ပြီးဆုံးသွားတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲကနေ မြန်မာ့ပြဿနာ ပြေလည်ရေးအတွက် အားတက်ဖွယ် တစုံတရာ ရရှိခဲ့ပါသလား။ မမြသဇင်အောင်က အယ်ဒီတာ ဦးကျော်ဇံသာအား မေးမြန်းတင်ပြထားပါတယ်။
ရန်ကုန်မြို့က စာသင်ကျောင်းတွေမှာ ကလေးငယ်တွေကြား အဖြစ်များနေတဲ့ ရာသီတုပ်ကွေးနဲ့ အဆုတ်လေပြွန်ရောင်နာ ရောဂါလက္ခဏာတွေ စစ်ကိုင်းတိုင်း အတွင်းက စစ်ဘေးရှောင်ကလေးငယ်တွေ ကြားမှာလည်း တွေ့နေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံအရေးကို အလေးအနက်ထား ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။ ထိရောက်မယ့်ရလဒ် ပေါ်ထွက်လာနိုင်သလားဆိုတာကို မမြသဇင်အောင်က ဦးကျော်ဇံသာအား မေးမြန်ဆွေးနွေးထားပါတယ်။
အခုကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံအရေးကို အလေးအနက်ထား ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။ ထိရောက်မယ့်ရလဒ် ပေါ်ထွက်လာနိုင်သလားဆိုတာကို မမြသဇင်အောင်က ဦးကျော်ဇံသာအား မေးမြန်ဆွေးနွေးထားပါတယ်။
လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက နောက်ဆုံး ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဖော်ပြချက်တွေဟာ အခြေအမြစ်မရှိ လိုရာဆွဲ ရေးသားထားတာ ဖြစ်တယ်လို့ မြန်မာစစ်ကောင်စီက တုံ့ပြန် စွပ်စွဲလိုက်ပါတယ်။
Lithuania နိုင်ငံ Vilnius မြို့မှာ နေတိုး အဖွဲ့ ၂ ရက်ကြာ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေး ကျင်းပဖို့ ရှိပြီး ယူကရိန်းကို စစ်လက်နက် ပစ္စည်းတွေ နောက်ထပ် ထောက်ပံ့ရေးကိစ္စကို ထိပ်တန်းဦးစားပေးအဖြစ် ဆွေးနွေးဖို့ ရှိပါတယ်။ အနောက်နိုင်ငံတွေစည်းလုံးညီညွတ်မှုဖို့ကြိုးစားနေတဲ့ အကြောင်း မြသဇင်အောင်က တင်ပြပါ့မယ်။
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သမ္မာရိုးကျေးရွာကို မနက် ၅ နာရီ ဝန်းကျင်လောက်က စစ်ကောင်စီတပ်တွေက စစ်ကြောင်း ဝင်လာပြီး ဒေသခံ ၇ ဦးကို သတ်ဖြတ်ခဲ့သလို ရွာထဲက ဒေသခံအတော်များများ ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ စစ်တပ်ကြီးစိုးမှုကနေ ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့ ပုံစံမျိုး မြန်မာနိုင်ငံမှာ ဘာကြောင့် မဖြစ်လာခဲ့သလဲဆိုတာကို မမြသဇင်အောင်က ဦးကျော်ဇံသာအား မေးမြန်းတင်ဆက်ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်တွေက ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ နေ့ရော ညပါ ပစ်ခတ်နေလို့ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆက်လက်ပြီး သတင်းဆောင်းပါးတွေနဲ့ အပတ်စဉ် အစီအစဉ်တွေကို ထုတ်လွှင့်ပါ့မယ်။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တရုတ်တန်းမှာ ကိုဗစ်အလွန်ကာလ စီးပွါးရေးလုပ်ငန်းငယ်တချို့ ပြန်လည်ပတ်နိုင်ဖို့ မျိုးဆက်သစ်လူငယ်တွေ ကြိုးပမ်းနေကြတဲ့ အကြောင်း VOA သတင်းထောက် Tina Trinh သတင်းပေးပို့ထားတာကို တင်ပြပေးချင်ပါတယ်။
ရုရှား သိမ်းပိုက်ထားတဲ့နယ်မြေတွေကို ပြန်ပြီးသိမ်းနိုင်ဖို့ ယူကရိန်းကတန်ပြန်ထိုးစစ်ဆင်နေတဲ့အချိန် စစ်ဒဏ်ခံခဲ့ရတဲ့ ယူကရိန်းကျေးလက်ဒေသတွေမှာ ဖောက်ခွဲရေးပစ္စည်း အကြွင်းအကျန်တွေကို ပြန်ပြီးရှင်းလင်းဖို့က ဆယ်စုနှစ်တခု ဒါမှမဟုတ် နှစ်နဲ့ချီကြာနိုင်ပါတယ်။ မမြသဇင်အောင် တင်ပြပေးပါလိမ့်မယ်။
Pact Myanmar လို့ လူသိများတဲ့ အမေရိကန်အခြေစိုက် Pact Global Microfinance Fund – PGMF အသေးစား ချေးငွေလုပ်ငန်းက မြန်မာနိုင်ငံတွင်း ထုတ်ချေးထားတဲ့ အမေရိကန်ဒေါ်လာ သန်း ၁၅၀ကျော် အကြွေးတွေကို ဆုံးရှုံးခံပြီး ရပ်နားတော့မယ့် အကြောင်း ဒီသီတင်းပတ်ထဲမှာ ကြေညာလိုက်ပါတယ်။
စစ်ကိုင်းမြို့ ဧရာဝတီမြစ်ဘေးက ကင်းတော်ရွာအနီးမှာရှိတဲ့ ဒေသခံကာကွယ်ရေး တပ်စခန်းတခုကို စစ်တပ်က ဝင်ရောက်စီးနင်း တိုက်ခိုက်တာကြောင့် ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးပြီး အရပ်သား ၃ ဦးလည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လူအထိအခိုက်မရှိပေမယ့် နေအိမ်တချို့ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ ဒီးမော့ဆိုမြို့နဲ့ ကုန်းသာကျေးရွာတဝိုက်မှာ တိုက်ပွဲ တည်ငြိမ်အစပြုပေမယ့် မြေမြုပ်မိုင်းနဲ့ စစ်လက်ကျန်ပစ္စည်းတွေ ရှိနေတာမို့ ဒေသခံတွေ နေရပ် မပြန်နိုင်ကြသေးပါဘူး။
တောင်ငူထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကျန်းမာရေးမကောင်းတာကြောင့် ဆီးပိုက်တပ်ထားရသလို ဆေးဝါးကုသမှု ခံယူနေရတယ်လို့ သူနဲ့နီးစပ် သူတွေက ပြောပါတယ်။ ဒီရက်ပိုင်း ပြန်လည်သက်သာ လာပေမယ့် ဆီးပိုက်တော့တပ်ထားရ ဆဲဖြစ်တယ်လို့ ပြောပါတယ်။
၁၉၉၈ ခုနှစ်ကတည်းက အမေရိကန်-မက္ကဆီကို နယ်စပ်တလျှောက် တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာတဲ့သူတွေ လမ်းခရီးမှာ ၈၀၀၀ ကျော် သေဆုံးခဲ့တဲ့ အကြောင်း အမေရိကန် နယ်ခြားစောင့်တပ်က မှတ်တမ်းပြုစုထားပါတယ်။ VOA သတင်းထောက် တောင်ပိုင်းတက္ကဆက်ပြည်နယ်ကို သွားရောက် သတင်းပေးပို့ထားတာကို မမြသဇင်အောင် ပြောပြပါလိမ့်မယ်။
နိုင်ငံတာ အကူအညီတွေမှာ နိုင်ငံရေးပါဝင်နေပါသလား။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးတင်မောင်သန်းကို မမြသဇင်အောင်က ဆွေးနွေးမေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်