သင်တန်းသား ၂၃ ယောက် ကျဆုံးခဲ့တဲ့တိုက်ခိုက်မှုနောက်ပိုင်းမှာ နှစ်ဖက် တွေ့ဆုံဆွေးနွေးဖို့ အစိုးရဖက်က ကချင်လွတ်လပ်ရေးအဖွဲ့ကို ကမ်းလှမ်းထားပြီး KIO ကတော့ အဖြစ်မှန်ဖော်ထုတ်ရေးအတွက် လိုအပ်ရင် လူမှုအဖွဲ့အစည်းတွေသာမက ကုလသမဂ္ဂနဲ့တရုတ်နိုင်ငံကပါ ပါဝင် ကူညီဆောင်ရွက်ရေးအတွက် ကမ်းလှမ်းဖို့ စဉ်းစားနေပါတယ်။
"ခရာတောင်ကနေပြီးတော့မှ ဒီ KIO-KIA ဗိုလ်လောင်းသင်တန်းကျောင်းကို လှမ်းပစ်တယ်ခင်ဗျ။ လှမ်းပစ်တဲ့နေရာမှာ KIO ဘက်ကတော့ ဗိုလ်လောင်းသင်တန်းသားတွေ အယောက် ၂၀ သေပြီးတော့မှ ၁၆ ယောက် ဒဏ်ရာရသွားတာ ရှိပါတယ်ဗျ"
"အဲ့ဒီက ထွက်ပေါ်လာတဲ့ ဥပဒေကြမ်းတွေကို တချို့ကိစ္စက referendum လုပ်ရမယ်။ ပြည်သူ့ဆန္ဒခံယူရမယ်။ အဲ့ဒါကို လာမယ့် ၂၀၁၅ မေလအတွင်းမှာ ဆောင်ရွက်မယ်။ အဲ့ဒီကနေ ထွက်ပေါ်လာတဲ့ဟာကို ၂၀၁၅ ရွေးချယ်တင်မြှောက်ပွဲပြီးလို့...." - သူရဦးရွှေမန်း
အချိုးကျကိုယ်စားပြုစနစ် PRကျင့်သုံးရေး နဲ့ပတ်သက်ပြီး ဒီကနေ့ ပြည်သူ့လွှတ်တော် မှာ ဆွေးနွေးရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဒီစနစ်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီကြောင်း မှတ်ချက်ပြုတာကြောင့် ပြည်သူ့လွှတ်တော် က ဒီစနစ်ကို မကျင့်သုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့လ နောက်ဆုံးပတ်လောက်ကနေစတင်ပြီး စစ်ရေးတင်းမာနေခဲ့တဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အောင်ဘာလေကျေးရွာဖက်မှာ အခု အခါမှာတော့ အစိုးရတပ်တွေပြန်လည် ရုပ်သိမ်းတာတွေရှိတာကြောင့် အခြေအနေဟာ အရင်လို ပြန်လည် တည်ငြိမ်လာနေပြီ ဖြစ်ပါတယ်။
"၁၉၈၂ ဒီနိုင်ငံသားဥပဒေကို လုပ်တုန်းက သူတို့တွေကိုချည်းသက်သက် ရည်ရွယ်ပြီး လုပ်ခဲ့တာမှ မဟုတ်တာ။ နိုင်ငံသားဖြစ်ချင်တဲ့သူတွေ အားလုံးကို ရည်ရွယ်တာပဲ။ ဘယ်နိုင်ငံကမှ ဒီ citizenship ကို လာပြီး နိုင်ငံခြားသားတွေ လာပြောလို့ ရမှာမဟုတ်ဘူး။ ဗိုလ်ကျလို့လည်းမရဘူး ကိုယ်တို့နိုင်ငံကိုလေ"
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကို လာမယ့်နှစ် အောက်တိုဘာလကုန် ဒါမှမဟုတ် နောက်အကျဆုံး နိုဝင်ဘာလဆန်းမှာ ကျင်းပမယ်လို့ ဒီကနေ့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပြောဆိုပါတယ်။
"ထူးဖောင်ဒေးရှင်းကနေ ရဟတ်ယာဉ် ၂ စင်းနဲ့ ပူတာအိုအခြေစိုက် ဗျူဟာ တပ်မတော်သားတွေရော၊ တပ်ခွဲတွေရော၊ နောက်ပြီးတော့ ရွာစဉ်တလျှောက် အကုန်လုံးနီးပါး ရဟတ်ယာဉ်သွားတဲ့လမ်းတလျှောက်ကို ပိုက်စိပ်တိုက် ရှာဖွေနေပါတယ်။ ဒါပေမဲ့လည်း ထူးခြားမှု တစုံတရာ မရရှိသေးပါဘူး အခုအချိန်ထိ။"
ပျောက်ဆုံးတောင်တက်သမား ၂ ဦးနဲ့ ထိုင်းနိုင်ငံက ငှားရမ်းထားတဲ့ B4 ရိက္ခာပို့ ဂျက်လေယာဉ်ကို ရှာဇွေဖို့ တရုတ်နိုင်ငံက Sky Blue ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ ထပ်မံရောက်ရှိလာပါပြီ။
တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ် ရေးဆွဲဖို့အတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေရဲ့ ဆဌမအကြိမ် ဆွေးနွေးပွဲ ဟာ ဒီကနေ့ ပြီးဆုံးသွားခဲ့ပြီး အပစ်အခတ်ရပ်စဲရေး စာချုပ် စတုတ္ထမူကြမ်းကို အတည်ပြုနိုင်ခဲ့ပါတယ်။
တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းရရှိရေးအတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ ဒီကနေ့ ရန်ကုန်မြို့မှာ ဆဌမအကြိမ်အဖြစ် ထပ်မံတွေ့ဆုံပြီး အရင်က မပြီးပြတ်သေးတဲ့ အချက် ၄ ချက်ကို ဆက်လက် ဆွေးနွေးကြပါတယ်။
ရှမ်းပြည်နယ် တောင်ကြီးခရိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ ရပ်ကျေး ဒုဥက္ကဋ္ဌကို သတ်သူလို့ သံသယရှိသူတဦးကို ရဲတပ်ဖွဲ့က သွားရောက် ဖမ်းဆီးချိန်မှာ ထွက်ပြေးသွားတဲ့အတွက် ပဟ်ခတ်ဖမ်းဆီးခဲ့ရတဲ့အတွက် တရားခံလို့ ယူဆရသူမှာ သေနတ်ဒဏ်ရာနဲ့ တောင်ကြီးဆေးရုံမှာ ကွယ်လွန်သွားပါတယ်။
"အောက်တိုဘာလမှာ အကောင်အထည်ဖော်ဖို့ရှိပါတယ်။ နိုင်ငံတော်အကြီးအကဲကလည်း ကျနော့်ကို အောက်တိုဘာလမှာ အကောင်အထည်ဖော်ပါလို့ ပြောပါတယ်။ အဲတော့ ကျနော်လည်း ကတိပေးပြီးပါပြီ"
ဖွဲ့စည်းပုံနဲ့ မူဝါဒပိုင်းဆိုင်ရာကွဲလွဲမှုတွေကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကနေ ကရင် အမျိုးသား အစည်းအရုံး KNU က ယာယီနုတ်ထွက်လိုက်ပါတယ်။
"ဖာဆောင်ရွာထဲမှာ မြန်မာစစ်တပ်ကနေပြီးတော့မှ အင်အား ၅၀၀ လောက်တပ်စွဲထားတယ်။ သမ္မတဦးသိန်းစိန်ကိုပေါ့နော် စစ်တပ်ကနေပြီးတော့မှ သူတို့ရဲ့ တပ်သားတွေကို ရွာထဲကနေ ဆုတ်ခွာပေးဖို့နဲ့ ပြီးရင် ပျက်စီးသွားတဲ့ လယ်ယာမြေတွေ၊ ဆုံးရှုံးသွားတဲ့ ပစ္စည်းဥစ္စာတွေအတွက် လျော်ပေးဖို့အတွက် အသနားခံစာ ပို့ခဲ့တာရှင့်"
"ဒီ MSF အဖွဲ့ ထွက်သွားပြီးတဲ့နောက်ပိုင်း တီဘီသလိပ်ကို ဒီစစ်တွေဆေးရုံကြီး ဓာတ်ခွဲခန်းကို ပို့လို့ရှိရင်ပေါ့ တလလောက်ကြာပြီးတော့ နောက် အဖြေရောက်လာတဲ့အချိန်မှာလည်း ရောဂါ မရှိဘူးဆိုတဲ့ အဖြေပဲလာတယ် အမြဲတမ်း။ အဲ့ဒီတော့ ဒီတီဘီရောဂါက အရမ်းများနေတယ် ဒီဘက်မှာ အခုလောလောဆယ်။"
မြန်မာ့ငြိမ်းချမ်းရေးအတွက် ဘက်ပေါင်းစုံ အလွတ်သဘောဆွေးနွေးပွဲကို ဒီကနေ့ ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် ဆွေးနွေးခဲ့ကြပြီး အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်ဘက်က တပြည်လုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို ဒီဇင်ဘာလမှာ အစောဆုံးထားပြီး လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်လင့်ကြောင်း ဗွီအိုအေကို ပြောပါတယ်။
လူနှစ်ဦးသေဆုံးတဲ့အထိ ဆူပူအကြမ်းဖက်တာတွေဖြစ်ခဲ့တာကြောင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရတဲ့ မန္တလေးမြို့မှာ ဒီကနေ့ ညနေ ၆ နာရီကစတင်ပြီး တားမြစ်မိန့်ကို ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။
UPWC နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့ရဲ့ အလွတ်သဘောတွေ့ဆုံရာမှာ အရင်က ညှိနှိုင်းရခက်နေတဲ့ မူဝါဒတွေနဲ့ စကားရပ်တွေ အပြေလည်ဆုံးညှိနှိုင်းနိုင်ခဲ့ပြီး နှစ်ဖက်စလုံးက အားရကျေနပ်မှုရရှိကြောင်း ပြောပါတယ်။
"အဓိကအရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကတော့ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံးအနေနဲ့ပေါ့နော် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ မူအပေါ်မှာ ဆက်လက် ရပ်တည်သွားမယ်။ အဲ့ဒီအပေါ်မှာပဲ ဆက်လက် ဆွေးနွေးသွားမယ်"
နောက်ထပ်ကြည့်ရှုရန်