးဟာ လာမယ့်နှစ်မှာ အာဖဂန်အစိုးရအတွက် ပိုပြီး အခက်တွေ့လာနိုင်တဲ့အကြောင်း Ayesha Tanzeem ရဲ့သတင်းလွှာကို မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။
ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်ကို တင်ထားပြီလို့ သူရ ဦးရွှေမန်းက ဒီကနေ့ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီနဲ့ တွေ့ဆုံချိန် မှာ ပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်ခံရမှု နောက်ပိုင်း လနဲ့ချီ ပိတ်ထားခဲ့ရတဲ့ မောင်တော နယ်စပ်ကုန်သွယ်ရေး စခန်းကို ပြန်လည် ဖွင့်လှစ်လိုက်ပါပြီ။
စစ်တပ်ပိုင် လယ်မြေတွေမှာ ပိုင်နက် ကျူးလွန်မှုနဲ့ ရှမ်းပြည်နယ်က လယ်သမား ၇၂ ယောက်ကို တရားရုံးက ထောင်ဒဏ် အသီးသီးချမှတ်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး လူမည်းသမ္မတဖြစ်တဲ့ သမ္မတ ဘရာ့ခ်အိုဘားမားရဲ့ သမ္မတ သက်တမ်းဟာ ရှေ့လမှာ ကုန်ဆုံးတော့မှာပါ။ သမ္မတ အိုဘားမား တာဝန်ကနေ အနားယူတဲ့အခါ ဘယ်လို သမိုင်းအမွေတွေ ချန်ထားရစ်ခဲ့မလဲဆိုတာကို AP သတင်းဆောင်းပါးကို အခြေခံပြီး မသိင်္ဂ ီထိုက်က တင်ပြထားပါတယ်။
အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၁၄၀၀ ကျပ်လောက် ဖြစ်လာပြီးနောက်မှာ ငွေကြေးဈေးကွက် အတွင်း အမေရိကန် ဒေါ်လာ လိုသလောက် ဝယ်မရတဲ့ အနေအထား ဖြစ်နေပါတယ်။
မုံရွာမြို့ အခြေစိုက် သတင်းထောက် ဦး စိုးမိုးထွန်း ရိုက်နှက်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရတဲ့အမှုနဲ့ ပတ်သက်ပြီးတော့ ဒီကနေ့မှာ ရဲတပ်ဖွဲ့ က လူတချို့ကို စတင်မေးမြန်းနေပါတယ်။
အာဆီယံ အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးတွေ ရန်ကုန်မြို့မှာ တွေ့ဆုံပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး စွပ်စွဲချက်တွေ ရှိနေတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်က မွတ်ဆလင်တွေ အရေး ဆွေးနွေးကြဖို့ ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးတို့ ရခိုင်ဒေသတွင်း ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ ဖွံ့ဖြိုးရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ရွေးကောက်ခံသမ္မတ Trump က အစိုးရအဖွဲ့ဝင်နေရာအားလုံးနီးပါးကို ဒီအပတ်တွင်းမှာ ထုတ်ပြန်မှာပါ။ Trump Tower အပြင်မှာ Green ပါတီရဲ့ သမ္မတလောင်း Jill Stein အဖွဲ့က ပြည်နယ်သုံးခုက မဲရလဒ်တွေ ပြန်ရေတွက်ရေးအတွက် စုဝေးခဲ့ကြပါတယ်။ Ramon Taylor ရဲ့ သတင်းကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
နောက်ထပ်ကြည့်ရှုရန်