အစ္စရေးနဲ့ ဟားမတ်စ်တွေကြား ရထားတဲ့ သဘောတူညီချက် အရ အကျဉ်းသားလဲလှယ်ရေး တတိယ အကြိမ်အဖြစ် ဟားမတ်စ်တွေ ဖမ်းထားတဲ့ အစ္စရေး ၃ ဦးနဲ့ ထိုင်း ၅ ဦး ပါတဲ့ စုစုပေါင်း ဓါးစာခံ ၈ ဦး ကြာသပတေးနေ့မှာ ပြန်လွတ်လာပြီ ဖြစ်ကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။
ဆီးရီးယားကနေ ဆူဒန်အထိ ကမ္ဘာတလွှား လူ့အခွင့်အရေး ချိုးဖေါက်မှု စုံစမ်းစစ်ဆေးရေးဆိုင်ရာ လုပ်ငန်းတွေအတွက် အခု ၂၀၂၅ မှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ချထားပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Volker Turk က ကြာသပတေးနေ့မှာ ပန်ကြားလိုက်ပါတယ်။
ထိုင်းမြန်မာနယ်စပ် ချင်းမိုင်ခရိုင် ဖန်မြို့နယ်မှာ ပစ်ကပ်ကားပေါ် ဆာလာအိတ် ၇၈ အိတ်နဲ့ တင်လာတဲ့ စိတ်ကြွဆေးပြား ၁၅ သန်း ၆ သိန်းကို ဇန်နဝါရီ ၃၀ က ဖမ်းမိခဲ့တယ်လို့ ထိုင်း မူးယစ်ဆေးဝါးနှိမ်နင်းရေး အာဏာပိုင်တွေက ပြောပါတယ်။
ဇန်နဝါရီလထဲမှာပဲ မြင်းခြံခရိုင်ထဲက တောင်သာ ၊ မြင်းခြံ ၊ နွားထိုးကြီး ၊ ငါန်းဇွန်မြို့နယ်တွေကို စစ်တပ်က လေကြောင်းကနေ မကြာခဏဆိုသလို တိုက်ခိုက်နေတဲ့အတွက် တလတည်းမှာပဲ လေကြောင်း တိုက်ခိုက်မှုကြောင့်သေဆုံးသူ ၂၈ ဦး ရှိခဲ့ပါတယ်။ သေဆုံးတဲ့အထဲမှာ ဒေသခံတွေအပြင် PDF တပ်ဖွဲ့ဝင်တွေလည်းပါဝင်နေပါတယ်။
Diversity, Inclusion, Equity and Accessibility (မတူကွဲပြားမှု၊ အားလုံးပါဝင်ခွင့်၊ သာတူညီမျှခွင့်၊ အလွယ်တကူ ရပိုင်ခွင့်) အစီအစဉ်တွေကို အမေရိကန် သမ္မတ အမိန့်နဲ့ ရပ်ဆိုင်းလိုက်သလို၊ ဒီ အစီအစဉ်ရဲ့ အောက်ကနေ မြန်မာနိုင်ငံကို ကူညီတာ အလွန့်ကို များတယ်လို့ သမ္မတ ထရမ့်က ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံ မြဝတီဘက်က လူလိမ်ဂိုဏ်းတွေထဲ ရောက်နေကြတဲ့သူတွေကို ကူညီနိုင်ဖို့ တရုတ် နဲ့ ထိုင်း လုံခြုံရေး အာဏာပိုင်တွေဟာ တက်ခရိုင်က ထိုင်းမြန်မာ နယ်စပ်ဒေသတွေကို ဗုဒ္ဓဟူးနေ့က သွားရောက် ကြည့်ရှုကြတယ် လို့ ဘန်ကောက်ပို့စ် သတင်းစာက ဆိုပါတယ်။
အမေရိကန် နိုင်ငံရဲ့ ပထဝီဝင် အနေအထား ဆိုင်ရာ အမည်ပေး စနစ်မှာ မက္ကဆီကို ပင်လယ်ကွေ့ကို အမေရိကန် ပင်လယ်ကွေ့ အဖြစ် Google မြေပုံမှာ ပြောင်းလဲတော့မှာ ဖြစ်ကြောင်း X လူမှုကွန်ရက်မှာ တနင်္လာနေ့မှာ Google က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
သမ္မတဒေါ်နယ်ထရမ့် ကို ရာဇဝတ်မှုခင်းဆိုင်ရာ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ ဆောင်ရွက်ခဲ့ကြတဲ့ ဝန်ထမ်း တဒါဇင်ကျော်ကို အလုပ်ဖြုတ်ပစ်ခဲ့ တယ်လို့ ထရမ့်အစိုးရအဖွဲ့ တရားရေးဌာနက တနင်္လာနေ့က ပြောပါတယ်။
အိန္ဒိယနိုင်ငံ အနောက်ပိုင်း ပြည်နယ်တခုဖြစ်တဲ့ မဟာရာချ်ထရာ ပြည်နယ်မှာ ဓာတ်ဆီနဲ့ ဒီဇယ်ဆီသုံး မော်တော်ယာဉ်တွေ မောင်းနှင်ခွင့် ပိတ်ပင်ဖို့ အဆိုပြုချက် အတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းခဲ့ပါတယ်။
တောင်တရုတ် ပင်လယ်ပြင်မှာ တင်းမာမှုတွေ လျော့ပါးစေဖို့ တရုတ်နဲ့ ဖိလစ်ပိုင် အစိုးရတို့ကြား သဘောတူညီမှုရခဲ့ပြီး သီတင်းတပတ်ကျော် အကြာမှာ ဒီပင်လယ်ပြင် အတွင်း တရုတ်ကမ်းရိုးတန်းစောင့် တပ် သင်္ဘောတွေ ကျူးကျော်ဝင်ရောက်မှုတွေ ရန်လိုတဲ့လုပ်ဆောင်မှုတွေ၊ခြိမ်းခြောက်မှုတွေ ရှိခဲ့တယ်လို့ ဖိလစ်ပိုင်ကစွပ်စွဲခဲ့ပါတယ်။
ပါလက်စတိုင်းတွေကို အထောက်အကူပေးတဲ့ ကုလသမဂ္ဂ UNRWA ကို တားမြစ်ပိတ်ပစ်မယ့် ဥပဒေကို အစ္စရေးက ပြန်လည် ရုတ်သိမ်းပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က ပန်ကြားလိုက်ပါတယ်။
အမေရိကန်မှာ မွေးဖွားတဲ့ ကလေးတွေက အလိုအလျောက် အမေရိကန်နိုင်ငံသား ဖြစ်တာကြောင့် တရုတ် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အမေရိကန်ကို လာရောက်ပြီး ကလေးမီးဖွားရေးအတွက် ကူညီ ဝန်ဆောင်မှုပေးတဲ့လုပ်ငန်း လုပ်ကိုင်မှုနဲ့ ကယ်လီဖိုးနီးယားပြည်နယ်က အမျိုးသမီးကို ထောင်ဒဏ် ၃ နှစ်ကျော် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
အမေရိကန်ကာကွယ်ရေး ဝန်ကြီးသစ် Pete Hegseth က အမေရိကန်စစ်တပ်အတွင်း အပြောင်းအလဲတွေ ပိုပြီးလုပ်ဆောင်ဖို့ ကတိပြုပြောဆိုလိုက်ပါတယ်။
ရှမ်းမြောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ ကျောက်မဲမြို့မှာ တနင်္လာနေ့က ဗုံးကြဲ ခံရတဲ့အတွက် ဒေသခံအမျိုးသား ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ မျက်မြင်တွေ့တဲ့ ဒေသခံတွေက ပြောပါတယ်။
(UNHCR) ရုံးမှာရှိတဲ့ ဒုက္ခသည်များ အခြေချနေထိုင်ရေး ပံ့ပိုးရေးစင်တာ RSC အနေနဲ့ ဒုက္ခသည်လက်ခံရေး အင်တာဗျူးတွေကို တနင်္လာနေ့မှာ ရပ်နားထားတဲ့အကြောင်း ချင်း ဒုက္ခသည်ကူညီရေး အဖွဲ့တခုရဲ့ တာဝန်ခံက VOA ကို ပြောပါတယ်။ UNHCR ဘက်က ဘယ်လောက်ကြာကြာ ရပ်နားထားမယ်ဆိုတာတော့ တရားဝင် သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။
အမေရိကန် အာဏာပိုင်တွေက အထောက်အထားမဲ့ ရွှေ့ပြောင်း ဝင်ရောက်သူတွေကို နေ့စဉ် ရာနဲ့ချီ ဖမ်းဆီးနေပြီး နေရပ်ရင်းကို ပြန်လည်ပို့ဆောင်နေပါတယ်။
တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ သမ္မတ Yoon Suk Yeol ကို ဆူပူအုံကြွမှုမှာ အဓိကဦးဆောင်သူအဖြစ် အစိုးရရှေ့နေတွေ ဒီကနေ့ပဲ တရားဝင် စွဲချက်တင်လိုက်ပါတယ်။ တာဝန်ဆိုင်းငံ့ထားပြီး ဖမ်းဆီးအရေးယူ ခံထားရတဲ့ သမ္မတကို ဆက်လက် ထိန်းသိမ်းထားဖို့လည်း အမိန့်ထုတ်ခဲ့တာပါ။
ကိုဗစ်ကပ်ရောဂါဟာ ဓာတ်ခွဲခန်းတခုကနေ စတင်ပျံ့နှံ့ခဲ့တာ ဖြစ်နိုင်ခြေများကြောင်း အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) ရဲ့ အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။
ဂါဇာကမ်းမြှောင်ဒေသက ပါလက်စတိုင်း ဒုက္ခသည်တွေကို ဂျော်ဒန်၊ အီဂျစ်နဲ့ တခြားအာရပ်နိုင်ငံတွေက ပိုမိုလက်ခံပြီး၊ စစ်ဒဏ်သင့်ဒေသကို အသစ်ဖြစ်အောင် ရှင်းလင်းပစ်လိုကြောင်း အမေရိကန်သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။
လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာ လမ်းပေါ်က အတားအဆီးတွေကို ကျော်လွှားပြီး ဝင်ရောက်လာကြတဲ့ ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့ရာက ဒီကနေ့ တနင်္ဂနွေနေ့မှာ အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေးဌာနက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်