မူးယစ်တိုက်ဖျက်ရေး သမ္မတရုံးရဲ့ ဆောင်ရွက်ချက်တွေက ဘယ်လောက် ဖြစ်ထွန်း တိုးတက်မှုတွေ ရှိနေသလဲ၊ မူးယစ်တိုက်ဖျက်ရေး ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု စတာတွေကို ဆွေးနွေးထားပါတယ်။
လွန်ခဲ့တဲ့ ၁၇ နှစ်ကအမေရိကန်လေယာဉ်လိုင်းအမှတ် ၇၇ ပြန်ပေးဆွဲခံခဲ့ရပြီးပင်တဂွန်စစ်ဌာနချုပ်ကို ဝင်တိုက်ခဲ့ရာမှာလေယာဉ်ပေါ်ကခရီးသည်အားလုံးနဲ့အဆောက်အဦးထဲမှာအလုပ်လုပ်နေသူ၁၂၅ ယောက်သေဆုံးခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကြောင့်တသက်လုံးထိခိုက်ခံစားသွားရတဲ့ လူတစ်ယောက်ကိုCarla Babb က မေးမြန်းထားတာကိုမသိင်္ဂီထိုက်ကတင်ပြထားပါတယ်။
တရုတ်နိုင်ငံမှာ အမျိုးသား အမျိုးသမီး အချိုးအစား မမျှတမှုကြောင့် အိမ်နီးချင်း နိုင်ငံတွေက အမျိုးသမီးလေးတွေကို တရုတ်နိုင်ငံသားတွေနဲ့ လက်ထပ်ရေး လူကုန်ကူး ရောင်းစားခံနေကြရပါတယ်။ ပြည်တွင်းစစ် ဆက်ဖြစ်နေပြီး တရုတ်နယ်စပ်က ကချင်ပြည်နယ်ထဲက အမျိုးသမီးတွေလည်း ရောင်းစားခံနေရတာပါ။
ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ခိုလှုံနေရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခက်အခဲတွေ ကူညီ ဖြေရှင်းနိုင်ဖို့အတွက် သတင်းအချက်အလက်တွေ စုဆောင်းပြီး အကြံဉာဏ်ပေး တင်ဆက်တဲ့ ရေဒီယို အစီအစဉ် တခု ရှိနေပါတယ်။ ဒီအကြောင်း UNIFEED သတင်းတပုဒ်ကို မသိင်္ဂ ီထိုက်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံထဲကို ဝင်ရောက်ခွင့် မရဘဲ ဘင်္ဂလားဒေရှ့်မှာရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံမေးမြန်းပြီး ထုတ်ပြန်လိုက်တဲ့ ကုလ အစီရင်ခံစာက မပြည့်စုံဘူးလို့ အမေရိကန် အခြေစိုက် Stimson Center ရဲ့ အရှေ့အာရှရေးရှာ အစီအစဉ်ရဲ့ တွဲဖက် ညွှန်ကြားရေးမှူး Yun Sun က သုံးသပ်ပါတယ်။ မသိင်္ဂ ီထိုက် ပြန်ပြောပြမှာပါ။
လူမျိုးတုံးရှင်းလင်းရေး ရည်ရွယ်ချက်နဲ့ ရိုဟင်ဂျာ မူဆလင်တွေကို ရှင်းလင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာ စစ်တပ် တာဝန်ရှိသူတွေကို စွဲချက်တင်ဖို့ ကုလသမဂ္ဂ အချက်အလက်ရှာ အဖွဲ့ရဲ့ အစီရင်ခံစာကို မြန်မာ အစိုးရက လက်မခံ ပယ်ချခဲ့ပါတယ်။ မြန်မာနိုင်ငံထဲကို ဝင်ရောက်ခွင့် မရဘဲ ဘင်္ဂလားဒေရှ့်မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံမေးမြန်းပြီး ထုတ်ပြန်လိုက်တဲ့ ကုလ အစီရင်ခံစာက မပြည့်စုံဘူးလို့ အမေရိကန် အခြေစိုက် Stimson Center ရဲ့ အရှေ့အာရှရေးရှာ အစီအစဉ်ရဲ့ တွဲဖက် ညွှန်ကြားရေးမှူး၊ တရုတ်ဆိုင်ရာ အစီအစဉ်ရဲ့ ညွှန်ကြားရေးမှူး Yun Sun က သုံးသပ်ပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ခိုလှုံနေရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အခက်အခဲတွေ ဖြေရှင်းနိုင်ရေး အတွက် သတင်းအချက်အလက်တွေ စုဆောင်းပြီး အကြံညဏ်ပေး တင်ဆက်တဲ့ ရေဒီယို အစီအစဉ် တခု ရှိနေပါပြီ။ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဌာနေပြန်ရေး မရေရာသေးတဲ့ ကာလအတွင်း ဒုက္ခသည်တွေ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို မျှဝေပေးနေတဲ့ အစီအစဉ်လည်း ဖြစ်ပါတယ်။
ဘင်္ဂလားဒေရှ့် နိုင်ငံမှာ ခိုလှုံနေကြရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဒီကနေ့ ကျရောက်တဲ့ မူဆလင်တို့ရဲ့ ကုရ်ဘာနီအိဒ်နေ့ကို ဆင်နွှဲကြပါတယ်။ ဌာနေပြန်ခွင့်ရရေး အတွက် ဆုတောင်းခဲ့ကြသလို ဒုက္ခသည်တွေကို လက်ခံ ကူညီထားတဲ့ ဘင်္ဂလားဒေရှ့် ပြည်သူတွေ အတွက်လည်း ဆုတောင်းခဲ့ကြပါတယ်။
ဌာနေပြန်ပို့ခံရနိုင်တဲ့ ထောင်နဲ့ချီတဲ့ ဗီယက်နမ်နွယ်ဖွားတွေ စာရင်းကိုအမေရိကန် Trump အစိုးရက ထုတ်ပြန်ထားပါတယ်။ အမေရိကန်နဲ့ ဗီယက်နမ်ကြား ၂၀၀၈ ခုနှစ်သဘောတူညီချက်အရ ဒီလူတွေကို ဌာနေပြန်ပို့ရေး မဖြစ်နိုင်ပေမဲ့ပြန်ပို့ခံရမယ့် အရေးကြောင့် မရေမရာ ဖြစ်နေပါတယ်။ Vu Ngyyen ရဲ့ သတင်းကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ
ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ မြန်မာ အစိုးရကြား နားလည်မှု စာချွန်လွှာပါ သဘောတူညီချက်တွေ အတိုင်း ရခိုင်အရေးမှာ ထင်သာမြင်သာ တိုးတက်မှုတွေ ဖော်ဆောင်ဖို့ မြန်မာ အစိုးရကို ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။
ရေဘူးတွေကစ ပိုက်တွေအဆုံး တခါသုံး ပလတ်စတစ်တွေကို နေရာတိုင်းမှာ သုံးနေကြတာဟာ သဘာ၀ ပတ်ဝန်းကျင် အပေါ်မှာ ခြိမ်းခြောက်မှု ဖြစ်စေပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ဒီပြဿနာကြီးကို လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံတွေက ဘယ်လို ကိုင်တွယ် ဖြေရှင်းနေကြပါလဲ။ Elizabeth Cherneff ရဲ့သတင်းလွှာကို မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။
အကြွေးပိမယ့် အရေး စိုးရိမ်ချက်ကြောင့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း ပမာဏကို မြန်မာဘက်က သိသိသာသာ လျှော့ချလိုက်ပါတယ်။ တရုတ်နိုင်ငံပိုင် CITIC Group က လုပ်ပိုင်ခွင့်ရထားတဲ့ ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်းရဲ့ အလားအလာ ပေါ်မူတည်ပြီး တဖြည်းဖြည်း တိုးချဲ့သွားဖို့ အစီအစဉ် ဖြစ်တယ်လို့ တာဝန်ရှိသူတွေက Reuters သတင်းအေဂျင်စီနဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုလိုက်ပါတယ်
ယူဂန်ဒါ နိုင်ငံမှာ လမ်းသစ်တွေ ဖောက်လုပ်ဖို့ တရုတ်ဘက်က ဒေါ်လာ သန်းရာနဲ့ချီပြီး ချေးငွေထုတ်ပေးခဲ့ပါတယ်။ ယူဂန်ဒါ အခွန်ထမ်းပြည်သူတွေအတွက်တော့ ဒီချေးငွေတွေ ပြန်ဆပ်ရတဲ့ တာဝန်ကို ထမ်းနေကြရတာပါ။ ယူဂန်ဒါ မြို့တော် Kampala ကနေ VOA သတင်းထောက် Halima Athumani ရဲ့ သတင်းကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
မြန်မာနိုင်ငံ ပါဝင်တဲ့ အင်ဒို - ပစိဖိတ် ဒေသတွင်း အမေရိကန်ဘက်က စီးပွားရေး အရ ပိုပြီး ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ဖို့ ပြောဆိုထားပေမယ့် မြန်မာနိုင်ငံ အနေအထား အရတော့ အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီး ဝင်ရောက်လာနိုင်ဖို့ အခြေအနေ မရှိသေးဘူးလို့ မြန်မာ့ စီးပွားရေး အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။
ကမ္ဘောဒီးယား အာဏာရပါတီနဲ့ ဝန်ကြီးချုပ် ဟွန်ဆန်းတို့ အတွက် အောင်ပွဲနဲ့ အဆုံးသတ်ခဲ့တဲ့ တနင်္ဂနွေနေ့ ရွေးကောက်ပွဲ ရလဒ်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက လက်သင့်မခံကြဖို့ အတိုက်အခံက ဒီကနေ့ တနလာၤနေ့မှာ တိုက်တွန်းလိုက်ပါတယ်။ ဖနွမ်းပင် မြို့တော်ကနေ David Boyle သတင်းပေးပို့ထားတာကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
ရိုဟင်ဂျာ ပဋိပက္ခ ဖြေရှင်းရေးမှာ အမေရိကန်ဘက်က ဦးဆောင်ပြီး ဆောင်ရွက်ဖို့ ရိုဟင်ဂျာ အရေး လှုပ်ရှားသူတွေက တိုက်တွန်းကြပါတယ်။ ရိုဟင်ဂျာ အရေး ဖြေရှင်းဖို့ ကြိုးစားနေတဲ့ မြန်မာ အစိုးရကို နိုင်ငံတကာဘက်က ပြင်တင် ဝေဖန်မှုထက် အားပေးဆောင်ရွက်ဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကျင်းပတဲ့ ဘာသာရေး လွတ်လပ်ခွင့် ညီလာခံမှာ တိုက်တွန်းခဲ့ကြတာပါ။
ရိုဟင်ဂျာ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံမှုရှိရှိ ဌာနေပြန်နိုင်တဲ့ အခြေအနေမျိုးကို မြန်မာ အစိုးရဘက်က ဆောင်ရွက်ဖို့ အပါအဝင် ဒုက္ခသည်တွေ ဌာနေပြန်နိုင်ရေး အတွက် လိုအပ်ချက်တွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီဘက်က ထောက်ပြတောင်းဆိုလိုက်ပါတယ်။
နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲခံထားရတဲ့ ရိုက်တာ သတင်းထောက် ၂ ဦးကို ဒီကနေ့ တရားရုံး ထုတ်ခဲ့ပါတယ်။ ရခိုင်ပဋိပက္ခ အရေး လျှို့ဝှက် အချက်အလက် စာရွက်စာတမ်းတွေ လက်ဝယ်တွေ့ရှိမှုနဲ့ တရားစွဲခံရတဲ့ သတင်းထောက်တွေကတော့ သူတို့ အနေနဲ့ ကျင့်ဝတ်နဲ့ အညီ သတင်းရေးသား ဖော်ထုတ်ခဲ့တာ ဖြစ်တယ်လို့ ချေပ ပြောဆိုပါတယ်။
ဘင်္ဂလားဒေရှ့် နိုင်ငံက မုတ်သုံရာသီ အတွင်း Cox's Bazar က သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အတွက် ခိုလှုံရေး စခန်းတွေ မလုံမလောက် ဖြစ်နေပါတယ်။ တစ်ချိန်တည်းမှာဘဲ ကူးစက်ရောဂါတွေ ပျံ့နှံ့မယ့် အရေးလည်း စိုးရိမ်နေကြရပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။
ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကြောင့် ရိုဟင်ဂျာ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရတဲ့ ကိစ္စက ကမ္ဘာတလွှားမှာ ထိပ်တန်း သတင်းဖြစ်ခဲ့ပြီး အခုအချိန်ထိ မပြေလည်သေးတဲ့ ဂယက်က မြန်မာ့ ခရီးသွား လုပ်ငန်း အပေါ်မှာပါ သိသိသာသာ ရိုက်ခတ်နေတာပါ။
နောက်ထပ်ကြည့်ရှုရန်