၂၀၂၃ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုအတွင်း ဟာမတ်စ်အဖွဲ့က ဓားစားခံလုပ် ဖမ်းဆီးသွားသူတွေထဲက ၄ ဦးကို ဒီကနေ့ ပြန်လည် ကယ်တင်နိုင်ခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။
ပြင်သစ်နိုင်ငံကို နိုင်ငံတော်ခရီး စတင်တဲ့ အမေရိကန်သမ္မတ Joe Biden ကို ပြင်သစ်သမ္မတ Emmanuel Macron က ပါရီမြို့လယ်က Arc de Triomphe မုဂ်ဦးမှာ နိုင်ငံတော်အခမ်းအနားနဲ့ ကြိုဆိုခဲ့ပါတယ်။
ဝန်ကြီးချုပ် Frederiksen ဟာ သောကြာနေ့က မြို့ဟောင်းရင်ပြင်မှာ အလုပ်ကိစ္စသွားနေစဉ် ကြာပွတ်နဲ့ လှမ်းရိုက်ခံရတာ ဖြစ်ပါတယ်။ ကြာပွတ်ဒဏ်ရာ အနည်းငယ်ရခဲ့ပြီး အနားယူနေတယ်လို့ ဝန်ကြီးချုပ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
မြန်မာ့ ဒီမိုကရေစီရေးကို နှစ်ပေါင်းများစွာ မပြတ်ထောက်ခံလာခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလစ်ကန် ခေါင်းဆောင် Mitch McConnell ကို ကမ္ဘာတဝန်း ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို အားပေးကူညီနေတဲ့ NED အဖွဲ့ကြီးက ဒီနှစ် ၂၀၂၄ ခုနှစ်အတွက် ဒီမိုကရေစီ ပံ့ပိုးကူညီမှုဆု ချီးမြှင့်လိုက်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၅ ကျော်က လမျက်နှာပြင်ကနေ ကမ္ဘာကြီးကို လှမ်းမြင်နေရသလို၊ ပထမဆုံး သမိုင်းဝင် ရောင်စုံဓါတ်ပုံကို ရိုက်ကူးခဲ့သူ အမေရိကန် အာကာသယာဥ်မှူးကြီး William Anders ဟာ သူမောင်းနေတဲ့ လေယာဥ်ငယ် ပျက်ကျပြီး ကွယ်လွန်သွားပါတယ်။
ပါလက်စတိုင်းဒေသ၊ ဂါဇာမှာ ဖြစ်နေတဲ့ စစ်ပွဲတွေအဆုံးသတ်ရေး အမေရိကန်သမ္မတ Joe Biden ရဲ့ အဆိုပြုချက် အခြေခံမူဘောင်ကို အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က လက်ခံလိုက်ကြောင်း ဝန်ကြီးချုပ်ရဲ့ လက်ထောက်တဦး ပြော
စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်မှာ အဖွဲ့ဝင် ကူကီးအမျိုးသားတပ်မတော်ဟာ မြန်မာနိုင်ငံအတွင်းကို လက်နက်တွေ တင်ပို့လုပ်ဆောင်နိုင်ဖို့အတွက် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေက ဦးဆောင်နေကြောင်း နာဂဆိုရှယ်လစ်ကောင်စီအဖွဲ့က စွပ်စွဲပြောကြားလိုက်ပါတယ်။
စင်္ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ အာရှပစိဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ Shangri-La Dialogue ဆွေးနွေးပွဲအတွင်း ထိုင်ဝမ်နဲ့ တောင်တရုတ်ပင်လယ်ပြင် အရေးကိစ္စတွေနဲ့ ပတ်သက်လို့ တရုတ်ကာကွယ်ရေးဝန်ကြီး Dong Jun က ဒီကနေ့ ဇွန်လ ၂ အပြင်းအထန် သတိပေးပြောကြားလိုက်ပါတယ်။
အီရန်နိုင်ငံမှာ လာမယ့် ဇွန် ၂၈ သမ္မတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် သမ္မတလောင်းအဖြစ် သဘောထားတင်းမာသူ သမ္မတဟောင်း Mahmoud Ahmadinejad က ဒီကနေ့ပဲ စာရင်းသွင်းလိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံမှာ ဇွန်လ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ ကျင်းပမယ့် ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ကြဖို့ ယူကရိန်းသမ္မတက စင်္ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ Shangri-La Dialogue လုံခြုံရေး အစည်းအဝေးပွဲမှာ တိုက်တွန်း
ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်သစ်တရပ်ကို အစ္စရေးက ကမ်းလှမ်းထားတဲ့အကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် က ပြောဆိုလိုက်ပြီး နာရီပိုင်းအတွင်းမှာပဲ ဂါဇာတောင်ပိုင်း Rafah မြို့ကို အစ္စရေးစစ်တပ်က တင့်ကားတွေ၊ လက်နက်ကြီးတွေနဲ့ ဒီကနေ့ အပြင်းအထန် တိုက်ခိုက်ခဲ့ပါတယ်။
အာရှပစိဖိတ်ဒေသမှာ တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေကို ပြန်လည်အာရုံစိုက်အောင် အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က အာရှပစိဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ Shangri-La Dialogue ဆွေးနွေးပွဲကြီးမှာ ပြောကြားတဲ့ မိန့်ခွန်းထဲမှာ အဓိကထားပြောကြားသွားပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားမယ့်အခြေအနေကို ဦးတည်နေပြီလို့ Timor-Leste (အရှေ့တီမော) နိုင်ငံသမ္မတ Dr. Jose Ramos-Horta က ပြောကြားလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပူးတွဲထူထောင်သူ နာယကကြီး သူရဦးတင်ဦး စနေမနက် ၈ နာရီ ၅၀မိနစ်မှာ ကွယ်လွန်သွားပြီလို့ သားဖြစ်သူ ဦးသန့်ဇင်ဦးက ဗွီအိုအေကို ပြောပါတယ်။ သေဆုံးချိန်မှာ အသက် ၉၉ နှစ်အရွယ်ရှိနေပြီ ဖြစ်တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း ကျန်းမာရေးဆိုးရွားလာလို့ ဆေးရုံတင်ကုသခဲ့ရပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နေထိုင်တဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ် အမှတ် ၅၄ ကို ထပ်မံလေလံတင်ရောင်းချဖို့ အကိုဖြစ်သူ ဦးအောင် ဆန်းဦးက အသစ် တင်သွင်းခဲ့တဲ့ လေလံကြမ်းခင်းစျေးသစ်ကို ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေ က ဒီကနေ့တရားရုံးမှာ ကန့်ကွက်လိုက် ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပူးတွဲထူထောင်သူ နာယကကြီး ဦးတင်ဦး ကျန်းမာရေးအခြေအနေဆိုးရွားလာတဲ့အတွက် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသဆောင်မှာ ကုသမှုခံယူနေရကြောင်း သားဖြစ်သူက ဗွီအိုအေကို ပြောပါတယ်။
မြန်မာစစ်အုပ်စုနဲ့ မဟာမိတ်တွေဖြစ်တဲ့ ကရင်အမျိုးသားတပ်မတော် (KNA) လို့ နာမည်ပြောင်းထားတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ဟာ ဆိုက်ဘာလိမ်လည်ဒုစရိုက်လုပ်ငန်းတွေ ဒေသတွင်း ကွန်ရက်ဖွဲ့ ရာဇဝတ်မှုကျူးလွန်နေကြောင်း Justic for Myanmar (JFM) ရဲ့ ဒီကနေ့ မေလ ၂၂ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြလိုက်ပါတယ်။
မြစ်ကြီးနားအကျဉ်းထောင်မှာ ဆန္ဒပြမှုနဲ့ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၁၃ ဦးကို ထောင်ဒဏ် ၃ နှစ်ခွဲစီ ထပ်တိုးပြစ်ဒဏ်ချမှတ် လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အ ကျဉ်း သားများကွန်ရက် -PPNMက ဗွီအိုအေကို ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အင်အားပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ဖို့ ရှိတာကြောင့် ကမ်းခြေကျေးရွာတွေက ထောင်ပေါင်းများစွာသော ဒေသခံတွေ ကုန်တွင်းပိုင်းမှာရှိတဲ့ ပိုမိုလုံခြုံတဲ့ အင်္ဂတေ အဆောက်အဦးတွေကို ဒီကနေ့ မေလ ၂၆ ရက်နေ့မှာ ပြောင်းရွေ့ ခိုလှုံနေကြပါတယ်။
တနင်္လာနေ့မှာ ကျရောက်တဲ့ အခုနှစ်အတွက် Memorial Day အောက်မေ့ဘွယ်နေ့ အားလပ်ရက်နေ့မတိုင်ခင် သီတင်းပတ်ကုန် ရက်တွေမှာ လေကြောင်းကနေ ခရီးသွားသူ အရေအတွက်ဟာ စံချိန်တင်ခဲ့တယ်လို့ အမေရိကန် လေဆိပ်လုံခြုံရေးဌာန TSA က မနေ့ မေလ ၂၅ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်