ယူကရိန်းနိုင်ငံ Kharkiv မြို့က DIY ဆောက်လုပ်ရေးပစ္စည်းဆိုင်မှာ လူစည်ကားနေချိန် ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၄ ယောက် သေဆုံးပြီး၊ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ကြောင်း ယူကရိန်းအစိုးရရှေ့နေရုံးက ဒီနေ့ပဲ ပြောလိုက်ပါတယ်။
အီဂျစ်-ပါလက်စတိုင်း နယ်စပ်ဂိတ်ကို ဖြတ်စရာမလိုတဲ့ သဘောတူညီချက် ရရှိပြီးတဲ့နောက် ဂါဇာဒေသကို ဒီကနေ့ မေလ ၂၆ ရက်နေ့မှာ အကူအညီတွေ တင်ဆောင်လာတဲ့ ကုန်တင်ကားတွေ စတင်ဝင်ရောက်လာနေပါပြီ။
မြေပြိုကျမှု အကြီးအကျယ် ကြုံခဲ့ရတာကြောင့် Papua New Guinea မှာ သေဆုံးသူ အရေအတွက်ဟာ ခန့်မှန်းခြေ ၆၇၀ ကျော်အထိ ရှိမယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့ (IOM) က ပြောလိုက်ပါတယ်။
စင်္ကာပူနိုင်ငံမှာ မေလ ၃၁ ရက်ကနေ ဇွန်လ ၂ ရက်နေ့ကျင်းပမယ့် Shangri-La Dialogue ဆွေးနွေးပွဲကျရင် အမေရိကန်ကာကွယ်ရေးဝန်ကြီးနဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး တွေ့ဆုံဖို့ရှိတယ်လို့ Pentagon စစ်ဌာနချုပ်က ကြေညာပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အနီး ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့တွေ သိမ်းယူထားတဲ့ တာလောကြီးကျေးရွာနဲ့ မြစ်ကြီးနားအနီး KIA တပ်ရင်း ၁၁ ကို စစ်ကောင်စီက ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ KIA က ပြောပါတယ်။
ကမ္ဘာ့စီးပွားရေးဟာ စိန်ခေါ်မှုတွေကြားမှာကိုပဲ မျှော်လင့်ထားတဲ့ထက် ပိုပြီးခိုင်မာကြံ့ခိုင်နေတာကို တွေ့ရတယ်လို့ ကမ္ဘာ့ငွေကြေး ရန်ပုံငွေအဖွဲ့ IMF ဦးဆောင်ညွှန်ကြားရေးမှူး Kristalina Georgieva က ပြောပါတယ်။ တရုတ်သတင်းဌာန CMG နဲ့ သောကြာနေ့က မေးမြန်းခန်းမှာ IMF ဦးဆောင်ညွှန်ကြားရေးမှူးက အခုလို ပြောသွားတာပါ။
စီးပွားရေးအင်အားကြီး G7 နိုင်ငံတွေနဲ့ မဟာမိတ်ဘဏ်တွေ၊ ဘဏ္ဍာရေးလုပ်ငန်းတွေမှာ အပ်နှံထားတဲ့ ရုရှားငွေတွေထဲက အတိုးတွေကို ယူကရိန်းအတွက် ဘယ်လိုသုံးစွဲမယ်ဆိုတဲ့ ကျယ်ပြန့်တဲ့ အစီအစဉ်တွေကို G7 ဘဏ္ဍာရေးဝန်ကြီးတွေ ဆွေးနွေးနေကြပါတယ်။
အပူလှိုင်းဒဏ်ခံနေရတဲ့ ပါကစ္စတန်နိုင်ငံမှာ အပူဒဏ်ကြောင့် ကျောင်းတွေကို ပိတ်ထားပါတယ်။ ကျောင်းသား ဦးရေ ၅၀% လောက်သက်ရောက်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ Punjab ပြည်နယ်မှာဆိုရင် ကျောင်းအားလုံးကို ဒီနေ့ စနေနေ့ကစပြီး ပိတ်ထားပါတယ်။
မေလ ၂၃ ရက်နေ့က ကျရောက်တဲ့ ဗုဒ္ဓနေ့ကို ကမ္ဘာတဝန်းက ဗုဒ္ဓဘာသာဝင်တွေလိုပဲ အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန် ဒီစီမှာလည်း မနေ့က သမ္မတ အိမ်ဖြူတော်နဲ့ ဝါရှင်တန်မြို့တော်က အထင်ကရ လွတ်လပ်ရေး ကျောက်တိုင်နေရာတွေမှာ ဗုဒ္ဓနေ့ အခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။
အီရန်သမ္မတ Ebrahim Raisi ရဲ့ ဈာပနကို အီရန်နိုင်ငံ Mashhad မြို့က အစ္စလာမ်ဘာသာရေး အထွဋ် အမြတ်ထားရာ Imam Reza ဗလီဝတ်ကျောင်းမှာ ကြာသပတေးနေ့က ပြုလုပ်ခဲ့ပါတယ်။
ဂါဇာမှာ စစ်ရာဇဝတ်မှုတွေကျူးလွန်တယ်ဆိုပြီး အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ ကာကွယ်ရေးဝန်ကြီး Yoav Gallant အပြင် ဂါဇာက ဟားမတ်စ် ထိပ်တန်းခေါင်းဆောင် ၃ ဦးကို ICC နိုင်ငံတကာရာဇဝတ်ခုံရုံးက ဖမ်းဝရမ်း ထုတ်ပြန်ဖို့ တောင်းဆိုတာကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပယ်ချလိုက်ပါတယ်။
ထိုင်းနိုင်ငံကဒုက္ခသည် စခန်းတွေမှာ နေထိုင်တဲ့ မြန်မာဒုက္ခသည်တွေ ထဲက အမေရိကန်ပြည်ထောင်စုမှာ အခြေချဖို့ အရည်ချင်းပြည့်သူတွေကို လူတွေ့မေးမြန်းမှုတွေ စတင်တော့မယ်လို့ ထိုင်းအစိုးရက ပြောပါတယ် ဒီနှစ်ကုန်လောက်မှာ ပထမအသုတ်ကို ပို့ပေးဖို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်
တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ထဲမှာ တကမ္ဘာလုံးမှီခိုနေရတဲ့ မြေရှားသတ္တု ထုတ်လုပ်မှု ရုတ်ချည်းတိုးလာတာကြောင့် ဒေသခံတွေကိုရော သဘာဝဝန်းကျင်ကိုပါ ဆိုးရွားစွာ ထိခိုက်လာတာ တွေ့ရတယ်လို့ နိုင်ငံတကာ သဘာဝသယံဇာတအရေး စောင့်ကြည့်တဲ့ Global Witness အဖွဲ့က သတိပေးလိုက်ပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့သိမ်း တိုက်ပွဲမှာ ဒေသခံ ရိုဟင်ဂျာတွေ တိုက်ခိုက်ခံခဲ့ရကြောင်း စွပ်စွဲချက်တွေအပေါ် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ AA အာရက္ခတပ်တော် က ငြင်းဆန်ုလိုက်ပါတယ်။
လုပ်ကြံခံခဲ့ရတဲ့ ဆလိုဗက်ကီးယားနိုင်ငံ ဝန်ကြီးချုပ် Robert Fico ဟာ အသက်အန္တရာယ် စိုးရိမ်စရာအခြေအနေမှာ မရှိတော့ဘူးလို့ လက်ထောက်ဝန်ကြီးချုပ် Robert Kalinak က ဒီကနေ့ ပြောပါတယ်။
ပါလက်စတိုင်းနယ်မြေ ဂါဇာဒေသ အလယ်ပိုင်းမှာရှိတဲ့ ဒုက္ခသည်စခန်းက အိမ်တအိမ်ကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးသွားတယ်လို့ ဂါဇာဆေးရုံက ဒီကနေ့ ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မယ့် တရုတ်နိုင်ငံက စစ်သင်္ဘော ၂ စင်း ဒီကနေ့ပဲ ကမ္ဘောဒီးယားဆိပ်ကမ်းကို ရောက်လာပါတယ်။ အကြီးဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မယ့် အစီအစဉ်ဟာ ၂ နိုင်ငံကြား ရင်းနှီးမှုကို ပြသတာဖြစ်ကြောင်းလည်း တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးက ပြောလိုက်ပါတယ်။
ယူကရိန်းက အမေရိကန်လုပ် ATACMS မစ်ဇိုင်းဒုံး ၉ ခုနဲ့ ခရိုင်းမီးယားဒေသကို တိုက်ခိုက်ခဲ့သလို၊ တခြားဒေသတွေမှာလည်း အဝေးထိန်းဒရုန်း အနည်းဆုံး ၆၀ လောက်နဲ့ တိုက်ခိုက်ခံခဲ့ရကြောင်း ရုရှားတာဝန်ရှိသူတွေက ဒီနေ့ပဲ ပြောလိုက်ပါတယ်။
မြန်မာအပါအဝင် အရှေ့တောင်အာရှ နဲ့ အာရှနိုင်ငံတွေက ခြင်္သေ့နဲ့ နဂါးအကအဖွဲ့တွေ ပါဝင်ယှဥ်ပြိုင်ကြတဲ့ ကမ္ဘာ့ခြင်္သေ့နဲ့ နဂါးအက ချန်ပီယံပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပနေပါတယ်။
Rafah မြို့မှာ ဒီနေ့ ဗုံးကြဲတိုက်ခိုက်မှုတွေအပါအဝင် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ အကန့်အသတ်နဲ့ စစ်ဆင်နေတယ်လို့ အစ္စရေးစစ်တပ်ကဆိုပြီး တိုက်ခိုက်နေတာ ၁၀ ရက် ကျော်ရှိနေပြီ၊ ဂါဇာမြောက်ပိုင်းမှာလည်း အစ္စရေးစစ်တပ်နဲ့ Hamas စစ်သွေးကြွတွေကြား တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်