ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတွေနဲ့ ပြည်သူတချို့ မနေ့ညက ရန်ကုန်မြို့မှာ ဘာသာရေး အသွင်ဆောင်တဲ့ တင်းမာမှု ဖြစ်ခဲ့ပြီး ပြည်သူတချို့ ဒဏ်ရာရခဲ့သလို အပျက်အစီး တချို့လည်း ဖြစ်ခဲ့တာပါ။ ဒီလပိုင်းတွေ အတွင်းမှာတင် ရန်ကုန်မြို့မှာ ဘာသာရေး အသွင်ဆောင်တဲ့ တင်းမာမှုတွေ ခပ်စိပ်စိပ် ဖြစ်ခဲ့တဲ့ အပေါ် ဒေသတွင်းနိုင်ငံတွေရဲ့ ဖိအားပေးမှုတွေနဲ့ သေချာပေါက် ရင်ဆိုင်ရနိုင်တယ်လို့ အမေရိကန် သံတမန်ဟောင်းတဦးက သုံးသပ်ပါတယ်။
အီတလီ နိုင်ငံ ရောမမြို့တော်ကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အီတလီ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီးတို့နဲ့ တွေ့ဆုံပြီး ရခိုင်အရေး၊ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့ကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။
မမှန်မကန် သတင်းတွေ အပါအဝင် သတင်းသမားတွေ ကြုံတွေ့နေရတဲ့ စိန်ခေါ်အကဲစမ်းမှု အများအပြား ရှိနေတယ်လို့ ပြည်သူ့ ဝန်ဆောင်မှု မီဒီယာတွေ၊ ပုဂ္ဂလိကနဲ့ အစိုးရက ငွေကြေးပံ့ပိုးပေးထားတဲ့ မီဒီယာ အဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်။
ကမ္ဘာသတင်းလွတ်လပ်ခွင့်နေ့ BBG ဆွေးနွေးပွဲ
မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဥရောပ သမဂ္ဂရဲ့ အထောက်အပံ့တွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဥရောပ သမဂ္ဂ အကြီးအကဲတွေ ဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန်အထက်နဲ့ အောက်လွှတ်တော်အမတ်တွေကိုသမ္မတDonaldTrumpအစိုးရက မြောက်ကိုရီးယားအရေး အထူး ထိပ်တန်းဆွေးနွေးပွဲတရပ် တက်ရောက်ဖို့ ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်ကို ဖိတ်ကြားခဲ့ပါတယ်။ ဒီဆွေးနွေးပွဲအကြောင်း အိမ်ဖြူတော်ဆိုင်ရာ ဗွီအိုအေ သတင်းထောက် Steve Hermanသတင်းပေးပို့ထားတာကို မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။
လာမယ့် စနေနေ့ ဧပြီလ ၂၉ ရက်နေ့မှာ အမေရိကန်သမ္မတ Donald Trump စတင် တာဝန်ယူခဲ့တဲ့ ပထမရက်ပေါင်း ၁၀၀ ပြည့်မှာပါ။ အတိုက်အခံ ဒီမိုကရက်တွေအနေနဲ့လည်း သမ္မတသစ်အပေါ် ချဉ်းကပ်မှုတွေနဲ့ ပတ်သက်ပြီး ဆန်းစစ်ရမယ့် အချိန်လည်း ဖြစ်ပါတယ်လို့ ဗွီအိုအေ သတင်းထောက် Jim Malone သတင်းပေးပို့ထားပါတယ်။ မသိင်္ဂ ီထိုက် ပြောပြမှာပါ။
အမေရိကန် နိုင်ငံသား တဦးကို မြောက်ကိုရီးယားက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ သူ့နိုင်ငံကို ဆန့်ကျင်ဖို့ ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တတိယမြောက် အမေရိကန်နိုင်ငံသားကို မြောက်ကိုရီးယားက ဖမ်းဆီးလိုက်တာလည်းဖြစ်ပါတယ်။ ဗွီအိုအေ သတင်းထောက် Zlatica Hoke ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက်က တင်ပြထားပါတယ်။
အမေရိကန်သမ္မတ Donald Trump အစိုးရ ပထမ ရက် ၁၀၀ အတွင်းမှာတော့ ပြီးခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ ရုရှားဘက်က ကြားဝင် နှောင့်ယှက်ခဲ့နိုင်ခြေတွေအပေါ် စုံစမ်းစစ်ဆေးမှုတွေကြောင့် ကသိကအောက် ဖြစ်ခဲ့ရပါတယ်။ ဒီအကြောင်း Massod Farivar ရဲ့သတင်းလွှာကို မသိင်္ဂ ီထိုက် က တင်ပြထားပါတယ်။
အမေရိကန်ရဲ့ အခြေခံအဆောက်အအုံတွေ ဟောင်းနွမ်း ပျက်ဆီးလာနေတာကြောင့် လမ်းတွေ၊ တံတားတွေနဲ့ အများပြည်သူသုံး အခြေခံ အဆောက်အအုံတွေရဲ့ ယိုယွင်းပျက်စီးမှု အစိတ်အပိုင်းတွေကို အမေရိကန် မြို့ပြ အင်ဂျင်နီယာအသင်းက ထောက်ပြပြောဆိုနေပါတယ်။ Arash Arabasadi သတင်းပေးပို့ထားတာကို မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။
သမ္မတရဲ့ တရုတ်နိုင်ငံ ခရီးစဉ်မှာ ရခိုင်ပြည်နယ် ကျောက်ဖြူ အထူးစီးပွားရေးဇုံ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌလည်း အတူ လိုက်ပါသွားတာကြောင့် ကျောက်ဖြူ အထူးစီးပွားရေးဇုံ ဖွံ့ဖြိုးရေး အပေါ်မှာ မျှော်လင့်ချက်တွေ ရှိလာနေပါတယ်။
သမ္မတ ဦးထင်ကျော်ရဲ့ သတင်းတပတ်နီးပါးကြာ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ်သမ္မတနဲ့ တွေ့ဆုံဆွေးနွေးမယ့် အပြင်၊ နိုင်ငံရေးနဲ့ နှစ်နိုင်ငံဆက်ဆံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ အခြေခံယန္တရား အဆောက်အဦဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးကြမှာပါ။
အမေရိကန်သမ္မတ Donald Trump က လာမယ့် ကြာသပတေးနေ့မှာ တရုတ် သမ္မတ ရှီကျင်ဖျင်နဲ့ ပထမဆုံး အကြိမ်တွေ့ဆုံမှာပါ။ သမ္မတ Trump ရဲ့ ဖလော်ရီဒါက Mar-a-Lago အပန်းဖြေ အိမ်ယာမှာ ကျင်းပမယ့် ခေါင်းဆောင် ၂ ယောက်တို့တွေ့ဆုံ ဆွေးနွေးကြမှာပါ။ Steve Herman ရဲ့ သတင်းလွှာကို မသိင်္ဂ ီထိုက်က ပြောပြပေးပါမယ်။
အမေရိကန်ရဲ့ ဒီမိုကရေစီအပေါ်မှာ ရုရှားတို့ ကြားဝင် နှောင်ယှက်ခဲ့မှုတွေကို ဖော်ထုတ်မယ်လို့ အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ ဥက္ကဋ္ဌနဲ့ ကော်မတီရဲ့ ဝါရင့် ဒီမိုကရက် အမတ်တဦးက ပြောဆိုလိုက်ပါတယ်။ ဒီအကြောင်း Michael Bowman ပေးပို့တဲ့သတင်းလွှာကို မသိဂီ ၤထိုက်က
အကြမ်းဖက်ဖို့ သင်တန်းတွေ ပေးနေတယ်လို့ အာဏာပိုင်တို့ စွပ်စွဲပြီး ဒေသခံ တချို့ကို ဖမ်းဆီး ထားတဲ့ မောင်တောဒေသ တောင်ဘစားနယ်မြေ ၊တင်းမေ ကျေးရွာကို ဗွီအိုအေ သတင်းထောက် မမေခ ကိုယ်တိုင် ရောက်ရှိနေပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့နဲ့ မေးမြန်းခွင့် ရခဲ့သလို ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေနဲ့လည်း တွေ့ဆုံမေးမြန်းခွင့် ရခဲ့ပါတယ်။
နိုင်ငံသားဖြစ်ခွင့်၊ ဒေသတွင်း တရားဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေး အပါအဝင် အမုန်းစကားဖြန့်ဖြူးသူတွေကို အရေးယူဖို့ အကြံပြုချက်တွေ အပါအဝင် ကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပြုချက်တွေ အပေါ် သဘောထားကို ရခိုင်အမျိုးသားပါတီက လွှတ်တော် အမတ် ဦးဦးလှစောကို အမြင်ကတော့ ဘယ်လိုရှိပါသလဲ။
အမေရိကန်အစိုးရရဲ့ ဘတ်ဂျက် အသုံးစာရိတ် အဆိုပြုလွှာကို သမ္မတအိမ်ဖြူတော်က ဒီကနေ့ ထုတ်ပြန်ဖွယ်ရှိပါတယ်။သမ္မတTrumpကစစ်ဘက်အသုံးစရိတ်ကိုတိုးမြှင့်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတကာအကူအညီဆိုင်ရာ အသုံးစရိတ်တွေကို လျှော့ချမယ်လို့ ပြောထားတာပါ။ Cindy Saine သတင်းလွှာကို မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။
တရုတ် မြန်မာ နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ တရုတ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်တို့ တရုတ်နိုင်ငံ ကူးမင်းမြို့မှာ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် သဘောထားတို့နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။
ရခိုင် အပါအဝင် တိုင်းရင်းသား ဒေသတွေမှာ ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကြောင့် အကာအကွယ်ပေးကြဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတယ်။
လောက်ကိုင် ဒေသတဝိုက် နေရာ သုံးနေရာမှာ ဒီကနေ့ မြန်မာ့ တပ်မတော်နဲ့ မြန်မာပြည် မြောက်ပိုင်း မဟာမိတ် အဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်