အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီက ရထားဘူတာရုံတခုမှာ လူအုပ်ပြိုရာက သေဆုံးသူ ၁၈ ယောက်ထက်မနည်း ရှိတယ်လို့ အာဏာပိုင်တွေနဲ့ သတင်းတွေက ပြောပါတယ်။ ကမ္ဘာ့အကြီးဆုံး ဘာသာရေးပွဲတော်ဖြစ်တဲ့ ဟိန္ဒူဘာသာရေးပွဲတော်အတွက် ရထားနဲ့ သွားမယ့်သူတွေ များလွန်းပြီး တိုးဝှေ့ရာက စနေနေ့နှောင်းပိုင်းမှာ လူအုပ်ပိခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနယ်စပ်ဒေသ အခြေစိုက်လှုပ်ရှားနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းတဲ့ အစီအစဉ် တစိတ်တပိုင်းအဖြစ် ထိုင်းနိုင်ငံကို တရုတ်ဒုဝန်ကြီး ဒီကနေ့ပဲ ရောက်ရှိနေပါတယ်။
Hamas စစ်သွေးကြွအဖွဲ့က ဖမ်းဆီးထားတဲ့ အစ္စရေးဓားစာခံတွေထဲက နောက်ထပ် ၃ ဦးကို ဒီကနေ့ စနေနေ့မှာ ထပ်မံလွှတ်ပေးလိုက်ပါတယ်။ အပြန်အလှန်အားဖြင့် အစ္စရေးဘက်ကလည်း ပါလက်စတိုင်း အကျဉ်းသား ၃၀၀ ကျော်ကို ပြန်လွှတ်ပေးနေပါတယ်။
ရုရှားရဲ့ခြိမ်းခြောက်မှုနဲ့ အမေရိကန်ရဲ့ အကူအညီတွေ မသေချာ မရေရာချိန်မှာ ဥရောပအနေနဲ့ ကိုယ့်အားကိုယ်ကိုးပြီး စုစည်းတဲ့ တပ်ဖွဲ့တည်ထောင်ဖို့ လိုနေပြီလို့ ယူကရိန်းသမ္မတက ပြောကြားလိုက်ပါတယ်။
ပထဝီအနေအထားအရ မြန်မာနိုင်ငံဟာ ဒီမိုကရေစီကို သိပ်အားမပေးတဲ့ နိုင်ငံတွေကြားမှာ ရှိတာကြောင့် ဥရောပက ဒီမိုကရေစီအားပေးတဲ့ နိုင်ငံတွေနဲ့ မြန်မာ့အရေးကို လက်တွဲဆောင်ရွက်နိုင်ဖို့ အရေးကြီးတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားလိုက်ပါတယ်။
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF နဲ့ တအာင်းအဖွဲ့လို့ သိကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်း TNLA က ကိုယ်စားလှယ်တွေဟာ စစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် တရုတ်နိုင်ငံ ကူမင်းမြို့မှာ ရောက်နေကြပါတယ်။
အမေရိကန် သမ္မတ Donald Trump က သူ့ရဲ့ သွင်းကုန်ခွန် မူဝါဒတွေနဲ့ အတူ အတိုးနှုန်း လျှော့ချရေးကို တွန်းအားပေးမယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်ပါတယ်
ဘီလာရုစ်နိုင်ငံမှာ သုံးနှစ်ကျော်ကြာ အကျဥ်းချခံနေရတဲ့ Radio Free Europe/Radio Liberty သတင်းဌာနက သတင်းထောက် Andrey Kuznechyk ဟာ ဗုဒ္ဓဟူးနေ့က ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေနဲ့ အောင်ပန်းမှာ စစ်ရှောင်နေသူတွေအတွက် ဆေးဝါးအကူအညီနဲ့ စားနပ်ရိက္ခာလိုအပ်ချက်တွေ ရှိနေတယ်လို့ စစ်ရှောင်တွေကိုကူညီနေသူတွေက VOA ကို ပြောပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ထဲမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း ဒေသခံအများအပြား ဘေးလွတ်ရာတိမ်းရှောင်နေရပြီး နေအိမ်တွေလည်း မီးရှို့ခံရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်တို့ဟာ တယ်လီဖုန်း ဆက်သွယ် စကားပြောခဲ့ကြပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်ကြား အပစ်အခတ်ရပ်စဲရေး အစိတ်အပိုင်းတရပ်အဖြစ်နဲ့ အစ္စရေးတပ်ဖွဲ့တွေကို ဂါဇာဒေသရဲ့ အရေးပါတဲ့ Netzarim စင်္ကြန်ဒေသကနေ ပြန်ရုတ်သိမ်းလိုက်တယ်လို့ အစ္စရေးအာဏာပိုင်တွေက ပြောပါတယ်။
မြန်မာနိုင်ငံဘက်ကို မှောင်ခိုတင်သွင်းမယ့် နေစွမ်းအင်သုံး Solar ပြားတွေနဲ့ လောင်စာဆီတွေကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေ ဒီကနေ့ပဲ ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းနိုင်ငံက သတင်းတွေမှာ ဖော်ပြပါတယ်။
ဂါဇာဒေသမှာ ၁ နှစ်ကျော်လောက် ဓါးစာခံအဖြစ် ဖမ်းဆီးခံထားရကနေ လွတ်မြောက်လာတဲ့ ထိုင်းနိုင်ငံသား ၅ ယောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ဒီနေ့ ပြန်ရောက်လာခဲ့ပါတယ်။ အကျဉ်းသား လဲလှယ်ရေးအစီအစဉ် အစိတ်အပိုင်းတရပ်အဖြစ်နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့က ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ အမေရိကန်ရဲ့ သွင်းကုန်ခွန် တိုးကောက်မယ့် အစီအစဉ်ကနေ လွတ်လိမ့်မယ်လို့ အကောင်းမြင် မျှော်လင့်ထားကြောင်း ဂျပန်ဝန်ကြီးချုပ် Shigeru Ishiba က ဒီနေ့ တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
နေရောင်ခြည်နဲ့ လေစွမ်းအင် တပ်ဆင်အသုံးပြုမှုတွေ အားကောင်းလာတဲ့ တရုတ်နိုင်ငံမှာ ပြန်ပြည့်မြဲစွမ်းအင် သုံးစွဲမှုတွေအတွက် အစိုးရက ထောက်ပံ့နေတာတွေကို လျှော့ချမယ့်အကြောင်း တရုတ်အစိုးရ ဖွံ့ဖြိုးရေးနဲ့ ပြုပြင်ပြောင်းလဲရေး ကော်မရှင်က ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။
တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့နဲ့ အမေရိကန်က လုံခြုံရေးအရ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်လိုက်တာက မြောက်ကိုရီးယားနိုင်ငံအတွက် စိုးရိမ်စရာ ခြိမ်းခြောက်မှုဖြစ်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက ပြောလိုက်ပါတယ်။
မြောက်ကိုရီးယားရဲ့ Nuclear လက်နက်တွေဟာ အပေးအယူ ညှိနှိုင်းဖို့မဟုတ်ဘဲ၊ မြောက်ကိုရီးယား ပြည်သူတွေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်တိုက်ခိုက်ဖို့ ဖြစ်တယ်လို့ ဒီကနေ့ စနေနေ့မှာဘဲ မြောက်ကိုရီးယား အစိုးရသတင်းဌာနက ကြေငြာပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်သစ်ဟာ မြန်မာနိုင်ငံအပြန် ထိုင်းနိုင်ငံမှာ NUG အပါအဝင် မြန်မာအတိုက်အခံတွေနဲ့ ဒီမနက် တွေ့ဆုံခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲလထဲက စတင်ခဲ့တဲ့ ပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဟားမတ်စ်အဖွဲ့က နောက်ထပ် အစ္စရေးဓားစာခံ ၃ ဦးကို ဒီကနေ့ စနေနေ့မှာ ထပ်မံလွှတ်ပေးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်