အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် ခြံစည်းရိုးခတ်ဖို့ ဆုံးဖြတ်လိုက်တဲ့ အိန္ဒိယအဗဟို အစိုးရရဲ့ သဘောထားကို အိန္ဒိယပြည်ထဲရေး၀န်ကြီးက ကြေညာလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံနယ်စပ်ကို ခြံစည်းရိုးကာထားသလို မြန်မာနယ်စပ် အရှည် မိုင် ၁၀၀၀ ကျော် ကို ခြံစည်းရိုးကာမယ်ဆိုပြီး ပြည်ထဲရေးဝန်ကြီးက ပြောလိုက်တာပါ။
ကမ္ဘာတဝှမ်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်ထိ သတင်းသမား ၃၂၀ ဖမ်းဆီးခံထားရပြီး အဲဒီအထဲမှာ တရုတ်နိုင်ငံက ၄၄ ယောက်၊ မြန်မာက ၄၃ ယောက်ရှိနေပြီး သူတို့နောက်မှာ ဘီလာရုစ် နိုင်ငံက ၂၈ ယောက်နဲ့ တတိယ အများဆုံးဖြစ်တယ်လို့ဖော်ပြထားပါတယ်။
၂၀၂၄ နှစ်ဆန်း ဇန်နဝါရီလ အစောပိုင်းမှာပဲ ရုရှားဒုံးကျည်တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံ Kyiv မြို့မှာ လူနေအဆောက်အအုံတွေထိခိုက်ပျက်စီးခဲ့ရသလို အနည်းဆုံး လူ ၂ ဦးသေဆုံးပြီး ၅၀ ဒဏ်ရာရခဲ့ပါတယ်။ ဒီအကြောင်း VOA သတင်းထောက် Anna Kosstutschenko သတင်းပေးပို့ထားတာကို မမြသဇင်အောင် ပြောပြပါမယ်။
တရုတ်ရဲ့ ဒေသတွင်းကျုးကျော်မှုတွေအပေါ်စိုးရိမ်မှုရှိတဲ့ ဖိလစ်ပိုင်က ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း နိုင်ငံတဝန်း စစ်အခြေစိုက်စခန်းတွေမှာ အမေရိကန်တပ်တွေ ဝင်ရောက်ခွင့် ပိုပြီးခွင့်ပြုလာခဲ့ပါတယ်။ အကြောင်း VOA သတင်းထောက် Bill Gallo သတင်းပေးပို့ထားပါတယ်။ မမြသဇင်အောင်ပြောပြမှာပါ။
စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီး တပ်ဖွဲ့တွေ အထိုင်ချထားတဲ့စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီလ ၁၁ ရက်နေ့က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီနဲ့ ပျူစောထီး အဖွဲ့ဝင်တွေ ထိခိုက်သေဆုံးခဲ့သလို စခန်းမှာရှိတဲ့ လက်နက် ခဲယမ်း တချို့လည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
၂၀၂၃ နှစ်ကုန်ပိုင်း စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တိုက်ပွဲတွေ အရှိန်မြှင့်လာတာနဲ့ တချိန်ထဲမှာပဲ တရုတ်နဲ့ မြန်မာ ဆက်ဆံရေး ပိုစိပ်လာပါတယ်။ တရုတ်ရဲ့ ဒီလိုခြေလှမ်းလာတာဟာ ကန်ရဲ့ Burma Act ဥပဒေ NUG ကိုယ်စားလှယ်ရုံးကို ဝါရှင်တန်မှာ ဖွင့်ခွင့်ပေးတဲ့ ကိစ္စတွေနဲ့ ဆက်စပ်နေတယ်လို့ သုံးသပ်သူတချို့ကဆိုပါတယ်။
၂၀၂၃ နှစ်ကုန်ပိုင်း စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တိုက်ပွဲတွေ အရှိန်မြှင့်လာတာနဲ့ တချိန်ထဲမှာပဲ တရုတ်နဲ့ မြန်မာ ဆက်ဆံရေး ပိုစိပ်လာပါတယ်။ တရုတ်ရဲ့ ဒီလိုခြေလှမ်းလာတာဟာ ကန်ရဲ့ Burma Act နဲ့ NUG ကိုယ်စားလှယ်ရုံးကို ဝါရှင်တန်မှာ ဖွင့်ခွင့်ပေးတဲ့ ကိစ္စတွေနဲ့ ဆက်စပ်နေတယ်လို့ သုံးသပ်သူတချို့ကဆိုပါတယ်။
တရုတ်နိုင်ငံနဲ့ နယ်စပ်ဒေသမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်လာနေချိန်မှာပဲ တရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့ စစ်ကောင်စီကြား တွေ့ဆုံမှုတွေကြောင့် မြန်မာ့အရေးမှာ တရုတ်နိုင်ငံက ပိုမိုသြဇာလွှမ်းမိုး လာနိုင်သလား ခန့်မှန်းမှုတွေလည်း ထွက်ပေါ်လာနေပါတယ်။
ကယ်လီဖိုးနီးယားတောင်ပိုင်းက အာမေးနီးယန်းအမေရိကန် တွေရဲ့ Rose Parade နှင်းဆီပန်းလှေ အလှပြပွဲတော်ကို နှစ်စဉ် ဇန်နဝါရီလ ၁ ရက်နေ့တိုင်း ကယ်လီဖိုးနီးယားပြည်နယ် Pasadena မှာ ခမ်းခမ်းနားနား ကျင်းပလေ့ရှိပါတယ်။ ဒီပွဲတော်ကို ၁၈၉၀ ခုနှစ်ကတည်းက စတင်ခဲ့တာပါ။ Genia Dulot သတင်းပေးပို့ထားတာကို ပြောပြပေးပါမယ်။
မြန်မာနိုင်ငံတဝှမ်းမှာရှိတဲ့ အကျဉ်းထောင်/အချုပ်ထောင် စခန်းအသီးသီးက လွတ်မြောက်လာသူတွေထဲ နိုင်ငံရေးအကျဉ်းသား ဘယ်နှယောက် ပါဝင်တယ်ဆိုတဲ့ စာရင်းအတိအကျ ကောက်ယူဖို့ ခက်ခဲနေတယ်လို့ အကျဉ်းသားအရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
တရုတ်အပါအဝင် နိုင်ငံတကာကိုကော မြန်မာ့ပြဿနာပြေလည်ဖို့အတွက် တစုံတရာ အားကိုးအားထားပြုနိုင်ဖွယ် ရှိပါသလား။ အခုတပတ် အယ်ဒီတာနဲ့ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က မေးမြန်းထားပါတယ်။
အခုတပတ် အယ်ဒီတာနဲ့ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က မေးမြန်းထားပါတယ်။
၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံအခြေအနေ ဘယ်လိုရှိနေပါသလဲ။ နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံခြားရေး၊ စီးပွါးရေးကဏ္ဍ လွှမ်းခြုံသုံးသပ်ချက်ကို ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က ဆွေးနွေးမေးမြန်းထားပါတယ်။
နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံခြားရေး၊ စီးပွါးရေးကဏ္ဍ လွှမ်းခြုံသုံးသပ်ချက်ကို ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က ဆွေးနွေးမေးမြန်းထားပါတယ်။
မြန်မာနိုင်ငံက လက်နက်ကိုင်ပဋိပက္ခတွေအတွင်း အဓမ္မစစ်သားသစ် စုဆောင်းမှုတွေ၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်ကြပါတယ်။
၂၀၂၃ ခုနှစ်ထဲ တရုတ်နဲ့ အမေရိကန်ကြား ပထဝီနိုင်ငံရေးအရ တင်းမာမှုတွေဆက်ရှိနေပေမဲ့ အမေရိကန်မှာကျောင်းလာတက်တဲ့ တရုတ်ကျောင်းသားတွေနဲ့ ရွှေ့ပြောင်းနေထိုင်သူဦးရေကတော့ အရင်ကထက် ပိုများလာပါတယ်။ VOA သတင်းထောက် Elizabeth Lee သတင်းပေးပို့ထားတာကို မမြသဇင်အောင်ပြောပြပေးပါမယ်။
ယူကရိန်းကို ရုရှားရဲ့ ကျုးကျော်စစ်ကြောင့် အိုးအိမ်မဲ့ခဲ့ရတဲ့ အသက်ကြီးသူတွေထဲက တချို့ဟာ Kyiv မြို့ အပြင်ဘက် စီမံကိန်း အိမ်ရာတိုက်ခန်းတွေမှာနေထိုင်ရဖို့ စေတနာ့ဝန်ထမ်းအဖွဲ့တွေရဲ့ အကူအညီရနေတဲ့ အကြောင်း Lesia Bakalets ရဲ့ သတင်းဆောင်းပါးကို မမြသဇင်အောင် ပြောပြပါလိမ့်မယ်။
တရုတ်နယ်စပ်ဖြစ်တဲ့ ရှမ်းမြောက်ဒေသမှာ ညီနောင် (၃) ပါတီရဲ့တိုက်ခိုက်မှုတွေ ဖြစ်နေချိန် စစ်ကောင်စီဟာ "ကာလုံ" အစည်းအဝေးခေါ်ယူပြီး တိုင်းပြည်ပြိုကွဲနိုင်ခြေရှိနေလို့ သူတို့ကို ပြည်သူလူထုထောက်ခံကြဖို့ သမ္မတဦးမြင့်ဆွေက ပြောကြားခဲ့ပါတယ်။ တိုင်းပြည်ပြိုကွဲနိုင်တဲ့ အခြေအနေ တကယ်ရှိနေပါသလား။
ယူကရိန်းနိုင်ငံ Odesa မြို့ခံတယောက်က စွန့်ပစ်ပစ္စည်းတွေကို ပြန်အသုံးချနိုင်အောင်ပြုလုပ်ပြီးတော့ ယူကရိန်းအတွက် ဝင်ငွေရှာနေပါတယ်။ ဒေသခံတွေကလည်း စွန့်ပစ်ပစ္စည်းတွေကို ဝိုင်းဝန်း စုဆောင်းပေးနေတဲ့ အကြောင်း Anna Kosstutschenko သတင်းပေးပို့ထားပါတယ်။ မမြသဇင်အောင် ပြောပြပေးပါမယ်။
ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာရှိတဲ့ ညောင်ပင်သာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် PDF တွေက ဒီမနက် ၇ နာရီ ဝန်းကျင်ကစလို့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေပါ တိုက်ခိုက်တာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်