မီတာ ၁ သောင်း ၁ ထောင် (ပေပေါင်း ၃ သောင်း ၆ ထောင်ကျော်) နက်တဲ့ Mariana Trench က ကမ္ဘာပေါ်မှာ အနက်ဆုံး အပိုင်းဖြစ်ပါတယ်။
ရခိုင်လက်နက်ကိုင်တပ် AA ဘက်ကလည်း အရပ်သားတွေကို ပြန်ပေးဆွဲတဲ့ အစီရင်ခံချက်တွေ ရှိနေပြီး ဒီထဲမှာ ပလက်ဝက ဆောက်လုပ်ရေး လုပ်သား ၁၂ ဦး၊ နောက် ဘင်္ဂလားဒေရှ့် နယ်စပ်က ရွာသား ၅၂ ဦးတို့လည်း ပါတယ်လို့ မစ္စ ယန်ဟီးလီက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ တင်ပြခဲ့တာပါ။
တရုတ် မြန်မာနယ်စပ် အဓိက နယ်စပ် ကုန်သွယ်ရေးဂိတ် ဖြစ်တဲ့ မူဆယ် နယ်စပ်ကနေ နာနတ်သီးတွေ တရုတ်ဘက်က အဝယ်ရပ်သွားတာကြောင့် နာနတ်သီးပေါ်ချိန် ဈေးကွက် ပျောက်နေပါတယ်။ တရုတ်အစိုးရဘက်က နာနတ်သီး အဝယ်ပိတ်လိုက်တာလို့ သိထားရပြီး ဘာကြောင့် ပိတ်လိုက်သလဲ ရေရေရာရာ မရှိပါဘူး။
ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ တရားဥပဒေနဲ့ အညီ အရေးယူနိုင်ဖို့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ အားရကျေနပ်မှု ရှိသလို အားမရစရာတွေလည်း ရှိတဲ့ အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေထဲက ကိုယ်လိုချင်တာကိုဘဲ ပြင်ပ ကမ္ဘာ အနေနဲ့ ရွေးချယ်ပြီး ထောက်ပြ ပြောဆိုလို့ ရပေမယ့် မြန်မာနိုင်ငံ အနေနဲ့ကတော့ အားလုံး ခြုံငုံပါဝင်တဲ့ ချဉ်းကပ်မှုနဲ့ ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ဂျီနီဗာ အခြေစိုက် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီးက ပြောဆိုလိုက်ပါတယ်။
နီကာရာဂွါမှာ နိုင်ငံရေး ပဋိပက္ခတွေ စခဲ့တဲ့ လွန်ခဲ့တဲ့ တနှစ်ခွဲကျော် ကတည်းက အစိုးရအာဏာပိုင်တို့ရဲ့ ပုံစံမျိုးစုံနဲ့ ရန်စောင်ခံရတဲ့ သတင်းထောက် ၃၀၀ ကျော် ရှိခဲ့တယ်လို့ နီကာရာဂွါ အခြေစိုက် Violeta Chamorro Foundation အစီရင်ခံစာမှာ ဖော်ပြပါတယ်။ Daliana Ocana ရဲ့သတင်းလွှာကို မသိင်္ဂ ီထိုက် တင်ပြပါမယ်။
တရုတ် သွင်းကုန်တွေ အပေါ် အမေရိကန်ဘက်က အခွန်တိုးကောက်တာကို ရှောင်ရှားနိုင်ဖို့ Apple ကုမ္ပဏီ အတွက် ပစ္စည်း ထုတ်ပေးနေကြတဲ့ တရုတ်ပြည်တွင်းက စက်ရုံတွေ ပြည်ပကို ရွှေ့ပြောင်းဖို့ အမေရိကန် နည်းပညာ လုပ်ငန်းကြီး Apple က တိုက်တွန်းနေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။
အဆင်မပြေတဲ့ ဘဝတွေ အများကြီး ရှိတယ်။ အဲဒီ အပေါ်မှာတော့ ပြန်ကုစားဖို့ အဆင့်ဆင့် တင်ပြပြီးတော့မှ ဒီထက်ပို ကောင်းမွန်တဲ့ စောင့်ရှောက်မှုတွေ ရဖို့အတွက်တော့ ကြိုးစားနေပါတယ်။ ”
အရှေ့တောင်အာရှ နိုင်ငံများ အသင်း အာဆီယံ ထိပ်သီး ညီလာခံကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ စနေနေ့က စတင်လိုက်ပါတယ်။ ထိပ်သီးညီလာခံ အကြို ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေးပွဲမှာတော့ ရိုဟင်ဂျာတွေ ဌာနေပြန်ရေးကို အကျေအလည် ဆွေးနွေးခဲ့ကြပါတယ်။
ဂျပန်မှာ ကျင်းပမယ့် ကမ္ဘာ့ စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံ ၂၀ - G-20 ထိပ်သီး အစည်းအဝေးမှာ အမေရိကန်နဲ့ တရုတ် ခေါင်းဆောင်တို့ ကုန်သွယ်ရေး ကိစ္စ ဆွေးနွေးမယ်လို့ တရားဝင် အတည်ပြု ပြောဆိုလိုက်ကြပါတယ်။
ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းဖြစ်နေသူတွေ ဒါမှမဟုတ်လည်း စိတ်ဒဏ်ရာရထားဖူးသူတွေလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေသူတွေအတွက် အဖော်ခွေးတွေကို လေ့ကျင့်ပေးပြီး လိုအပ်သူတွေနဲ့ တွဲဖက်ပေးနေတဲ့ အကြောင်းကို ဗွီအိုအေ သတင်းထောက် Anush Avetisyan က စုစည်းတင်ပြထားပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောပြင်ရွာက စစ်ရှောင် ဒုက္ခသည် ၃ထောင်ကျော် ခိုလှုံနေရာ ဘုန်းတော်ကြီးကျောင်း အတွင်းနဲ့ အနီးတဝိုက်မှာ မြန်မာ စစ်တပ်က ဆက်ပြီး ဝိုင်းထားတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ သဘာဝနဒီ အရှင် ပညာဇောတက မိန့်ပါတယ်။
မြန်မာ့ ဆန် အဓိက ဝယ်လက် တရုတ်ဘက်ကို ဆန်ပို့လို့ မရသေးတဲ့ အခြေအနေမှာ ဘင်္ဂလားဒေရှ့်ဘက်ကလည်း မြန်မာ့ပို့ကုန် ဆန် အပေါ်မှာ အခွန် ၃ဆလောက် တိုးကောက်လိုက်တာကြောင့် ထပ်ပြီး အထိနာနေပါတယ်။
အမေရိကန်ပြည်ထောင်စုကို လာရောက်ကြတဲ့ တရုတ်ခရီးသွားလုပ်ငန်းဟာ ပြီးခဲ့တဲ့ဆယ်စုနှစ် တခုနီးပါး ဖွံ့ဖြိုးလာခဲ့ပေမယ့်အခုနောက်ပိုင်းကျဆင်းလာပါတယ်။
မြန်မာ အစိုးရက မော်တော်ကား တင်သွင်းမှု မူဝါဒ ပြောင်းလဲလိုက်တာကြောင့် နိုင်ငံခြား ကားထုတ်လုပ်ရေး လုပ်ငန်းတွေ ပြည်တွင်းမှာ ဝင်ရောက် ရင်းနှီးမြှုပ်နှံလာကြတာလို့ မြန်မာ့ မော်တော်ယာဉ် ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။
ဗြိတိန်နိုင်ငံကို ရောက်ရှိ နေတဲ့ အမေရိကန် သမ္မတ Donald Trump က နှစ်နိုင်ငံ ဆက်ဆံရေး၊ အကြမ်းဖက် ဝါဒ ချေမှုန်းရေး အပါအဝင် ဥရောပ သမဂ္ဂကနေ နုတ်ထွက်မယ့် ဗြိတိန်နိုင်ငံနဲ့ အထူး ကုန်သွယ်ရေး သဘောတူညီချက် ရနိုင်မယ့် အလားအလာတွေကို အလေးထား ပြောကြားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံတွင်းက မူဆလင်တွေလို လူနည်းစု အသိုင်းအဝိုင်းတွေကို ချဉ်းကပ်မှု အနေနဲ့ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi က သူ့ရဲ့ ဝန်ကြီးချုပ် ဒုတိယ သက်တမ်းကို စတင်လိုက်ချိန်မှာဘဲ အသစ်ရွေးကောက်ခံ လွှတ်တော် အမတ်တွေကို လူနည်းစုတွေရဲ့ ယုံကြည်မှု ရအောင် ကြိုးစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။
တရုတ် စွမ်းအင် လုပ်ငန်းကြီးဖြစ်တဲ့ China National Petroleum Corp က မြန်မာနိုင်ငံတွင်းမှာ စက်သုံးဆီ လက်လီ အရောင်းဆိုင် ဒါဇင်နဲ့ချီပြီး ဖွင့်ဖို့ရှိနေပါတယ်။
ထိုင်း- လာအို - မြန်မာ နယ်စပ်က တာချီလိတ်မြို့ရဲ့ အဓိက စီးပွားရေး လုပ်ငန်း တခုဖြစ်တဲ့ဆိုင်ကယ် တက္ကစီ လုပ်ငန်းကို မှီခိုနေသူ မိသားစု ရာနဲ့ချီ ရှိနေပါတယ်။
အသက်အရွယ် ကြီးရင့်သူ အများစု ရှိနေတဲ့ ကင်ညာနိုင်ငံရဲ့ စိုက်ပျိုးရေး လုပ်ငန်းမှာ လူငယ်တွေ စိတ်ပါဝင်စားလာစေဖို့ တီထွင်ပညာရှင်တွေက ဒီဂျစ်တယ် နည်းပညာတွေနဲ့ ဆွဲဆောင်ဖို့ ကြိုးစားနေပါတယ်။ ကင်ညာနိုင်ငံ Kinoo ကနေ Sarah Kimani ပေးပို့တဲ့ သတင်းကို မသိင်္ဂ ီထိုက် ပြောပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်