ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံ ဘာတွေများကွာခြား နေလို့ မြန်မာနိုင်ငံမှာကျတော့ ဒီမိုကရေစီ ကျဆုံးနေရပါသလဲ။ မမြသဇင်အောင်က ဦးကျော်ဇံသာကို မေးမြန်းဆွေးနွေးထားပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့မေလ က တိုက်ခတ်ခဲ့တဲ့ မိုခါ မုန်တိုင်းဒဏ်သင့်ဒေသတွေအတွက် အထောက်အကူပြု ရန်ပုံငွေပွဲကို အမေရိကန်ပြည်ထောင်စု Los Angeles မြို့ မှာ သြဂုတ်လ ၁၂ရက်နေ့က ကျင်းပခဲ့ပါတယ်။ နိုင်ငံတကာ ရခိုင်အမျိုးသား အသင်း WAO အဖွဲ့က ဦးဆောင်စီစဉ်ခဲ့တာပါ။မမြသဇင်အောင် က ပြောပြထားပါတယ်။
ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းအလွန် လူသားချင်း စာနာကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ကန့်သတ် ခံနေရတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ တာဝန်ရှိသူတွေနဲ့ ညှိုနှိုင်းပြီး အကူအညီတွေ ပေးနိုင်အောင် ဆောင်ရွက်သွားမယ်လို့ လူသားစာနာမှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNOCHA) ရဲ့ အကြီးအကဲ Martin Griffiths က ပြောဆိုသွားပါတယ်။
စစ်ပွဲကြောင့်ဖြစ်စေ ဆိုဗီယက် ယူနီယံ ပြိုကွဲခဲ့မှုလို ပထဝီနိုင်ငံရေး ဖြစ်စဉ်တွေကြောင့် ကမ္ဘာပေါ်က နိုင်ငံတွေမှာ လူတွေ နိုင်ငံမဲ့ဘဝ ရောက်ခဲ့ကြရပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံမဲ့ အဖြစ် လာရောက် ခိုလှုံနေထိုင်တဲ့သူ လူပေါင်း နှစ်သိန်းကျော်ရှိပါတယ်။ မမြသဇင်အောင်ပြောပြပေးပါမယ်။
အရေးပေါ်ကာလ သတ်မှတ်ချက် တိုးချဲ့လိုက်တာ ဘာကြောင့်လဲ၊ ဘာတွေဆက်ဖြစ်လာနိုင်သလဲဆိုတာကို မမြသဇင်အောင်က အယ်ဒီတာ ဦးကျော်ဇံသာအား မေးမြန်းတင်ဆက်ထားပါတယ်။
ဒီတပတ် ဗွီအိုအေရဲ့ တမိနစ်တာ အင်္ဂလိပ်စာအစီအစဉ်မှာ “Couch Potato” ဆိုတဲ့ အသုံးအနှုန်းကို ရှင်းပြထားပါတယ်။ ဒီအစီအစဉ်မှာ အမေရိကန်အင်္ဂလိပ်စကားပြော အသုံးအနှုန်းတွေကို တင်ပြထားပါတယ်။ ဗွီအိုအေက ထုတ်လွှင့်တဲ့ အင်္ဂလိပ်စာ သင်ခန်းစာတွေကို “ဗွီအိုအေအင်္ဂလိပ်စာ” စာမျက်နှာမှာ လေ့လာနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလို့ အနုပညာအလုပ်တွေ ရပ်လိုက်ရ၊ နောက် ပြည်ပကို ရောက်ခဲ့ရတဲ့ မြတ်နိုးအေးက ဘဝသစ်တခု ထူထောင်ဖို့ ကြိုးစားရင်း အမိမြေ ရန်ကုန်ကို လွမ်းဆွတ်နေတယ်လို့ ဆိုပါတယ်။ မင်းသမီးမြတ်နိုးအေးကို မမြသဇင်အောင် ဗွီအိုအေ ဝါရှင်တန် စတူဒီယိုမှာ တွေ့ဆုံမေးမြန်းထားပါတယ်။
မြန်မာနိုင်ငံ နေရာတော်တော်များများမှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီး၊ မြေပြိုမှုတွေနဲ့ ကြုံတွေ့နေရပြီး၊ ထိခိုက်သေဆုံးမှုတွေလည်း ကြုံနေရပါတယ်။ ရှမ်းပြည်နယ်မှာ ရေကြီးမြေပြိုမှုကြောင့် ကလေးငယ် ၁ ဦး သေဆုံးခဲ့တာပါ။
နှလုံးအစားထိုးခွဲစိတ်ကုသဖို့လိုတဲ့ လူနာတွေဆီကို အလှုရှင်ရဲ့ နှလုံးကို သယ်ဆောင်ရာမှာ အသုံးပြုဖို့ စမ်းသပ်နေတဲ့ စက်ပစ္စည်း နည်းပညာအသစ်ကြောင့် လူ့အသက်တွေကို ပိုပြီး ကယ်တင်ပေးနိုင်တော့မယ့်အကြောင်း အေပီသတင်းကို အခြေခံပြီး ပြောပြပေးပါမယ်။
မြန်မာစစ်ကောင်စီနဲ့ သူ့လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေဟာ အရပ်သားပြည်သူတွေ နေထိုင်တဲ့နေရာတွေကို ဗုံးကြဲ တိုက်ခိုက်တာ၊ ကျေးရွာတွေကို မီးရှို့တာလို စစ်ရာဇဝတ်မှုတွေကို ပိုပြီး ပြောင်ကျကျ တိုးလုပ်လာနေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့ IIMM က ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တွန်းလှန်နေကြတဲ့ လက်ရှိ မြန်မာ့န်ိုငံရေးအခင်းအကျင်းမှာ အကြမ်းမဖက်ရေးဝါဒီ ဒေါ်အောင်ဆန်းစုကြည်ရဲ့အခန်းကဏ္ဍ ရှိပါသေးရဲ့လား။ မမြသဇင်အောင်က ဦးကျော်ဇံသာကို မေးမြန်းဆွေးနွေးထားပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဒီမိုကရေစီလှုပ်ရှားမှုမှာ သွေးအေးမသွားအောင် အနုပညာနဲ့ ဖေါ်ထုတ်တဲ့ လုပ်ရပ်တွေ အရေးကြီးသလို ထိရောက်တဲ့အကြောင်း မကြာသေးခင်က အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့ အနုပညာရှင် မြတ်နိုးအေးက VOA ကို ပြောပါတယ်။ မြတ်နိုးအေးကို မမြသဇင်အောင် VOA Studio မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်၊ မင်္ဂလာရာမကျောင်းတိုက်မှာ BABA မြန်မာ-အမေရိကန် ဗုဒ္ဓဘာသာအသင်းနဲ့ ကျောင်းတိုက်ဆရာတော်တွေ ဦးဆောင်ပြီး မြန်မာနွယ်ဖွားကလေးတွေအတွက် နွေရာသီယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ် သင်ကြားပေးခဲ့ပါတယ်။ မမြသဇင်အောင်က တင်ဆက်ပြီး ကိုခင်မောင်စိုးမင်းရိုက်ကူးပေးထားပါတယ်။
ပါကစ္စတန်နိုင်ငံမှာ ဒေသတွင်း လုံခြုံရေးတပ်ဖွဲ့တွေ ဆက်တိုက်ခိုက်ခံခဲ့ရပြီးတဲ့နောက် အာဏာပိုင်တွေကတော့ အာဖဂန်ဒုက္ခသည်တွေကို အပြစ်ဖို့နေပါတယ်။ ဒီဖြစ်ရပ်ကြောင့် ရဲတွေက နှိမ်နှင်းတာတွေ တိုးလုပ်လာမှာကို ဒုက္ခသည်တွေ စိုးရိမ်နေပါတယ်။ မမြသဇင်အောင်ပြောပြပါမယ်။
စစ်အုပ်ချုပ်ရေး အရေးပေါ်ကာလ သတ်မှတ်ပြီး သက်တမ်းတိုး အုပ်ချုပ်လာနေတဲ့ မြန်မာ စစ်ကောင်စီဟာ ဒီကနေ့ ကာလုံအစည်းအဝေး ခေါ်ယူပြီး အရေးပေါ်ကာလ နောက်ထပ် ၆ လ သက်တမ်း တိုးလိုက်ပါတယ်။ ဒီလို သက်တမ်း ထပ်တိုးလိုက်တဲ့အပေါ် နိုင်ငံရေး စောင့်ကြည့် လေ့လာသူတွေက ဘယ်လို သုံးသပ် ရှုမြင်ကြပါလဲ။
အမေရိကန်ပြည်ထောင်စုကသိပ္ပံပညာရှင်အဖွဲ့တဖွဲ့ဟာကမ္ဘာ့ပထမဆုံးအနေနဲ့ အက်တမ်တစ်လုံးချင်းစီရဲ့ဂုဏ်သတ္တိကိုလေ့လာနိုင်တဲ့ X Rayပုံရိပ်ကိုရယူနိုင်ခဲ့ပါတယ်။ဒီတွေ့ရှိမှုကိုဦးဆောင်ခဲ့တဲ့ Ohioတက္ကသိုလ်ပါမောက္ခနဲ့ Argonne National Laboratoryကမြန်မာနွယ်ဖွားသိပ္ပံပညာရှင်ဒေါက်တာစောဝေလှကိုဆက်သွယ်မေးမြန်းထားပါတယ်။
၈၈ မျိုးဆက် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်နဲ့အတူ တက်ကြွလှုပ်ရှားသူ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်၊ သူတို့ ၄ ဦးကို ဖမ်းဆီးအကျဉ်းချထားချိန်မှာ ကြိုးပေးကွပ်မျက်ခံရတာ ဒီကနေ့ တနှစ်ပြည့်သွားခဲ့ပါပြီ။
Gen Z မျိုးဆက်ရဲ့ အသက် ၁၈ နှစ်ပြည့် အမေရိကန် နိုင်ငံသားလူငယ်တွေ လာမယ့် ၂၀၂၄ သမ္မတ ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် မဲပေးကြရမှာပါ။ နိုင်ငံရေး၊ ဥပဒေရေးရာ ကိစ္စတွေနဲ့ ပတ်သက်လို့ Gen Z မျိုးဆက်လူငယ်တွေရဲ့ အမြင်သဘောထားတွေကို VOA သတင်းထောက် Veronica Balderas Iglesias က မေးမြန်းတင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်