ရုရှားသမ္မတရွေးကောက်ပွဲမှာ မျှတတဲ့ယှဉ်ပြိုင်မှုကိုထိန်းချုပ်ခဲ့တာကြောင့်သမ္မတ Vladimir Putin နောက်ထပ် ၆ နှစ်သက်တမ်းကိုအနိုင်ရခဲ့တာလို့စောင့်ကြည့်သူတွေကပြောပါတယ်။သမ္မတသက်တမ်းအလွန်ထိပါအစိုးရကိုပူတင်ကထိန်းချုပ်သွားမယ့်သဘောရှိတယ်လို့လည်းသုံးသပ်ကြပါတယ်။ Zlatica Hoke ရဲ့ဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြမှာပါ။
အမေရိကန် အလယ်ပိုင်း ဒေသက ရုပ်သံသတင်းထောက်တယောက်ကတော့ သူမရဲ့ ကိုးကွယ်ယုံကြည်မှုကို ကိုယ်စားပြုပြီး သမိုင်းဝင် လမ်းသစ်တရပ်ကို ဖော်ဆောင်နေပါတယ်။ ဗွီအိုအေ သတင်းထောက် Kane Farabaugh ရဲ့ သတင်းကို မသိင်္ဂ ီထိုက် ပြောပြမှာပါ။
ဖလော်ရီဒါ ပြည်နယ် Parkland က ကျောင်းမှာ ပစ်ခတ်မှုကြောင့် လူ ၁၇ ဦး သေဆုံးခဲ့ရမှု အပြီး တလ အကြာ ကျောင်းတွေရဲ့ အောက်မေ့ သတိရခြင်းနဲ့ သေနတ်နဲ့ ပစ်ခတ် အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်ရေး တောင်းဆိုတဲ့ အနေနဲ့ ဗုဒ္ဓဟူးနေ့က အမေရိကန် ပြည်ထောင်စု တဝန်းမှာ ထောင်နဲ့ချီတဲ့ ကျောင်းသားတွေ သပိတ်မှောက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
သေနတ်နဲ့ ပစ်ခတ်အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်ရေး တောင်းဆိုတဲ့အနေနဲ့ ဗုဒ္ဓဟူးနေ့က အမေရိကန်တဝန်းမှာ ထောင်နဲ့ချီတဲ့ ကျောင်းသားတွေ ချီတက်ခဲ့ကြပါတယ်။ အောက်မေ့ သတိရခြင်းနဲ့ သပိတ်မှောက်ချီတက်ပွဲတွေအကြောင်းကို ဗွီအိုအေ သတင်းထောက် Mike O’Sullivan က သတင်းပေးပို့ထားပါတယ်။ မသိဂီ ၤထိုက် ပြောပြပေးမှာပါ။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson ကို တာဝန်ထမ်းဆောင်တဲ့ သက်တမ်း တနှစ်ကျော်ကျော်လေး အတွင်းမှာ ရာထူးက ဖယ်ရှားလိုက်တာက အကြီးအကျယ်အံ့သြသင့်စရာတော့မဟုတ်ပါဘူး။ဒါပေမယ့် လုပ်ပုံလုပ်နည်းနဲ့ အချိန်ကာလတို့ကတော့ အင်မတန်အံ့သြစရာ ကောင်းနေတာပါ။ Zlatica Hoke ရဲ့ သတင်းလွှာကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
လယ်သမားတွေရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးဖို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က အခြေခံ စပါးဈေးနှုန်းကို သတ်မှတ်ပေးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ Facebook ကိုသုံးပြီး အမုန်းစကားတွေ ဖြန့်နေတဲ့ အန္တရာယ်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက သတိပေးလိုက်ကြပါတယ်။ အစွန်းရောက် သဘောထားရှိသူတွေက လူနည်းစုတွေအပေါ် မုန်းတီးအောင် လှုံ့ဆော်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်နေတာဟာ သတင်းအချက်အလက် ရရှိခွင့် အားနည်းချက်ကြောင့်လို့လည်း မြန်မာ သတင်းသမားတွေက မြင်ကြပါတယ်။
ဒီကနေ့ မတ်လ ၈ ရက်နေ့က နိုင်ငံတကာ အမျိုးသမီးများနေ့ ဖြစ်ပါတယ် တိုးတက်ဖို့ အတွက် တွန်းအားပေးကြစို့ Press for Progress ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ မြန်မာ အမျိုးသမီးတွေရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံတော် ဦးဆောင်မှု အခန်းကဏ္ဍတွေမှာ တန်းတူခွင့် အတွက် တွန်းအားပေးကြဖို့ နယ်ပယ် အသီးသီးက အမျိုးသမီးတွေက တိုက်တွန်းလိုက်ပါတယ်။
နိုင်ငံတကာ ရာဇဝတ်မှု အဖြစ် သက်သေဖြစ်နိုင်ခြေတွေကို အာဏာပိုင်တွေက ရည်ရွယ်ချက် ရှိရှိ ဖျက်စီး နေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေ အခြေချနေထိုင်ခဲ့တဲ့ မြေတွေကို သိမ်းယူပြီး တခြား မျိုးနွယ်စုတွေနဲ့ အစားထိုး နေရာချထားပေးနေတဲ့ အစီရင်ခံချက်တွေလည်း ရရှိထားပါတယ်။
နိုင်ငံတခုရဲ့ ပဋိပက္ခအခြေအနေ ဆိုးရွားလာရင် နိုင်ငံတကာက ကာကွယ်ပေးရန် တာဝန် - R2P အရ လူ ၆ သိန်းခွဲလောက် ထွက်ပြေးရတဲ့ ရခိုင် ပဋိပက္ခနဲ့ ပတ်သက်ပြီး နိုင်ငံတကာ တပ်တွေ မြန်မာ နိုင်ငံကို ဝင်လာမယ်ဆိုတဲ့ အယူအဆ အပြောအဆို ရေးသား ဖြန့်ဝေချက်တွေ အပေါ် အဓိကထား ဆွေးနွေးထားပါတယ်။
သီရိလကာၤနိုင်ငံ ကန္ဒီခရိုင်မှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင် အသိုင်းအဝိုင်း နှစ်ခုကြား ပဋိပက္ခဖြစ်ခဲ့ပြီးနောက် ဒီကနေ့မှာတော့အစိုးရက နိုင်ငံတော် အရေးပေါ် အခြေအနေ ၁၀ ရက် သတ်မှတ်ကြေညာထားပါတယ်။ အများစု ဗုဒ္ဓဘာသာဝင်တွေနဲ့ လူနည်းစု မူဆလင်တွေကြား ပဋိပက္ခ ဖြစ်ခဲ့တဲ့ ကန္ဒီ ခရိုင်တွင်းမှာတော့ ချက်ချင်း ညမထွက်ရ အမိန့် ကြေညာပြီး အခြေအနေကို ထိန်းသိမ်းခဲ့တာပါ။
အာရီဇိုးနား ပြည်နယ် ဖီးနစ်မြို့က ယာယီ အရောင်းဆိုင် တခုမှာတော့ ကမ္ဘာတလွှားက ရောက်လာတဲ့ ဒုက္ခသည်တွေ၊ နိုင်ငံရေး ခိုလှုံခွင့်ရရေး ကြိုးပမ်းနေသူ ၂၀ တို့ သူတို့ အိမ်တွင်းဖြစ် ပစ္စည်းတွေကို ခင်းကျင်း ရောင်းချကြတာပါ။ ဗွီအိုအေ သတင်းထောက် June Soh ရဲ့ သတင်းလွှာကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
ရိုဟင်ဂျာဒုက္ခသည်တွေအရေး ဒေါ်အောင်ဆန်းစုကြည်ကို နားချ ဆွေးနွေးနိုင်ဖို့ မြန်မာနိုင်ငံကို သွားရောက်လိုကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းကို သွားရောက်ခဲ့တဲ့ နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် အမျိုးသမီးတွေက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြမှာပါ။
ရိုဟင်ဂျာတွေ အရေး ဒေါ်အောင်ဆန်းစုကြည်ကို နားချ ဆွေးနွေးနိုင်ဖို့ မြန်မာနိုင်ငံကို သွားရောက်လိုကြောင်း နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် အမျိုးသမီးတွေက ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာတွေ အပေါ် မြန်မာ စစ်တပ်ရဲ့ နှိပ်ကွက်မှုတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်ဘက်က ဆန့်ကျင် ပြောဆိုဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။
လိင်ပိုင်းဆိုင်ရာ ထိပါး စော်ကားခံရမှုတွေ နိုင်ငံတွင်းမှာ ဘယ်လောက် ကျယ်ပြန့်လာနေပြီလဲ ဘယ်လို အခြေအနေတွေကို အခွင့်ကောင်းယူနေကြပါသလဲ ...
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို လူမျိုးစု အလိုက် ရှင်းလင်းဖယ်ရှားမှုနဲ့ ဖိလစ်ပိုင်နိုင်ငံက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ဆင်ရေးတို့ကြောင့် အရှေ့တောင် အာရှ ဒေသတွင်း လူ့အခွင့်အရေး ပိုပြီး ဆိုးရွားလာစေတယ်လို့ နိုင်ငံတကာ အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ကြီး Amnesty International က ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို လူမျိုးစုအလိုက် ရှင်းလင်းမှုနဲ့ ဖိလစ်ပိုင်နိုင်ငံက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးတို့ကြောင့် အရှေ့တောင်အာရှဒေသတွင်း လူ့အခွင့်အရေး ပိုဆိုးရွားလာစေတယ်လို့ နိုင်ငံတကာ အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ကြီး AI က ထောက်ပြလိုက်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။
တောင်အာဖရိကနိုင်ငံမှာ သမ္မတ Jacob Zuma ရာထူးကနေ နုတ်ထွက်ပြီးတဲ့နောက် သမ္မတသစ်အဖြစ် Cyril Ramaphosa ကြာသာပတေးနေ့က ကျမ်းသစ္စာ ကျိန်ဆိုလိုက်တယ်။ ဗွီအိုအေ သတင်းထောက် Zlatica Hoke ရဲ့ သတင်းပေးပို့ချက်ကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
အမေရိကန် အထက်လွှတ်တော်မှာ လူဝင်မှု ကြီးကြပ်ရေး အဆိုပြုချက်တွေကို စပြီး ဆွေးနွေးနေပါပြီ။ ဗွီအိုအေရဲ့ လွှတ်တော် ဆိုင်ရာ သတင်းထောက် Katherine Gypson က လွှတ်တော် အဆောက်အအုံ Capitol Hill ကနေ သတင်းပေးပို့ထားပါတယ်။ မသိင်္ဂ ီထိုက် ပြောပြမှာပါ။
အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့က လူ တသန်းလောက် နေကြတဲ့ အကြီးဆုံး ဆင်းရဲသား ရပ်ကွက်ကြီးဟာ ဖြစ်လာနေပါတယ်။ မျှော်လင့်ချက်နဲ့ အောင်မြင်မှု ဇာတ်လမ်းတွေနဲ့ စွန့်ထွင်လုပ်ငန်းတို့ ပေါ်ထွန်းရာ နေရာအဖြစ် ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်ထားနိုင်တာပါ။ Anjana Pasricha ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက်ပြောပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်