ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းလဲဖြစ် The Elders အဖွဲ့ ဒုတိယဥက္ကဌလည်းဖြစ်တဲ့ မစ္စတာဘန်ကီမွန်းရဲ့ နေပြည်တော်ခရီးစဉ်အပေါ် သုံးသပ်ချက်တွေအမျိုးမျိုး ရှိနေပါတယ်။ ဒီခရီးစဉ်ရဲ့အကျိုးဆက် တစုံတရာ ရှိလာနိုင်ပါသလား။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းလဲဖြစ် The Elders အဖွဲ့ ဒုတိယဥက္ကဌလဲဖြစ်တဲ့ မစ္စတာဘန်ကီမွန်းရဲ့ နေပြည်တော်ခရီးစဉ် အပေါ် သုံးသပ်ချက်တွေအမျိုး ရှိနေပါတယ်။ ဒီခရီးစဉ်ရဲ့အကျိုးဆက်တစုံတရာ ရှိလာနိုင်ပါသလား။
စစ်ရေးတင်းမာနေတဲ့ ရှမ်း−ကယားနယ်စပ်က ဖယ်ခုံ−ပင်လောင်းမြို့နယ်စပ်မှာ ဒီကနေ့ထိ ကြိုကြားကြိုကြား နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေဆဲပဲလို့ KNDF က VOA ကို ပြောပါတယ်။ ဒီးမော့ဆိုမြို့နယ်ထဲမှာတော့ တိုက်ပွဲမရှိပေမယ့် ဒေသခံရှိရာဘက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့ကြတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်စလင်တွေ ပြန်လည်လက်ခံနိုင်ဖို့ မကြာခင်မှာ ဘင်္ဂလားဒေရှ်ဘက်က အာဏာပိုင်တချို့ ရခိုင်ဒေသကို လာရောက် ကွင်းဆင်း လေ့လာဖို့ရှိနေတယ်လို့ ရခိုင်ပြည်နယ်ကောင်စီ ပြောခွင့်ရက ပြောပါတယ်။
မြန်မာပိုင် ကိုကိုကျွန်းမှာ တရုတ်ထောက်လှန်းရေးစခန်း တည်ဆောက်နေတယ်ဆိုတဲ့ ကိစ္စအပေါ် အိန္ဒိယက အထူးစိုးရိမ်နေပါတယ်။ ဒီကိစ္စဟာ မြန်မာအပါအဝင် ဒေသတွင်းမှာကော ဘယ်လို ရိုက်ခတ်မှုတွေ ရှိလာနိိုင်ပါသလဲ။
အမေရိကန်ပြည်ထောင်စုတဝန်း စာသင်ကျောင်းတွေနဲ့ အစိုးရစာကြည့်တိုက်တွေမှာစာအုပ်တွေကို ပိတ်ပင်တားမြစ်တာတွေပိုများလာနေပါတယ်။လူမျိုးရေးခွဲခြားမှု၊ လိင်စိတ်ခံယူချက်ကွဲလွဲမှုနဲ့ LGBTQ နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေအပါအဝင် ခေါင်းစဉ်ပေါင်း ၁၆၀၀ ကျော်ကို ဖယ်ရှားပေးဖို့ တောင်းဆိုတဲ့အကြောင်းမမြသဇင်အောင် ပြောပြပါမယ်။
မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်ဟာ စစ်ကောင်စီ ထိပ်တန်းတာဝန်ရှိသူတွေနဲ့ရော သမ္မတဟောင်း ဦးသိန်းစိန်နဲ့ပါ ဒီကနေ့ တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ ပြောခွင့်ရက ပြောပါတယ်။
အာဖဂန် နစ္စတန်နိုင်ငံမှာ တာလီဘန်တွေ အာဏာရယူထားပြီးနောက်ပိုင်း နိုင်ငံအခြေအနေအဘက်ဘက်က ဆုတ်ယုတ်ကျဆင်းနေပါတယ်။ တချို့ဒေသတွေမှာ စာသင်ကျောင်းဆောင်တွေပျက်စီးနေသလို အခက်အခဲတွေကြား ကျောင်းဆရာတချို့ နေ့စဥ်ကျောင်းကို ရေထဲကနေဖြတ်ကူးပြီး ကျောင်းတက်နေကြရတဲ့ အကြောင်း မမြသဇင်အောင်က ပြောပြပေးပါမယ်။
လူသိများတဲ့ သတင်းသမား ဦးကျော်မင်းဆွေ၊ သရုပ်ဆောင် မေပန်းချီနဲ့ အဆိုတော် ရွှေရည်သိန်းတန်တို့ကိုတပ် မတော် အကြည်ညိုပျက်အောင် လုပ်ဆောင်မှု ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်လိုက်ပါတယ်။
ယူကရိန်းမှာ ရုရှား စတင် ကျူးကျော်ခဲ့တဲ့အချိန်ကတည်းက အမေရိကန်ပြည်ထောင်စုက အလှအပဆိုင်ရာ ခွဲစိတ်ကု ဆရာဝန်အဖွဲ့ တဖွဲ့ ယူကရိန်းကို သွားပြီး ဒဏ်ရာရ စစ်သည်တွေနဲ့ အရပ်သားတွေကို ကူညီကုသပေးနေပါတယ်။Omelyan Oshchudlyak သတင်းပေးပို့ထားတာကို မမြသဇင်အောင် ပြောပြပါလိမ့်မယ်။
ကန့်ဘလူမြို့နယ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပိုမိုအလှမ်းဝေးသွားတဲ့ မြန်မာ့ပဋိပက္ခ ပြေလည်ရေးကို နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် အင်ဒိုနီးရှားဦးဆောင်တဲ့ အာဆီယံက ကိုင်တွယ်နိုင်ပါအုံးမလား။ အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်း အစီအစဉ်မှာ မမြဇင်အောင်က ဦးကျော်ဇံသာကို မေးမြန်းဆွေးနွေးထားပါတယ်။
သဘာဝပတ်ဝန်းကျင်ကို ကြီးကြီးမားမား ပျက်စီးစေတဲ့ မြေရှားသတ္တု တူးဖော်မှုတွေကို ကန့်ကွက်တဲ့ လူထုလှုပ်ရှားမှုတွေ ပိုပြီး အားကောင်းလာတာကြောင့် အဲဒီ တူးဖော်မှုတွေကို တားဆီးပေးမယ်လို့ KIO အကြီးအကဲက ကတိပြုခဲ့ကြောင်း မြေရှားသတ္တုတူးဖော်မှု ကန့်ကွက်ရေးကော်မတီဦးဆောင်သူတချို့က ဗွီအိုအေကို ပြောပါတယ်
ယုံကြည်ကိုးကွယ်ရာကို မထိခိုက်စေဘဲ ဘက်စုံ ပြည့်စုံတဲ့ ပညာသင်ကြားပေးနိုင်ရေးဟာ အမေရိကန် စာသင်ကျောင်း တချို့မှာ အခက်အခဲ စိန်ခေါ်မှုတခုအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အမေရိကန်နိုင်ငံမှာ အသိအမှတ်ပြု အစ္စလာမ်ဘာသာ အခြခံကျောင်း ၁၄၀ ရှိပါတယ်။ VOA သတင်းထောက် သတင်းပေးပို့ထားတာကို မမြသဇင်အောင် တင်ပြပါမယ်။
စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်လာတာနဲ့အမျှ နက်ရှိုင်းတဲ့ အတိဒုက္ခ ကြုံနေလာရချိန်မှာ ပြည်သူတချို့က နိုင်ငံတကာ အကူအညီကို တောင့်တလာကြသလို တချို့ကလဲ အားမလိုအားမရ ဖြစ်နေကြပါတယ်။ မြန်မာ့ပဋိပက္ခ ပြေလည်ရေးအတွက် နိုင်ငံတကာက ဘာလုပ်ပေးနိုင်မလဲ။ ဦးကျော်ဇံသာ,ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
ကျွန်းလှမြို့နယ်၊ ကျောက်အိုင်ကျေးရွာအုပ်စုက ကျေးရွာ ၃ ရွာကို မြန်မာစစ်တပ်ကို ထောက်ခံအားပေးတဲ့ ပျူစောထီးတပ်ဖွဲ့တွေက အတင်းအကျပ် ပြည်သူ့စစ်သင်တန်းတက်ဖို့နဲ့ ပြည်သူ့စစ်သင်တန်းမတက်ရင် ကျေးရွာတွေကို မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့လည်း ကျွန်းလှဒေသခံတွေက ပြောပြပါတယ်။
ယူကရိန်းကို ရုရှား ကျုးကျော်စစ်အတွင်း အရပ်သားတွေအပေါ် ဖြစ်နိုင်ချေရှိတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုင်ရာ အထောက်အထား တွေကို စုဆောင်းထိန်းသိမ်းထားတဲ့ စင်တာတစ်ခုကို Pilecki Institute ကဖွဲ့စည်း တည်ထောင်လိုက်ပါတယ်။ မမြသဇင်အောင်ပြောပြပါမယ်။
ရုရှားဟာ သူ့အိမ်နီးနားချင်းနိုင်ငံတွေအပေါ် ရန်လိုတိုက်ခိုက်လို စိတ်ရှိတယ်ဆိုတာ ရုရှားရဲ့တိုက်ရိုက်ခြိမ်းခြောက်မှုကိုခံရတဲ့ လစ်သူယေးနီးယားနိုင်ငံက ဆယ်စုနှစ်တွေချီကြာကတည်းက သတိပေးနေတာပါ။ အခုယူကရိန်းကြုံနေရတဲ့အခြေအနေမျိုး လစ်သူယေးနီးယားမှာ ကြုံလာမှာကိုလည်း သူတို့ကစိုးရိမ်ကြပါတယ်။မမြသဇင်အောင် ပြောပြပါမယ်။
ယူကရိန်းပဋိပက္ခ ပြေလည်ရေးအတွက် လောလောဆယ်မှာ ထိရောက်မှု မတွေ့ရသေးတဲ့ တရုတ်သမ္မတရဲ့ အကြံပြုချက်တွေဟာ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းအပေါ် ရိုက်ခတ်မှု တစုံတရာ ရှိနိုင်ပါသလား။ အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်း အစီအစဉ်မှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်