အမေရိကန်ပြည်ထောင်စုမှာ ဝိုင်၊ ဘီယာ၊ အရက် စတဲ့ အဖျော်ယမကာပုလင်းတွေမှာ ပါဝင်ပစ္စည်းနဲ့ အဟာရဆိုင်ရာ အချက်အလက်တွေ ဖော်ပြဖို့ ဘဏ္ဍာရေးဝန်ကြီးဌာနက အဆိုပြုပါတယ်။ ဒါတင်မက ဓါတ်မတည့်တဲ့ အရာတွေကိုပါ သတိပေးဖော်ပြရမယ်လို့ ကြာသပတေးနေ့က အဆိုပြုခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ တနင်္ဂနွေနေ့ မနက် ဒေသစံတော်ချိန်မနက် ၈ နာရီခွဲမှာ စတင်အသက်ဝင်မယ့် အပစ်ရပ် သဘောတူညီချက်အရ အစ္စရေးဓားစာခံတချို့ စတင်လွတ်လာတော့မယ်လို့ အစ္စရေးဝန်ကြီးချုပ်က ပြောပါတယ်။
အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump နဲ့ တရုတ်သမ္မတ Xi Jinping တို့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ၂ နိုင်ငံလုံးအတွက် အရေးကြီးတဲ့ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ TikTok ကုမ္ပဏီအတွက် ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းတွေကို အရေးမယူဘူးဆိုတဲ့ အာမခံချက်ကို အမေရိကန်အစိုးရက မပေးရင် မနက်ဖြန် တနင်္ဂနွေနေ့ကစပြီး TikTok လူမှုကွန်ရက်ကို လုံးဝပိတ်လိုက်မယ်လို့ TikTok ကုမ္ပဏီက ပြောလိုက်ပါတယ်။
ကလေးမြို့မြောက်ပိုင်း စော်ဘွားရေရှင် ကျေးရွာတဝိုက်ကို စစ်တပ်က ဒီနေ့ ဇန္နဝါရီလ ၁၉ ရက်နေ့ မနက်ပိုင်းက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၃ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဇန်နဝါလ ၁၂ ရက်နေ့က ဖယ်ခုံမြို့နယ် တောင်ပိုင်း လအိကျေးရွာအနီးတဝိုက်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၄လုံး ကြဲကျတိုက်ခိုက်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။
ဟာမတ်စ်တို့ဖမ်းထားတဲ့ ဓါးစားခံတွေလွတ်မြောက်ရေးအပါအဝင် အစ္စရေးနဲ့ ဂါဇာအကြား အပစ်ရပ်သဘောတူညီချက်တရပ် ရက်ပိုင်းအတွင်း ထွက်လာနိုင်ခြေရှိတဲ့ လက္ခဏာတွေ မြင်နေရပါတယ်။
အမေရိကန်ပြည်ထောင်စုအနောက်ခြမ်း၊ ကယ်လီဖိုနီးယားပြည်နယ် Los Angeles မှာ လောင်ကျွမ်းနေတဲ့ တောမီးဟာ လေတိုက်နှုန်း မြင့်လာတာကြောင့် လာမယ့်ရက်တွေမှာ ဆိုးလာနိုင်တယ်လို့ အမေရိကန်အရေးပေါ်စီမံခန့်ခွဲရေးဌာန ထိပ်တန်းတာဝန်ရှိသူတဦးက သတိပေးလိုက်ပါတယ်။
ရွေးကောက်ပွဲရလာဒ်ကို ပြန်လှန်ဖို့ ကြိုးစားခဲ့တဲ့ ၂၀၂၁ ဇန်နဝါရီ ၆ ရက် လွှတ်တော်စီးနင်းမှုမှာ အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်သူတွေကို လွတ်ငြိမ်ခွင့်ပေးဖို့မသင့်ဘူးလို့ ရွေးကောက်ခံဒုသမ္မတ JD Vance က ပြောလိုက်ပါတယ်။
ထိုင်းနိုင်ငံထဲကို တရားမဝင် လူကုန်ကူးလာတဲ့သူလို့ဆိုတဲ့ မြန်မာနိုင်ငံသား ၂ ယောက်ကို ထိုင်းနိုင်ငံ ဆန်ခလဘူရီခရိုင်မှာ ဒီနေ့မနက်ပိုင်းမှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။
ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တန်ပြန်ဖို့လက်နက်တွေအပါအဝင် ယူကရိန်းကို ပေးမယ်လို့ ကတိပြုထားတဲ့ လက်နက်တွေအားလုံးပေးဖို့ ယူကရိန်းသမ္မတ Volodymyr Zelenskiy က မဟာမိတ်နိုင်ငံတွေကို ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
ဆီးရီးယားအရေး ဆွေးနွေးဖို့ အရှေ့အလယ်ပိုင်းဒေသနဲ့ ဥရောပက ထိပ်တန်းသံတမန်တွေ ဒီကနေ့ပဲ ဆော်ဒီနိုင်ငံ Riyadh မြို့တော်ကို ရောက်လာကြပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မှာ တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၁၁ ယောက်ကနေ ၁၆ ယောက်အထိ တိုးလာကြောင်း ဆေးဖက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးရုံးက အတည်ပြုလိုက်ပါတယ်။
ကချင်ပြည်နယ်က သယံဇာတထွက်ရာ တနိုင်းမြို့နယ်က ရွှေမှော်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၅ ယောက်ထက်မနည်း သေဆုံးပြီး၊ ၁၀ ယောက် ဒဏ်ရာရခဲ့ကြောင်း ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA က ပြောလိုက်ပါတယ်။
မလေးရှားနိုင်ငံကနေ အင်ဒိုနီးရှားနိုင်ငံကို ဆက်လက်ခရီးထွက်လာတဲ့ ဂျပန်ဝန်ကြီးချုပ် Shigeru Ishiba နဲ့ အင်ဒိုနီးရှားသမ္မတ Prabowo Subianto တို့ Bogor မြို့က သမ္မတအိမ်တော်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Los Angeles တဝိုက် တောမီးဒဏ်ခံရတဲ့နေရာတွေမှာ နေအိမ်တွေထဲ ဝင်ရောက် ခိုးယူမှုတွေကနေ ကာကွယ်နိုင်ဖို့ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။
တရုတ်နဲ့ ယူကေနိုင်ငံကြား စီးပွားရေး၊ ဘဏ္ဍာရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးမှု ဘေဂျင်းမြို့တော်မှာ ဒီနေ့ လုပ်ခဲ့ပါတယ်။ ၁၁ ကြိမ်မြောက် တရုတ်-ယူကေ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးပွဲကို ယူကေဘဏ္ဍာရေးဝန်ကြီး Rachel Reeves နဲ့ တရုတ်ဒုတိယဝန်ကြီးချုပ် He Lifeng တို့က ဖွင့်လှစ် မိန့်ခွန်းပြောခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ကျောက်တော်မြို့ပေါ်ကို စစ်ကောင်စီက ဒီနေ့ လေကြောင်းကနေ ဗုံးကြဲခဲ့လို့ အရပ်သား ၈ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေထဲ စီးဝင်တဲ့ မြစ်မကြီးပေါ်မှာ တရုတ်နိုင်ငံက ကမ္ဘာ့အကြီးဆုံး ရေကာတာ တည်ဆောက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ကြောင့် ၂ နိုင်ငံစလုံးက စိုးရိမ်လာကြပါတယ်။
အမေရိကန်နိုင်ငံမှာ ကွယ်လွန်သူ သမ္မတဂျင်မီကာတာအတွက် ဇန်နဝါရီလ ၉ ရက်၊ ကြာသပတေးနေ့မှာ တနိုင်ငံလုံးဝမ်းနည်းပူဆွေးရတဲ့နေ့အဖြစ်သတ်မှတ်ပြီး နိုင်ငံတော် ဈာပနကျင်းပခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်