မန္တလေးတိုင်းက ကျေးရွာတခုမှာ ဒီကနေ့ တနင်္ဂနွေနေ့ အစောပိုင်းက စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ လက်နက်ကိုင်ကာကွယ်ရေး အဖွဲ့ဝင်တချို့ အပါအဝင် လူ ၁၇ ဦးထက်မနည်း သေဆုံးပြီး၊ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ဆိုက်လုံးမုန်တိုင်းဒဏ်၊ ရေကြီးတဲ့ဒဏ်နဲ့ ပူလှိုင်းဒဏ်စတဲ့ ပြင်းထန်လှတဲ့ ရာသီဥတုဒဏ်တွေကြောင့် နိုင်ငံပေါင်း ၈၅ နိုင်ငံက ကလေးငယ်ပေါင်း ၂၄၂ သန်းရဲ့ ပညာရေးဟာ အခက်အခဲ အဟန့်အတားတွေ ဖြစ်ခဲ့ရတယ်လို့ UNICEF က သောကြာနေ့တုန်းက ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် Pete Hegseth ဖြစ်တာဝန်ယူ ခန့်အပ်ဖို့ လွှတ်တော်က အတည်ပြုခဲ့ပါတယ်။ သူ့ကို အတည်ပြုရေး အထက်လွှတ်တော်မှာ သောကြာနေ့ ညနေပိုင်းက မဲခွဲခဲ့တာမှာ Republican မဲ ၅၀ Democrat မဲ ၅၀ ဖြစ်ခဲ့တာကြောင့် ဒုသမ္မတ JD Vance က ဝင်ရောက်မဲပေး ဆုံးဖြတ်ခဲ့ရတာပါ။
အမေရိကန်ပြည်ထောင်စုက ပေးနေသမျှ နိုင်ငံတကာ ကူညီထောက်ပံ့မှုအားလုံးနီးပါးကို ရပ်ဆိုင်းရမယ်လို့၊ ပေါက်ကြားလာတဲ့ နိုင်ငံခြားရေးဝန်ကြီး Marco Rubio ရဲ့ ရုံးတွင်းပေးစာမှာ ညွှန်ကြားထားပါတယ်။
Hamas အဖွဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တဲ့ အစ္စရေးအမျိုးသမီးငယ် ၄ ယောက် ဒီနေ့ ပြန်လွတ်လာပါတယ်။ ၂၀၂၃ အောက်တိုဘာတုန်းက အစ္စရေးဒေသတွေထဲ Hamas စစ်သွေးကြွတွေ ဝင်ရောက်တိုက်ခိုက်ပြီး ဖမ်းဆီးသွားတဲ့ အမျိုးသမီး ၄ ယောက် အခုတော့ အစ္စရေးကို ပြန်ရောက်သွားကြပါပြီ။
ထိုင်း၊ မြန်မာနဲ့ ကမ္ဘောဒီယားနိုင်ငံ နယ်စပ်ဒေသတွေမှာ တရှိန်ထိုးကြီးမားကျယ်ပြန့်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နှင်းနိုင်ဖို့ ထိုင်းနဲ့ တရုတ် ညှိနှိုင်းရေးရုံးတခုကို ဘန်ကောက်မြို့မှာ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။
အနာဂတ် မျှော်မှန်းချက်နဲ့ မကိုက်ညီတဲ့ ယခင် သမ္မတ ခန့်ထားခဲ့တဲ့ ဝန်ထမ်း ၁၀၀၀ ကျော်ကို ဖြုတ်မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ Truth လူမှု မီဒီယာ ကွန်ယက်မှာ အင်္ဂါနေ့ အစောပိုင်းက ပြောလိုက်ပါတယ်။
ဒေါ်နယ်လ် ထရမ့် သမ္မတ ဖြစ်လာတာနဲ့အတူ ကုန်သွယ်ရေးစစ် အသစ်တွေ ဖြစ်လာမလား စိုးရိမ်လာကြတဲ့အချိန်မှာ ဥရောပ သမဂ္ဂ၊ ဂျာမနီနဲ့ တရုတ် ခေါင်းဆောင်တွေက ကမ္ဘာတဝှမ်း ပူးပေါင်းဆောင်ရွက်ရေးကို ကာကွယ်ကြဖို့ ကမ္ဘာ့စီးပွါးရေးညီလာခံမှာ အင်္ဂါနေ့က ပြောလိုက်ကြပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသစ် Marco Rubio ဟာ Quad ခေါ် အင်ဒိုပစိဖိတ်ဒေသ ၄ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဝါရှင်တန်ဒီစီမှာ အင်္ဂါနေ့နေ့လည်ကတွေ့ဆုံခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ခမ်းပတ်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အဦးတွေ ထိခိုက်ပျက်စီးပြီး မြို့ခံတွေ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ဟာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဘယ်လို ဆက်ဆံရေး တည်ဆောက်ရမလဲဆိုတာကို အင်္ဂါနေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကင်းဗြားကျေးရွာကို စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်တွေက နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးဝင်ရောက်တာကြောင့် ကင်းဗြားကျေးရွာအပါအဝင် ကျေးရွာ ၃ ရွာလောက် စစ်ဘေးရှောင်နေရပါတယ်။
ထိုင်းနိုင်ငံမှာ အွန်လိုင်းလောင်းကစားတွေကို တရားဝင်ခွင့်ပြုမယ်ဆိုတဲ့ အစီအစဉ်ကြောင့် ရာဇဝတ်ဂိုဏ်းတွေအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ လုပ်ခဲ့သလို သူတို့လုပ်ငန်းတွေကို အွန်လိုင်းပေါ်ကို ရွေ့ပြီး တရားမဝင်ငွေကြေးခဝါချမှုတွေ လုပ်လာမှာ စိုးရိမ်လာကြပါတယ်။
အစ္စရေးနဲ့ ဟာမတ်စ်အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ဟာ ဒေသစံချိန် တနင်္ဂနွေနေ့ မနက် ၁၁ နာရီ ၁၅ မိနစ်မှာ စတင်လိုက်ပါတယ်။
ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ဟာ သူရဲ့ ဒုတိယအကြိမ် သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲမတိုင်ခင် မနေ့ စနေနေ့ကတော့ မိသားစုဝင်တွေ အပါအဝင် သူ့ကို ထောက်ခံသူတွေနဲ့ နိုင်ငံရေးမဟာမိတ်တွေနဲ့အတူ ဝါရှင်တန်ဒီစီမြို့တော်မှာ အောင်ပွဲခံခဲ့ပါတယ်။
တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာကြောင့် အရေးယူခံခဲ့ရတဲ့ သမ္မတ Yoon Suk Yeol ကို တရားဝင် ဖမ်းဆီးခွင့်ပြုဖို့ တရားရုံးက ဆုံးဖြတ်လိုက်တာကြောင့် ထောက်ခံသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြား ဒီကနေ့ ရုန်းရင်ဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
အမေရိကန်မှာ လူပေါင်းသန်း ၁၇၀ လောက် သုံးနေကြတဲ့ TikTok ကို အသုံးပြုခွင့် တားမြစ်တဲ့ ဥပဒေ ဒီနေ့ကစ အသက်ဝင်သွားပါပြီ။ ဥပဒေ စတင်အသက်ဝင်မယ့်နေ့ မတိုင်ခင် စနေနေ့ နှောင်းပိုင်းမှာကတည်းက Apple နဲ့ Google App stores တွေမှာလည်း မရှိတော့ပါဘူး။
အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား အပစ်ရပ်စဲရေး ၃ နာရီ နီးပါးလောက် နောက်ကျခဲ့ပြီးနောက် ဒီကနေ့ပဲ စတင်လိုက်ပါပြီ။ ဟားမတ်စ်တွေ ပြန်လွှတ်ပေးမယ့် ဓားစာခံ ၃ ယောက်ရဲ့ အမည်စာရင်းကို မပေးမချင်း မစနိုင်ဘူးလို့ ဝန်ကြီးချုပ် Netanyahu က ပြောခဲ့တာကြောင့် အပစ်အခတ်ရပ်စဲရေး စတင်ဖို့ သတ်မှတ်ထားတာထက် အနည်းငယ် နောက်ကျခဲ့
ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ၃၀ နီးပါး သေဆုံးခဲ့ကြောင်း အာရက္ခတပ်တော် AA အဖွဲ့က ဒီကနေ့ပဲ သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေကြား စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်မယ့်အစား အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးရဖို့ ဦးစားပေးသင့်တယ်လို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်