ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ထောင်နဲ့ချီတဲ့ ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရေး အတွက် အစိုးရဘက်က စိစစ်ဆောင်ရွက်နေကြောင်း ပြောဆိုလိုက်ပါတယ်။
အီရန် နျူးကလီးယား သဘောတူညီချက်ကို ပြင်လို့ မရရင် အမေရိကန်တို့ နုတ်ထွက်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က အရှေ့အလယ်ပိုင်းနဲ့ ဥရောပ မဟာမိတ်တွေကို ပြောဆိုလိုက်ပါတယ်။ ဗွီအိုအေ သတင်းထောက် Zlatica Hoke ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
သုံးရက်ကြာ အမေရိကန် ခရီးစဉ် အတွင်းမှာတော့ ပြင်သစ် သမ္မတ Macron နဲ့ အမေရိကန် သမ္မတ Donald Trump တို့က နှစ်နိုင်ငံကြားက သမိုင်းဝင် ရင်းနှီးမှု၊ သူတို့ရဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုတွေကို အလေးထားပြီး ဆွေးနွေးခဲ့ကြတဲ့ အကြောင်း ဗွီအိုအေသတင်းထောက် Zlatica Hoke က သတင်းပေးပို့ထားပါတယ်။ မသိင်္ဂီထိုက် ပြောပြပေးမှာပါ။
မြန်မာပြည်တွင်းမှာ လာရောက်လုပ်ကိုင်တဲ့ ပြည်ပ ကားထုတ်လုပ် တပ်ဆင်ရေး လုပ်ငန်းတွေမှာ စည်းမျဉ်းကန့်သတ်ချက် တချို့ကို ပြန်လည် သုံးသပ်ပေးဖို့ ကိုရီးယား ကုန်သွယ်ရေး ဝန်ကြီးက ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာမှာ တိုက်တွန်းသွားပါတယ်။
နိုင်ငံခြားရေးဌာနရဲ့၂၀၁၇ လူ့အခွင့်အရေးအစီရင်ခံစာအရ မြောက်ကိုရီးယား၊ တရုတ်၊ ရုရှားနဲ့ အီရန်တိ့ုမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေက နေ့စဉ်လို ဖြစ်လာနေတာနဲ့အတူ ဒီနိုင်ငံတွေကို ကျင့်ဝတ်အရ ရှုတ်ချပြစ်တင်ဖို့ အမေရိကန်ပြည်ထောင်စုက သတ်မှတ်လိုက်ပါတယ်။ Cindy Saine ပေးပို့တဲ့ သတင်းကို မသိင်္ဂ ီထိုက် တင်ပြပေးမှာပါ။
ကချင်ပြည်နယ် မံစီမြို့နယ်က သတ်ဖြတ်ခံရတဲ့ ကချင် စစ်ဘေးရှောင် အမျိုးသား နှစ်ဦးနဲ့ရဲ့ မိသားစုဝင်တွေ လုံခြုံရေး စိုးရိမ်ချက်ကြောင့် ရှောင်ပုန်းနေကြရကြောင်း အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ဒုက္ခသည်တွေ ခိုလှုံရာ စခန်းတွေက ပြသနာပေါင်းစုံနဲ့ အခြေအနေမှာ ရှိတယ်လို့ IOM ပြောခွင့်ရ Joel Millman က ဗွီအိုအေကို ပြောပါတယ်။ မိုးမရွာဘူးဆိုရင်တောင်မှာ ဘေးဒဏ် မခံနိုင်တဲ့ ပတ်ဝန်းကျင်မျိုးမှာ နေထိုင်ကြသူ အများအပြား အတွက် ဘေးသင့်တဲ့ အခြေအနေမျိုး ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က စခန်းမှူး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားပါတယ်။ မူးယစ်ဆေးဝါး သတင်းပေးချက် အရ သွားရောက်တဲ့ ခရီးစဉ် အတွင်း ပစ်ခတ်ခံရတာလို့ ဒေသခံ အသိုင်းအဝိုင်းကြား ပြောဆိုနေကြပါတယ်။
ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးခိုလှုံနေရသူတွေ နေရပ်ရင်း ပြန်နိုင်ရေး အစီအစဉ်တွေကို မြန်မာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနဲ့ ဘင်္ဂလားဒေရှ့် အစိုးရတို့ ဒီကနေ့ ဆွေးနွေးမယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံက သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ အရေး ပြေလည်ဖို့မှာ ဌာနေပြန်ရေး လုပ်ငန်းစဉ်ကို အမြန်ဆုံး စဖို့ လိုအပ်တယ်လို့ ဘင်္ဂလားဒေရှ့်နိုင်ငံ ကူတူးပလောင် ဒုက္ခသည် စခန်းကို သွားရောက်ခဲ့တဲ့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောဆိုလိုက်ပါတယ်။ဒုက္ခသည်တွေကတော့ ဖမ်းဆီးခံရမယ့် အရေး၊ လုံခြုံရေးနဲ့ ခွဲခြားဆက်ဆံမှု မရှိရေးကို အလေးထား ဆွေးနွေးခဲ့ကြတာပါ။
ဒီအပတ်ထဲ အမေရိကန် လွှတ်တော်ဝန်ထမ်း ကိုယ်စားလှယ်အဖွဲ့ဟာ ရခိုင်အစိုးရ တာဝန်ရှိသူတွေ၊ နိုင်ငံရေး ပါတီတွေနဲ့ ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ရခိုင်အမျိုးသားပါတီကတော့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးကို မူအားဖြင့် လက်ခံပေမဲ့ အစိုးရသတ်မှတ်ချက်ကို လိုက်နာဖို့ ပြောပါတယ်။ မသဂီ ၤထိုက်စုစည်းတင်ပြထားပါတယ်။
ရခိုင်ပြည်နယ်ကို ၂ ရက်ကြာ သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Ursula Mueller က ဒီကနေ့မှာတော့ မောင်တောမြို့နယ်တွင်းကို သွားရောက်ပြီး ဒေသတွင်းက လူမှုအသိုင်းအဝိုင်း အားလုံးနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ စိုးရိမ်ချက်တွေကို ဆွေးနွေးခဲ့ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသကနေ ရိုဟင်ဂျာ မူဆလင် သိန်းနဲ့ချီပြီး ဘင်္ဂလားဒေရှ့် နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရပြီး နောက်မှာတော့ အဲဒီ ဒေသတွေမှာ မူဆလင် မဟုတ်သူတွေ ပြန်လည် အခြေချ နေထိုင်လာကြပါတယ် မူဆလင်တွေ မရှိတော့တဲ့ ကျေးရွာတွေမှာ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေက လူမှုအသိုင်းအဝိုင်း အားလုံး အတွက် ဖြစ်တယ်လို့ မြန်မာအာဏာပိုင်တို့ ခုခံ ပြောဆိုနေကြတာပါ။
တကယ်တမ်း သူတို့ နာမည်ပျက်မှာပေါ့ဗျာ။ မြန်မာပြည်သူတို့လာပြီး ရင်းနှီးမြှုပ်နှံမယ်ဆိုရင် သူတို့ နာမည်ပျက်မှာ။ သူတို့ရဲ့နောက်က ရင်းနှီးမြှုပ်နှံသူတွေ၊ အစုရှယ်ယာဝင်တွေ၊ နောက် သုံးစွဲသူတွေ ဒါတွေက ကန့်ကွက်ဆန္ဒပြမှာတွေကို စိုးရိမ်ကြပြီးတော့ လာပြီး ရင်းနှီးမြှုပ်နှံတာတွေ မလုပ်တာလည်းဖြစ်နိုင်တာပေါ့။
ရခိုင်ပြည်နယ် အကျပ်အတည်းအပါအဝင် မြန်မာနိုင်ငံ ကြုံနေရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ လေ့လာအကဲခတ်ဖို့ ရောက်ရှိလာတဲ့ အမေရိကန် လွှတ်တော်ဝန်ထမ်းတွေ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီသီတင်းပတ်ထဲမှာပဲ ရခိုင်အစိုးရ တာဝန်ရှိသူတွေ၊ နိုင်ငံရေး ပါတီတွေနဲ့ ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။
ပရိသတ်ရဲ့ ဝေဖန်ချက်တွေ အပေါ် ရုပ်ရှင် အနုပညာရှင် အသိုင်းအဝိုင်းကြား အရေးတယူ ရှိပါသလား၊ ပြုပြင်ပြောင်းလဲမှုတွေရော ရှိနေပါပြီလား၊ ပြုပြင်ပြောင်းလဲမယ့် လမ်းစတွေရော တွေ့နေရပါသလား ....
ဘင်္ဂလားဒေရှ့်နိုင်ငံမှာ မကြာမီ မုတ်သုံ ရာသီ ရောက်တော့မှာမို့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို အကာအကွယ်ပေးရေး နိုင်ငံတကာက ထောက်ပံ့ ကူညီကြဖို့ ကုလသမဂ္ဂရဲ့ ချစ်ကြည်ရေး သံတမန် ရုပ်ရှင်သရုပ်ဆောင် Cate Blanchett က တိုတွန်း လိုက်ပါတယ်။
ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီးနောက် လွတ်မြောက်လာတဲ့ ရိုဟင်ဂျာ သက်ကြီးပိုင်း အချို့ ဘင်္ဂလားဒေရှ့်ဘက်ကို ဒီရက်ပိုင်း အတွင်းမှာဘဲ ထွက်ပြေးလာခဲ့ကြပါတယ်။ ထောင်ထဲမှာ ကျန်နေသူတွေလည်း အများအပြား ရှိနေဆဲ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ Reuters သတင်းကို အခြေခံပြီး မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီးနောက် လွတ်မြောက်လာတဲ့ ရိုဟင်ဂျာ သက်ကြီးပိုင်း အချို့ ဘင်္ဂလားဒေရှ့်ဘက်ကို ဒီရက်ပိုင်း အတွင်းမှာဘဲ ထွက်ပြေးလာခဲ့ကြပါတယ်။ ဘာကြောင့် ဖမ်းခံရမှန်း မသိဘဲ ထောင်ထဲမှာ အချိန်အတော်ကြာ ထိန်းသိမ်းခံခဲ့ရပြီးနောက် တချို့ လွတ်မြောက်လာပေမယ့် ထောင်ထဲမှာ ကျန်နေသူတွေလည်း အများအပြား ရှိနေဆဲ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံတကာရဲ့ ပူးပေါင်းပါဝင်မှု အကူအညီ အထောက်အပံ့တွေက ဘယ်လောက်များ အရေးတကြီး လိုအပ်နေပါသလဲ ...
နောက်ထပ်ကြည့်ရှုရန်