ဥတုရာသီဖောက်ပြန်မှု တိုက်ဖျက်ရေးဟာ ရာသီဥတုပြောင်းလဲမှု အကျိုးဆက် ပညာသင်ခွင့်မရကြတဲ့ သန်းပေါင်းများစွာသော မိန်းကလေးများတွေအတွက် တိုက်ပွဲတခုလည်းဖြစ်တယ်လို့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မာလာလာ ယူဆွတ်ဇိုင်က ပြောပါတယ်။ ရိုက်တာသတင်းတပုဒ်ကို အခြေခံပြီး မမြသဇင်အောင် ပြောပြပေးပါမယ်။
ကလေးငယ်တွေမှာ အသည်းရောင် အသားဝါ ဖြစ်ပွါးတဲ့နှုန်းမြင့်လာတာနဲ့ COVID-19 ရောဂါ ဆက်စပ်မှုရှိနိုင်တယ်လို့ ဗြိတိန် ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။ ကိုဗစ်နောက်ဆက်တွဲ ကလေးတွေကြုံရတဲ့ ကျန်းမာရေး ပြဿနာတွေနဲ့ ပတ်သက်ပြီး အမေရိကန်မှာလည်း ကလေးငယ် ၁၈၀ နဲ့ သုတေသနပြု လေ့လာမှုတွေလုပ်နေပါတယ်။ မမြသဇင်အောင်ကတင်ပြပါမယ်။
ဇွန်လ ၂၀ ရက်နေ့ဟာ ကမ္ဘာ့ဒုက္ခသည်များနေ့ဖြစ်တာကြောင့် အာဖဂန်ကနေ အမေရိကန်ပြည်ထောင်စုကို မိသားစုနဲ့ အတူထွက်ပြေးခိုလှုံခဲ့တဲ့ ဒုက္ခသည်တယောက်နဲ့ ဗွီအိုအေသတင်းထောက် Genia Dulot က တွေ့ဆုံမေးမြန်းထားပါတယ်။ မမြသဇင်အောင်တင်ပြပေးပါမယ်။
“မြေငလျင်ဆိုတာက တခြား သဘာဝဘေးလိုမျိုး ကြိုတင်ခန့်မှန်းတွက်ချက်လို့ မရတဲ့ သဘာဝဘေးဖြစ်တယ်။ ရာသီမရွေး ဖြစ်နိုင်တယ်။ ဆိုတော့ တိတိကျကျခန့်မှန်းတွက်ချက်လို့ မရနိုင်ပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်တာတွေက နေရာတခုတည်းမှာ ဖြစ်ပေါ်တာမဟုတ်ဘူး။ ဖြစ်တဲ့ နေရာတနေရာနဲ့ တနေရာမတူဘူး။” (ဒေါက်တာရင်မျိုးထွေး-မြေငလျင်ဌာန)
"သူတို့တွေက ဘာသာရေးကို ဖိနှိပ်တာထက် ဘာသာရေးကို အသုံးချနေတာက ပိုများတယ်။ ဒီလိုအသုံးချလိုက်ရင် တဦးနဲ့တဦး၊ ဘာသာတခုနဲ့ တခုကို ရန်တိုက်ပေးလိုက်လို့ရှိရင် သူတို့တွေရဲ့အောင်မြင်မှုက ရလိမ့်မယ်လို့ ထင်နေတာ။ ဘာသာအချင်းချင်း ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာတွေကို ရန်တိုက်ပေးမယ်။” (အစ္စလာမ် ဘာသာဝင်တဦး)
အမေရိကန် မြို့တော်ဝါရှင်တန်မှာရှိတဲ့ Gallaudet တက္ကသိုလ်က ၂၀၂၀ ကိုဗစ်ကပ်ရောဂါနောက်ပိုင်း ပထမဆုံး ဘွဲ့နှင်းသဘင်အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ အဲ့ဒီမှာ အကြားအာရုံချို့တဲ့သူတွေအတွက် လက်သင်္ကေတဘာသာစကား နဲ့ သင်ယူနိုင်တဲ့ ကမ္ဘာပေါ်က တခုထဲသောတက္ကသိုလ်ဖြစ်ပါတယ်။ မခင်ဖြူထွေးက ပြောပြပေးပါမယ်။
“ မျက်မြင်ကိုယ်တွေ့ဆိုရင်ဗျာ၊ သစ်ဆိမ့်ကနေ ရှိမ်းမကားကို ရောက်တော့မယ်ဆိုတာနဲ့ ပြည်သူတွေက ရှောင်ရတဲ့အခါကျတော့ တချို့ဆိုရင် စားစရာ အိုးခွက်ပန်းကန်ကို ပါမလာကြတာ။ မိုးရွာကြီးထဲမှာပဲ စင်ကလေးတွေတို့၊ တဲလေးတွေတို့မှာ တိုးကြိတ်ပြီးတော့ မြေကြီးပေါ်မှာပဲ အိပ်ရတဲ့ရက်တွေကလည်း မနည်းဘူးဗျ။ (ဒေသခံတဦး)
အမေရိကန်ပြည်ထောင်စုမှာ ဒီသီတင်းပတ်တွေအတွင်း COVID ကူးစက်မှုနှုန်း သုံးဆနီးပါးပြန်တက်လာတယ်လို့ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန CDC စာရင်းတွေကဖော်ပြပါတယ်။ နယူးယောက်မြို့မှာလည်း ကိုဗစ်ကာကွယ်ရေး သတိပေးချက်တွေကို အဆင့်မြှင့်ထားပါတယ်။ Aron Ranen သတင်းပေးပို့ထားတာကို မမြသဇင်အောင်ပြောပြပေးပါမယ်။
ယူကရိန်းကို အကူအညီပေးရေး အမေရိကန် မေရီလန်းပြည်နယ်ကအဖွဲ့အစည်းတွေလည်း ပူးပေါင်းပါဝင်လာကြပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူး Larry Hogan ကျန်းမာရေးဌာနအပြင် ရဲဌာနကလည်း ဆေးဘက်ဆိုင်ရာပစ္စည်းတွေ နဲ့ ရောဂါ အကာအကွယ်ဝတ်စုံ PPE တွေကို ယူကရိန်း ဆေးရုံတွေကိုပေးပို့လှုဒါန်းခဲ့ကြတာပါ။ မမြသဇင်အောင်ကတင်ပြပေးပါမယ်။
အမေရိကန်မှာ ၁၉၇၃ ခုနှစ်ကကိုယ်ဝန်ဖျက်ချခွင့်ရှိကြောင်းပြည်ထောင်စုတရားရုံးချုပ်ရဲ့ စီရင်ထုံးကို ပယ်ဖျက်ဖို့ စီစဉ်နေတဲ့ သဘောထားမှတ်ချက် မူကြမ်းတွေ အပြင်ကို ပေါက်ကြားခဲ့ပါတယ်။ ဒီကိစ္စအပေါ် ထောက်ခံသူတွေရော ကန့်ကွက်သူတွေပါရှိနေပြီး အမေရိကန် နိုင်ငံရေးမှာ အငြင်းပွားစရာကိစ္စတခုပါ။ မြသဇင်အောင်က တင်ပြထားပါတယ်။
“ကျနော်တို့ ချင်းပြည်နယ်ထဲမှာ တကယ်လို့ အဲ့လိုမျိုးအကူအညီပေးနိုင်မယ့် အဖွဲ့ အစည်းတွေ ရောက်လာလို့ရှိရင်တော့ လုံခြုံရေးကတော့ ကျနော်တို့ ဒီ CDF ကာ ကွယ်ရေးတပ်ဖွဲ့ကပေါ့နော် အပြည့်အဝ တာဝန်ယူပြီးခါမှ အဲ့ဒီစစ်ဘေးရှောင်တွေ ရှိတဲ့နေရာတွေကို လိုက်ပြလိုက်ပို့လို့ရပါတယ်ခင်ဗျ ဟုတ်ကဲ့။” (ကန်ပက်လက် CDF တာဝန်ရှိသူ)
အာဆီယံခေါင်းဆောင်တွေကို မနေ့ညကသမ္မတ Joe Biden ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံပါတယ်။ ဒီသမိုင်းဝင် ထိပ်သီးအစည်းအဝေးဟာ အမေရိကန်အနေနဲ့ အာရှ နိုင်ငံတွေအပေါ် ထားတဲ့ ကတိတွေ ခိုင်မာတယ်ဆိုတာပြသလိုက်တာလို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။ မခင်ဖြူထွေးနဲ့ မမြသဇင်အောင်တို့ VOA Studio ထဲမှာ ဆွေးနွေးထားပါတယ်။
ဒီနေ့ စတင်ကျင်းပမယ့် အမေရိကန် အာဆီယံ ထိပ်သီးစည်းဝေးပွဲဟာ အမေရိကန်နဲ့ အာဆီယံ အကြား ဆက်ဆံရေး အတွက် အရေးကြီးသလို အာဆီယံခေါင်းဆောင်တွေ လူကိုယ်တိုင်လာရောက်တဲ့ သမိုင်းဝင် အစည်းအဝေးအဖြစ် အမေရိကန် အရာရှိတွေက ပြောဆိုထားပါတယ်။ VOA မြန်မာပိုင်းအစီအစဉ်က မခင်ဖြူထွေး အခု သမ္မတအိမ်ဖြူတော်မှာ ရောက်ရှိနေပါတယ်။
ယူကရိန်းစစ်တပ် တိုက်ခိုက်ရေးတပ်ဖွဲ့တွေရဲ့ ၁၅ ရာခိုင်နှုန်းလောက်က အမျိုးသမီးစစ်သည်တွေနဲ့ အရာရှိတွေ ဖြစ်တယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။ ၂၀၁၄ ခုနှစ်ကတည်းကစလို့ ယူကရိန်းမှာ စစ်ပြန်စစ်မှုထမ်းဟောင်း ယူကရိန်းအမျိုးသမီး သုံးသောင်းကျော်လောက် ရှိပါတယ်။ မမြသဇင်အောင်က တင်ပြပေးပါ့မယ်
မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ထဲက တချက်ဖြစ်တဲ့ လူသားချင်းစာနာမှုအကူအညီပေးခွင့်ပြုရေးမှာ မြန်မာစစ်ကောင်စီဘက် က လက်ခံမယ်လို့ သဘောတူညီချက်ရခဲ့ပြီး အကူအညီတွေပေါ် အခွန်ကင်းလွတ်ခွင့်ပေးဖို့ကိုလည်း သဘောတူခဲ့ကြောင်းနဲ့ ကရင်၊ ကယား၊ စစ်ကိုင်းအပါအဝင် ဒေသ ၅ ခုကို ပေးဖို့ ကနဦး လျာထားကြောင်း သိရပါတယ်။
ဝါရှင်တန်မြို့တော်မှာ ကျင်းပမယ့် အမေရိကန် အာဆီယံ ထိပ်သီး စည်းဝေးပွဲဟာ အရှေ့တောင်အာရှ ခေါင်းဆောင်တွေ အိမ်ဖြူတော်မှာ ပထမဆုံး အကြိမ် စုဝေးကြတဲ့ ပွဲဖြစ်ပါတယ်။ ဒီစည်းဝေးပွဲကို ဖိလစ်ပိုင်နဲ့ မြန်မာခေါင်းဆောင်တွေ တက်ရောက်မှာမဟုတ်ပါဘူး။ မမြသဇင်အောင်ပြောပြပေးပါမယ်။
ဆီးရီးယား နိုင်ငံမှာ အမေရိကန်နိုင်ငံသားတွေကို ဖမ်းဆီး၊ သတ်ဖြတ်ခဲ့တဲ့ IS စစ်သွေးကြွအဖွဲ့ဝင်တယောက်ကို အမေရိကန်ပြည်ထောင်စု တရားရုံးတခုကနေ အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်ပါတယ်။ မမြသဇင်အောင်ပြောပြပေးပါမယ်။
“ဦးတို့ သိသလောက်တော့ ၇ ယောက်လောက်တော့ အဖမ်းခံရတယ်။ ရွာမှာတော့ ၇ ယောက်လောက်ပေါ့၊ အပြင်မှာ အဖမ်းခံရတာတော့ မသိဘူး။ အဲ့ကလေးတယောက်က ဟိုဘက်ကမ်းကနေ မိလာပြီးတော့ အိမ်ကိုလိုက်ပြတာ အတိအကျတွေချည်းပဲ။ နေရာအတိအကျတွေနဲ့ အဲ့ဒါကြောင့် ဗုံးတွေပါ မိကုန်တာပေါ့။ နောက် ၂ ယောက်ကတော့ သက်ကြီးပိုင်းတွေ။” (ဒေသခံတဦး)
နယူးယောက်နှင့် နယူးဂျာစီပြည်နယ်မှာရှိတဲ့ မီးသတ်သမားများတွေက မီးသတ်ဝတ်စုံတွေ၊ ဦးထုပ်တွေနဲ့ တခြားလိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို ဝယ်ယူပြီး ယူကရိန်းမှာရှိတဲ့ မီးသတ်သမားတွေဆီကို ပို့ပေးနေကြပါတယ်။ မမြသဇင်အောင် ပြောပြပေးပါမယ်။
ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ လေပြင်းတိုက်ပြီး မိုးသည်းထန် ရွာသွန်းမှုကြောင့် စစ်ပြေးဒုက္ခသည်တွေ ယာယီခိုလှုံနေကြတဲ့ စခန်း ၃၀ လောက်ထိခိုက်ပျက်စီးခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်