ရခိုင်ပြည်နယ်တွင်း စစ်ရေး ပဋိပက္ခတွေမှာ ပါဝင် ပတ်သက်သူတွေ အနေနဲ့ နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေကို လေးစားလိုက်နာပြီး အရပ်သားတွေကို အသေအချာ ကာကွယ်ပေးဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။
ရိုဟင်ဂျာတွေ အပေါ် လူ့အခွင့်အရေး ကျူးလွန် ချိုးဖောက်မှုတွေ အတွက် နိုင်ငံတကာ ရာဇဝတ် ပြစ်မှုဆိုင်ရာ ခုံရုံး ဒါမှမဟုတ်လည်း နိုင်ငံတကာ ခုံရုံးတခု ဖွဲ့စည်းကြဖို့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယ ကော်မတီမှာ တင်သွင်းသွားပါတယ်။
ဘင်္ဂလားဒေရှ့် နိုင်ငံ ကောဇ့်ဘဇားမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲကနေ မြေနုကျွန်း Bhasan Char မှာ ဆန္ဒအလျောက် ပြောင်းရွှေ့လိုသူတွေ စာရင်းကို ဘင်္ဂလားဒေရှ့် အာဏာပိုင်တွေက ကောက်ယူနေပါတယ်။
ဟောင်ကောင်မှာ အဖမ်းခံရတဲ့ ဒီမိုကရေစီ လိုလားတဲ့ ဆန္ဒပြသူတွေရဲ့ သုံးပုံ တပုံ နီးပါးက အသက် ၁၈ နှစ်အောက် အရွယ်တွေ ဖြစ်တယ်လို့ အစိုးရက ပြောပါတယ်။
မြန်မာနိုင်ငံတွင်း ရေအားလျှပ်စစ် စီမံကိန်းကြီးတွေနဲ့ ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံတွေ အစား ပြန်ပြည့်မြဲ စွမ်းအင်ကို မူဝါဒ အရ ပြောင်းလဲလာရေး ကမ္ဘာ့ဘဏ်ဘက်က တွန်းအားပေးဖို့လည်း တိုက်တွန်းခဲ့ကြပါတယ်။
၂၀၂၀ အမေရိကန် သမ္မတ ရွေးကောက်ပွဲ မှာ သမ္မတ Donald Trump ကို ပြိုင်မယ့် သမ္မတလောင်းကိုယ်စားလှယ် တွေထဲ ဒီမိုကရက် ပါတီ သမ္မတ ကိုယ်စားလှယ်လောင်း Andrew Yang ဟာ ပထမဆုံး အာရှနွယ်ဖွား အမေရိကန် ကိုယ်စားလှယ်လောင်း တဦး ဖြစ်ပါတယ်။ Elizabeth Lee ပေးပို့တဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။
ရုရှား သမ္မတ Vladimir Putin ကို ဆော်ဒီအာရေးဗျနိုင်ငံ မြို့တော် Riyadh မှာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပြီး ဆာ်ဒီဘုရင် Salman နဲ့ ကုန်သွယ်ရေးဆက်ဆံမှု တိုးတက်ရေးကို ဆွေးနွေးခဲ့ကြပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူဒေသမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးတွေ စတင်ဖို့ စိုင်းပြင်းနေချိန်မှာဘဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အတွက် ဒေသတွင်း ကန့်သတ်ချက်တွေကြောင့် ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် အခွင့်အလမ်းတွေ ကျဉ်းမြောင်းလာနေပါတယ်။
လာမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ သမ္မတ Donald Trump ကို ပြိုင်မယ့် သမ္မတလောင်းတွေ တဒါဇင်ကျော်ရှိနေတဲ့ အထဲမှာ အာရှနွယ်ဖွား အမေရိကန် အသိုင်းအဝိုင်းထဲက ထွက်ပေါ်လာတဲ့ ဒီမိုကရက်ပါတီ သမ္မတကိုယ်စားလှယ်လောင်း တဦးကတော့ စွန့်ထွင်လုပ်ငန်းရှင် Andrew Yang ဖြစ်ပါတယ်။
၀င်ငွေရလမ်း မဖော်ပြနိုင်တဲ့ ဝင်ငွေတွေကို အရင်က အခွန် ၁၅ ရာခိုင်နှုန်းကနေ လာမယ့် ဘဏ္ဍာနှစ်မှာ အခွန် ၃ ရာခိုင်နှုန်း အထိ အစိုးရက လျှော့ပေးလိုက်ပါတယ်။
မြန်မာဆိုင်ရာ လွတ်လပ်တဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) အတွက် လာမယ့် ၂၀၂၀ ပြည့်နှစ် ရန်ပုံငွေ လျာထားချက်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အထွေထွေညီလာခံရဲ့ စီမံခန့်ခွဲမှုနဲ့ အသုံးစာရိတ်ဆိုင်ရာ Fifth Committee မှာ တင်ပြသွားပါတယ်။
ဆင်းရဲမွဲတေမှုနှုန်း ကျဆင်းသွားတဲ့ အလားအလာကောင်းကို ထိန်းထားနိုင်ဖို့နဲ့ စီးပွား ဖွံ့ဖြိုးမှုမှာ အားလုံး ပါဝင်နိုင်ဖို့ ဘာတွေ ဆောင်ရွက်ဖို့ လိုအပ်နေပါသလဲ
မြန်မာ့ သစ်သီး ဝလံ အဓိက ဈေးကွက် ဖြစ်တဲ့ တရုတ်ဘက်ကို အရင်လို တရားမဝင် တင်ပို့ခွင့် မရှိတော့ဘဲ တရုတ် အစိုးရရဲ့ တရားဝင် ခွင့်ပြုချက်ရမှ ရောင်းချနိုင်တော့မှာမို့ မြန်မာ့ စိုက်ပျိုးရေး လောက အတွက် အချိုးအကွေ့ကြီး တခု ဖြစ်လာပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ အကြိမ် ၇၀ မြောက် အမှုဆောင် ကော်မတီ အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ တနလာၤနေ့က စတင်တာမှာ နိုင်ငံမဲ့တွေ အရေးကို ဆွေးနွေးခဲ့ကြပါတယ်။
ထိုင်းနိုင်ငံမှာ အင်တာနက် အွန်လိုင်းပေါ်က လုပ်ကြံဖန်တီးထားတဲ့ သတင်းတွေ ဖြန့်ဝေမှု ထိန်းချုပ်ဖို့ အာဏာပိုင်တွေက စင်တာသစ်တခု ဖွင့်လှစ်မယ့်အရေးဟာဆိုရင် ဝေဖန်သူတွေကို နှုတ်ဆိတ်သွားအောင် ပစ်မှတ်ထား ဆောင်ရွက်တဲ့နေရာမှာ တလွဲသုံးလာနိုင်တယ်လို့ အခွင့်အရေးလှုပ်ရှားမှု အဖွဲ့တွေနဲ့ အတိုက်အခံပါတီတွေက သတိပေးနေပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် Kim ဟာ နျူးကလီးယား လက်နက်တွေ ပစ်ခတ်နိုင်စွမ်းကို ဆက်ထိန်းထားနိုင်ဖို့ အစွမ်းကုန် ကြိုးစားလိမ့်မယ်လို့လည်း အမျိုးသားလုံခြုံရေး အကြံပေးဟောင်း Bolton က သမ္မတ Donald Trump အစိုးရရဲ့ အဖွဲ့ဝင် အဖြစ်ကနေ နုတ်ထွက်ခဲ့ပြီးနောက် ပထမဆုံးပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေ ဌာနေပြန်ရေး လုပ်ငန်းစဉ် အောင်မြင်ရေး အတွက် ဒုက္ခသည်တွေရဲ့ ယုံကြည်မှုရအောင် မြန်မာဘက်က ဆောင်ရွက်ဖို့ ဘင်္ဂလားဒေရှ့်ဘက်က တိုက်တွန်းခဲ့ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးကတော့ ရိုဟင်ဂျာတွေ ဌာနေပြန်ရေး လုပ်ငန်းစဉ် မကြာခင်မှာ ပြန်စနိုင်မယ်ဆိုပြီး သူ့မျှော်လင့်ချက်ကို ပြောဆိုသွားပါတယ်။
နယူးယောက် ကုလသမဂ္ဂ ဌာနချုပ်မှာ တနလာၤနေ့က ကျင်းပတဲ့ ဥတုရာသီ ပြောင်းလဲမှုကို အရေးယူ လုပ်ဆောင်ရေး တောင်းဆိုတဲ့ ညီလာခံမှာ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ အရေး တက်ကြွလှုပ်ရှားသူ ဆွီဒင် ဆယ်ကျော်သက် Greta Thunberg က ကမ္ဘာ့ခေါင်းဆောင်တွေကို ပြစ်တင်ကြိမ်းမောင်း ပြောဆိုခဲ့ပါတယ်။
အမေရိကန် သမ္မတ Donald Trump က အီရန် ဗဟိုဘဏ် အပေါ်မှာ ဒဏ်ခတ်ပိတ်ဆို့မှုသစ် ချမှတ်ကြောင်း သောကြာနေ့က ကြေညာလိုက်ပြီး ဒါဟာဆိုရင် နိုင်ငံ တခုအပေါ် ဒဏ်ခတ်ပိတ်ဆို့ခဲ့မှုတွေ ထဲမှာ အပြင်းထန်ဆုံး ဖြစ်တယ်လို့ ပြောဆိုပါတယ်။ Patsy Widakuswara ရဲ့ သတင်းလွှာကို မသိင်္ဂ ီထိုက် ပြောပြမှာပါ။
ဇင်ဘာဘွေ ခေါင်းဆောင်ဟောင်း Robert Mugabe ကွယ်လွန်ပြီးနောက်မှာတော့ ပြည်သူရဲ့ လေးစားချစ်ခင်မှုကို မရတဲ့ ကျန်ရစ်သူ မိသားစုရဲ့ အခြေအနေက ဘယ်လို ဖြစ်လာနိုင်ပါသလဲ။
နောက်ထပ်ကြည့်ရှုရန်