ကယားပြည်နယ် ဒေသအခေါ် ကရင်နီနယ် ဖရူဆိုမြို့နယ် အရှေ့ပိုင်းမှာ တိုက်ပွဲတွေ ရက်ဆက် ဖြစ်ပွါးတာကြောင့် ထားလဲ၊ ဒေါပိုရှေ့ အပါအဝင် ကျေးရွာ ၈ ရွာ ထက်မနည်းက ဒေသခံ ထောင်နဲ့ချီပြီး အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်ရှောင်နေကြရပါတယ်။
စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ယဉ်ကျေးမှုပွဲတော်ကို စက်တင်ဘာလ ၂၉ ရက်ကနေ အောက်တိုဘာလ ၁ ရက်အထိ အမေရိကန်မြို့တော်ဝါရှင်တန်ဒီစီမှာ ကျင်းပခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်တုန်းက အိန္ဒိယနိုင်ငံ Bangalore မြို့မှာ ပထမဆုံးကျင်းပခဲ့ပြီး၊ ၂၀၁၁ မှာ ဂျာမဏီနိုင်ငံ Berlin မြို့နဲ့ ၂၀၁၆ မှာ အိန္ဒိယ Delhi မြို့မှာ ကျင်းပခဲ့တာပါ။
အာဏာသိမ်းမှုတွေ ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံတွေချင်းအတူတူ အိမ်နီးချင်းနိုင်ငံတွေနဲ့ စာရင် မြန်မာ့စီးပွါးရေး ချွတ်ခြုံကျနေရတာ ဘာကြောင့်ပါလဲ။ အာဏာသိမ်းစစ်တပ်တွေရဲ့ စရိုက်သဘာဝချင်း ဘာကွာပါလဲ။ ဦးကျော်ဇံသာကို မမြသဇင်အောင်က ဆွေးနွေးမေးမြန်းထားပါတယ်။
ထိုင်း-မြန်မာ နယ်စပ်က ရွှေ့ပြောင်း မြန်မာကလေးတွေရဲ့ ပညာရေးအတွက် အရပ်ဘက်နဲ့ အစိုးရအဖွဲ့အစည်းတွေက နှစ်ပေါင်း ၃၀ လောက် ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် ပြဿနာတွေ ပိုပြီးဆိုးရွားလာတယ်လို့ လေ့လာခဲ့တဲ့ သုတေသနအဖွဲ့တွေက ပြောလိုက်ပါတယ်။
စစ်မြေပြင်မှာ ခြေလက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ လူနာတွေကို ကုသရေးနဲ့ ပြန်လည်ထူထောင်ရေးက ယူကရိန်းကျန်းမာရေးဝန်ထမ်းတွေအတွက် ခါးသီးခက်ခဲတဲ့ အမှန်တရားတခုဖြစ်ပါတယ်။ အမေရိကန် ကျန်းမာရေးကုထုံးဆရာတဦးက ယူကရိန်းမှာ ကူညီပေးခဲ့တဲ့ အကြောင်း Omelyan Oshchudlyak က Lviv မြို့ကနေ သတင်းပေးပို့ထားတာကို တင်ပြချင်ပါတယ်။
ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်မယ်ဆိုတဲ့ ပန်းတိုင်နဲ့ ချီတက်နေတဲ့ NUG အစိုးရဟာ ဘယ်လောက်ထိခရီးပေါက်ခဲ့ပြီလဲ။ ရှည်လျားတဲ့ ခရီးအတွက်ဆိုရင် မသိသာလှပေမဲ့ အလားတူကြွေးကြော်ထားတဲ့ စစ်ကောင်စီနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အရွေ့တစုံတရာရှိပါသလား။ ဦးကျော်ဇံသာကို မမြသဇင်အောင် မေးမြန်းဆွေးနွေးထားပါတယ်။
နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား လူငယ်တဦး အင်းစိန်ထောင်တွင်းမှာ ဆေးဝါးကုသခွင့်မရလို့ သေဆုံးခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
အင်ဒိုပစိဖိတ်ဒေသတွင်း အမေရိကန်နဲ့ တရုတ် ပြိုင်ဆိုင်မှု ကြီးထွားလာတာနဲ့အမျှ ဒီအင်အားကြီး ၂ နိုင်ငံရဲ့ အပြိုင်အဆိုင် ဆွဲဆောင် သိမ်းသွင်းမှုကိုကြုံတွေ့ နေရတဲ့ အာဆီယံဟာ မပြိုမကွဲ ဆက်လက်ရပ်တည်နိုင်ပါ့မလား။ ဦးကျော်ဇံသာကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
မကြာခင်က ပြီးဆုံးသွားတဲ့ အာဆီယံထိပ်သီးစည်းဝေးပွဲဟာ မြန်မာပဋိပက္ခ ပြေလည်ရေးအတွက် ပြတ်သားတဲ့ ဆုံးဖြတ်ချက် တစုံတရာ ချမှတ်နိုင်ခဲ့ပါသလား။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် အရှေ့ဖက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက အင်အား အများအပြားနဲ့ စစ်ကြောင်း ၄ ကြောင်းခွဲပြီး ဝင်ရောက် နယ်မြေရှင်းနေတာကြောင့် ကျေးရွာ ၄၀ ကျော်က ဒေသခံ ၂ သိန်းကျော်လောက် စစ်ဘေးရှောင်နေကြရပါတယ်။
အမေရိကန်အင်္ဂလိပ်စကားပြော အသုံအနှုန်းတွေကို ဗွီအိုအေရဲ့ တမိနစ်တာ အင်္ဂလိပ်စာအစီအစဉ်မှာ တင်ပြပေးထားပါတယ်။ ဗွီအိုအေက ထုတ်လွှင့်တဲ့ အင်္ဂလိပ်စာ သင်ခန်းစာတွေကို “ဗွီအိုအေအင်္ဂလိပ်စာ” စာမျက်နှာမှာ လေ့လာနိုင်ပါတယ်။
တာလီဘန်တို့တွေ အာဖဂန်ကို ပြန်သိမ်းပိုက်လိုက်တဲ့ အချိန်ကတည်းက အာဖဂန်နစ္စတန်အမျိုးသမီးကွန်မန်ဒိုတပ်ဖွဲ့ဝင် အယောက် ၄၀ နီးပါးကို အမေရိကန် စစ်တပ်က ကူညီကယ်ထုတ်ပေးခဲ့ပါတယ်။ ဒီအမျိုးသမီးတွေ အနာဂါတ်က မရေမရာရှိနေဆဲပါ။ VOA ပင်တဂွန်သတင်းထောက် Carla Babb သတင်းပေးပို့ထားပါတယ်။မမြသဇင်အောင်ပြောပြပေးပါမယ်။
မြန်မာ့အရေးကို အဓိက ပြဿနာတရပ်အဖြစ် ထည့်သွင်းဆွေးနွေးနေကြတဲ့ ကျင်းပဆဲ အာဆီယံ ထိပ်သီးနဲ့ ဆက်စပ်ဆွေးနွေးပွဲတွေက အပြုသဘောရလဒ် တစုံတရာ ပေါ်ထွက်လာနိုင်ဖွယ် ရှိပါသလား။
မြန်မာ့အရေးကို အဓိက ပြဿနာတရပ်အဖြစ် ထည့်သွင်းဆွေးနွေးနေကြတဲ့ ကျင်းပဆဲ အာဆီယံ ထိပ်သီးနဲ့ ဆက်စပ်ဆွေးနွေးပွဲတွေက အပြုသဘောရလဒ် တစုံတရာ ပေါ်ထွက်လာနိုင်ဖွယ် ရှိပါသလား။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ မမြသဇင်အောင်က ဦးကျော်ဇံသာကို ဆွေးနွေးမေးမြန်းထားပါတယ်။
ကယားပြည်နယ် ခေါ် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အတွင်းမှာ အချိန်အတော်ကြာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ် စခန်းတွေကို ကရင်နီ ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက် စီးနင်းခဲ့ပြီးတဲ့နောက် နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျူးလွန်ခဲ့တယ်ဆိုတဲ့ အမှု ၅ မှုကို ကျူးလွန်ခဲ့ခြင်း မရှိလို့ အပြစ်မရှိကြောင်း အထူးအယူခံ တက်တာကို နိုင်ငံတော် အထူးတရားရုံးက ပယ်ချခဲ့ပါတယ်။
ကိုဗစ် ကပ်ရောဂါအလွန် အမေရိကန်နိုင်ငံ နယူးယောက်မြို့လမ်းတွေမှာ ဆိုင်ပြင်မှာထိုင်စားနိုင်တဲ့ ဆိုင်ခင်းနေရာတွေ ပိုများလာပါတယ်။ ဆိုင်ပြင်လမ်းမပေါ် ဆိုင်ခင်းတာကို လက်ခံသူတွေရှိသလို၊ တချို့ကလည်း မနှစ်သက်ကြပါဘူး။ မမြသဇင်အောင် ပြောပြပေးပါမယ်။
အမေရိကန်ဘက်မှာ ဘယ်လို အကန့်အသတ်တွေ ရှိနေပါသလဲ။ ဒီတပတ် အယ်ဒီတာနဲ့ဆွေးနွေးခန်း အစီအစဉ်မှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
အကူအညီတွေပေးဖို့ အမေရိကန်ဘက်မှာ ဘယ်လို အကန့်အသတ်တွေ ရှိနေပါသလဲ။ ဒီတပတ် အယ်ဒီတာနဲ့ဆွေးနွေးခန်း အစီအစဉ်မှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံ ဘာတွေများကွာခြား နေလို့ မြန်မာနိုင်ငံမှာကျတော့ ဒီမိုကရေစီ ကျဆုံးနေရပါသလဲ။ မမြသဇင်အောင်က ဦးကျော်ဇံသာကို မေးမြန်းဆွေးနွေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်