ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ပြေးဒုက္ခသည်ဦးရေဟာ ၃ သောင်းဝန်းကျင် ရှိနေတယ်လို့ အကူအညီပေးနေသူတွေက စာရင်းပြုစုထားကြပါတယ်။ စစ်ရှောင်ကာလ ၂ နှစ်နီးပါး ကြာလာချိန်မှာ အဲဒီ့ စစ်ဘေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာအပြင် နေထိုင်ဖို့နဲ့ ကျန်းမာရေးအတွက်ပါ အကူအညီတွေ အတော်လေး လိုအပ်နေတာပါ။
KNDF၊ KA အပါအဝင် အခြား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တနှစ်အတွင်း တိုက်ပွဲပေါင်း (၃၄၁) ကြိမ် ဖြစ်ခဲ့ကြောင်းနဲ့ စစ်ကောင်စီဘက်က လက်နက်ကြီး အလွန်အကျွံအသုံးပြု ပစ်ခတ်တဲ့အပြင် လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ်ရေ ၁၅၀ ကျော်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ KNDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
သြစတြေးလျနိုင်ငံ Melbourne မြို့က Yarra မြစ်ထဲမှာ လျှပ်စစ်စက်ဘီးကအစ လက်တွန်းဈေးဝယ်လှည်းတွေအထိ အမှိုက်တွေ စုနေတတ်ပါတယ်။ ဒီလို သံထည်အမှိုက်တွေကို သံလိုက်တုံးနဲ့မြှားယူ ဆယ်ဖို့ စေတနာ့ဝန်ထမ်းတွေက လုပ်ဆောင်နေကြပါတယ်။ငါးမြှားသလို သံလိုက်နဲ့အမှိုက်မြှားကြတဲ့အကြောင်းမမြသဇင်အောင်က တင်ဆက်ထားပါတယ်။
Save the Children အပါအဝင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ ၄ ခုက အာဖဂန်နစ္စတန်မှာ လူသားချင်းစာနာမှု အကူအညီပေးရေး အစီအစဉ်တွေကို ဆိုင်းငံ့ထားတယ်လို့ ပြောပါတယ်။ ဒီအဖွဲ့တွေမှာ အမျိုးသမီးတွေ အလုပ်လုပ်ခွင့်မပြုကြောင်း တာလီဘန်အစိုးရရဲ့ ကြေညာချက်ကို တုံ့ပြန်ပြီး ဆိုင်းငံ့တာပါ။ မြသဇင်အောင်ကတင်ပြပါ့မယ်။
၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာတဝှမ်းမှာ နိုင်ငံရေးအပြောင်းအလဲတွေ၊ သဘာဝဘေးအန္တရာယ်တွေ ကြုံခဲ့ရသလို၊ အကြမ်းဖက်မှု၊ စစ်နဲ့ပဋိပက္ခအပြင် များစွာသော အပြောင်းအလဲတွေလည်း ရင်ဆိုင်ခဲ့ကြရပါတယ်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့အကြီးအကဲ သိက္ခာတော်ရဆရာ ဒေါက်တာခလမ် ဆမ်ဆွမ်ကို ခရီးသွားလာခွင့်ပိတ်ပင်လိုက်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုခေါ်ယူ စစ်ဆေးမေးမြန်းနေတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC တာဝန်ရှိသူတချို့ဆီက သိရှိရပါတယ်။
"ကန်သာယာမှာ ဖျက်နေတာ။ ပြီးတော့ မေမြို့-မန္တလေး ရထားလမ်းဘေးတလျှောက်။ နောက်ပြီး မြို့ပတ်ရထား သံလမ်းတလျှောက်မှာ ဒီနေ့ဖျက်နေတာ။ မနေ့ကတည်းက ဖျက်မိန့်တွေအော်တယ်။ စာရွက်တွေ ဝေထားတယ်တဲ့။ တချို့ကလည်း ကိုယ့်ဘာသာကိုယ် ဖျက်ကြတယ်ပေါ့။ ကိုယ့်ဟာကိုယ် မဖျက်နိုင်တာကျတော့ ဘူဒိုဇာနဲ့ ဒီတိုင်း ထိုးလိုက်တယ်။” (မျက်မြင်)
"ကားလမ်းတွေပိတ်တော့လေ ဆီကားတွေက ဝင်လို့မရဘူး။ အဲဒါကြောင့်မို့လို့ စက်သုံးဆီတွေ ပြတ်ပြီးတော့ ဈေးတက်တာဟုတ်တယ်။ တချို့က အိန္ဒိယဘက်က မိုးရေးဆီကို ဝယ်သုံးကြတယ်။ ဒါပေမဲ့ မိုးရေးဆီက မကောင်းဘူး။ ဒီက ဆိုင်ကယ်တွေနဲ့ထည့်လို့ မရဘူး၊ ယိုးဒယားဆိုင်ကယ်တွေလည်း အဲလိုပဲ ထည့်မရဘူး။” (တမူးဒေသခံ)
ကရင်နီပြည်နယ်အခေါ် ကယားပြည်နယ်အတွင်း လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် မြို့ကို စွန့်ခွာခဲ့ရတဲ့ စစ်ဘေးဒုက္ခသည်တွေ ၇,၀၀၀ လောက် ရှိပြီး အဲ့ဒီအထဲမှာ ကင်ဆာ၊ ဆီးချို၊ သွေးတိုး စတဲ့ နာတာရှည် ရောဂါသည်တွေ ၃၀၀ နီးပါးလောက်ရှိတဲ့အကြောင်း အကူအညီပေးနေသူတွေက ပြောပါတယ်။
“သူတို့က...ပျူစောထီးမလုပ်ရင် ဖမ်းထားတဲ့လူတွေကို ပြန်မလွှတ်ဘူး။ သတ်ပစ်မယ်။ ပြီးတော့ ရွာကိုလည်း မီးရှို့မယ်ပေါ့- အဲ့လိုမျိုးပြောတော့ မနေ့က လက်မှတ်ထိုးလိုက်ရတယ်။ ပျူဝင်ပါ့မယ်၊ ကျနော်တို့ ရွာတွေကို ဒီလိုမလုပ်ဖို့ပေါ့။ ဖမ်းတဲ့လူတွေကိုလည်း ပြန်လွှတ်ပေးဖို့ပေါ့။ အယောက် ၅၀ တောင်းတာဗျ။” (ဒေသခံ)
ကိုဗစ်ဗီဇပြောင်း Omicron BA.4 နဲ့ BA.5 ကိုဗစ်ရော ဂါပိုး ကူးစက်နှုန်းတွေ မြင့်တက်လာနေတာကြောင့် ပြည်တွင်းကူးစက်မှုတွေလည်း တိုးလာနေတာကြောင့် ပြည်သူလူထုတွေ မပေါ့ဆ ဖို့နဲ့ ရောဂါကာကွယ်ရေး အစီအစဉ်တွေကိုလည်း ဆက်လက်လိုက်နာဖို့ ကျန်းမာရေးပညာရှင်တွေ သတိပေးနေပါတယ်။
Boeing လေယာဉ်ကုမ္ပဏီကနေ Delta လေကြောင်းလိုင်းက ဂျက်လေယာဉ်အသစ် အစီး ၁၀၀ မှာယူဖို့သဘောတူလက်မှတ်ထိုးလိုက်တာကြောင့် လေကြောင်းလုပ်ငန်းပြန်ကောင်းလာမယ့်အရိပ်အယောင်တွေရှိလာပါတယ်။ ဒီသဘောတူချက်ကို UK Farnborough နိုင်ငံတကာ လေယာဉ်နဲ့ နည်းပညာပြပွဲမှာ ကြေညာခဲ့တာပါ။ အေပီသတင်းကိုအခြေခံပြီး မမြသဇင်အောင် ပြောပြပါမယ်။
ယူကရိန်းကို ရုရှားကျူးကျော်စစ်ကြောင့် နိုင်ငံအရှေ့ပိုင်းမြို့တွေကနေ နိုင်ငံအနောက်ပိုင်း Lviv မြို့ကို နေရပ်စွန့် ပြောင်းရွှေ့လာသူတွေ ထဲ တချို့ကတော့ အချိန်မဆိုင်းပဲ နေရာသစ်မှာ ဘဝသစ်ပြန်စဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ VOA သတင်းထောက် Omelyan Oshchudlyak ပေးပို့ထားတဲ့သတင်းကို မမြသဇင်အောင်ပြောပြပေးပါမယ်။
ကမ္ဘာတဝန်း ငွေကြေးဖောင်းပွမှုပြဿနာနဲ့ ကြုံနေရချိန်မှာပဲ ကနေဒါနိုင်ငံမှာလည်း ကုန်ဈေးနှုန်းနဲ့ ဓါတ်ဆီဈေး တစ်ရှိန်တိုး ထိုးတက်နေတဲ့ ဒဏ်ကို စပြီးကြုံနေရပါတယ်။ ကနေဒါမှာ နှစ်ပေါင်း ၄၀ အတွင်း ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးနှုန်း ရောက်နေတဲ့ အကြောင်း ရိုက်တာသတင်းကို အခြေခံပြီး မမြသဇင်အောင် ပြောပြပေးပါမယ်။
အမေရိကန်ပြည်ထောင်စု Utah ပြည်နယ်က Great Salt Lake ရေငန်အိုင်ကြီးခန်းခြောက်လာတာကြောင့် ဂေဟစနစ်ပျက်ယွင်းနိုင်တဲ့ အခြေအနေနဲ့ ပြည်နယ် စီးပွားရေးထိခိုက်နိုင်တာကဲ့ အပေါ် စိုးရိမ်မှုတွေရှိနေပါတယ်။ ရိုက်တာ သတင်းကို အခြေခံပြီး မမြသဇင်အောင်က ပြောပြပေးပါမယ်။
ရုရှားက ယူကရိန်းကို ကျုးကျော်စစ် ၅ လထဲရောက်လာတာနဲ့ အတူ ကမ္ဘာတဝန်းက ယူကရိန်းတွေ သူတို့နိုင်ငံသားတွေအတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ငွေကြေးအထောက်အပံ့တွေ ပေးနိုင်ဖို့ကြိုးပမ်းနေကြပါတယ်။ ပိုလန်နိုင်ငံ Krakow မြို့မှာယူကရိန်းနိုင်ငံသားတွေနဲ့ အတူ တခြားထောက်ခံသူတွေစုဝေးကြတဲ့အကြောင်း မမြသဇင်အောင်က တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာကိုယ်ဝန်ဖျက်ချခွင့်ကို အမျိုးသမီးအခြေခံဥပဒေအခွင့်အရေးအဖြစ်သတ်မှတ်ထားတဲ့ Roe v. Wade စီရင်ထုံးကိုတရားရုံးချုပ်ပယ်ဖျက်လိုက်ပါတယ်။ လိင်စိတ်ခံယူချက်ကွဲပြားသူတွေရဲ့အခွင့်အရေးတွေကန့်သတ်လာတဲ့အပေါ် အမေရိကန်ရောက်မြန်မာနွယ်ဖွား LGBTQတွေအနေနဲ့ဘယ်လိုသဘောထားရှိပါသလဲ။ မမြသဇင်အောင်ပြောပြပါမယ်။
ရုရှားကနိုင်ငံရေးသြဇာလွှမ်းမိုးမှုကို မြှင့်တင်ဖို့ရည်ရွယ်ပြီး ဥရောပကို ဓာတ်ငွေ့တင်ပို့တာကို ဖြတ်တောက်လာနိုင်တဲ့ အကြောင်း နိုင်ငံတကာစွမ်းအင်အေဂျင်စီက သတိပေးလိုက်ပါတယ်။ ဆောင်းရာသီမှာ လောင်စာစွမ်းအင်ပြတ်တောက်နိုင်တဲ့ အကြပ်အတည်းကို ရှောင်ရှားနိုင်ဖို့ ဥရောပက ကြိုးစားနေတာပါ။ မြသဇင်အောင်က ပြောပြပါ့မယ်။
“အရင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး နေဖို့ထိုင်ဖို့၊ စားရေး သောက်ရေးကအစ သီးခြား စီစဉ်ပေးထားတာမျိုးပဲ ဖြစ်ပါတယ်။ နိုင်ငံရဲ့တရားစီရင်ရေးအရ ကျော်လွန် ဆောင်ရွက်ခဲ့တာမရှိဘူး။ ဒါနဲ့ပတ်သက်လို့ ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူးပြောချင်ပါတယ်။” (ဗိုလ်ချုပ်ဇော်မင်းထွန်း-စစ်ကောင်စီပြောခွင့်ရ)
ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိထိန်းသိမ်းထားတဲ့နေရာကနေ နေပြည်တော် အချုပ်ထောင်ကို ပို့ဆောင်လိုက်ပြီလို့ စစ်ကောင်စီက သတင်းထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ချိုးဖောက်တယ်ဆိုပြီး စွဲချက်တင်ထားတဲ့ အမှုကိုလည်း နေပြည်တော် အကျဉ်းထောင်မှာ ဒီကနေ့ စတင် စစ်ဆေးခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်