“သတင်းသမား ၃ ဦးဖမ်းခံရတဲ့ကိစ္စဆိုရင်လည်း တရားမဝင်အသင်းနဲ့ ဆက်သွယ်မှုနဲ့ တကယ်တမ်းဆိုရင် သတင်းသမားက သတင်းသွားယူတယ်၊ ကိုယ့်အလုပ်ကိုလုပ်တာပေါ့နော် မတရားသင်းနဲ့ ဆက်သွယ်မှု ပုဒ်မတွေ အဲဒီလို ဥပဒေတွေက ကျမတို့ မီဒီယာသမားတွေအတွက် အဟန့်အတားတွေဖြစ်စေတာပေါ့နော်။"
မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ အစိုးရဘက်က အားစိုက်ဆောင်ရွက်လာမှုတွေ ရှိတယ်လို့ ထောက်ပြပြီး အမေရိကန် အစိုးရက အဆင့်တိုးမြှင့်ပေးလိုက်တဲ့ အပေါ် မြန်မာ အစိုးရဘက်က ကြိုဆိုပါတယ်။
တရုတ်နိုင်ငံဘက်ကနေ မြန်မာနိုင်ငံသားတွေရဲ့ ဘဏ်စာရင်းတွေကို ငွေသွင်း ငွေထုတ်လုပ်လို့ မရအောင် ဆိုင်းငံ့လိုက်ပြီး နောက်ပိုင်း အများစုကို ပြန်ဖွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ငွေကြေး ရရှိတဲ့ အရင်းအမြစ်တွေကို စစ်ဆေးနေဆဲ ဖြစ်တာကြောင့် မြန်မာဘက်က ဘဏ်စာရင်း တချို့ကိုတော့ ဆက်ပြီး ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။
အီရတ်နိုင်ငံ မိုလ်ဆူးလ်မြို့က အစ္စလာမ္မစ်အစွန်းရောက် IS တွေကို ရက်ပိုင်းအတွင်းမှာဘဲ အပြီးသတ် အနိုင်ရမယ်လို့ အီရတ်အစိုးရ တပ်ဖွဲ့တွေက ခန့်မှန်းထားပါတယ်။ Zlatica Hoke ရဲ့ သတင်းလွှာကို မသိဂီ ၤထိုက် တင်ပြထားပါတယ်။
ကန်ရွေးကောက်ပွဲစနစ်ကိုရှာရှားဆိုက်ဘာဖောင်ထွင်း
အရှေ့တောင် အာရှအသင်း အာဆီယံဒေသတွင်း ဖိုရမ်မှာတော့ ဒေသတွင်း ပေါ်ပေါက်လာနိုင်တဲ့ ပဋိပက္ခတွေကို ကြိုတင် အသိအပေး ကာကွယ်နိုင်ရေး အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံတွင်းက လက်နက်ကိုင် ပဋိပက္ခတွေ၊ နောက် ရခိုင်ဒေသဘက်က အကြမ်းဖက် တိုက်ခိုက်မှုတွေ အပေါ်မှာလည်း ဆွေးနွေးခဲ့ကြတာပါ။
ဥပဒေ ပြင်တာက ပြင်တာပေါ့လေ။ ဥပဒေ ဆိုတာက လွှတ်တော်ကို သွားရမယ်။ ပြင်ဆင်တဲ့ အပိုင်းတွေ ရှိတယ်။ အဲဒါ မလုပ်ခင် စပ်ကြားမှာ ကျမတို့က ဒီတိုင်း ငုတ်တုတ် ထိုင်နေရမှာလား။ ပေါင်းစပ်ပြီးတော့ အဖြေရှာသင့်တယ်လို့ ကျမကတော့ မြင်တယ်။
အီရတ်နိုင်ငံတွင်းကအစ္စလာမ္မစ်အစွန်းရောက်ISအဖွဲ့နောက်ဆုံးထိန်းချုပ်ထားရာမိုလ်ဆူးမြို့ဟောင်းပြန်လည်ပိုက်နိုင်ရေးအတွက် အီရတ် စစ်တပ်က စတင်ထိုးစစ်ဆင်ပါတယ်။ တိုက်ခိုက်မှုအတွင်း ဒေသခံတွေထိခိုက်နိုင်တာကြောင့် စိန်ခေါ်အကဲစမ်းမှုတွေလည်းရှိပါတယ်။ Zlatica Hoke ပေးပို့တဲ့သတင်းကို မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဆွီဒင်လွှတ်တော်မှာ ငြိမ်းချမ်းရေး၊ ရိုဟင်ဂျာ အရေးနဲ့ မြန်မာ့ နိုင်ငံရေး အပေါ် တပ်မတော်ရဲ့ လွှမ်းမိုးမှုတို့နဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောဆိုခဲ့ပါတယ်။ တပ်မတော်ကို အရပ်ဘက် အုပ်ချုပ်မှုအောက်မှာ ထားရှိနိုင်ရေး အနှေးနဲ့ အမြန် ဖြစ်လာမယ်လို့ ယုံကြည်ထားတဲ့ အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကနေဒါ နိုင်ငံ ခရီးစဉ် အတွင်း တိုင်းရင်း ဒေသတွေက စစ်ရေး ပဋိပက္ခတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖိအားပေး ပြောဆိုဖို့ ကနေဒါ အစိုးရကို ကနေဒါရောက် ကရင် လူမှု အသိုင်းအဝိုင်းက တိုက်တွန်းပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံမှာ ခိုလှုံနေရတဲ့ ကရင် ဒုက္ခသည်တွေ နေရပ်ရင်းပြန်ဖို့ အချိန်မတန်သေးတဲ့ အကြောင်းနဲ့ ကွဲကွာနေတဲ့ မိသားစုတွေ ပြန်လည် ပေါင်းစည်းနိုင်ရေး ဒေါ်အောင်ဆန်းစုကြည်က ကူညီပေးစေ လိုတယ်လို့လည်း ပြောဆိုပါတယ်။
ကမ္ဘာတလွှားက ဆယ်ကျော်သက် လူငယ် တသန်းကျော်တို့ဟာ ကြိုတင်ကာကွယ်နိုင်တဲ့ အခြေအနေတွေရှိရက်နဲ့ သေဆုံးနေရပြီး ဒါကို အဆုံးသတ်ပစ်ရမယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က ပြောဆိုပါတယ်။ ဗွီအိုအေ သတင်းထောက် Carol Pearson ရဲ့ သတင်းကို မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။
တရုတ်ပိုးလမ်းမကြီး စီမံကိန်းနဲ့ စိုးရိမ်ချက်များ
ပြင်သစ်သမ္မတ နဲ့ ရုရှားသမ္မတတို့ ပြင်သစ်နိုင်ငံပါရီမြို့တော်အနီးက Versailles နန်းတော်မှာ မနေ့ တနလာၤနေ့က တွေ့ဆုံဆွေးနွေးပါတယ်။ ပြင်သစ်သမ္မတရွေးကောက်ပွဲအပေါ် ရုရှားမီဒီယာတွေက သြဇာ လွှမ်းမိုးဖို့ ကြိုးစားခဲ့မှုအပေါ် သမ္မတMacron က ဝေဖန်ပါတယ်။ Zlatica Hoke ရဲ့ သတင်းလွှာကို မသိင်္ဂ ီထိုက် ပြောပြမှာပါ။
သမ္မတ Donald Trump ရဲ့ ပထမဆုံး နိုင်ငံတကာ ခရီးစဉ်ကို အဆုံးသတ်ပြီး ဝါရှင်တန်ဒီစီကို ပြန်လည် ရောက်ရှိနေပါပြီ။ အမေရိကန် သမ္မတရဲ့ ၉ ရက်တာ ပြည်ပ ခရီးစဉ် အတွင်း အံ့သြ မှင်သက် စရာတွေတော့ ရှိခဲ့ပါတယ်။ ဗွီအိုအေ သတင်းထောက် Bill Gallo ရဲ့ သတင်းလွှာကို မသိင်္ဂ ီထိုက် ပြောပြမှာပါ။
မက္ကဆီကိုနယ်ခြားက မြေအောက်လိုဏ်ခေါင်း
သမ္မတ Donald Trump က FBI ညွှန်ကြားရေးမှူးဟောင်း James Comey ကို ဖယ်ရှားလိုက်တဲ့ကိစ္စ၊ Michael Flynn ကို စုံစမ်းတာအဆုံးသတ်ဖို့ဖိအားပေးခဲ့တဲ့ကိစ္စ၊ ရုရှားနဲ့ ထောက်လှမ်းရေးအချက်အလက်တွေ ထုတ်ပြောတဲ့သတင်းတွေကြောင့် နိုင်ငံရေး မကြေလည်မှုတွေပေါ်ပေါက်နေပါတယ်။ Jim Malone ရဲ့ သတင်းလွှာကို မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။
ကျောက်စိမ်းနဲ့ ဗိုလ်ချုပ်များ ဆိုတဲ့ Global Witness ရဲ့ မှတ်တမ်းရုပ်ရှင်ကားကို ရန်ကုန်မြို့က Park Royal ဟိုတယ်က တားမြစ်တာကြောင့် ပြသမယ့် အစီအစဉ်ပျက်သွားပါတယ်။
ဒီ မဒေးကျွန်းမှာ ရှိတဲ့ China National Petroleum ကုမ္ပဏီပေါ့လေ CNP ကုမ္ပဏီရဲ့ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ သိုလှောင်တဲ့ စခန်း၊ အဲဒီကနေ တရုတ်ပြည်ကို ပို့မယ့်နေရာပေါ့ အဲဒီနေရာကို ဒီရက်ပိုင်း အတွင်း ရေနံတင်တဲ့ သဘောၤတွေ ခပ်စိပ်စိပ် ဝင်ပြီးတော့ ကျနော်တို့ ရောက်တဲ့နေ့မှာ တစီး ရှိပါတယ်။ ဒီကနေ့ ဆိုရင် တစီးထပ်ဝင်ပါတယ်။
အမေရိကန် ဝန်ဆောင်မှု လုပ်ငန်းကြီး ဖြစ်တဲ့ Uber က ဒီကနေ့ မြန်မာနိုင်ငံမှာ အငှားကား ဝန်ဆောင်မှု စနစ်ကို တရားဝင် စတင်မိတ်ဆက်လိုက်ပါတယ်။ ပုဂ္ဂလိက ကားတွေကို အငှားယဉ် တက္ကစီ အဖြစ် အသုံးပြုနိုင်ရေး အစိုးရဘက်က ပူးပေါင်းဆောင်ရွက်မှု ရဖို့လည်း Uber က မျှော်လင့်နေတာပါ။
ရန်ကုန်မြို့တွင်း ဘာသာရေးအသွင်ဆောင်တဲ့ တင်းမာမှုအပေါ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Derek Mitchell သုံးသပ်ချက်
နောက်ထပ်ကြည့်ရှုရန်