မလေးရှားနိုင်ငံ ကွာလာလာမ်ပူ လေဆိပ်မှာ သတ်ဖြတ်ခံရတဲ့ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ အဖေတူအမေကွဲ အကို ကင်ဂျုံနမ်ရဲ့သားပါလို့ ဆိုတဲ့ လူငယ်တဦးရဲ့ ဗွီဒီယိုတခု ထွက်လာပါတယ်။ ကင်ဂျုံနမ်သတ်ဖြတ်ခံရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် မိသားစုဝင်တဦးဆိုသူရဲ့ ပြောဆိုမှုပါ။ AFP သတင်းကို မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက် ချိုးဖောက်မှုတွေကို စုံစမ်းရေး ကုလသမဂ္ဂ ကော်မရှင်ဖွဲ့စည်းဖို့နဲ့ မြန်မာနိုင်ငံတွင်းမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံး ဖွင့်လှစ်ခွင့်ပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
ရှမ်းပြည်နယ် လောက်ကိုင်မြို့ကို ကိုးကန့်လက်နက်ကိုင်တပ်တွေ မနေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြန်လည် ဆုတ်ခွာချိန်မှာ မြို့တွင်း လောင်းကစားဝိုင်းက ဝန်ထမ်း ရာနဲ့ချီ ခေါ်ဆောင်ခဲ့တယ်လို့ မြောက်ပိုင်း စစ်ရေးမဟာမိတ် အဖွဲ့ ပြောခွင့်ရက ပြောဆိုပါတယ်။
“၂၀၂၀ ရွေးကောက်ပွဲအမီတော့ နယ်ဒေသတွေကိုပါ ဖြန့်ပြီးတော့ စည်းရုံးတာတွေ၊ ပါတီတည်ဆောက်ရေးလုပ်ငန်းတွေကို ၂၀၁၈၊ ၂၀၁၉ မှာ အဓိက တာဝန်ယူပြီးတော့ ဆောင်ရွက်ဖို့ ရှိပါတယ်။”
"ပါတီလက်ကမ်းစာစောင်လေးတွေ လုပ်ဆောင်ချက်လေးတွေ ဝေကြတဲ့အခါမှာ တချို့အိမ်ယာဝင်းတွေကို ဝင်ခွင့်မရပါဘူး။ ကျနော်တို့က တရားဝင်အစိုးရကနေ ကျနော်တို့ကို တရားဝင် မဲဆွယ်စည်းရုံးခွင့် ပေးထားပေမဲ့ သက်ဆိုင်ရာ အိမ်ယာတွေက VIP အိမ်ယာလည်း မဟုတ်၊ သီးသန့်နေကြတာလည်း မဟုတ်ဘဲနဲ့...."
တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခကို အဖြေရှားရေး အတွက် နှစ်ဘက်တို့ ယုံကြည်မှု တည်ဆောက်ဖို့ တရုတ်ဘက်က တိုက်တွန်းသလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပေါင်းကူး တံတား အဖြစ် ဆက်ပြီး ပါဝင်ဆောင်ရွက်သွားဖို့လည်း ပြောဆိုလိုက်ပါတယ်။
ရှေ့နေကြီး ဦးကိုနီနဲ့ ဦးနေဝင်းတို့ ရန်ကုန် လေဆိပ် လူမြင်ကွင်းမှာ သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးရမှုနဲ့ ပတ်သက်ပြီး အကြမ်းဖက်မှု ရှုတ်ချပွဲ ဒီကနေ့ ရန်ကုန်မှာ ကျင်းပပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ အဖေတူ အမေကွဲ အကို Kim Jong Nam လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး ၄ ဦး ဖမ်းဆီးထားပြီး နောက်ထပ် ၇ ဦးကို ရဲက အလိုရှိထားပါတယ်။
အီရတ်နဲ့ ဆီးရီးယား နိုင်ငံတို့က အာရှတိုက်သား တိုက်ခိုက်ရေးသမားတွေ ဌာနေပြန်လာနေတာကြောင့် အရှေ့တောင် အာရှ ဒေသမှာ အစွန်းရောက် အကြမ်းဖက် ခြိမ်းခြောက်မှုတွေ များလာနေတာကို ကိုင်တွယ်နိုင်ဖို့ ဒေသတွင်မှာ ကျယ်ပြန့် ထိမိတဲ့ အစီအစဉ် တခုရှိဖို့ လိုအပ်နေပြီလို့ ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။
အမေရိကန်သမ္မတ Trump အနေနဲ့ လေနဲ့နေ စွမ်းအင်ကဏ္ဍ အားပေးမြှင့်တင်ပေးဖို့ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် ပြည်နယ်အုပ်ချုပ်ရေးမှူး တချို့က လိုလားနေကြပါတယ်။ ပြန်ပြည့်မြဲစွမ်းအင် ထုတ်လုပ်ရေး အနာဂတ်အပေါ် စိုးရိမ်မှုတွေ ရှိနေတဲ့အကြောင်း Steve Baragona ရဲ့သတင်းကို မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်းက နယ်ခြားစောင့် ရဲစခန်းတွေကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သူ တဦးကို သေဒဏ်စီရင်ချက် ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။
နယ်သာလန် ကျောင်းသားတွေ၊ လောလောလတ်လတ် ဘွဲ့ရထားသူတွေနဲ့ ဒုက္ခသည်တွေ မြို့တော် အမ်စတာဒမ်က ကျောင်းသား အိမ်ယာဝင်းမှာ အတူတွဲပြီးနေထိုင်ကြမှာပါ။ ဒီအစီအစဉ်ကနေ ဒုက္ခသည်တွေ နယ်သာလန်လူမှုအသိုင်းအဝိုင်းမှာပိုပြီး အသားကျလာမယ်လို့ မျှော်လင့်ထားပါတယ်။ Mathe Van Der Wolf ရဲ့ သတင်းလွှာကို မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။
ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင် ဒေသ အတွက် မေယု FM ရေဒီယို အစီအစဉ်ကို ပြန်ကြားရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင် စမ်းသပ် ထုတ်လွှင့်ပါတယ်
ကချင်လက်နက်ကိုင် တပ်ဖွဲ့ KIA နဲ့ မြန်မာ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမယ့် ရက်သတ်မှတ်နိုင်ရေး နှစ်ဘက် ညှိနှိုင်းနေကြပါတယ်။
ကျမလည်း အခုဖြစ်ရပ်ကြီးအတွက် အမှန်တရားတခု စစ်မှန်တဲ့ အမှန်တရားတခု ကျမတို့ လိုချင်ပါတယ်။ အဲဒီဟာကိုတော့ ရေစုံမြေစုံထိ လိုက်ပေးကြပါလို့။
မွတ်စလင် အများစု နေထိုင်ရာ နိုင်ငံ ၇ ခုက ပြည်သူတွေ အမေရိကန် ပြည်ဝင်ခွင့် ယာယီ တားမြစ်တဲ့ အမေရိကန် သမ္မတ Donald Trump ရဲ့ အမိန့်ကြေညာချက်ကို အမေရိကန် ဒီမိုကရက် လွှတ်တော် အမတ်တွေက မနေ့ တနလာၤနေ့က ပြင်းပြင်းထန်ထန် Katherine Gypson အမေရိကန် လွှတ်တော်ကနေ သတင်းပေးပို့ထားတာကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကိုသေနတ်နဲ့ ပစ်ခဲ့သူဟာ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စိုင်လျား ကျေးရွာမှာ နေထိုင် သူတဦးဖြစ်တယ်ဆိုတာကို စစ်ကိုင်းတိုင်းအစိုးရက အတည်ပြုလိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump ဟာ သူ့ရဲ့ရွေးကောက်ပွဲ ကတိကဝတ်တွေထဲက တခုဖြစ်တဲ့ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှုတွေ တားဆီးရေး အမေရိကန်ပြည်ထောင်စုနဲ့ မက္ကဆီကို နိုင်ငံကြား တံတိုင်းခတ်ဖိုဆိုတာကို စတင် လုပ်ဆောင်နေပါပြီ။ ဒီအကြောင်း Aru Pande ရဲ့ သတင်းလွှာကို မသိင်္ဂ ီထိုက်က တင်ပြထားပါတယ်။
“စေတီပုထိုးပေါ်တွေမှာ တက်တက်ပြီးတော့ အများပြည်သူ ခရီးသွားတွေက သိပ်ပြီးတော့ တက်ကြတာမျိုးဟာ ကျမတို့ရဲ့ စေတီပုထိုးတွေကို ပျက်စီးစေတယ်။ ရေရှည်မှာတော့ ဆက်ပြီးတော့ ခွင့်ပြုလို့ရမှာ မဟုတ်ပါဘူး။"
ရခိုင်ပြည်နယ် အရေးကို ဖြေရှင်းဖို့ အတွက် မြန်မာ အစိုးရသစ်ကို အချိန်ကာလ တခုနဲ့ လုပ်သာကိုင်သာ အခြေအနေမျိုး ပေးပြီး ပံ့ပိုးထောက်ခံပေးဖို့ ဒုတိယ ကာကွယ်ရေး ဝန်ကြီးက တိုက်တွန်းပါတယ်။
နောက်ထပ်ကြည့်ရှုရန်