ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသတွင်း အကြမ်းဖက်မှုတွေကို ကိုင်တွယ်တဲ့ နေရာမှာ စစ်အင်အား အသုံးပြုမှုကို ဥပဒေနဲ့ အညီဖြစ်အောင် သတိထား ဆောင်ရွက်နေတဲ့ အကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောဆိုပါတယ်။
နိုင်ငံတကာက ဖိအားပေးပြောဆိုသံတွေ ဆက်လက် ထွက်ပေါ်နေတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပြဿနာတွေဟာ အချိန်ယူ ဖြေရှင်းဖို့ လိုအပ်တဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းက ပဋိပက္ခတွေကြောင့် သိန်းနဲ့ချီတဲ့ အရပ်သားတွေ ထိခိုက်နစ်နာနေရတဲ့အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ဝေဖန်နေတဲ့ အပေါ်မှာလည်း ANI သတင်းဌာနနဲ့ သီးသန့်မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည် က ကာကွယ်ပြောဆိုခဲ့တာပါ။
ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်ဖြစ်ရပ်တွေနောက်ပိုင်း ဘင်္ဂလားဒေရှ့်နိုင်ငံကို မိဘမပါဘဲ ထွက်ပြေးလာတဲ့ ကလေးငယ် ၁,၁၀၀ ကျော် ရှိနေပြီး လူကုန်ကူးခံရမယ့်အရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြုံရနိုင်တဲ့ အန္တရာယ်တွေ ရှိနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ AFP သတင်းကိုအခြေခံပြီး မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက် တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်ဖို့၊ အကူအညီလိုအပ်နေသူတွေ အားလုံးကို လူသားချင်း စာနာမှု ဆိုင်ရာ အထောက်အကူတွေ ချက်ချင်းပေးဖို့လည်း ဥရောပ သမဂ္ဂက မြန်မာ အစိုးရကို တောင်းဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်တွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ဘေးဒုက္ခတွေ့ရသူတွေ နိုင်ငံသားတွေရော၊ နိုင်ငံသား မဟုတ်သူတွေ အားလုံးကိုပါ အစိုးရ အနေနဲ့ စောင့်ရှောက်ဖို့ တာဝန်ရှိပြီး အကောင်းဆုံး ဆောင်ရွက်နေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံတွင်းက ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းဖို့နဲ့ လူငယ်တွေရဲ့ စိတ်ကူးစိတ်သန်းတွေကို ပုံဖော်ပေးနိုင်ဖို့ ရည်ရွယ်ပြီး တချို့က Virtual Reality သုံးဘက်မြင် ရုပ်လုံးကြွ ပုံရိပ်စစ်တွေကို အသုံးပြု ဆောင်ရွက်လာကြပါတယ်။ AFP သတင်းဆောင်းပါးကို အခြေခံပြီး မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ထောင်ချ အပြစ်ပေးမယ့် အစား လူမှု အကျိုးပြုလုပ်ငန်းတွေမှာ အခမဲ့ ဆောင်ရွက်ရမယ့် ပြစ်ဒဏ်တွေပေးရေးပြင်ဆင်ထားတဲ့ ဥပဒေ ပြင်ဆင်ချက်ကို အမျိုးသား လွှတ်တော်က အတည်ပြုလိုက်ပါပြီ။ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေ ပြင်ဆင်ချက် အရ မူးယစ်ဆေးသုံးသူတွေ လူမှု အကျိုးပြုလုပ်ငန်းတွေမှာ အခမဲ့ ဝင်ရောက် လုပ်ကိုင်ရမယ့် ဥပဒေ ပြင်ဆင်ချက် အပေါ်မှာ တရားရေးပိုင်းကရော အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ ဆောင်ရွက်သူတွေကပါ အပြုသဘောနဲ့ ကြိုဆိုပါတယ်။
ပြီးခဲ့တဲ့ သတင်းပတ်က ဖြစ်ခဲ့တဲ့ သွေးထွက်သံယို အကြမ်းဖက်မှုတွေအတွက် လူဖြူကြီးစိုးရေးဝါဒီတွေနဲ့ တန်ပြန်ဆန္ဒပြကြသူတွေ နှစ်ဘက်စလုံးမှာ အပြစ်မကင်းဘူးဆိုတာမျိုး ပြောတာကြောင့် အမေရိကန် သမ္မတ Donald Trump ဟာ ဝေဖန်မှုတွေနဲ့ ဆက်တိုက် ရင်ဆိုင်နေရပါတယ်။ Bill Gallo ရဲ့ သတင်းလွှာကို မသိင်္ဂ ီထိုက် ပြောပြမှာပါ။
တပ်မတော်က သိမ်းယူထားတဲ့ မြေယာတွေနဲ့ ပတ်သက်လို့ အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ ကိစ္စကတော့ ရန်ကုန်တိုင်း လှိုင်မြို့နယ် အားကစားရုံနဲ့ အားကစားကွင်း ပြန်လည်ရရှိရေး လွှတ်တော်ဘက်က ကြိုးပမ်းမှု တခု ဖြစ်ပါတယ်။ ကာကွယ်ရေး ဝန်ကြီးဌာနဘက်ကတော့ ပြန်မပေးနိုင်ဘူးလို့ ယတိပြတ် ပြောဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားဘက်က နျူးကလီးယား ထိပ်ဖူးတပ် တိုက်ချင်းပစ် ဒုံးကျည်နဲ့ အမေရိကန် အနောက်ပိုင်းထိ ရောက်အောင် တိုက်နိုင်တယ်လို့ ပြောဆိုထားတာနဲ့ပတ်သက်လို့ အမေရိကန်အနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မြို့ခံတွေ ဘယ်လို ယူဆကြပါလဲ။ Elizabeth Lee ပေးပို့တဲ့သတင်းကို မသိင်္ဂ ီထိုက်က တင်ပြထားပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ဥက္ကဌဟောင်း ဦးအောင်ရွှေ ဒီကနေ့ သြဂုတ်လ ၁၃ ရက်နေ့ ည ၉ နာရီ ၃၆ မိနစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၁၀၁ နှစ်ရှိပါပြီ။ ၁၉၉၀ ခုနှစ်ကာလတဝိုက် NLD ပါတီ ခေါင်းဆောင်ပိုင်းတွေ အဖမ်းခံနေရချိန် ပါတီအနေနဲ့ အခက်ခဲဆုံး အကြပ်တည်းဆုံး ကာလကို ဖြတ်သန်းရချိန်မှာ ပါတီကို ဦးဆောင်မှု ပေးခဲ့သူဖြစ်ပါတယ်လို့သုံးသပ် ပြောဆိုမှုတွေလည်းရှိပါတယ်။
၀န်ထမ်းခန့်ထားရေးမှာ ဗဟိုချုပ်ကိုင်မှု လျှော့ချဖို့၊ ဝန်ထမ်းတွေ အတွက်ရော ပြည်သူတွေ အတွက်ရော တရားမျှတမှုရှိရေးနဲ့ အဂတိတရားတွေ ကင်းရှင်းရေး အတွက် အစိုးရ အနေနဲ့ မူဝါဒတွေ ချမှတ်လုပ်ဆောင်ဖို့ ဆွေးနွေးထားတဲ့ စနေနေ့ညချမ်း တိုက်ရိုက်လေလှိုင်း အစီအစဉ်
အမျိုးသားရေး အင်အားစုတွေရဲ့ ဆန္ဒပြပွဲတွေကို ရန်ကုန်နဲ့ မန္တလေးတို့မှာ ဒီကနေ့ လုပ်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာကို ကာကွယ်မပေးနိုင်တာတွေ၊ ပြည်တွင်းရေးကို ပုံကြီးချဲ့တာတွေ အပါအဝင် မကျေနပ်ချက် အတော်များများကို အမျိုးသားရေး ဆန္ဒပြသူတချို့က ကြွေးကြော်ခဲ့ကြတာပါ။ သံဃမဟာနာယက၊ သာသနာရေးဌာနတို့ အပါအဝင် အစိုးရဘက်က စေ့စပ်ဆွေးနွေးပေမယ့် ပြေလည်မှုတော့ မရခဲ့ပါဘူး။
ဆင်စွယ် မှောင်ခိုကုန်ကူးမှုတွေကြောင့် အာဖရိကဒေသမှာ ဆင်ကောင်ရေကျဆင်းသွားပါတယ်။ ဆင်စွယ်ကုန်ကူးမှု နောက်ကွယ်က အုပ်စုဖွဲ့ ရာဇဝတ်ဂိုဏ်းတွေကို ပိုပြီး ထိထိရောက်ရောက် ကိုင်တွယ် နှိမ်နင်းဖို့ တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုနေကြတာပါ။ Henry Ridgwell ရဲ့ပေးပို့တဲ့သတင်းကို မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။
ထိုင်းနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ သျှမ်းပြည်ညီညွတ်ရေး ကော်မတီ အစည်းအဝေးကို ထိုင်းအာဏာပိုင်တွေက တားဆီးတာကြောင့် အစည်းအဝေးကို ဖျက်သိမ်းလိုက်ရပါတယ်။ မြန်မာ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတာမှာ ရှမ်းနိုင်ရေး အဖွဲ့တွေ၊ လက်နက်ကိုင် အဖွဲ့တွေ တသဘောတည်း တညီတညွတ်တည်း ရှိကြဖို့ ဆွေးနွေးဖို့ စီစဉ်ထားတာလို့လည်း ရှမ်းပြည် ညီညွတ်ရေး ကော်မတီဘက်က ပြောပါတယ်။
ငါးဖမ်းလုပ်ငန်းတွေကြောင့် ပင်လယ်ရဲ့ သယံဇာတကွယ်ပျောက်ကုန်သလို ပင်လယ်ထဲမှာ လှည့်လည်နေထိုင်ပြီး ဘာအကူအညီမှ မပါဘဲ အလွတ်ဒိုက်ထိုး ငါးဖမ်းကြတဲ့ မိုကန်မျိုးနွယ်စုတွေရဲ့ ဓလေ့ပျောက်ကွယ်မယ့်အရေး ခြိမ်းခြောက်မှုတွေ ရှိလာနေပါတယ်။ AFP သတင်းတပုဒ်ကို အခြေခံပြီး မသိဂီ ၤထိုက် တင်ပြထားပါတယ်။
မြန်မာနိုင်ငံတွင်းက သတင်းထောက်တွေ အနေနဲ့ စစ်ရေး ပဋိပက္ခ သတင်းတွေကို ရယူရေးသားကြတဲ့ နေရာမှာ လုံခြုံရေး အရရော လက်ရှိ တည်ဆဲ ဥပဒေတွေနဲ့ တရားစွဲဆိုခံရမယ့် အန္တရာယ်နဲ့ပါ ရင်ဆိုင်နေရတာပါ။
သမ္မတ Donald Trump က သူ့ရဲ့ ရန်သူတွေလို့ ယူဆထားတဲ့ မီဒီယာ တချို့ကိုပစ်မှတ်ထားပြီး လူမှုကွန်ယက် မီဒီယာပေါ်ကနေလှုံ့ဆော်တဲ့ ပို့စ်တွေထပ်တင်ခဲ့ပါတယ်။အခုနောက်ဆုံးပစ်မှတ်ထားဝေဖန် တိုက်ခိုက်ခံရတာကတော့အဓိကမီဒီယာကြီးတွေဖြစ်တဲ့ CNN နဲ့ MSNBC တို့ ဖြစ်ပါတယ်။ Peter Heinlein ရဲ့ သတင်းလွှာကို မသိင်္ဂ ီထိုက် ပြောပြမှာပါ။
စစ်တွေမြို့ ဒါးပိုင်း ကယ်ဆယ်ရေး စခန်းက မွတ်ဆလင် တချို့ကို ဒေသခံ တချို့က တိုက်ခိုက်တာကြောင့် တဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းမိနိုင်ရေး အာဏာပိုင်တွေ ဆောင်ရွက်နေဆဲ ဖြစ်သလို စစ်တွေမြို့ကိုလည်း လုံခြုံရေး တင်းကြပ်ထားပါတယ်။
“ ကျနော်တို့ အနေနဲ့ Fact Finding Mission စေလွှတ်တဲ့ အစီအစဉ်ကို ကန့်ကွက်ရန်ပြုနိုင်သော်လည်းပဲ ကုလသမဂ္ဂရဲ့ Mandate နဲ့ ဖွဲ့စည်းတဲ့ အဲဒီ ဖွဲ့စည်းခြင်းကိုသော်လည်းကောင်း အဲဒီ Mission ကနေပြီးတော့ အစီရင်ခံစာ ပြုစုတင်သွင်းခြင်းကို ဟန့်တားနိုင်တဲ့ အနေအထားရှိမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ အနေနဲ့ မြန်မာနိုင်ငံကိုတော့ လာရောက်ခွင့် မပြုဖို့ အတွက် မြန်မာသံရုံးတွေကို လိုအပ်တဲ့ ညွှန်ကြားမှုများ ပြုလုပ်ကာ တားဆီးသွားမှာ ဖြစ်ပါတယ်။"
နောက်ထပ်ကြည့်ရှုရန်