ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ လှိုဏ်ဂူထဲမှာ ၂ ပတ်ကျော် ပိတ်မိခဲ့ပြီးလွတ်မြောက်ခဲ့တဲ့ လူငယ်တွေနဲ့ သူတို့ဘောလုံးနည်းပြတို့သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။ တပတ်နီးပါး ဆေးရုံ တက်ပြီး ကျန်းမာကြံ့ခိုင်တယ်လို့ ဆရာဝန်တွေ ခွင့်ပြုပြီးနောက် ဗုဒ္ဓဟူးနေ့မှာ အိမ်ပြန်ခွင့်ရခဲ့တာပါ။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ အခက်အခဲသစ်တွေနဲ့ နေ့စဉ်ဆိုသလို ရင်ဆိုင်နေရပါတယ်။ နယူးဒေလီမြို့တော်က နိုင်ငံမဲ့ ဒုက္ခသည်တွေ ကြုံတွေ့နေရတဲ့ အတိဒုက္ခတွေနဲ့ ပတ်သက်ပြီး ဗွီအိုအေ သတင်းထောက် Ritul Joshi က သတင်းပေးပို့ထားပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
ဘင်္ဂလားဒေရှ့် နိုင်ငံက မုတ်သုံရာသီ အတွင်း ကောဇ့်ဘဇားက သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အတွက် ခိုလှုံရေး စခန်းတွေ မလုံမလောက် ဖြစ်နေပါတယ်။ ဘေးဒဏ်သင့်ခံရနိုင်ဆုံး မိသားစုတွေကို ဘေးကင်းရာ ရွှေ့ပြောင်းနိုင်ရေး အာဏာပိုင်တို့ဘက်က လနဲ့ချီ ပြင်ဆင်ဆောင်ရွက်ခဲ့ပေမယ်လို့ နေရာ မလောက်မင ဖြစ်နေတာပါ။
ဘင်္ဂလားဒေရှ့် နိုင်ငံ ကောဇ့်ဘဇားက သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ခိုလှုံရာ စခန်းတွေမှာ ရေကြီး မြေပြိုပြီး လူတွေ ဒုက္ခရောက်မယ့် အရေးကို လျော့ပါးသက်သာအောင် ကုလသမဂ္ဂဘက်က ကျွမ်းကျင်သူတွေ ငှားယမ်းပြီး ကြိုတင် ပြင်ဆင် ဆောင်ရွက်နေပါတယ်။ လူပေါင်း ၂ သိန်းလောက်က ပြိုကျလွယ်တဲ့ မြေပေါ်မှာ နေထိုင်နေကြရပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့ လိုအပ်နေတယ်လို့လည်း ပြောဆိုထားပါတယ်။
ကမ္ဘာပေါ်မှာ ဆန်းသစ်တီထွင်မှု ထိပ်တန်းနိုင်ငံ ၂၀ ထဲမှာ တရုတ်နိုင်ငံ ပထမဆုံး အနေနဲ့ ပါဝင်လာပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်း တခုဖြစ်တဲ့ ကမ္ဘာ့ ဉာဏပစ္စည်းပိုင်ဆိုင်မှုဆိုင်ရာ အဖွဲ့က အခုလို ဖော်ပြလိုက်တာပါ။ ဗွီအိုအေ သတင်းထောက် Steve Baragona ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံသား တချို့ကို ဌာနေပြန်ပို့ရေး လုပ်ငန်းစဉ်မှာ မြန်မာနိုင်ငံဘက်က ပူးပေါင်းဆောင်ရွက်မှု အားနည်းတယ်ဆိုတဲ့ အချက်နဲ့ မြန်မာ အစိုးရရဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနတို့က ညွှန်ကြားရေးမှူးချုပ်ကနေ ဝန်ကြီး အဆင့်ထိ အရာရှိကြီးတွေ၊ နောက် သူတို့ မိသားစုဝင်တွေကို အမေရိကန် ပြည်ဝင်ခွင့် ပိတ်ပင် ဒဏ်ခတ်လိုက်ပါတယ်။
ပါကစ္စတန်ရဲ့ မီဒီယာ လောကက လှုပ်ရှား တက်ကြွနေပေမယ်လို့လည်း အစိုးရ၊ နောက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ ခြိမ်းခြောက် နှောင့်ယှက်တာတွေ မကြာခဏ ကြုံတွေ့ နေရတာပါ။ Ayesha Tanzeem အစ္စလာမ္မာဘတ် မြို့တော် ကနေ သတင်းပေးပို့ထားပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
ရခိုင်ပြည်နယ် မြောက်ပိုင်း အပါအဝင် နိုင်ငံတဝန်းက လက်နက်ကိုင် ပဋိပက္ခတွေမှာ ကလေးငယ်တွေကို စုဆောင်း အသုံးပြုမှု၊ သတ်ဖြတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပေါ် အထူးဘဲ စိုးရိမ်ကြောင်း ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။
အကြမ်းဖက်မှုတွေ အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခံခဲ့ရတယ်လို့ ပြောဆိုထားတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အမျိုးသမီးတွေ ရင်ဆိုင်ရတဲ့ ပြဿနာ တခုကတော့ ဒီကာလ အတွင်း မွေးဖွားလာတဲ့ ကလေးတွေ အပေါ် မိသားစု အသိုင်းအဝိုင်းရဲ့ ငြင်းပယ်ခံရမှုပါ။
ဘင်္ဂလားဒေရှ့်မှာ ခိုလှုံနေကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက အကူအညီတွေ တိုးမြှင့်ပေးကြဖို့ နိုင်ငံတကာ အခွင့်အရေးလှုပ်ရှားမှု အဖွဲ့ကြီး Amnesty International က ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံ မူးယစ်တိုက်ဖျက်စစ်ဆင်ရေး အတွင်း လူပေါင်း ၁ ရာကျော် ပစ်သတ်ခံရပြီး ဖမ်းဆီးခံရသူ ၁ သောင်းကျော် ရှိနေပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက ပြောဆိုပြီးသေဆုံးခဲ့ရသူတွေ အရေး စုံစမ်းစစ်ဆေးဖို့ တောင်းဆိုထားပါတယ်။ AFP နဲ့ Reuters သတင်းတွေကိုးကားပြီး မသိင်္ဂ ီထိုက် ပြောပြမှာပါ။
အမေရိကန် ပြည်ထောင်စုက ကမ္ဘာပေါ်မှာ အချမ်းသာဆုံး၊ နည်းပညာ အထွန်းကားဆုံး နိုင်ငံတခုဖြစ်ပေမယ်လို့လည်း ၄၅ သန်းလောက်သော အမေရိကန်တွေကတော့ ဆင်းရဲမွဲတေမှု အဆင့် သတ်မှတ်ချက်အောက်မှာ နေထိုင်နေရပါတယ်။
ဆော်ဒီအာရေးဗျမှာတော့ အမျိုးသမီးတွေ ပထဆုံး အကြိမ်အဖြစ် တရားဝင် ကားမောင်းခွင့်ရဖို့ ပြင်ဆင်နေကြပါတယ်။ တချို့ အမျိုးသမီးတွေက ကားမောင်သင်၊ တချို့ကတော့ သူတို့ မောင်းမယ့် ကားတွေ ရွေးချယ်ပြီး ကားမောင်းဖို့ အဆင်သင့် ဖြစ်နေကြပါပြီ။ ဗွီအိုအေ သတင်းထောက် Mariama Diallo ရဲ့ သတင်းကို မသိင်္ဂ ီထိုက် ပြောပြမှာပါ။
နယူးယောက်မြို့ Brooklyn အရပ်မှာ ကျင်းပတဲ့ အလုပ်အကိုင် အခွင့်အလမ်း ပြပွဲမှာတော့ ပြည်နယ်နဲ့ ပြည်ထောင်စုဆိုင်ရာ ဥပဒေထိန်းသိမ်းရေးဌာနတွေက မူဆလင်လူငယ်တွေနဲ့ ထိတွေ့ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ပတ်သက်လို့ ရှင်းပြကြပါတယ်။ Aunshuman Apte က တွေ့ဆုံမေးမြန်း တင်ပြထားပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
ရိုဟင်ဂျာ လူနည်းစုတွေ အပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ အမေရိကန် အစိုးရရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ USAID အုပ်ချုပ်ရေးမှူး Mark Green က ဒီကနေ့ ကြာသပတေးနေ့မှာ ပြောဆိုလိုက်ပါတယ် ဒါ့အပြင် လူသားချင်းစာနာကူညီမှု ဝန်ထမ်းတွေနဲ့ မီဒီယာတွေကို ဝင်ရောက်ခွင့်ပေးဖို့ လည်း တိုက်တွန်းလိုက်ပါတယ်။
သမ္မတ ဦးဝင်းမြင့် တက်လာပြီး လပိုင်းကာလ အတွင်း အစိုးရ အဖွဲ့သစ်ရဲ့ ထူးခြားတဲ့ ဆောင်ရွက်မှု တခုကတော့ အာဏာရှိသူတွေကြား အဂတိလိုက်စားမှုတွေကို စိစစ်ဆောင်ရွက်လာတဲ့ ကိစ္စပါ။ သမ္မတ တာဝန်ယူပြီး မကြာခင်မှာဘဲ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့နဲ့ သမ္မတ အိမ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တာပါ။
ရခိုင်ပြည်တွင်း အကြမ်းဖက်မှုတွေကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေရှ့်ကို ထွက်ပြေးလာတာနဲ့အတူ စိတ်ကြွမူးယစ်ဆေးဝါး မှောင်ခိုကူးမှုလည်း တိုးလာတယ်လို့ ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ AFP သတင်းတပုဒ်ကို မသိင်္ဂ ီထိုက် ပြောပြမှာပါ။
ရခိုင်ပြည်အတွင်း အကြမ်းဖက်မှုတွေကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေရှ့်ကို ထွက်ပြေးလာတာနဲ့ အတူ စိတ်ကြွ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုလည်း တိုးလာတယ်လို့ ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောဆိုကြပါတယ် အလုပ်အကိုင်မဲ့ ရိုဟင်ဂျာတွေက စိတ်ကြွဆေးပြား မှောင်ခိုကူးမှုကို အလုပ်အကိုင် တခုအနေနဲ့ လုပ်လာတယ်ဆိုပြီးလည်း ပြောဆိုကြပါတယ်။
ရိုဟင်ဂျာအရေး ကိုင်တွယ်ဖို့ Gambia နိုင်ငံက ဦးဆောင်မယ့် ဝန်ကြီးများ အဆင့် ad hoc ကော်မတီ တရပ် ဖွဲ့စည်းဖို့ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC က ဆုံးဖြတ်ပါတယ်။
အစွန်းရောက် အကြမ်းဖက် အဖွဲ့တွေမှာ အမျိုးသမီးတွေ ဘာကြောင့် ပါဝင်လာရသလဲ ဆိုတာနဲ့ ဘယ်လို အကြောင်းအရာတွေက ဆွဲဆောင်နေလဲ ဆိုတာကို သုတေသန ပညာရှင်တွေ လေ့လာနေကြပါတယ်။ ဝါရှင်တန်က George Washington တက္ကသိုလ်ရဲ့ ဥပဒေကျောင်းကနေ ဗွီအိုအေ သတင်းထောက် Nisan Ahmado သတင်းပေးပို့ထားပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
နောက်ထပ်ကြည့်ရှုရန်