"အများကြီးသေပါတယ်။ ကျနော်တို့ ကွမ်းလုံဒေသက အများကြီးသေပါတယ်။ မြေးကလေးလည်းသေတယ်။ အဖွားကြီးလည်းသေတယ်။ သာမန်ရွာသားလည်းသေတယ်။ ၄၆၀ လောက်သေတယ်။ ဒီလိုသေပျောက်တယ်ဆိုတာ တကယ်သေတာ။ အများကြီးသေတယ်နော်။ ကျနော့်အမျိုးလည်းသေသွားတယ်။"
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေချိန် ကချင်ပြည်နယ်အတွင်းမှာတော့ အစိုးရတပ်ဖက်က စစ်အင်အား တိုးချဲ့လာနေပြီး အရင်ရက်ပိုင်းတွေက ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်အနီးကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ရှိနေတယ်လို့ KIO က တာဝန်ရှိသူတဦးက ပြောပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေနဲ့က သူတို့တပ်မတော်အနေနဲ့က ဘယ်သူရဲ့ဌာနချုပ်ကိုမှ ထိုးစစ်ဆင်ပြီး တိုက်ခိုက်တာမျိုးမရှိဘူး။ သို့သော်လည်း သူတို့အနေနဲ့ ခုခံကာကွယ်ရုံမှလွဲလို့ ကျန်တာ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ မရှိဘူးဆိုတာကိုတော့ သူ့အနေနဲ့ အလေးအနက်ထား ကတိပေး ပြောကြားပါတယ်။
"ရဟတ်ယာဉ် ၃ စင်းနဲ့ လာရောက်ပြီး ဗုံးကျဲ တိုက်ခိုက်တယ်ခင်ဗျ။ သူတို့ အဲဒီ ၃ စီး ပြန်သွားပြီးတော့ ၁ နာရီ မိနစ် ၂၀ လောက်မှာဆိုရင် ဂျက်လေယာဉ် ၂ စီးနဲ့ တိုက်ခိုက်တယ်။ ဈေးသူဈေး သားတွေလည်း ဈေးပိတ်ပြီးတော့ တရုတ်ပြည်ဘက် ပြန်တာသွားတာမျိုးတွေ အများကြီးရှိတယ်။ ကျောင်းတွေလည်း အကုန်လုံးပိတ်ထားတယ်။"
ကချင်ပြည်နယ် ဖားကန့်ဒေသ၊ ကံဆီးရွာမှာ ခိုလှုံနေတဲ့ စစ်ရှောင်ရွာသားတွေကို နေရပ်ရင်း ပြန်ခိုင်းတာကြောင့် ရာနဲ့ချီတဲ့ ရွာသားတွေဟာ ပိုမိုပြီး လုံခြုံမှုရှိတဲ့ ဖားကန့်မြို့ကို ပြောင်းရွှေ့ခိုလှုံနေကြရပါတယ်။
ဒီကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ တောင်းဆိုတဲ့ နိုင်ငံရေးအာမခံချက်တစုံတရာ ရရှိဖို့ ဆိုတဲ့ ကိစ္စပါ။ အဲ့တာကတော့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်သွားဖို့ အတွက် ဆက်လက်ဆွေးနွေးပါမည် ဆိုတဲ့အချက်၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ဖို့အတွက် ညှိနှိုင်းဆွေးနွေးသွားမည်ဆိုတဲ့ အချက်တွေပါ"
လာမယ့် ပြည်ထောင်စုနေ့မှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက် တရပ်ကို လက်မှတ်ရေးထိုးဖို့ အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ UNFC က ကမ်းလှမ်းလိုက်ပါတယ်။
"သောင်းနဲ့ချီပြီး တက်လာတယ်။ ခြံဝင်းပြည့်နေပြီ လူတွေက၊ အပြင်မှာ လည်း ဈေးအထိ လူတွေက တန်းစီနေပြီ။ ကားကလည်း အစင်းထောင်နဲ့ ချီတယ်။ မြစ်ကြီးနားမြို့တမြို့လုံး ကားတွေပြည့်နေပြီ လိုက်ပို့တဲ့ကားက။ မြစ်ကြီးနားကနေ သွားကြိုတာ သွားကြိုတဲ့လူတောင် သုံးထောင်၊ လေးထောင်လောက်ရှိတယ်။ "
"အမျိုးသမီးတွေကို မတော်မတရား ပြုကျင့်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် အနိုင်ကျင့်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် တရားမျှတမှုကို ဖော်ထုတ်ပေးပါ။ တိုင်းပြည်မှာ ရှိတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ ထိခိုက်နစ်နာဆုံးရှုံးမှုနဲ့ ပတ်သက်ရင် အဓိက တာဝန်အရှိဆုံး သည် အစိုးရနဲ့ သူ့ရဲ့ ယန္တယားဖြစ်တယ်။"
"မုဒိမ်းကျင့်တယ်။ နောက်ပြီးတော့ တယောက်က ဓားနဲ့မွှန်းတယ်၊ ရင်ဘတ်မှာလည်း ဓားနဲ့ထိုးသတ်ထားတယ်။ ပြီးတော့ ခေါင်းကိုလည်း ရိုက်ထားတယ်။ ခေါင်းက ကွဲနေတယ်။ တယောက်က ဓားရာတော့မရှိဘူး။ ခေါင်းကကွဲနေတယ်။ ကိုယ်တုံးလုံးနဲ့ပေါ့"
ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA က ဖမ်းဆီးသွားတဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၃ ဦးလွတ်မြောက်ရေးဖို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့က KIA တပ်ရင်း (၆) ကို သွားရောက်ခေါ်ဆောင်နေပြီး ဒီကနေ့ညပိုင်းမှာ လွတ်မြောက်လာနိုင်ဖွယ်ရှိနေပါတယ်။
"ပြည်ထောင်စုအစိုးရအနေနဲ့ တကယ် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို တကယ် လက်တွေ့ကျကျ ဖော်ဆောင်ချင်တယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်က အဆိုပြုထားတဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကနေပြီးတော့ စတင်သင့်တယ်လို့ ကျနော်ကတော့ ယူဆတယ်"
သမ္မတနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသားရေးရာဝန်ကြီးတွေ၊ တိုင်းရင်းသားကိုယ်စားလှယ်ခေါင်းဆောင်တွေရဲ့ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးပွဲမှာ အဓိကကျတဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တွေ ချမှတ်နိုင်တာမရှိပေမဲ့ လိုအပ်ရင်လိုအပ်သလို ဒီလိုဆွေးနွေးပွဲတွေ ကျင်းပသွားဖို့ သဘောတူခဲ့ကြပါတယ်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲ ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ နိုင်ငံရေးထိပ်သီးခေါင်းဆောင်တွေ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေကို လာမယ့် တနင်္လာနေ့မှာ တွေ့ဆုံဖို့ နိုင်ငံတော် သမ္မတက ဖိတ်ကြားထားပါတယ်။
"မြေက အိပြီးတော့ လျှောပြီးတော့ ပြိုကျသွားတာဗျ။ ကုမ္ပဏီလုပ်ငန်းက မြေစာပစ်တဲ့အချိန်မဟုတ်ဘဲနဲ့ ည ဂျူတီချိန်းတဲ့အချိန်ဆိုတော့ ရေမဆေးရှာတဲ့သူကတော့ ရှိတော့ရှိတယ်ဗျ။ နည်းတာပေါ့နော်။ အခု ဖြစ်တဲ့နေရာဆိုရင် အောက်ဘက်နားမှာ ဆိုင်လေးတွေရှိတယ်ဗျ"
မြန်မာနိုင်ငံအတွင်း အပစ်အခတ်ရပ်စဲရေးတွေ လုပ်နိုင်မှသာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်နိုင်လိမ့်မယ်လို့ မြန်မာသမ္မတဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံစဉ် ပြောလိုက်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းမှာ စစ်ရေးအခြေအနေ တင်းမာနေပြီး ဒီကနေ့လည်း တိုက်ပွဲထပ်မံ ဖြစ်ပွားနေတယ်လို့ တအာင်းခေါ် ပလောင်တပ်ဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။
၂၀၁၄ ခုနှစ် ကမ္ဘာ့ ခုခံအားကျဆင်းမှုတိုက်ဖျက်ရေးနေ့ World AIDS Day ဆောင်ပုဒ်ကို အောင်မြင်အောင်ဆောင်ရွက်ဖို့ဆိုရင် အချိန်ယူ ဆောင်ရွက်ဖို့နဲ့ ပြုပြင်ပြောင်းလဲတာတွေ လုပ်ဆောင်ဖို့လိုအပ်မယ်လို့ နယ်စည်းမထားဆရာဝန်များအသင်းက ထောက်ပြပါတယ်။
"နိုင်ငံရေးအင်အားစုအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို မကြာခဏ ပြုလုပ်သွားဖို့ လိုအပ်ပါတယ်။ မကြာခဏလည်း ပြုလုပ်သွားဖို့ ရှိပါတယ်။ အဲတော့ အားလုံး ပါဝင်နိုင်အောင် ကျနော်တို့ ကြိုးပမ်းပြီးတော့ ဆောင်ရွက်သွားမယ်ဆိုတာကို ကတိပြုပြီးတော့ ပြောကြားလိုပါတယ်"
"ဒီရွာထဲမှာ ကျတဲ့ဟာက နွားတကောင်ထိသွားတယ်၊ လူတော့ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ ဒီလို ရွာမှာကျလာတယ်ဆိုတော့ စိုးရိမ်ရတာပေါ့။ မိုင်းရှုးရွာဆိုတာတော့ ဒီအောက်မှာဖြစ်တယ်။ ဒါကြောင့် ဒီရွာတွေက ပြောင်းမှပဲ လုံခြုံမှုရှိနိုင်တယ်လို့ ပြောတော့ပြောထားပါတယ်"
နောက်ထပ်ကြည့်ရှုရန်