ယေရှုခရစ်တော် မွေးဖွားရာဇာတိအဖြစ် အများသိကြတဲ့ ပါလက်စတိုင်း Bethlehem မြို့က အဓိကဘုရားကျောင်းတွေမှာ ဂါဇာစစ်ပွဲကို ကန့်ကွက်တဲ့ အနေနဲ့ ဒီနှစ် ခရစ္စမတ် ပွဲတော်ကို မဆင်နွဲကြဘဲ ဘာသာရေးအရ ဆုတောင်းပွဲတွေပဲလုပ်ဖို့ ဆုံးဖြတ်ထားကြပါတယ်။ Yan Boechat သတင်းပေးပို့ထားတာကို မမြသဇင်အောင်ပြောပြပေးပါမယ်။
မြန်မာနိုင်ငံမှာ လူငယ်တွေ Facebook နဲ့ Instagram လို ဆိုရှယ်မီဒီယာ လူမှုကွန်ယက်တွေကို အလွန်အကျွံအသုံးပြုလာတဲ့အပေါ် စိတ်ကျန်းမာရေးထိခိုက်နိုင်ခြေ၊ မိဘအုပ်ထိန်းသူတွေကို အသိပညာပေးမှုနဲ့ လူငယ်တွေ ဆိုရှယ်မီဒီယာကို ဘယ်လိုအကျိုးကျိုးရှိရှိ အသုံးပြုသင့်သလဲ။
တိုက်ပွဲတွေဖြစ်နေတဲ့ နယ်ဒေသတွေမှာ စက်သုံးဆီ ပြတ်လပ်နိုင်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လတ်တလောမှာ ရန်ကုန်မှာတောင် လိုသလောက်ဝယ်မရပဲ ဖြစ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။
ကယားပြည်နယ်မှာ တစ်လေးလုံး စစ်ဆင်ရေး စတင်လိုက်တဲ့ စနေနေ့ကနေ ဒီကနေ့ နိုဝင်ဘာ ၁၃ရက်နေ့အထိ လွိုင်ကော်မြို့ အပါအဝင် နေရာအတော်များများမှာ ၃ ရက်ဆက်တိုက် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ဗွီအိုအေကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ လူငယ်တွေ ဖေ့ဘုတ်၊ အင်စတာဂရမ်လိုလူမှုကွန်ယက်တွေ အလွန်အကျွံ အသုံးပြုရင် သူတို့ရဲ့ စိတ်ကျန်းမာရေးအပေါ် ဆိုးကျိုးထိခိုက်မှုတွေရှိစေနိုင်တယ်လို့ စိတ်ပညာရှင်တွေ သတိပေးပါတယ်။ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စိတ်ပညာ အငြိမ်းစားတွဲဘက်ပါမောက္ခ ဒေါ်သက်ထားဝင်းကို မမြသဇင်အောင် ဆက်သွယ်မေးမြန်းထားပါတယ်။
ညီနောင်မဟာမိတ် (၃)ဖွဲ့ ၊ အထူးသဖြင့် MNDAA ကိုးကန့်တပ်ဖွဲ့ရဲ့ ရှမ်းမြောက်မှာ ထိုးစစ်စတင်ခဲ့တဲ့ လတ်တလော ရည်မှန်းချက်ဟာ သက်ဆိုင်ရာနယ်မြေတချို့ သိမ်းပိုက်ရေးဖြစ်နိုင်ပေမဲ့ လက်ရှိမှာတော့ နိုင်ငံအနှံ့ စစ်ကောင်စီဆန့်ကျင်ရေး တိုက်ပွဲတွေကို အရှိန်မြှင့်လာစေပါတယ်။
NLD အစိုးရသမ္မတ ဦးဝင်းမြင့် မိသားစုနဲ့ ထောင်ဝင်စာ တွေ့ခွင့်ရခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက အတည်ပြုပါတယ်။ ကျန်းမာရေးကောင်းမွန်တယ်လို့လည်း ပြောပါတယ်။
ဟာမတ်စ်စစ်သွေးကြွတွေတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေအတွက် သူတို့ ချစ်ခင်ရသူတွေရဲ့ ရုပ်အလောင်းတွေ ဖော်ထုတ်နိုင်ဖို့ စောင့်ရတဲ့နာကြင်မှုတွေက မပြီးဆုံးသေးပါဘူး။ ဒီတိုက်ခိုက်မှုအတွင်း သေဆုံးသွားသူတယောက်ရဲ့ မိသားစုဝင်တွေကို VOA သတင်းထောက် Natasha Mozgovaya က သွားရောက်တွေ့ဆုံခဲ့ပါတယ်။
စစ်ပွဲကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်ကုန်သွယ်ရေး စခန်းတွေဆီသွားတဲ့ လမ်းပိုင်းတွေအားလုံး လက်တလောမှာ သွားလာလို့မရတော့ဘဲ တရုတ်-မြန်မာနှစ်ဘက် ကုန်စည်ပို့ဆောင်ရေး အားလုံး ရပ်နားလိုက်ရပါတယ်။
"MNDAA / TNLA / AA" တို့ပေါင်းစည်းထားတဲ့ တိုင်းရင်းသား ညီနောင်မဟာမိတ် (၃) ဖွဲ့ ဟာ ၁၀၂၇ စစ်ဆင်ရေး အမည်နဲ့ ရှမ်းမြောက်နယ်မြေတချို့ကို သိမ်းပိုက်ထားပါတယ်။ တရုတ်နယ်စပ်မှာဖြစ်တဲ့ ဒီတိုက်ပွဲဟာ တရုတ်နဲ့ ပတ်သက်မှုတစုံတရာရှိနေပါသလား။ တိုက်ပွဲဂယက် ဘယ်ထိကျယ်ပြန့်နိုင်ပါသလဲ။
အခုချိန်ထိ ဆုံးခန်းတိုင်မယ့် အရိပ်အယောင်မမြင်ရသေးတဲ့ သီတင်းနှစ်ပတ်အလွန် ဂါဇာစစ်ပွဲနောက်ဆုံးအခြေအနေ ဘယ်လိုရှိပါသလဲ။ ပိုမိုကျယ်ပြန့်လာနိုင်တဲ့ အလားအလာနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာကြီးကို ရိုက်ခတ်နိုင်ခြေတွေကို ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်း အစီအစဥ်မှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က ဆွေးနွေးထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးပဋိပက္ခပြင်းထန်တဲ့ ကရင်နီဒေသမှာ လက်ရှိချိန်ထိလည်း တည်ငြိမ်မှုမရှိသေးပေမဲ့ တိုက်ပွဲတွေကြား စိုက်ပျိုးထားတဲ့စပါးတွေ ရိတ်သိမ်းချိန် ရောက်လာတာကြောင့် စိုးရိမ်ရတဲ့ အခြေအနေအောက်မှာပဲ စစ်ရှောင်တောင်သူတွေ လုပ်ကိုင်ကြနေရပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်း ကလေး-ဂန့်ဂေါလမ်းမကြီးကို စစ်ကောင်စီက ရိက္ခာ သယ်ဆောင်ခွင့် ပိတ်ပင်ထားတာကြောင့် ကလေး ဒေသတွင်း ကျေးရွာပေါင်း ၃၀ ထက်မနည်းဟာ လောင်စာဆီနဲ့ စားသုံးဆီ အပါအဝင် အခြေခံ စားသုံးကုန်တွေ ပြတ်လပ်ပြီး ဒုက္ခရောက်နေကြတယ်လို့ ရွာခံတွေနဲ့ စစ်ရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။
သြဂုတ်လဆန်းကစပြီး ကယားပြည်နယ် ဒေသအခေါ်ကရင်နီဒေသမှာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေဟာ အခု ဖရူဆို ကနေ အရှေ့တောင်ဘက် ဘောလခဲဘက်ကို ဆက်လက် ထိုးစစ်ဆင်နေတာကြောင့် ဖရူဆို- ဘောလခဲ ကြားမှာရှိတဲ့ ကျေးရွာ ၁၀ ရွာထက်မနည်း လူဦးရေ ထောင်ပေါင်းများစွာ နေအိမ်တွေ မပြန်ရဲပဲ ရှောင်ပုန်းထွက်ပြေးနေရပါတယ်။
မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ ဒေသတွင်းအုပ်ချုပ်ရေး တာဝန်ရှိသူ တချို့ အပစ်ခတ်ခံရတာ၊ ဒေသခံတွေ ဖမ်းဆီးခံရတာအပြင် လုယက်မှုတွေ ပိုများလာနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ စစ်ဆေးမှုတွေနဲ့ တင်းကြပ်ထားတဲ့ကြားက အခုလို အခြေအနေတွေကြုံနေရတာကြောင့် ဒေသခံတွေဟာ သူတို့ရဲ့ လုံခြုံရေးကို စိုးရိမ်ပူပင်နေကြတာပါ။
အစ္စရေး-ဟားမတ်စ် ပဋိပက္ခ ပထမပတ်အတွင်း ရိုက်တာသတင်းထောက်အပါအဝင် အနည်းဆုံး သတင်းထောက် ၁၅ ဦး သေဆုံးခဲ့ရပါတယ်။ ဒီလို အခြေအနေတွေကြား သတင်းသမားတွေ ဘေးကင်းရေး ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာ သတင်းထောက်တွေ၊ သတင်းခန်းတာဝန်ရှိသူတွေနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး ကျွမ်းကျင်သူတွေပူးပေါင်းပြီးဆွေးနွေးကြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက် ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုကို အစ္စရေးက လက်တုံ့ပြန်တိုက်ခိုက်ခဲ့တာကြောင့် လူထောင်ချီသေဆုံးခဲ့ရသလို ဆိုးရွားတဲ့ လူသားချင်းစာနာမှု ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တချိန်တည်းမှာပဲ ဟာဇ်ဘိုလာတွေရဲ့ ပါဝင်လာမှုကတဆင့် စစ်မီး ပိုကျယ်ပြန့်လာမှာကို စိုးရိမ်နေကြပါတယ်။
အဆိုးရွားဆုံး ရေကြီးမှုကြုံခဲ့ရတဲ့ ပဲခူးမြို့မှာ မြို့ပေါ်ရပ်ကွက်တွေ အတော်တော်များများ ရေပြန်ကျ သွားပေမယ့် ရေမြုပ်နေဆဲ ရပ်ကွက်တွေ ရှိနေသေးသလို သောက်သုံးရေနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နှစ်ပေါင်းများစွာ ထိပ်တိုက်တွေ့လာခဲ့တဲ့ အစ္စရေး ပါလက်စတိုင်း နှစ်ဘက် ပဋိပက္ခအတွက် ငြိမ်းချမ်းပြေလည်မဲ့ အဖြေတရပ် ရှာဖွေမတွေ့သေးပါဘူး။ ဘာကြောင့် ဒီလိုဖြစ်လာရသလဲ ရှေ့ဆက် ဘာဆက်ဖြစ်လာနိုင်မလဲ ဆိုတာ အယ်ဒီတာနဲ့ ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က မေးမြန်းတင်ဆက်ထားပါတယ်။
စစ်ရေးပဋိပက္ခဖြစ်ပွားနေတဲ့ ကရင်နီပြည်နယ်မှာ အင်တာနက်နဲ့ တယ်လီဖုန်း ဆက်သွယ်ရေးကို နေရာအတော်များများမှာ ခုချိန်ထိ ဖြတ်တောက်ခံထားရတာကြောင့် သတင်းအချက်အလက် ရဖို့ ခက်ခဲကြန့်ကြာပြီး အဆင်မပြေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်