အမေရိကန် U.S. Steel သံမဏိကုမ္ပဏီကြီးကို ဂျပန် Nippon Steel က ဝယ်မယ့်အစား၊ ရင်းနှီးမြှပ်နှံမှု လုပ်လိမ့်မယ်လို့ သမ္မတ Donald Trump က ပြောကြားလိုက်ပါတယ်။ ဝါရှင်တန်မြို့တော်မှာ ဂျပန်ဝန်ကြီးချုပ် Shigeru Ishiba ဆွေးနွေးအပြီး၊ ပူးတွဲသတင်းစာရှင်းပွဲမှာ သမ္မတ Trump ကပြောကြားခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ USAID ကို Trump အစိုးရက ဖျက်သိမ်းတဲ့ လုပ်ရပ်တချို့ကို ယာယီရပ်ထားဖို့ ပြည်ထောင်စု တရားသူကြီးတယောက်က အမိန့်ထုတ်တားဆီးခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံအတွင်း အခြေခံ အဆောက်အအုံ နဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ တရုတ်နိုင်ငံသားတွေ လုံခြုံမှု ရှိအောင် ဆောင်ရွက်ပေးပါမယ်လို့ ပါကစ္စတန်အစိုးရက တရုတ်ကို အာမခံ ပြောကြားလိုက်ပါတယ်။
အီရန်က ရေနံစည်တွေ သန်းနဲ့ချီ တရုတ်နိုင်ငံကို တင်ပို့ရာမှာ ဝန်ဆောင်မှုပေးနေတဲ့ နိုင်ငံတကာ ကွန်ရက်တွေကို ပစ်မှတ်ထားပြီး အီရန် ရေနံလုပ်ငန်းအပေါ် ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုသစ် ချမှတ်လိုက်တဲ့အကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ကြာသပတေးနေ့က ကြေညာပါတယ်။
စစ်ရေး ပဋိပက္ခတွေ ဖြစ်နေတဲ့ ဂါဇာကမ်းမြှောင်ဒေသကို အမေရိကန်က ပိုင်ဆိုင်လိုကြောင်း သမ္မတ Donald Trump ရဲ့ ပြောဆိုမှုအပေါ် အမေရိကန် မဟာမိတ်တွေရော ပြိုင်ဖက်နိုင်ငံတွေကပါ ဗုဒ္ဓဟူးနေ့က ပြစ်တင်ရှုတ်ချလိုက်ကြပါတယ်။
ဂွါတီမာလာနိုင်ငံကို ထောက်ပံ့မယ့် အစီအစဉ်ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Marco Rubio က ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။
“အဆိုးတကာ့ အဆိုးဆုံး” လို့ အမေရိကန် အရာရှိတွေကသတ်မှတ်ထားတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို နေရပ်ပြန်မပို့သေးခင် ကျူးဘားနိုင်ငံ၊ ဂွါတာနာမို အကျဉ်းစခန်းမှာ ထိန်းသိမ်းထားပါတယ်။
အမေရိကန် ပြည်ထောင်စုထဲ တရားမဝင် ဝင်ရောက်မှု စွပ်စွဲချက်နဲ့ အိန္ဒိယနိုင်ငံသားတွေကို အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်ကို အမေရိကန် စစ်လေယာဉ်နဲ့ ဗုဒ္ဓဟူးနေ့မှာ ပြန်ပို့လိုက်ပါတယ်။
ကန်အစိုးရက ပြည်ပနိုင်ငံတွေကို ပေးနေတဲ့ အကူအညီတွေကို ရက် ၉၀ ကြာ ဆိုင်းငံ့တဲ့ကာလအတွင်း၊ HIV ဝေဒနာရှင်တွေအတွက် ပေးနေတဲ့ AIDS ရောဂါ အကူအညီပေးရေး သမ္မတရဲ့ PEPFAR ကို အသက်ကယ်တဲ့ လူသားချင်းစာနာမှု အကူအညီအဖြစ်နဲ့ ကင်းလွတ်ခွင့်ပေးသွားမှာ ဖြစ်တယ်လို့ ကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။
အခုလို ဆော်ဒီနိုင်ငံကို သွားလိုက်တဲ့အတွက် ဆီးရီးယားအစိုးရအနေနဲ့ ဒေသတွင်းမှာ အီရန်ဟာ သူတို့ရဲ့ အဓိကမဟာမိတ်နိုင်ငံ မဟုတ်တော့ဘူးဆိုတာကို ပြသဖို့ ကြိုးစားတဲ့အနေနဲ့ သွားရောက်တာ ဖြစ်နိုင်ပါတယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ တွေ့ဆုံရာမှာ အီရန်အပေါ် တန်ပြန်တာ၊ အာရပ်နိုင်ငံတွေနဲ့ သံတမန်ဆက်ဆံရေး တိုးချဲ့တာတွေနဲ့အတူ ဟားမတ်စ်တွေအပေါ် အောင်ပွဲနဲ့ ပတ်သက်လို့ ဆွေးနွေးမယ်လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
အမေရိကန်ရဲ့ နိုင်ငံတကာ အကူအညီပေးရေး အစီအစဉ်တွေကို သမ္မတ Donald Trump က ဆိုင်းငံ့လိုက်ပြီးနောက် ထောင်နဲ့ချီတဲ့ USAID ဝန်ထမ်းတွေ အလုပ်က ယာယီအနားပေးတာ၊ အလုပ်ပြုတ်တာတွေ ရှိခဲ့ပြီး၊ စီမံကိန်းတွေကိုလည်း ရပ်ထားရတဲ့ အချိန်မှာပဲ ရုတ်တရက် ဝဘ်ဆိုဒ် ပိတ်သွားတာပါ။
ကနေဒါနဲ့ မက္ကစီကိုနိုင်ငံတွေက သွင်းကုန်တွေကို အခွန် ၂၅ ရာခိုင်နှုန်းနဲ့ တရုတ်နိုင်ငံအပေါ် ၁၀ ရာခိုင်နှုန်း လာမယ့်အင်္ဂါနေ့ကစ ကောက်ခံမယ့်အမိန့်ကို သမ္မတ Donald Trump မနေ့ စနေနေ့က လက်မှတ်ထိုးလိုက်ကြောင်း သမ္မတအိမ်ဖြူတော်က ပြောလိုက်ပါတယ်။
အစ္စရေး-ဟားမတ်စ် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အရ ဟားမတ်စ်ဘက် ဖမ်းဆီးထားတဲ့ ဓားစာခံတွေထဲက နောက်ထပ် ၃ ဦးကို ဒီကနေ့ စနေနေ့မှာ ဟားမတ်စ်က ထပ်လွှတ်ပေးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တာ ၄ နှစ်ပြည့်ခဲ့ပါပြီ။ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲကို ယူကေနိုင်ငံ လန်ဒန်မြို့တော်မှာ မြန်မာနိုင်ငံသားများ ဒီနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအသစ် Marco Rubio ဟာသူ့ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ပနားမားနိုင်ငံအပါအဝင် လက်တင်အမေရိက ၅ နိုင်ငံ ခရီးစဉ်ကို ဒီကနေ့ စနေနေ့မှာ စတင်မှာ ဖြစ်ပါတယ်။
ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတို့က တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ် သွင်းကုန်ခွန် တိုးကောက်မိန့် ဒီနေ့ စနေနေ့မှာ ထုတ်ပြန်မယ်လို့ အိမ်ဖြူတော်က သောကြာနေ့က ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လာမယ့် ၆ လအတွင်း လူသားချင်းစာနာမှု အကူအညီ လိုနေတဲ့ ပြည်သူ ၁ သန်းနီးပါးအတွက် ဗြိတိန်အစိုးရက ကျန်းမာရေးဆိုင်ရာ ထပ်တိုးကူညီထောက်ပံ့သွားမယ်လို့ ပြောကြားလိုက်ပါတယ်။
မြန်မာစစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး လူသားချင်းစာနာမှု အကူအညီတွေ အတားအဆီး မရှိပေးနိုင်အောင် ခွင့်ပြုဖို့ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက တောင်းဆိုလိုက်ကြပါတယ်။
နယ်မြေပိုင်နက် အငြင်းပွါးနေတဲ့ တောင်တရုတ်ပင်လယ် ပြင်ထဲ တရုတ်ရဲ့ ရန်လိုမှုတွေ အင်အားသုံး အနိုင်ကျင့်မှုတွေ ရပ်ဆိုင်မယ် ဆိုရင် ဖိလစ်ပိုင်မှာ အမေရိကန် မစ်ဇိုင်းဒုံးစံနစ် တပ်ဆင်မှုကို ဖယ်ရှား ပေးမယ်လို့ ဖိလစ်ပိုင် သမ္မတ Ferdinand Marcos Jr. က ကမ်းလှမ်း လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်