နည်းပညာ အခြေခံ ဝန်ဆောင်မှု လုပ်ငန်း လည်ပတ်တာမှာ အဓိက အခက်အခဲက လုပ်သား ရှားပါးမှု ဖြစ်တယ်လို့ Freshgora လုပ်ငန်း တည်ထောင်သူ ကိုထွဋ်ဦးယွန်းက ပြောပါတယ်။
၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ စက်တင်ဘာလ ၁၇ ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပြီး နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ တက်ရောက်မှာပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမှာ ဒီသီတင်းပတ်အတွင်း မိုးသည်းထန်ပြီး ပိုင်ဆိုင်မှုတွေအားလုံး ရေထဲမျောပါ ဆုံးရှုံးခဲ့ရတဲ့ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ကူညီ ထောက်ပံ့ဖို့အတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ဒီနှစ်အတွင်း အကြီးမားဆုံး ကယ်ဆယ်ရေးအစီအစဉ်ကို စတင်လိုက်ပါတယ်။
အမျိုးသား လုံခြုံရေး အကြံပေး John Bolton ဟာ သမ္မတ Trump နဲ့ အီရန်အရေး၊ အာဖဂန် နစ္စတန်နဲ့ တခြား ကမ္ဘာ့ အရေးကိစ္စတို့မှာပါ အကြီးအကျယ် သဘောထား ကွဲလွဲခဲ့ပြီးနောက် ရာထူးက ဖယ်ရှားခံရပါတယ်။
တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းနဲ့ တွေ့ဆုံ ဆွေးနွေးမှု အတွင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုရီးယားဘက်က မြန်မာ လုပ်သားတွေ ပိုပြီး ခေါ်ယူဖို့ တိုက်တွန်းခဲ့ပါတယ်။
မြန်မာနိုင်ငံတွင်း ဘာသာရေးနှိပ်ကွပ်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့တဲ့ အတွက် KBC ဥက္ကဋ္ဌ ဒေါက်တာ ခါလမ်ဆမ်ဆွန်ကို တရားစွဲဖို့ တပ်မတော်အရာရှိ တဦးက ဦးတိုက် လျှောက်ထားခဲ့မှုကို ပြန်ပြီး ရုပ်သိမ်းလိုက်တဲ့ အတွက် ကျေနပ်အားရ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနက တုံ့ပြန်ပါတယ်။
တရုတ်ရဲ့ တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်ကျွန်းရဲ့ ရှည်လျားတဲ့ သမိုင်းကြောင်းတလျှောက် ဆန္ဒပြမှုတွေ အတွင်း အခုနောက်ဆုံး ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး Mike O’Sullivan ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။
ရုရှားနဲ့ ယူကရိန်းကြား အကျဉ်းသားတွေ လဲလှယ်ခဲ့ကြပါတယ်။ ကာလရှည် စောင့်ဆိုင်းခဲ့ရတဲ့ ဒီအစီအစဉ် အကောင်အထည် ပေါ်လာတာကြောင့် ယူကရိန်း အရှေ့ပိုင်းက ၅ နှစ်ကြာစစ်ပွဲ အဆုံးသတ်ရေး ပြန်လည်ကြိုးပမ်းမှုတွေအတွက် မျှော်လင့်ချက်တွေလည်း ပိုများလာပါတယ်။
ကချင်ပြည်နယ်မှာ ပယင်းဈေးကွက် ရှိနေပြီး ပယင်း တူးဖော်သူတွေလည်း ရှိနေဆဲပါ၊ ပယင်း ထုတ်လုပ်မှုကနေ ဘယ်သူတွေ အကျိုးအမြတ် ရနေလဲ ဆိုတာကိုတော့ KDNG ရဲ့ သုတေသနမှူး ကိုဇော်မိုင်နဲ့ ဆက်သွယ်မေးမြန်းပြီး စီးပွားရေး ကဏ္ဍမှာ မသိင်္ဂ ီထိုက်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံကြဖို့ ထိုင်း စီးပွားရေး လုပ်ငန်းရှင်တွေကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်လိုက်ပါတယ်။
တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းနဲ့ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အင်္ဂါနေ့က သီးသန့် တွေ့ဆုံ ခဲ့ကြပြီး အဓိကအားဖြင့်တော့ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို အလေးထား ဆွေးနွေးခဲ့ကြပါတယ်။
တရုတ် - မြန်မာ အဓိက ကုန်သွယ်ရေး လမ်းမကြီး ဖြစ်တဲ့ မန္တလေး - မူဆယ် လမ်းမကြီးပေါ်မှာ တိုက်ပွဲတွေကြောင့် တံတားတွေပျက်ခဲ့ပြီး ကုန်သွယ်ရေး လုံးဝနီးပါး ပြတ်တောက်သွားပါတယ်။
ဥရောပ သမဂ္ဂ EU နဲ့ သဘောတူညီချက် ရသည် ဖြစ်စေ မရသည် ဖြစ်စေ လာမယ့် အောက်တိုဘာလ ၃၁ ရက်နေ့မှာ Brexit လို့ခေါ်တဲ့ ဥရောပ သမဂ္ဂကနေ ဗြိတိန် နုတ်ထွက်မှာ ဖြစ်ပြီး ထပ်ပြီး ဆိုင်းငံ့ပေးဖို့ ဥရောပသမဂ္ဂကို တောင်းဆိုမှာ မဟုတ်ဘူးလို့ ဗြိတိန် ဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။
မန္တလေးတိုင်း ပြင်ဦးလွင်က တပ်မတော် နည်းပညာ တက္ကသိုလ် အပါအဝင် နေရာတချို့ တိုက်ခိုက်ခံရပြီးနောက် ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး မသကာၤမှုနဲ့ ရှမ်းလူငယ် နှစ်ဦးကို ဖမ်းဆီးထားပြီး အခုအချိန်ထိ ပြန်မလွတ်သေးပါဘူး။
အမေရိကန်နဲ့ အာဆီယံရဲ့ ပထမဆုံး အကြိမ် ပင်လယ်ရေကြောင်းဆိုင်ရာ လေ့ကျင့်မှုမှာ မြန်မာ ရေတပ်လည်း ပါဝင်မှာ ဖြစ်ပြီး မြန်မာ ရေတပ်က ကျန်စစ်သား စစ်ရေယာဉ်နဲ့ ရေတပ် တပ်ဖွဲ့ဝင်တွေ မြန်မာနိုင်ငံကနေ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
အမေရိကန်မှာ ကျွန်စနစ် အစပြုခဲ့တဲ့ နှစ် ၄၀၀ ပြည့် အခမ်းအနားမှာ ပါဝင်ဆင်နွှဲကြသူ အာဖရိက နွယ်ဖွားတွေနဲ့ အာဖရိကန် အမေရိကန်တွေက စီးပွားရေးနဲ့လူမျိုးရေး အရ ကွဲပြားနေတဲ့ လူမှုအဖွဲ့အစည်းတွင်း ပြန်လည် ပေါင်းစည်းရေး အားလုံး ကြိုးစားကြဖို့ ပြောပါတယ်။ Kennes Bwire ရဲ့ သတင်းလွှာကို မသိင်္ဂ ီထိုက် တင်ပြပါမယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတခုမှာ စနေနေ့က အပြန်အလှန် ပစ်ခတ်မှုအတွင်း ရိုဟင်ဂျာ ဒုက္ခသည်နှစ်ဦး သေဆုံးကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။
ကချင်ပြည်နယ် ဟူးကောင်း ချိုင့်ဝှမ်း ဒေသကို စစ်တပ်က နယ်မြေ ရှင်းလင်းပြီး ထိန်းချုပ်လိုက်ရတဲ့ အကြောင်းရင်းက သယံဇာတတွေကို ထိန်းချုပ်ရေးနဲ့ တရုတ်ရဲ့ ပိုးလမ်းမကြီး စီမံကိန်း လုံခြုံရေး အတွက် အဓိက ဖြစ်တယ်လို့ အစီရင်ခံစာသစ် တခုက ပြောဆိုလိုက်ပါတယ်။
မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာ့ တပ်မတော်ကြား ရှမ်းပြည် မြောက်ပိုင်း တိုက်ပွဲတွေကြောင့် လားရှိုး တခုတည်းမှာတင် စစ်ရှောင် ဒုက္ခသည် ၂၀၀၀ လောက် ရှိနေပါတယ်။
ဒီလို လူထုနဲ့ တွင်တွင်ကျယ်ကျယ် ပတ်သက်နေတဲ့ ရွှေထည် အရောင်းအဝယ် ဈေးကွက်မှာ အရည်အသွေး အချိန်အတွယ်ပိုင်း စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်တွေ လစ်ဟင်းနေတာကြောင့် စိုးရိမ်ရတဲ့ အခြေအနေမျိုးတွေ ရှိလာနေပြီလို့ မန္တလေး အခြေစိုက် ရွှေဆိုင် လုပ်ငန်းရှင် ကိုကျော်နိုင်ဝင်းက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်