"ကျနော်တို့က ဒီ ဗမာပြည်မှာဆိုရင် ဆရာကြီး ဦးအောင်ရှိန်ကို ဗမာပြည်က World Disney လို့တောင် ပြောကြတာကိုး။ ဆရာ့ရဲ့ အဆိုအမိန့်လေး ဒီစာအုပ်ထဲမှာ တွေ့တာကတော့ ကာတွန်းဆွဲတဲ့အခါမှာ အကျိုးမပြုနိုင်ရင်တောင် အကျိုးမယုတ်စေဖို့ပါပဲတဲ့။"
အစိုးရက ကမကထပြု နိုင်ငံရေးဆွေးနွေးချိန်မှာ တူညီတဲ့သဘောထားတွေကို စုစည်းတင်ပြနိုင်ရေး အတွက် ရည်ရွယ်ပြီး ရှမ်းနိုင်ငံရေးပါတီတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေစုစည်းပြီး ရှမ်းပြည်ညီညွတ်ရေးကော်မတီကို ဖွဲ့စည်းလိုက်ပြီ ဖြစ်ပါတယ်။
"အဖြစ်မှန်ဖော်ထုတ်ရေး ကျနော်တို့ KNU မှာလည်း တာဝန်ရှိတယ်လို့ KNU ဗဟိုအနေနဲ့ သဘောထားတယ်။ အစိုးရက ကမ်းလှမ်းလာလို့ ရှိရင် နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ အဖြစ်မှန်ကို ဖော်ထုတ်ပြီး အပြစ်ရှိတဲ့သူကို အပြစ်ရှိတဲ့အလျောက်အရေးယူသွားမှာဖြစ်တယ်။"
ဖိုင်လင်းမုန်တိုင်းဟာ လေတိုက်နှုန်း တနာရီကို မိုင် ၁၀၀ ကနေ ၁၂၀ အထိ ရှိပြီး အိန္ဒိယဘက်ကို ဦးတည်ရွေ့လျားနေပေမဲ့ အားအလွန်ကောင်းတာကြောင့် မြန်မာနိုင်ငံမှာလည်း မိုးသက်မုန်တိုင်းကျရောက်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။
"အစိုးရမပါတဲ့ တိုင်းရင်းသားတွေအားလုံး ဒီအင်အားစုတွေအားလုံး နှီးနှောဖလှယ်နိုင် မယ့် အမျိုးသားရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲတစ်ခုကို မိမိတို့ဘာသာ မိမိတို့ ကျင်းပနိုင်မယ့် ဆုံးဖြတ်ချက်မျိုး ချဖို့အတွက် တင်ပြခဲ့ပါတယ်။ ဒီအပေါ်မှာလည်း တဘက်ကလည်း သဘောတူညီခဲ့တယ်"
ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ရဲ့ဆွေးနွေးပွဲကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးအကြံပေး မစ္စတာ နမ်ဘီးယား၊ တရုတ် နိုင်ငံက သံတမန်နှစ်ဦးတို့လည်း လေ့လာသူအဖြစ် တက်ရောက်ကြမှာဖြစ်ပါတယ်။
" ကျနော်တို့ တံတား ၁၂စင်း ပျက်စီးသွားတယ်။ မြစ်ကမ်းပါး နံဘေးမှာရှိတဲ့ကျေးရွာအတော်များများ ပျက်စီးသွားတယ်။ပျောက်ဆုံးနေတာ ခန့်မှန်းခြေ အားလုံး လူ၁၀ယောက်ကျော်ရှိမယ်လို့ ခန့်မှန်းခြေရှိတယ်ခင်ဗျ။ "
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ SSA တောင်ပိုင်းအဖွဲ့၊ SSA မြောက်ပိုင်း အဖွဲ့၊ ပအို့ဝ်လက်နက်ကိုင်အဖွဲ့တို့ သောကြာနေ့က တောင်ကြီးမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
နိုင်ငံရေးအင်အားစုများတက်ရောက်ဖို့ရှိတဲ့ ရှမ်း၊ ကယားနဲ့ မွန်ပြည်နယ်က လက်နက်ကိုင်တွေနဲ့ပါတီတွေ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲ တောင်ကြီးမြို့မှာ ကျင်းပဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။
“ဒီကနေ့ အစည်းအဝေးမှာတော့ Joint Monitoring Committee ဖွဲ့စည်းရေးပဲ ကျနော်တို့ ဆွေးနွေးတယ်။ ပြီးရင် ဒီ တပ်ပိုင်းဆိုင်ရာကို တပ်အရေအတွက်နဲ့ တပ်နေရာချထားရေး၊ နှစ်ဘက်တပ်များတည်ရှိမှု အနေအထားပြမြေပုံ ဒီဥစ္စာလုပ်ဖို့အတွက် ဆွေးနွေးခဲ့ကြပါတယ်။”
ကျားဖြူပါတီအပါအဝင် တိုင်းရင်းသားပါတီ ၁၅ပါတီနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF ကလည်း ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် စာတမ်းရေးဆွဲနေကြပါတယ်။
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့မှာ သူရဦးရွှေမန်းဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့တွေ့ဆုံခဲ့ကြတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ မြောက်ပိုင်းအဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ လိုလားကြောင်း ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလက ဗွီအိုအေကို ပြောပါတယ်။
လားရှိုးမြို့ မြို့တော်ခန်းမမှာ ဒေသခံပြည်သူတွေနဲ့ သူရဦးရွှေမန်း ဆွးနွေးပွဲမှာ လူထုက တင်ပြတဲ့ လိုအပ်ချက်တွေကို လုပ်ပေးနိုင်တဲ့ အရာတွေကို ချက်ချင်းလုပ်ပေးဖို့ သူရ ဦးရွှေမန်းက ညွှန်ကြားဆောင်ရွက်ပေးခဲ့တယ်။
“ဖြစ်စဉ်ကတော့ အဲ့ဒီမှာ လှုပ်ရှားနေတဲ့ တပ်ဖွဲ့က အဲ့ဒီရွာကို ဝင်နားတဲ့အချိန်မှာ ဒီအစိုးရဘက်က စစ်တပ်တွေက သူတို့ လိုက်လာတယ်လေ။ လိုက်လာတော့ ကျနော်တို့ဘက်ကလည်း ရွာကနေ အမြန်ပြန်ထွက်၊ အမြန်ထွက်တဲ့အချိန်မှာ ရွာအပြင်ဘက်မှာ ဒီ အစိုးရတပ်နဲ့ ကျနော်တို့ တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ကြတာပါ"
ကုလအတွင်းရေးမှူးချုပ်ရဲ့အထူးအကြံပေး မစ္စတာ ဗီဂျေးနမ်ဘီယား ဟာ နေပြည်တော် မှာ ရောက်နေပြီး ဒုတိယသမ္မတ (၁) ဒေါက်တာစိုင်းမောက်ခမ်းအပြင် တခြား ပြည်ထောင်စု ဝန်ကြီးတွေနဲ့လည်း သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီယားဟာ ဒီကနေ့ မြစ်ကြီးနားမြို့ကနေ ထွက်ခွာပြီး မန္တလေးတိုင်း မိတ္ထီလာမြို့ကို ရောက်ရှိနေပါတယ်။
"ကျနော်တို့ ရွာသားတွေကတော့ နည်းနည်း စိုးရိမ်နေရတာပေါ့။ ဒါပေမဲ့ လုံခြုံရေးကတော့ အခု အပြည့်ချထားတာပါ။ အခုကိစ္စတွေအားလုံးက သူတို့က ကြိုတင်ပြီးတော့ ပြင်ဆင်ပြီး တော့ လုပ်တာက ထင်ပေါ်နေတာပေါ့ဗျာ။"
"လုံခြုံရေးတွေ နည်းနည်းတိုးချတယ်။ သတင်းတွေ ရထားတာလေးတွေ ရှိလို့ပေါ့လေ။ မောင်းတောပဲ အဓိကအားဖြင့် သတင်းရတာဖြစ်ပါတယ်။ သတင်းကတော့ အကြမ်းဖက် လုပ်ရပ်တွေ လုပ်ဖို့အတွက် လူ ၄၊ ၅ ယောက်လောက် ဝင်တယ်လို့ သတင်းရတာပေါ့လေ"
"ကုလသမဂ္ဂ ကိုယ်စားလှယ်တယောက်အနေနဲ့ ကျနော်တို့ကတော့ အစိုးရကိုရော၊ နိုင်ငံတကာ အနေအထားမှာရော ပြောပြပေးနိုင်မယ်လို့ ယူဆတယ်လေ။ ဒီဖြစ်စဉ်မှာ လုပ်သွားတဲ့ အဖွဲ့အစည်းတွေက သီးသန့်ဖြစ်နေတယ်။ ဒီအဖွဲ့အစည်းတွေကို အစိုးရအနေနဲ့ ဖော်ထုတ်ပေးဖို့ လိုအပ်တယ်"
“မနက် ၁၀ နာရီ မိနစ် ၂၀ လောက်မှာရောက်တယ်ခင်ဗျ။ မျိုးနွယ်စုကိုယ်စားလှယ်တွေ မြို့မိမြို့ဖတွေ ၅ ယောက်နဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ဘမောင်တို့နဲ့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှာ တွေ့ဆုံပွဲ လုပ်သွားတယ်ဗျ။"
နောက်ထပ်ကြည့်ရှုရန်