“ပြည်သူလူထုရဲ့ဆန္ဒနဲ့အညီ ပေါင်းစည်းနိုင်ဖို့အရေးကို ကျနော်တို့ ကြိုးစားနေဆဲကာလပဲ ဖြစ်ပါတယ်။ ကျနော်တို့ မျှော်မှန်းထားတဲ့ လုပ်ငန်းစဉ်အတိုင်း ဘယ်လိုပုံသဏ္ဍန်နဲ့အတူ သွားနိုင်ကြမလဲဆိုတာ ကျနော်တို့ကိုယ်စားလှယ်တော်များနဲ့ တွေ့ဆုံညှိနှိုင်းနေဆဲကာလ ဖြစ်ပါတယ်” - ဗိုလ်မှူးကြီး စိုင်းလ
"တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေတဲ့အချိန် ကျနော်တို့ ကချင်ဒေသမှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေ တော်တော်များများ ခပ်စိပ်စိပ်ဖြစ်လာတဲ့ အနေအထားတွေကို ပြန်သုံးသပ်ပြီး ညှိနှိုင်းချင်တဲ့အတွက်ကြောင့်မို့ အခုလို တောင်းဆိုရတာဖြစ်ပါတယ်" - ဗိုလ်ချုပ် ဂွမ်မော်
"ကချင်နဲ့ ရှမ်းပြည်နယ်မှာ မူးယစ်ဆေးဝါးအန္တရာယ်က တော်တော်ကို ပြင်းပြင်းထန်ထန် ခံစားနေရတယ်ဆိုတော့ ရပ်မိရပ်ဖတွေ လူကြီးတွေ၊ ကေအိုင်အို အပါအဝင် ဘာသာရေး ခေါင်းဆောင်တွေ အားလုံးက ဒါဟာလူသားအားလုံးအတွက် အများကြီး အန္တရာယ်အကြီးအမားဖြစ်နေပြီ ဆိုပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆွေးနွေးအကောင်အထည်ဖော်ကြတာဖြစ်ပါတယ်။"
"NGO တွေ ရောက်လာတဲ့အချိန်မှာ ဒီဒေသမှာရှိတဲ့ လူတွေရဲ့ Culture အဲ့ဒါတွေကို လေ့လာဖို့တော့ တော်တော်များများ လိုအပ်မယ်လို့ ထင်ပါတယ်။ အဲ့ဒါတွေကို လိုက်နာနိုင်ရင်တော့ ထပ်ပြီး ပြဿနာဖြစ်နိုင်မယ်လို့ မထင်ပါဘူး။ လူတွေရဲ့ အမြင်ရှင်းဖို့အတွက် NGO အဖွဲ့တွေက အများကြီး လုပ်ဖို့ လိုအပ်ပါတယ်"
" ဒုက္ခသည်တွေက ရုတ်တရက်ထောင်နဲ့ချီ ဝင်လာတော့ ရေက တော်တော်လေး အခက်အခဲရောက်တဲ့အထဲမှာ ပါတယ်။ ရေအခက်အခဲဖြစ်တော့ ရောဂါ၊ ဝမ်းရောဂါက နောက်ဆက်တွဲပြဿ နာ ပြန်ဖြစ်လာတာပေါ့။ ပြီးလို့ရှိရင် တချို့က တစ်ခါမှ ဒီ့လောက် ကြီးကြီးကျယ်ကျယ် မကြုံဖူးတော့ တချို့ Heart Attack တွေ ဖြစ်လာတာပေါ့။ ဖောက်လာတာတော့ရှိတယ်ဗျ။"
"လဂါတ်ယန်စခန်းမှာ လက်နှက်ကြီး ၅လုံးကျတဲ့ အခါကျတော့ စစ်ပြေး ဒုက္ခသည်တွေ က ကြောက်ပြီးတော့ပေါ့နော် ပြေးခဲ့ကြတာ။ လူဦးရေက မနေ့က အထိတော့ လေးရာကျော် ငါးရာအထိလောက်ရှိပြီ။ ဟိုးဖက် ကော်မူရိုင် ဆိုတာလေနော်။ ကေအိုင်အိုတွေ နေတဲ့နေရာပေါ့။ အဲမှာလည်းပဲ သူတို့တိုက်ပွဲတွေဖြစ်ကြပါတယ်။"
တနိုင်ငံလုံးအပစ်ရပ်စဲနိုင်ရေး သဘောတူစာချုပ် ပထမမူကြမ်းကို ဆွေးနွေးနေတာမှာ အခန်း ၅ နောက်ပိုင်းနဲ့ အခန်း (၆) (၇) တို့ကို မနက်ဖြန် အပြီးသတ် ညှိနှိုင်းနိုင်ဖို့ ယုံကြည်ကြောင်းအပစ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ ဒု-ခေါင်းဆောင်က သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်၊ အိန္ဒိယ-မြန်မာနယ်စပ်အခြေစိုက် NSCN- အမျိုးသားဆိုရှယ်လစ်ကောင်စီ နာဂပြည်အဖွဲ့ဟာ တိုင်းဒေသကြီးအဆင့် အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးထားပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ရပ်ရေးဆိုင်ရာစာချုပ် မူကြမ်းရေးဆွဲရေး အစည်းအဝေးကို ပထမဆုံး တက်ရောက်လာပါတယ်။
"ကျနော်တို့ သွားမလို့ အခုလမ်းမှာ၊ လမ်းမှာ။ ကျနော်တို့ ဒီဘက်က ၇ ယောက်လောက် ပါပါတယ်။ ကိုယ်စားလှယ် ၇ ယောက်လောက် ပါပါတယ်" - UWSP ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်
ရခိုင်ပြည်နယ်၊ မောင်တောဒေသအတွင်း သန်းကောက်စာရင်းကောက်ယူရာမှာ ရိုဟင်ဂျာ-ဆိုတဲ့အမည် ဖြည့်ခွင့်မပြုတဲ့အတွက် စာရင်းကောက်ခံလို့မရတဲ့ ကျေးရွာအတော်များများရှိပေမယ့် အခြေအနေ တည်ငြိမ်မှုရှိနေဆဲဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က အရေးပေါ် အခြေအနေတွေကြောင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်တွေမှာ အပြောင်းအလဲတွေ ဖြစ်ပြီး ကချင်ခရီးစဉ်ဖျက်သိမ်းပြီးနောက် ရခိုင်ကို သွားမှာဖြစ်ပါတယ်။
"အမေရိကန်နိုင်ငံမှာ လုပ်နေတဲ့ လူဝင်မှုကြီးကြပ်ရေး ပြဿနာကို ကျနော်တို့က ဖိအားပေးလို့မရသလို၊ ကျနော်တို့ နိုင်ငံရဲ့လူဝင်မှုကြီးကြပ်ရေးပြဿနာ၊ နိုင်ငံသား ဖြစ်မှုဆိုင်ရာ ပြဿနာကို ဘယ်သူကမှ လာပြီးတော့ ဖိအားပေးလို့ မရပါဘူး။" - ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌနဲ့အဖွဲ့ဟာ မိုင်းလားအထူးဒေသ ၄ က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး အပစ်ရပ်ရေးမှာ ပါဝင်လက်မှတ်ရေးထိုးဖို့ ဖိတ်ကြားခဲ့ပြီး ဝပြည်ဘက်ကို သွားဖို့ ခရီးစဉ်ကတော့ ရာသီဥတုအခြေအနေကြောင့် ဖျက်သိမ်းခဲ့ပါတယ်။
"အများပြည်သူဝန်ဆောင်မှု မီဒီယာ ပေါ်ပေါက်လာတဲ့အခါ နေ့စဉ်ထုတ် သတင်းစာများတွင် မြန်မာဘာသာဖြင့်သာမက တိုင်းရင်းသားများရဲ့ စာပေနဲ့ ပုံနှိပ်ထုတ်ဝေပြီး ကျေးလက်ဒေသအထိ ဖြန့်ချိနိုင်ရေးအတွက် ကူညီပေးနိုင်ရန်လည်း မျှော်လင့်ထားပါတယ်။" ပြန်ကြားရေးဒုဝန်ကြီးဦးပိုက်ထွေး
"အခု ကျောက်စိမ်းရုံးမှာ တည် ထားတယ်ပေါ့။ ဘယ်သူကြည့်ချင်လည်း သိရအောင်ပေါ့။ လုံးခင်းကျောက်စိမ်းရုံးမှာ တည်ထားတယ်ပေါ့။" - တူးဖော်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ကော်မတီအဖွဲ့ဝင်
"ကျနော်တို့ ကန့်ကွက်တယ်ဆိုတဲ့ဥစ္စာက ချင်းလူမျိုးတွေ ဆန္ဒမပါဘဲနဲ့ ချင်းမျိုးနွယ်စုကို ၅၃ အနေနဲ့ သူတို့ ကောက်ခံတဲ့အပေါ်မှာ ကျနော်တို့က ကန့်ကွက်တယ် အဲ့ဒီဥစ္စာ" - CNF တွဲဖက် အထွေထွေအတွင်းရေးမှူး ပူးပေါလ်ဆီထာ
မတ်လကုန်မှာစတင်မယ့် သန်းခေါင်စာရင်းကောက်ယူမှုမှာ မျိုးနွယ်စုအမည်မှားယွင်းမှု၊ ကျန်ရှိနေမှု၊ မျိုးနွယ်စုတခုတည်းကို ဒေသန္တရအခေါ်နဲ့ နှစ်ကြိမ်၊ သုံးကြိမ်ဖော်ပြမှုတွေကို တွေ့နေရတဲ့အတွက် တိုင်းရင်းသားမျိုးနွယ်စုတွေက ကန့်ကွန်နေပြီး ဖြေရှင်းပေးဖို့လည်း တောင်းဆိုထားကြပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က ၂၅ နှစ်အတွင်း ကျဆုံးခဲ့တဲ့ ကျောင်းသားစစ်သည် (၇၀၀) ကျော်ထဲက ကယားနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ကျဆုံးရဲဘော်တွေအတွက် အမှတ်တရ ဂုဏ်ပြုလွှာပေးအပ်ပွဲ အခမ်းအနားကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။
ဗန်းမော်ခရိုင်အတွင်းမှာ ဒီကနေ့ မြန်မာအစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့အကြား နေရာ ၄နေရာလောက်မှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေပါတယ်။
"တယောက်ယောက်ရဲ့ အစီအမံနဲ့ ကိုယ့်ဟာကိုယ် ရှို့တဲ့ပုံစံပါပဲ။ နေအိမ်ခေါင်မိုးတွေပေါ်မှာလည်း ကောက်ရိုးတို့ ဘာတို့ တင်ထားတာ အကုန်တွေ့ပါတယ်။ သူ့ဟာသူ ရှို့တဲ့အခြေအနေပါပဲ။ ဘာလို့လဲဆိုတော့ ဗမာတွေက သွားလုပ်စရာ အကြောင်းမရှိဘူး။ တိုင်းရင်းသားတွေက ဒီနားမှာ လူနည်းစုပါ။" - မောင်တောခရိုင် ရဲမှူးကြီး ရွှေသန်း
နောက်ထပ်ကြည့်ရှုရန်