ရခိုင်ပြည်နယ် မြောက်ပိုင်း အင်းဒင်ကျေးရွာမှာ ရိုဟင်ဂျာ ၁၀ ဦး သတ်ဖြတ်ခံရမှု သတင်းကို လိုက်ရင်း ဖမ်းဆီးထောင်ချခံခဲ့ရပြီး သမ္မတ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်လာတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ နယူးယောက်၊ ကိုလံဘီယာ တက္ကသိုလ်မှာ နိုင်ငံတကာ သတင်းဆိုင်ရာ ပူလစ်ဇာ ဆုကို လက်ခံခဲ့ပါတယ်။
မြန်မာ့ ဆိပ်ကမ်းတွေမှာ အခွန်အကောက် နှုန်းထားတွေက ဒေသတွင်းမှာ ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်စွမ်း မရှိ ဖြစ်နေရပြီး ပို့ကုန်သွင်းကုန် ဈေးနှုန်းတွေ အပေါ်မှာ ရိုက်ခတ်မှု ရှိတယ်လို့ ဆယ်စုနှစ် ၂ ခုကျော် လုပ်ငန်းအတွေ့အကြုံရှိသူ ကပ္ပတိန် ဟင်နရီ ခင်မောင်က ထောက်ပြပါတယ်။
ကျဆုံး စစ်သည်တွေကို အောက်မေ့ဂုဏ်ပြုတဲ့ Memorial Day အခမ်းအနားတွေကို တနလာၤနေ့မှာ အမေရိကန် ပြည်ထောင်စု တဝန်းကျင်းပခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၁၀ နှစ်တာ ကာလအတွင်း တောင်အာဖရိကမှာ ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ ရန်ပုံငွေ အဖွဲ့ရဲ့ အစီအစဉ်နဲ့ ဝင်ငွေ သိပ်မရတဲ့ အထက်တန်းကျောင်းသူ မိန်းကလေးငယ် ၁ သောင်း ကျော်ကို စက်မှုနည်းပညာ လုပ်ငန်းတွေထဲ ရောက်လာအောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ Anita Powell ရဲ့ သတင်းလွှာကို မသိင်္ဂ ီထိုက်က တင်ပြပေးပါမယ်။
ရခိုင်ပြည်နယ်ထဲက စစ်ဘေးရှောင်နေကြရသူတွေ၊ နောက် မူဆလင် ဒုက္ခသည်တွေအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာရုံးက ဆက်လက် ထောက်ပံ့ ကူညီသွားမယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးက မြန်မာခရီးစဉ် အတွင်းမှာ ကတိပြု ပြောဆိုခဲ့ပါတယ်။
မန္တလေးတိုင်း ငါးဇွန်မြို့နယ် မြို့သာ စက်မှုဇုန်မှာ ဆေးခြောက်အနွယ်ဝင်လို့ ဆိုတဲ့ Hemp လျှော်ပင် စိုက်ပျိုးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသား တဦးနဲ့ မြန်မာနိုင်ငံသား ဝန်ထမ်း ၂ ဦးတို့ကို အင်္ဂါနေ့မှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေနဲ့ တရားစွဲလိုက်ပါတယ်။
ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Fillippo Grandi ဟာ ၅ ရက်ကြာ မြန်မာနိုင်ငံ ခရီးကို စတင်လိုက်ပါပြီ။ မြန်မာအစိုးရ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ရှိပြီး ရခိုင်ပြည်နယ်ကိုလည်း ကိုယ်တိုင်သွားရောက်မှာပါ။ဒီခရီးစဉ် မတိုင်ခင်မှာတော့ ဘင်္ဂလားဒေရှ့် က ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့တာပါ။
ရခိုင်နဲ့ ကချင်ပြည်နယ်တို့မှာ အကြမ်းဖက်မှုတွေ တိုးလာတဲ့ အပေါ် အထူးစိုးရိမ်ကြောင်း၊ နောက် ရခိုင်မှာ ၇ နှစ်ကြာလာပြီ ဖြစ်တဲ့ မူဆလင် ဒုက္ခသည် စခန်းတွေရဲ့ အခြေအနေဟာ ဆိုးရွားနေကြောင်း၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ ပြန်လည် အခြေချရေးမှာလည်း သူတို့ ဆန္ဒနဲ့ အညီ ဖြစ်ရမယ်လို့ Ursula Mueller က ပြောဆိုလိုက်ပါတယ်။
ပြောရရင်တော့ အခုအခြေအနေမျိုးက နွေစပါးထွက်တဲ့ အခြေအနေမျိုးပေါ့နော်။ နွေစပါး ထွက်တဲ့ အချိန်ဆိုတော့ တကယ်တန်း ပြောရရင် ဈေးကွက်ပွင့်မှဘဲ တောင်သူတွေ အတွက် အဆင်ပြေမှာပေါ့။
ဆားရောင်းရတာက မြောက်ဦးတို့၊ ကျောက်တော်တို့၊ ဘူးသီးတောင်တို့၊ ပုဏ္ဏားကျွန်းတို့ကို များများ ရောင်းရပါတယ်။ ဒီနှစ်ရောက်တော့ စစ်ပွဲတွေကြောင့် မတည်မငြိမ် ဖြစ်နေတာကြောင့် နယ်ကလူတွေလည်း ဈေးဝယ်ဖို့ တက်လာဖို့ အခက်အခဲ ရှိတယ်။
မြန်မာ စစ်တပ်ရဲ့ ဖြိုခွင်းမှုတွေကြောင့် မိဘ ဆွေမျိုးတွေနဲ့ အတူ ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးခဲ့ကြတဲ့ အများစုသော ကျောင်းနေအရွယ် ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ အနည်းအကျဉ်း စာတတ်သူတွေကနေ လုံးဝ စာမတတ်သူတွေ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စု ဗာဂျီးနီးယား ပြည်နယ်၊ အာလင်တန်ကဗလီမှာ ဝတ်ပြုသူတွေကို သေနတ်သမားနဲ့ ကြုံတွေ့ရင် ဘယ်လို တုံ့ပြန်မလဲဆိုတာကိုသင်ကြားပေးနေပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်း အင်းဒင်ကျေးရွာမှာ ရိုဟင်ဂျာ ၁၀ ဦး သတ်ဖြတ်ခံရမှု သတင်းလိုက်ခဲ့ကြတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦး အင်္ဂါနေ့မှာ သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်မြောက်လာပါတယ်။
အာတိတ်ဒေသမှာ တရုတ်နဲ့ ရုရှားတို့ ချဲ့ထွင်လာမှုကို တန်ပြန်ဆောင်ရွက်မှုတွေ အတွင်းမှာဘဲ ဒေသတွင်းမှာ အမေရိကန်ဘက်က စစ်ရေးတိုးချဲ့ချထားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က တနလာၤနေ့မှာ ကြေညာလိုက်တာပါ။
မြန်မာပြည်တွင်းမှာ သိပ်ပြီး မတွင်ကျယ်လှသေးတဲ့ အသက်အာမခံ ဈေးကွက်မှာ နိုင်ငံခြား လုပ်ငန်းကြီးတွေ အပြည့်အဝ ဝင်ရောက်လုပ်ကိုင်ဖို့ ခွင့်ပြုချက်ရထားပါပြီ။
ဗင်နီဇွဲလား အစိုးရ ဆန့်ကျင်သူတွေ ထောင်နဲ့ချီပြီး အင်္ဂါနေ့က မြို့တော် ကရာကတ်စ်မှာ ဆန္ဒပြခဲ့ကြပြီး လုံခြုံရေး တပ်ဖွဲ့တွေနဲ့လည်း ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
ဥရောပ သမဂ္ဂ EU က လက်နက်ရောင်းချခွင့် အပါအဝင် မြန်မာ အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုကို ၁ နှစ်ထပ်ပြီး သက်တမ်းတိုးလိုက်ပါတယ်။
သီရိလကာၤနိုင်ငံမှာ ခရစ်ယာန်တွေရဲ့ ဘာသာရေး အထွဋ်အမြတ်နေ့ ဖြစ်တဲ့ အီစတာ တနင်္ဂနွေနေ့က ဗုံးဖောက်ခွဲ တိုက်ခိုက်မှုတွေကို စုံစမ်းစစ်ဆေးတဲ့ နေရာမှာ သြစတေးလျ ပြည်ထောင်စု ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး အရာရှိတွေ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သြစတေးလျဘက်က အတည်ပြုပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့က ရွှေမြစန္ဒီ အိမ်ယာက အိမ်တွေ မဖျက်ရေး ဆန္ဒပြမှုမှာ ပါဝင်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။ ဘာကြောင့် ဖမ်းဆီးလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဝါးကြီးတောင် ကျေးရွာ၊ ယာခင်း အတွင်းကလူနေအိမ်တွေအပေါ် မြန်မာစစ်တပ်ဘက်က လက်နက်ကြီးကျည် ကျရောက်ခဲ့တာကြောင့် တဦး သေဆုံးပြီး တဦး ဒဏ်ရာရခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်