စစ်ကိုင်းတိုင်း မင်းကင်းမြို့အနီး ချင်းတွင်းမြစ်ဘေးမှာရှိတဲ့ ပုထိုးလုံးကျေးရွာမှာ တပ်စွဲတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီးနောက် အရပ်သား ၅၀ နီးပါးကို စစ်ကောင်စီကခေါ်ဆောင်သွားပြီး ပြန်လွှတ်မပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်း တစ်ကြောင်းကို အင်အား ၁၀၀ ကျော်လောက်နဲ့ ကျေးရွာတွေကို ဝင်နေတာကြောင့် ဒေသခံတွေ သောင်းနဲ့ချီ ထွက်ပြေးနေကြရပါတယ်။ မန္တလေး-မြစ်ကြီးနား ရထားလမ်း အရှေ့ဖက်နဲ့ ရွှေဘို-မြစ်ကြီးနား ကားလမ်း အနောက်ဖက်မှာရှိတဲ့ ကျေးရွာတွေအားလုံး ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လူထုသပိတ် ဖော်ဆောင်သူတွေဟာ အရင်ကထက် စိန်ခေါ်မှုတွေကြားကနေ လုပ်ဆောင်လာရသလို၊ ပါဝင်သူ ဒေသခံတွေဟာလည်း အိုးအိမ်မဲ့ အခြေအနေကနေ ဒီသပိတ်မှာ ပါဝင်နေကြတာပါ။ ဒီအကြောင်း သတင်းပေးပို့ထားပါတယ်။
Tanzania (တန်ဇနေးရား) နိုင်ငံနဲ့ Kenya (ကင်ညာ) နိုင်ငံတွေက ဓာတ်ခွဲခန်းတွေမှာ တီဘီအဆုတ်ရောဂါကို ကြွက်တွေနဲ့ စစ်ဆေးနေပါတယ်။ ကြွက်တွေဟာ မိုင်းရှာတဲ့နေရာမှာ ထူးချွန်သလိုပဲ ရောဂါထောက်လှမ်းရှာမှာလည်း သွက်လက်တဲ့အကြောင်း အေပီသတင်းဆောင်းပါးကို မမြသဇင်အောင် တင်ဆက်ထားပါတယ်။
ရခိုင်ပြည်နယ်မှာ ရှိနေသေးတဲ့ စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ စစ်ကောင်စီဝန်ကြီးတွေကိုယ်တိုင် စစ်ဘေးဒုက္ခသည်စခန်းတွေကို သွားရောက်ပြီးတော့ ပြောဆိုတာတွေရှိတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
သတင်းစာစက္ကူအဟောင်းတွေကို အစားထိုးသုံးပြီး ခဲတံထုတ်လုပ်တဲ့လုပ်ငန်းကို ကင်ညာနိုင်ငံအခြေစိုက် ကုမ္ပဏီတခုက လုပ်ဆောင်နေပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မမြသဇင်အောင်က တင်ဆက်ထားပါတယ်။
AI ဉာဏ်ရည်တုနည်းပညာသုံး ChatGPT ပရိုဂရမ်ကို ဆန်ဖရန်စစ္စကို အခြေစိုက် နည်းပညာ ကုမ္ပဏီ Open AI က ၂၀၂၂ နိုဝင်ဘာလတုန်းက စပြီးမိတ်ဆက်ခဲ့ပါတယ်။ UC Berkeley တက္ကသိုလ်မှာ မြန်မာစာသင်ကြားနေတဲ့ ဆရာတဦးလည်းဖြစ်တဲ့ Kenneth Wong ကို မမြသဇင်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
တနင်္သာရီတိုင်း၊ ပုလောမြို့နယ် တိုက်ပွဲပြင်းထန်ခဲ့တဲ့ နေရာတွေမှာ စစ်ကောင်စီတပ်တွေ အင်အားတိုး စစ်ကြောင်းဆင်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ စစ်ရှောင်ဒေသခံတွေက ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ၂၀၂၂ နှစ်ကုန်ပိုင်းလောက်တုန်းက ချမှတ်ခဲ့တဲ့ ရာဇဝတ်ပြစ်မှု ဥပဒေသစ်အရ လက်မထပ်ထားဘဲ အတူတူနေရင် ထောင်ဒဏ်ချခံရနိုင်ပါတယ်။ ဒီဥပဒေသစ်ကြောင့် အထူးသဖြင့် LGBT အသိုင်းအဝိုင်းမှာ စိုးရိမ်စိတ် တိုးလာစေပါတယ်။ မမြသဇင်အောင် တင်ဆက်ထားပါတယ်။
အောင်မှတ်ရနိုင်တဲ့ စာစီစာကုံးတွေကို ကျောင်းသားတွေက အင်တာနက်ပေါ်မှာ အခမဲ့ အသုံးပြုနိုင်တဲ့ AI ChatGPT ကိုအသုံးပြု ရေးသားလာကြတာပါ။ ဒီလို စာတမ်းလိမ်လည်ရေးသားမှုကို ဖော်ထုတ်ပေးနိုင်တဲ့ ယုံကြည်စိတ်ချရတဲ့ နည်းလမ်းတွေ လိုအပ်နေတဲ့အကြောင်း Matt Dibble ကသတင်းပေးပို့ထားတာကို ဆက်ပြီး တင်ပြချင်ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်ဟာ အမေရိကန်နိုင်ငံမှာ သေနတ်ကိုင်ဆောင်ခွင့်နဲ့ ပတ်သက်လို့ အတင်းကြပ်ဆုံးပြည်နယ်တခု လည်းဖြစ်ပေမဲ့လည်း အာရှနွယ်ဖွားတွေကြား အမုန်းတရား အခြေခံတိုက်ခိုက်မှုတွေတိုးလာမှာကို ဒေသခံတချို့ စိုးရိမ်နေကြပါတယ်။ မမြသဇင်အောင် ပြောပြပါလိမ့်မယ်။
ကိုယ်ဝန်ဆောင်မိခင်နဲ့ မွေးကင်းစကလေး သေဆုံးနှုန်းများတဲ့ ချင်းပြည်နယ်မှာဆိုရင် ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပျက်ယွင်းသွားတာမို့၊ စိုးရိမ်စရာ အခြေအနေဖြစ်တယ်လို့ အရပ်ဘက်ဆရာဝန်တွေက ပြောပါတယ်။
အင်ဒိုနီးရှားနဲ့တရုတ်အလုပ်သမားတွေကြားပဋိပက္ခဖြစ်ပွားခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံကတရုတ်ပိုင် နီကယ်အရည်ကျိုစက်ရုံမှာတင်းမာမှုတွေဆက်ရှိနေပါတယ်။ဒီဖြစ်ရပ်က အင်ဒိုနီးရှားမှာ တရုတ်ကုမ္ပဏီတခုရဲ့ စီးပွားရေးလည်ပတ်နေတဲ့အခြေအနေကို မီးမောင်းထိုးပြတာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ မမြသဇင်အောင် ပြောပြပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂ နှစ် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အသက်ဘေးလွတ်အောင် ထွက်ပြေးနေရသူတွေဟာ သူတို့ရဲ့နေအိမ်ဆီ အမြန်ဆုံး ပြန်ချင်နေကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေစခဲ့တာ ၄ နှစ်တာကာလထဲရောက်လာတာနဲ့အတူ ကိုဗစ်မျိုးဗီဇကွဲအသစ်တွေလည်း ထွက်ပေါ်နေတာပါ။ လတ်တလောအမေရိကန်ပြည်ထောင်စုမှာတော့ ကိုဗစ်မျိုးကွဲသစ် XBB.1.5 ကူးစက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မြသဇင်အောင်က တင်ပြပါ့မယ်။
စစ်ရေးတင်းမာနေတဲ့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ စစ်ကောင်စီဖက်က စစ်ကြောင်းတိုးချဲ့ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာကြောင့် လက်နက်ကိုင် တော်လှန်းရေးအဖွဲ့အစည်းတွေနဲ့ နေ့စဉ်လိုလို တိုက်ပွဲ ကြိုကြားကြိုကြား ဖြစ်နေဆဲပဲလို့ ဒေသခံနဲ့ စစ်ရှောင်ကူညီပေးသူတွေက ဗွီအိုအေကို ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက နိုင်ငံကူးလက်မှတ်အသစ်လုပ်တာ၊ သက်တမ်းတိုးတာ၊ နိုင်ငံခြားမှာအလုပ်လုပ် ခွင့်စာအုပ် ပုံစံပြောင်းတာအပါအဝင် စာအုပ်လျှောက်ဖို့ အွန်လိုင်းကနေ ရက်ချိန်းယူတာကအစ အားလုံးကို စစ်ကောင်စီဘက်က ပိတ်ပင်ထားခဲ့တာပါ။
နယူးယောက်မြို့မှာ ဆေးရုံကုတင်နဲ့ ဝန်ထမ်းမလုံလောက်မှု၊ အချိန်ပို ခိုင်းပေမယ့် လုပ်ခလစာတိုးမပေးမှုတွေကြောင့် ထောင်နဲ့ချီတဲ့ သူနာပြုတွေ အလုပ်ရပ်နားပြီး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ သူနာပြုသမဂ္ဂကလည်း ဆေးရုံတွေနဲ့သူနာပြုတွေကြား ညှိနှိုင်းမှုတွေပြုလုပ်ပေးနေတဲ့အကြောင်း မမြသဇင်အောင် တင်ဆက်ထားပါတယ်။
CNF ဌာနချုပ်ဖြစ်တဲ့ ဝိတိုရိယစခန်းနဲ့ ဖလမ်းမြို့နယ်အစပ်မှာ ဒီနေ့ ညနေပိုင်းလောက် မြန်မာစစ်ကောင်စီက လေကြောင်းကနေ ၃ကြိမ် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်၊ ဆေးရုံ ပြင်ပလူနာဆောင် ထိခိုက်ပျက်စီးသလို မိသားစုလိုင်းခန်းတစ်ခု မီးလောင်ပျက်စီးသွားပါတယ်။
စစ်ကောင်စီက ကျင်းပမယ့် အခုနှစ် ၂၀၂၃ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကို နိုင်ငံအဝှမ်း ရပ်ကွက်အလိုက် မြို့ပေါ်တွေမှာ လိုက်လံကောက်ယူနေပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ပြေးဒုက္ခသည်တွေက ဒီစာရင်းထဲမှာ ပါဝင်နိုင်ပါ့မလား။
နောက်ထပ်ကြည့်ရှုရန်