လူသေမှုအပါအဝင် အမှု၃မှုနဲ့ ဖားကန့်မြို့နယ် ရဲစခန်းမှာ ချုပ်နှောင်ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုNDF ပါတီရဲ့ ကချင်ပြည်နယ်ဥက္ကဌ ဒေါ်ဘောက်ဂျာဟာ ဒီကနေ့ အချုပ်ကနေ လွတ်မြောက်လာပြီဖြစ်ပါတယ်။
လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ မွတ်ဆလင်တွေကြားမှာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး အသေအပျောက်ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂကိုယ်စားလှယ်တွေ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရခိုင်အစိုးရအဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးခဲ့ကြပါတယ်။
"ကျနော်တို့ အပြင်မှာ ညှိနှိုင်းတိုင်ပင်မှု မရှိဘဲနဲ့ သဘောကတော့ အပေးအယူ အလွတ်သဘော ညှိနှိုင်းမှုမရှိဘဲနဲ့ ဝိုင်းမှာတွေ့ရင် သူ့မူ ကိုယ့်မူ ဆိုပြီးတော့မှ အဲ့ဒါညှိလို့မရဘဲ ဖြစ်မှာစိုးလို့ပါ။ နားလည်မှု ပိုမို ကောင်းကောင်းရအောင်ဆိုပြီးတော့မှ အချိန် နည်းနည်း ယူလိုက်တာပါ။" - NCCTအဖွဲ့ရဲ့ ခေါင်းဆောင် နိုင်ဟံသာ
ဒီရက်ပိုင်းအတွင်း ဖားကန့်မြို့နယ်၊ နန့်ယားရွာဘုန်းကြီးကျောင်းမှာ ပစ်ခတ်မှုဖြစ်ခဲ့ပြီး (၆) ဦးသေဆုံးခဲ့တဲ့ ပစ်ခတ်မှုဟာ အစိုးရစစ်တပ်အတွင်း အချင်းချင်းမှားယွင်းပစ်ခတ်မှုသာ ဖြစ်ပြီး KIA ကချင်လွတ်လပ်ရေးတပ်နဲ့ မပတ်သက်ဘူးလို့ KIA ဘက်က ပြောပါတယ်။
"ပြည်သူတွေကနေပြီးတော့ လေးစားလာမယ်၊ ချစ်ခင်လာမယ်။ ပြည်သူရဲ့ လေးစားမှု ချစ်ခင်မှုနဲ့ နှိုင်းယှဉ်လို့ရတဲ့အရာ ဘာမှမရှိပါဘူး။ ကျမတို့ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့ နေရာမှာ တပ်မတော်ကိုလည်း ပါဝင်စေချင်တယ်လို့ ကျမတို့ ပြောတာပါ။"
ဧရာဝတီတိုင်ဒေသကြီး၊ လပွတ္တာ မြို့နယ်က ကန့်ဘဲ့ရွာမှာ ဒီကနေ့ မနက်အစောပိုင်းက စတင်တဲ့ မီးလောင်မှုကြောင့် ရွာရဲ့ အချက်အချာကျတဲ့ ဈေးဆိုင်တန်းတွေအပါအဝင် အိမ်ခြေ ၂၀၀ ကျော်မီးလောင်ကျွမ်းခဲ့ပါတယ်။
"အိန္ဒိယအစိုးရက ဆောက်တာဗျ၊ ဗဟိုကနေ ခိုင်းတယ်ဆိုပြီးတော့မှ ကျနော်တို့ တမူးက ဌာနဆိုင်ရာတွေက တားတဲ့အခါမှာ တားလို့မရဘူးပေါ့ဗျာ။ ဗဟိုကနေခိုင်းတာ ဗဟိုကိုပဲ ပြောပါ ဆိုပြီးတော့မှ သူတို့က ပြောတယ်။ အဲဒီတော့ ကျနော်တို့ ပြည်သူတွေက ဒါကို မကျေနပ်တာပေါ့ဗျာ။ အိန္ဒိယအစိုးရကို ပြရင်းနဲ့ မြန်မာအစိုးရကိုလည်း..."
" ကေအိုင်အေကနေပြီးမှ ညှင်းပမ်းနှိပ်စက်တာ၊ လူ့အခွင့်အရေးချိုးဖောက်မှုကို အကာအကွယ်ပေးနိုင်ခြင်းမရှိခဲ့တဲ့အတွက် ဒီကချင်ပြည်နယ်အစိုးရအဖွဲ့အပေါ်မှာ ရှမ်းလူထုက အယုံအကြည်မရှိတဲ့အကြောင်းပေါ့လေ။ တခြားအချက် က ကေအိုင်အေ ကနေပြီးတော့မှ အဓမ္မ ဆက်ကြေးကောက်ခံ တာတွေ၊ တပ်သားစုဆောင်းတာတွေ၊ လုံးဝ ရပ်ဆိုင်းဖို့"
"ကချင်ပြည်နယ် တစ်ပြည်နယ်လုံးမှာရှိတဲ့ သူတို့ ရှမ်းတိုင်းရင်းသားတွေကနေ ဦးဆောင်ပြီးတော့မှ ကေအိုင်အေတို့ရဲ့ ဖိနှိပ်ခံရတဲ့ လူဆွဲခံရတဲ့ ဆက်ကြေးတောင်းခံရတဲ့ ပြည်သူလူထုမှန်သမျှ မိမိတို့ရင်ထဲမှာရှိတဲ့ ဆန္ဒကိုဖော်ထုတ်ဖို့အတွက် စီစဉ်ထားတယ်။"
"နဂိုလက်ကျန် ဗုံးအဟောင်းကနေ မြေတူးဆွရင်းနဲ့ ပေါက် ကွဲတယ်ဆိုတာပဲ ထွက်လာတာပါ။ ပေါက်ကွဲမှုကတော့ တော်တော်လေး ပြင်းပါတယ်။ ဒါပေမဲ့ ထော်လာဂျီကနေ ဆိုတာကလည်း ဘယ်သူမှကို ပြောလို့မရသေးဘူးခင်ဗျ အခုအချိန်မှာ။ လူကြီးပိုင်းတွေအားလုံးက အခုအချိန်မှာ လိုက်လံစစ်ဆေးတယ်။"
“ကျနော်တို့ စာရင်းအရက ၄၁ ယောက်၊ စုစုပေါင်း ၄၄ ယောက်လွတ်တယ်လို့ သိရပါတယ်။ ကျန်တဲ့ ၃ ယောက်ဟာက ကျနော်တို့ စာရင်းမရသေးဘူး။ ဥပမာ-ဘယ်ထောင်က လွတ်တယ်၊ နာမည်ဘယ်သူလဲ အဲ့ဒီဥစ္စာ စာရင်းမရသေးဘူး။ အများစုကတော့ ပုဒ်မ ၁၈ အဲ့ဒီဥစ္စာ အများစုပဲ။”
“လက်ရှိ ၇ ဦးမှာက မိန်းကလေး ၄ ဦး၊ ယောကျာ်းလေး ၃ ဦးလို့တော့ သိရတယ်။ သူတို့ကတော့ သူတို့ဆိုင်ကနေပြီးတော့ ဆိုင်က မဖွင့်ရသေးဘူးအကိုရဲ့။ သန့်ရှင်းရေးလုပ်ဖို့ဆိုပြီး အိပ်ခိုင်းထားတဲ့အဖွဲ့တွေ၊ သူတို့က မှန်လုံးခန်းကြီးဆိုတော့လေ ၇ ဦး ဆုံးသွားတာပါခင်ဗျာ။”
တောင်ကြီးမြို့ပေါက်ကွဲမှုဟာ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနဲ့ ချောင်းသာ မှာ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပနေတာကြောင့် လုံခြုံရေးအရ အထူး သတိထားချိန်မှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
“သူတို့က တာလောကြီးအုပ်စု စံကင်းကျေးရွာကို ပြန်တာပါရှင့်။ အိမ်ထောင်စုက ၁၅ အိမ်ထောင်စု၊ လူဦးရေက ၈၃ ဦးပါရှင့်။ မနေ့ကပဲ ကျမတို့ ပို့ပေးလိုက်ပါတယ်။ သူတို့က လွန်ခဲ့တဲ့ ၁ လခွဲကတည်းက ပြန်ချင်ပါပြီ၊ သူတို့ရွာ အေးချမ်းပါပြီဆိုပြီး သူတို့က တောင်းဆိုတာပါရှင့်။ သူတို့က အဲ့လို တောင်းဆိုလာတော့ ကျမက ၂၉ ရက်နေ့က"
“အဓိက-ကတော့ ကျနော်တို့နိုင်ငံကို အမြန်ငြိမ်းချမ်းရေးရနိုင်ဖို့နဲ့ တဘက်ကတော့ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေးမှာ မြန်ဆန်ဖို့ပေါ့ဗျာ။ တဘက်က ပီပြင်ဖို့ပေါ့လေ- အဲဒါတွေကို ဆွေးနွေးကြတယ်။” (နိုင်ဟံသာ-UNFC အထွေထွေအတွင်းရေးမှူး)
“ဒီညနေ ၃ နာရီကျော်ကျော် ၄ နာရီလောက်ကနေ မန်ဝိန်းကြီးကို ရောက်နေပြီ။ အကုန်လုံးတော့ မရောက်သေးဘူး။ အခုမှ စာရင်းကောက်နေကြတာ။ ဝင်လာတဲ့သူကလည်း ဝင်လာ၊ ကားပေါ်ရောက်နေတဲ့သူကရောက်၊ လမ်းလျှောက်တဲ့သူက လျှောက်ဆိုတော့ တခါတည်း စာရင်းရယူဖို့ ခက်ခဲနေတယ်။ အဲ့ဒီမှာ ယာယီတဲလေးတွေ ဆောက်ပြီးတော့ သူတို့ကို ကျွေးမွေးဖို့..."
မန်စီမြို့နယ်၊ နန့်လင်းပါရွာမှာ ကချင်လွတ်လပ်ရေးတပ်ဖဲွဲ့ KIA နဲ့ မြန်မာအစိုးရကြား တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ဒေသခံရွာသား ၂ ထောင်ကျော် ထွက်ပြေးခဲ့ကြပြီး ဒီကနေ့မနက်လည်း တိုက်ပွဲဆက်ဖြစ်နေတဲ့အကြောင်း KIA တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကို အတည်ပြု ပြောကြားထားပါတယ်။
မြန်မာနိုင်ငံ အကျဉ်းထောင် ၁၈ခုကနေ နိုင်ငံရေးအကျဉ်းသား ၇၀လောက် ကို နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီကနေ့ လွှတ်ပေးခဲ့ပြီး စာရင်းအရ နိုင်ငံရေးအကျဉ်းသား ၆၀ကျော်လောက် ကျန်ရှိနေသေးတယ်လို့ လက်ကျန်နိုင်ငံရေးသမားစိစစ်ရေးကော်မတီကပြောပါတယ်။
ကချင်ပြည်နယ် မန်စီမြို့နယ် အတွင်းမှာ အောက်တိုဘာလ နောက်ဆုံးပတ် ကတည်းက ကချင်လွတ်လပ်ရေး တပ်ဖွဲ့ KIA နဲ့ အစိုးရအကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာဟာ ဒီကနေ့အထိ ရပ်ဆိုင်းသွားတာ မရှိသေးပါဘူး။
" ရေတွေကြီးတာပေါ့ဗျာ။ ဒီနှစ်ကတော့ အဆိုးဆုံးပဲဗျ။ ကျနော်တို့ နှစ်သုံးဆယ်လောက် အတွင်းမှာ ဒါတော့ စံချိန်ပဲဗျ။ အကုန်လုံးခေါင်မိုးတွေပါ လွှင့်ကုန်တာဗျ။ ရပ်ကွက်တွေ တချို့တွေဆို၊ ကျနော်တို့ ကားလမ်းမပေါ်လည်း သုံးပေလောက်အထိကို တက်နေပြီ။"
နောက်ထပ်ကြည့်ရှုရန်