လက်ရှိ မြန်မာပဋိပက္ခတွေနဲ့ ပတ်သက်လို့ နိုင်ငံရေးအရ ဖြေရှင်းဖို့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြောကြားပြီး၊ မကြာခင်မှာပဲ ရှမ်းမြောက်ပြဿနာ ပြေလည်ရေး ဆွေးနွေးမှု အလားအလာကောင်းတယ်လို့ တရုတ်အစိုးရ ပြောခွင့်ရက ကြေညာပါတယ်။
အစ္စရေး-ဟာမတ်စ်တိုက်ပွဲတွေကြောင့် ဂါဇာနဲ့ လက်ဘနွန် နယ်စပ်ဒေသနေထိုင်သူ အစ္စရေး ၂ သိန်းလောက် အိုးအိမ် စွန့်ခွါပြေးနေကြရတာ ၂ လလောက်ရှိပါပြီ။ သူတို့ဟာ တည်းခိုခန်းနဲ့ ဟိုတယ်တွေမှာ ယာယီနေထိုင်နေကြပြီး ဘယ်အချိန်အိမ်ပြန်ရမယ်ဆိုတာ မသိနိုင်ကြပါဘူး။ Linda Gradstein ရဲ့ သတင်းကို မမြသဇင်အောင် ပြောပြပေးပါမယ်။
ကရင်နီပြည်နယ် လွိုင်ကော်မြို့ ထဲမှာရှိတဲ့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဒီဇင်ဘာ ၁၀ ရက် မနေ့က ကရင်နီတပ်ပေါင်းစုတွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
တစ်လေးလုံး စစ်ဆင်ရေးတိုက်ပွဲကြောင့် စစ်ရှောင်အရေအတွက်က တနေ့တခြား ပိုတိုးလာနေပါတယ်။ အခု အချိန်အထိဆို ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ကို ခိုလှုံလာတဲ့ ကရင်နီစစ်ရှောင်က သုံးသောင်းဝန်းကျင် ရှိနေပါပြီ။
ယူကရိန်းနိုင်ငံ Odesa မြို့ခံတယောက်က စွန့်ပစ်ပစ္စည်းတွေကို ပြန်အသုံးချနိုင်အောင်ပြုလုပ်ပြီး ယူကရိန်းအတွက် ဝင်ငွေရှာနေပါတယ်။ ဒေသခံတွေကလည်း စွန့်ပစ်ပစ္စည်းတွေကို ဝိုင်းဝန်း စုဆောင်းပေးနေတဲ့ အကြောင်း Anna Kosstutschenko သတင်းပေးပို့ထားပါတယ်။ မမြသဇင်အောင် ပြောပြပေးပါမယ်။
အောက်တိုဘာ ၇ ဟာမတ်စစ်သွေးကြွတွေ အစ္စရေးနယ်ထဲဝင် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွား ပြီးတဲ့နောက် ဂါဇာမှာ စစ်ရေးပဋိပက္ခတွေကြီးထွားနေသလို နေရာအနှံ့မှာ တင်းမာမှုတွေလည်း ရှိနေချိန်မှာပဲ အမေရိကန်နိုင်ငံနယူးယောက်မြို့က ပါလက်စတိုင်း စားသောက်ဆိုင်တခုကတော့ ဂျူးလူမျိုးစားသုံးသူတွေရဲ့ အားပေးမှုကိုရနေပါတယ်။
ရက်သတ္တတပတ်ကြာအပစ်ရပ်ခဲ့တဲ့ ဂါဇာမှာ အစ္စရေးတပ်တွေ မြေပြင်ထိုးစစ်တိုးချဲ့လာတဲ့အတွက် ဒေသခံတွေ ပြေးစရာမြေမရှိသလောက်ဖြစ်လာနေတယ်လို့ စာနာမှုကူညီရေးအဖွဲ့တွေက ပြောနေပါတယ်။ ဒီအခြေအနေ၊ အပစ်ရပ်ရေးအလားအလာနဲ့ အနာဂါတ်ငြိမ်းချမ်းရေး ဖြစ်နိုင်ခြေ စတာတွေကို ဆွေးနွေးထားပါတယ်။
ဒီအခြေအနေမှာ အပစ်ရပ်ရေးအလားအလာနဲ့ အနာဂတ်ငြိမ်းချမ်းရေး ဖြစ်နိုင်ခြေစတာတွေကို ဒီတပတ်အယ်ဒီတာနဲ့ ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က ဆွေးနွေးမေးမြန်းထားပါတယ်။
အောက်တိုဘာ ၇ ရက် အစ္စရေးကို ဟားမတ်စ်တွေတိုက်ခိုက်မှုအပြီး အမေရိကန်ပြည်ထောင်စုမှာ ဂျူးလူမှုအသိုက်အဝန်းတွေအပေါ် အကြမ်းဖက်မှုတွေ တိုးလာနေသလို ဂျူးဆန့်ကျင်တဲ့အမြင်တွေပိုများလာတာကြောင့် ကယ်လီဖိုးနီးယားတောင်ပိုင်း သေနတ်ပစ်အသင်းတခုက ဂျူးအမေရိကန်တွေကို အသင်းဝင်ကြဖို့ တိုက်တွန်းလာပါတယ်။
ကရင်နီဒေသမှာ ပြီးခဲ့တဲ့လကစခဲ့တဲ့ တိုက်ပွဲတွေဟာ သီတင်း ၃ ပတ်လောက် ရှိလာချိန်အထိ ဆက်လက် ပြင်းထန်နေဆဲဖြစ်တာကြောင့် ဒေသခံတွေ လုံခြုံရေးအတွက် စိုးရိမ်နေကြပါတယ်။ ဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးတွေ ပြတ်တောက်နေပြီး ကုန်စည်စီးဆင်းမှုတွေလည်း နှောင့်နှေးနေတာကြောင့် ဒေသခံတွေ အခက်ကြုံနေရတာပါ။
တိုက်ပွဲကြောင့် မြို့ခံအများစုက အသက်ဘေးလွတ်အောင် ရုတ်တရက် ထွက်ပြေးသွားကြရတာကြောင့် စားနပ်ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းတွေလည်း မသယ်နိုင်ကြပါဘူး။ တချို့စစ်ရှောင်တွေဟာ ချေးငှားစားသောက်နေရပြီး အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။
ယူကရိန်းနိုင်ငံ Zaporizhzhia ဒေသ ရှေ့တန်းစစ်မျက်နှာနားမှာ ကလေးငယ်တွေနဲ့ မိသားစုတွေဆက်ပြီးနေထိုင်နေကြပါတယ်။ တိုက်ပွဲတွေဆက်ဖြစ်နေပေမဲ့ သူတို့က ရွှေ့ပြောင်းဖို့ ငြင်းဆန်နေကြတာပါ။ Eva Myronova သတင်းပေးပို့ထားတာကို မမြသဇင်အောင်က ပြောပြထားပါတယ်။
၁၀၂၇ စစ်ဆင်ရေး (၁) လပြည့်တဲ့နေ့မှာပဲ ညီနောင်မဟာမိတ် (၃) ဖွဲ့က စစ်ဆင်ရေး နောက်တဆင့်တိုးချဲ့မယ်လို့ ကြေညာပါတယ်။ တချိန်ထဲမှာပဲ တရုတ်ကလည်း နယ်စပ်ဒေသ အပစ်ရပ်ဖို့ တိုက်တွန်းတောင်းဆိုနေ။ စစ်ဆင်ရေး ကျယ်ပြန့်လာမယ်ဆိုရင် တရုတ်နိုင်ငံအနေနဲ့ ဘာလုပ်နိုင်ပါမလဲ။ ရှေ့ဆက်တိုက်ပွဲတွေအခြေအနေ ဘယ်လို ဖြစ်လာနိုင်ပါမလဲ။
ရခိုင်နဲ့ ချင်းပြည်နယ်က မြို့နယ်တချို့မှာ စစ်ကောင်စီတပ်တွေနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား ဒီကနေ့အထိ တိုက်ပွဲတွေပြင်းထန်နေဆဲ ဖြစ်တယ်လို့ ရခိုင် လက်နက်ကိုင် AA အဖွဲ့က ဒီကနေ့ပဲ သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ အရေးတကြီး လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီ တွေ တိုးမြှင့်ပေးအပ်ကြဖို့ နဲ့ စစ်ဘေးရှောင်တွေ မှာ စားနပ်ရိက္ခာအပြင် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ဘေးအန္တရာယ် အကာအကွယ်တွေ အရေးပေါ်လိုအပ်နေတယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။
လက်ရှိ မြန်မာစစ်ရေးပဋိပက္ခတွေ ပြေလည်မှုရရှိရေး အလှမ်းဝေးနေချိန် ကလေးသူငယ်တွေအပါအဝင် အရပ်သားတွေ ထိခိုက်သေဆုံးမှုနဲ့ စာနာမှုပြဿနာတွေ ကြီးထွားလာတာက အဓိက စိုးရိမ်စရာ ဖြစ်လာနေပါတယ်။
လက်ရှိ မြန်မာစစ်ရေးပဋိပက္ခတွေ ပြေလည်မှုရရှိရေး အလှမ်းဝေးနေချိန် ကလေးသူငယ်တွေအပါအဝင် အရပ်သားတွေ ထိခိုက်သေဆုံးမှုနဲ့ စာနာမှုပြဿနာတွေ ကြီးထွားလာတာက အဓိက စိုးရိမ်စရာ ဖြစ်လာနေပါတယ်။ ဒီပြဿနာ ပြေလည်နိုင်မယ့် အခြေအနေ ရှိပါသလား။
ကယားပြည်နယ်မြို့တော် လွိုင်ကော်မှာ ကရင်နီတပ်ပေါင်းစုတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား နှစ်ဘက်တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေဆဲပါ။ ပြင်းထန်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် သောင်းနဲ့ချီတဲ့ လွိုင်ကော်မြို့ခံတွေ မြို့ကို စွန့်ခွာ ထွက်သွားနေကြသလို တိုက်ပွဲကြားမှာ ပိတ်မိနေသူလည်း ကျန်နေပါသေးတယ်။
နောက်ထပ်ကြည့်ရှုရန်