ယူကရိန်းရဲ့ မဟာမိတ်နိုင်ငံတွေ အနေနဲ့ ရုရှားကျူးကျော်မှုကို တွန်းလှန်နေတဲ့ ယူကရိန်းကို အကူညီပေးနေမှုတွေ ရပ်မပစ်ဖို့ယူကရိန်း သမ္မတ Volodymyr Zelenskyy က ကြာသပတေးနေ့မှာ ပန်ကြားလိုက်ပါတယ်။
အစ္စရေး - ဟားမတ်စ် တိုက်ပွဲကြောင့် ကြာသပတေးနေ့က လူ ၇၀ ထပ်ပြီး သေဆုံးခဲ့ရတဲ့အတွက် အခုဆို ၂၀၂၃ အောက်တိုဘာ စစ်ပွဲစတင်ချိန်ကစပြီး ပါလက်စတိုင်းသေဆုံးရသူဟာ ၄ ၆၀၀ ကျော်သွားပြီလို့ ဂါဇာကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဧဝရက်တောင်အနီး တရုတ်နိုင်ငံ အနောက်ပိုင်း နီပေါနိုင်ငံနဲ့ နယ်စပ် တိဗက်ဒေသမှာ ဒီနေ့ အင်္ဂါနေ့မနက် ပြင်းထန်တဲ့ မြေငလျင်ကြောင့် လူ အနည်းဆုံး လူ ၅၃ ယောက်သေဆုံးတဲ့အကြောင်း ကနဦးသတင်းတွေ ထွက်လာပါတယ်။
ဟစ်ဇ်ဘိုလာခေါင်းဆောင် Hassan Nasrallah ဟာ မနှစ်က အစ္စရေး လေကြောင်းတိုက်ခိုက်မှုအတွင်း သူတို့အဖွဲ့ရဲ့ စစ်ဆင်ရေးအခန်းထဲမှာ သေဆုံးသွားခဲ့တယ်လို့ ဟစ်ဇ်ဘိုလာ အကြီးတန်းလုံခြုံရေးအရာရှိတဦးက ပြောကြားသွားပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆီးရီးယားအပေါ် အရေးယူဒဏ်ခတ်မှုတွေ ပြန်ရုပ်ပေးဖို့ ဆီးရီးယားနိုင်ငံ အသွင်ကူးပြောင်းရေးအစိုးရအဖွဲ့က ဝန်ကြီးတွေက တိုက်တွန်းပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အရပ်သားတွေကိုပေးတဲ့ အဆင့်အမြင့်ဆုံးဆုဖြစ်တဲ့ Presidential Medal of Freedom သမ္မတရဲ့ လွတ်လပ်မှုဆုကို လူ ၁၉ ဦးကို သမ္မတဂျိုးဘိုင်ဒန်က အိမ်ဖြူတော်မှာ မနေ့စနေနေ့က ချီးမြှင့်ခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ လွှတ်တော်က အရေးယူဖယ်ရှားဖို့ ဆုံးဖြတ်ထားတဲ့ သမ္မတ Yoon Suk Yeol ကို ဖမ်းဆီးဖို့ ကြိုးပမ်းရာမှာ ပူးပေါင်းဆောင်ရွက်နိုင်မှာ မဟုတ်ကြောင်း သမ္မတရဲ့ လုံခြုံရေးအထူးတပ်ဖွဲ့ အကြီးအကဲက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
ကွယ်လွန်သူ အမေရိကန်သမ္မတဟောင်း Jimmy Carter ရဲ့ ၆ ရက်ကြာ ဈာပနအခမ်းအနားတွေကို ဇာတိ ဂျော်ဂျီယာပြည်နယ်မှာ စတင်နေပါပြီ။ ဒီဇင်ဘာလ ၂၉ ရက်နေ့က ကွယ်လွန်ချိန်မှာ အသက် ၁၀၀ ရှိပြီဖြစ်တဲ့ သမ္မတဟောင်း ကာတာရဲ့ ဈာပနအခမ်းအနားကိုတော့ ဇာတိ Plains မြို့မှာ စနေနေ့ ဒေသစံတော်ချိန် ၁၀ နာရီ ၁၅ မိနစ်မှာ စတင်ခဲ့တာပါ။
ဗွီအိုအေ အမေရိကန်အသံ ရုံးချုပ်ရှိရာ ဝါရှင်တန်ဒီစီနဲ့ အနီးဝန်းကျင်ဒေသတွေ အပါအဝင် နေရာတော်တော်များများမှာ ပြင်းထန်တဲ့ နှင်းမုန်တိုင်းအန္တရာယ် ကြုံရနိုင်တယ်လို့ တာဝန်ရှိသူတွေ သတိပေးနေပါတယ်။
ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့အနန်းကွင်း ဗျူဟာကုန်းတပ်စခန်း KNLA /PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြ။
တောင်ကိုရီးယားနိုင်ငံက သမ္မတလုံခြုံရေး အထူးတပ်ဖွဲ့အနေနဲ့ သမ္မတ ယွန်စွပ်ယိုး Yoon Suk Yeol ကို ဖမ်းဖို့ထုတ်ထားတဲ့ ဖမ်းဝရမ်းအတိုင်း လိုက်နာအောင် အမိန့်ပေးပါလို့ ယာယီသမ္မတကို စုံစမ်းစစ်ဆေးရေးမှူးတွေ ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်ခင်က လိင်ဖျော်ဖြေရေးမယ်ကို ငွေပေးနှုတ်ပိတ်ခဲ့တာနဲ့ဆိုင်တဲ့ အမှုအတွက် ရွေးကောက်ခံသမ္မတ Donald Trump ကို ဇန်နဝါရီ ၁၀ ရက်မှာ ပြစ်ဒဏ်ချမယ်လို့ New York မြို့ တရားသူကြီးက ရက်သတ်မှတ်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဒီဇင်ဘာ ၂၉ ရက်နေ့က ကွယ်လွန်သွားတဲ့ သမ္မတဟောင်း Jimmy Carter ရဲ့ ၆ ရက်ကြာ နိုင်ငံတော်ဈာပန အခမ်းအနားတွေကို ဒီနေ့ စတင်ကျင်းပမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ မတရားဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့ ဒီနေ့ကျရောက်တဲ့ ၇၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့မှာ အမေရိကန်ပြည်ထောင်စုက တောင်းဆိုလိုက်ပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးကြိုးပမ်းမှုတွေအတွက် နိုဘယ်ငြိမ်းချမ်းရေးဆုရရှိခဲ့သူ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ အသက် ၁၀၀ ပြည့်နှစ်အရွယ်မှာ ကွယ်လွန်သွားပါပြီ။
တောင်ကိုရီယား လေကြောင်းလိုင်း လေယာဉ်ပျက်ကျမှုမှာ လိုအပ်တဲ့ အကူအညီမှန်သမျှပေးဖို့ အမေရိကန်ဖက်က အသင့်ရှိတယ်လို့ သမ္မတ Joe Biden က ပြောပါတယ်။
ပြုတ်သွားတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို အိန္ဒိယကနေ ဘင်္ဂလားဒေ့ရှ် ပြန်ပို့ဖို့ တောင်းဆိုတာကို အိန္ဒိယက လိုက်လျောမယ့် လက္ခဏာ မပြသဘဲ၊ ခပ်မဆိတ် နေလိုက်ပါတယ်။
အတင်းမာဆုံးအမေရိကန် ဆန့်ကျင်ရေးမူဝါဒကို အကောင်အထည်ဖော်မယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un ကပြောကြောင်း မြောက်ကိုရီးယားနိုင်ငံတော်ပိုင် မီဒီယာက တနင်္ဂနွေနေ့မှာ ဖော်ပြလိုက်ပါတယ်။
ထိုင်းနိုင်ငံကနေ တောင်ကိုရီးယားကို ပျံသန်းလာတဲ့ Jeju လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်ဟာ ဒီကနေ့ ဒေသစံတော်ချိန် မနက် ၉ နာရီလောက်က လေယာဉ်ပြေးလမ်းချော်ပြီး ကာထားတဲ့တံတိုင်းကို ဝင်တိုက်မိပြီး မီးလောင်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၇၉ ဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်