NCA အပစ်ရပ်စာချုပ်ကို လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ စစ်ကောင်စီရဲ့ အမျိုးသားညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့ နေပြည်တော်မှာ ပထမဆုံးအကြိမ်အဖြစ် ၂ ရက်ကြာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားသိမ်းပိုက်ခဲ့တာ မတ်လအတွင်းမှာပဲ ၉ နှစ်ပြည့်သွားပါပြီ။ ဒီထဲက ပိုလန်နိုင်ငံကို ထွက်ပြေးခဲ့တဲ့ မိသားတစုကတော့ ပိုလန်နိုင်ငံ ရုရှားသံရုံးရှေ့မှာ "Crimea" လို့အဓိပ္ပါယ်ရတဲ့ နာမည်နဲ့ စားသောက်ဆိုင်တဆိုင်ဖွင့်ထားတဲ့ အကြောင်း မြသဇင်အောင်က တင်ပြထားပါတယ်။
ယူကရိန်း-ရုရှား စစ်ပွဲအတွင်း မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရခဲ့ရတဲ့ ယူကရိန်းနိုင်ငံသားတွေအတွက် ဗြိတိန်စက်ရုပ်ကုမ္ပဏီတခုက Hero Arm စက်ရုပ်လက်တွေ ထုတ်လုပ်ပေးနေပါတယ်။ မိုင်းထိမှန် ဒဏ်ရာရ လက်အောက်ပိုင်း ဖြတ်ထားရတဲ့သူတွေအတွက် စက်ရုပ်လက်တုတွေ ပံ့ပိုးပေးဖို့လည်း ကုမ္ပဏီက စီစဉ်ထားပါတယ်။ မမြသဇင်အောင် တင်ပြပါမယ်။
ဒီဖမ်းဝရမ်း လက်တွေ့ အလုပ်ဖြစ်လာနိုင်တဲ့ အလားအလာ ဘယ်လောက်ရှိပါသလဲ။ အခုတပတ် "အယ်ဒီတာရဲ့ သုံးသပ်ချက်" အစီအစဉ်မှာ ဦးကျော်ဇံသာ ကိုမမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ မုံရွာ-မန္တလေး အမြန်လမ်းဘေးမှာရှိတဲ့ ထနောင်းတော တောင်ရွာကို မြန်မာစစ်တပ်က မတ်လ ၁၅ ရက် မနေ့က ဝင်ရောက် မီးရှို့ခဲ့တာကြောင့် နေအိမ် ၆၀ ဝန်းကျင်မီးလောင်ခဲ့ပြီး သက်ကြီးရွယ်အို ၃ ဦး သေဆုံးခဲ့ပါတယ်။
လူထုရွေးကောက်တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရကို စစ်တပ်က ဖြုတ်ချအာဏာသိမ်းလို့ ဖြစ်လာခဲ့တဲ့ မြန်မာအကျပ်အတည်းအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အာရုံစူးစိုက်မှု သိပ်မရှိလှပါဘူး။ ယူကရိန်းကိုသာ ပိုမိုဦးစားပေးနေကြတယ်လို့ ယူဆသူတချို့လည်း ရှိနေပါတယ်။
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ထဲမှာ တရုတ်၊ အီရန်၊ မြောက်ကိုရီးယားနဲ့ ရုရှားနိုင်ငံသားတွေ စီးပွါးရေးလုပ်ငန်းတွေနဲ့ မြေယာပိုင်ဆိုင်ခွင့်တွေကို ကန့်သတ်ဖို့ ပြည်နယ်လွှတ်တော်အမတ်တွေစဉ်းစားနေပါတယ်။ ဒါကို လက်မခံသူတွေကတော့ လူမျိုးရေးခွဲခြားတယ်လို့ ကန့်ကွက် ပြောဆိုနေကြပါတယ်။ မမြသဇင်အောင် ပြောပြပါလိမ့်မယ်။
လူထုရွေးကောက်တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရကို စစ်တပ်က ဖြုတ်ချအာဏာသိမ်းလို့ ဖြစ်လာခဲ့တဲ့ မြန်မာအကျပ်အတည်းအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အာရုံစူးစိုက်မှု သိပ်မရှိလှပါဘူး။ ယူကရိန်းကိုသာ ပိုမိုဦးစားပေးနေကြတယ်လို့ ယူဆသူတချို့လည်း ရှိနေပါတယ်။ ယူကရိန်းစစ်ပွဲနဲ့ မြန်မာပြဿနာ ဘယ်လို ကွဲပြားခြားနားပါသလဲ။
"မြို့တွင်းလုံခြုံရေးက အခုက ဆိုင်ကယ်တွေနဲ့ပါ ပေါ်တင်လုယက်၊ မြို့လယ်ခေါင်တင် လုယက်နေတာဆိုတော့ ဘယ်လိုပြောရမှန်းကို မသိတော့ဘူး။ အခုလောလောဆယ်က လုံခြုံရေးပိုင်းကတော့ အရမ်းလိုအပ်နေတာပေါ့။ ဒေသခံတွေ အနေအထားကလည်း လောလောဆယ်မှာ သွားသတိ၊ စားသတိ၊ အမြဲတမ်း သတိဝီရိယနဲ့တော့ သွားလာနေထိုင် နေကြရတာပေါ့။"
Google, Amazon, Meta နဲ့ Microsoft နည်းပညာ ကုမ္ပဏီကြီးတွေက လုပ်သားအင်အား လျှော့ချလိုက်တာကြောင့် ပြီးခဲ့တဲ့ လတွေအတွင်း လူသောင်းနဲ့ချီ အလုပ်လက်မဲ့ဖြစ်ခဲ့ပေမယ့် တချို့လုပ်ငန်းတွေမှာတော့ လုပ်ခလစာတိုးပေးနေတဲ့ကြားက ကာယလုပ်သား ရှားပါးနေတဲ့အကြောင်း မမြသဇင်အောင် ပြောပြပါလိမ့်မယ်။
မြန်မာ့ပြဿနာ ပြေလည်ရေးအတွက် ဘာမှမတတ်နိုင်ဖြစ်နေတဲ့ အာဆီယံဟာဥက္ကဋ္ဌသစ် အင်ဒိုနီးရှားရဲ့ ဦးဆောင်မှုအောက်မှာ ပိုမိုအစွမ်းထက်လာနိုင်သလား ဆိုတာ ကြည့်ကြရအောင်ပါ။ ။ ဦးကျော်ဇံသာကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေငြာပြီးနောက်ပိုင်း ၁၁ ရက်အတွင်း ကျေးရွာ ၄ ရွာက ဒေသခံ ၉ ဦး သတ်ဖြတ်ခံခဲ့ရပြီး နေအိမ် ၈၀၀ ကျော် မီးရှို့ခံခဲ့ရပါတယ်။ ခင်ဦးမြို့နယ်ထဲမှာလည်း သက်ကြီးရွယ်အိုတွေ စစ်ဘေးတိမ်းရှောင်ရင်း သေဆုံးတာတွေ ရှိနေပါတယ်။
IS အကြမ်းဖက်အဖွဲ့ကိုအီရတ်ကအနိုင်ရတယ်လို့ ကြေညာခဲ့တာ၅နှစ်ကျော်လာပြီဖြစ်ပေမဲ့အီရတ်နိုင်ငံသားအများစုကတော့ ဒီနောက်ဆက်တွဲဆိုးကျိုးတွေခံနေရစဲပါ။ နိုင်ငံတွင်းစာသင်ကျောင်း ၁,၂၀၀၀လောက်လိုအပ်နေပြီး၊တရုတ်နဲ့ ပြည်ပနိုင်ငံတွေကို အီရတ်အစိုးရကအကူအညီတောင်းခံဖို့ ကြိုးစားနေတဲ့အကြောင်း မမြသဇင်အောင် ပြောပြပါလိမ့်မယ်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်နဲ့ ရေဦးမြို့နယ်မှာ စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်နေပြီး အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ အပါအဝင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေလည်း သေဆုံးခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲ အစောပိုင်းကာလတွေအတွင်း အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တွေ ဥရောပတစ်ခွင် အခမဲ့ခရီးသွားလာခွင့်ရခဲ့ပါတယ်။ စစ်ပွဲ တနှစ်ကြာလာတဲ့အခုချိန်ထိ နိုင်ငံတွင်းက ထွက်ပြေးရတဲ့ ဒုက္ခသည်တွေ ရှိနေသေးသလို စေတနာ့ဝန်ထမ်းတွေပြေးဆွဲပေးနေတဲ့ ပိုလန်-ဂျာမနီ အခမဲ့ ရထားခရီးစဉ်တွေလည်းဆက်ရှိနေတာပါ
ပြီးခဲ့တဲ့နှစ် ယူကရိန်းကို ရုရှားကျူးကျော်ခဲ့ချိန်ကစလို့ ယူကရိန်းကို အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၁၁၂ ဘီလီယံကျော် အကူအညီပေးခဲ့ပြီးဖြစ်ပါတယ်။ နောက်ထပ်လည်း အကူအညီတွေ ပေးဖို့ ဂတိတွေ ပေးနေဆဲဖြစ်တဲ့အကြောင်းနဲ့ ယူကရိန်းစစ်ပွဲ ရှေ့အလားအလာ ဖြစ်နိုင်ခြေ မမြသဇင်အောင် ပြောပြပါလိမ့်မယ်။
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုစုကျေးရွာမှာ စစ်ကောင်စီထောက်ခံတဲ့ ပျူစောထီးတွေနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းကနေ ပစ်ခတ်တာတွေ လုပ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အင်ပတ်ကွေ့မှာလည်း လက်နက်ကြီးထိမှန်လို့ အရပ်သား ထိခိုက်ဒဏ်ရာ ရတာတွေရှိခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်