မြန်မာနိုင်ငံမှာ ထောင်ဒဏ် (၂၇)နှစ်နဲ့ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် အီတလီနိုင်ငံ Abbiategrasso မြို့က မနေ့ ဇွန်လ ၂၂ ရက်နေ့မှာ ချီးမြှင့်ခဲ့ပါတယ်။
ရွေးကောက်ပွဲကို လာမယ့် ၂၀၂၅ ခုနှစ်မှာ ကျင်းပဖို့ ပြင်ဆင်နေကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ ရွေးကာက်ပွဲကို ဘယ်အချိန်မှာ လုပ်မလဲဆိုတာတွေနဲ့ ပတ်သက်လို့ အာဏာသိမ်းခေါင်းဆောင်က ပထမဆုံးအကြိမ်ပြောဆိုခဲ့တာပါ။
တရုတ်ဝန်ကြီးချုပ် Li Qiang ဟာ တရုတ်အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ ဩစတြေးလျဝိုင်လုပ်ငန်း အများစု တည်ရှိရာဒေသကို ဒီကနေ့ ဇွန်လ ၁၆ ရက်နေ့မှာ သွားရောက်ပြီး၊ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်တဲ့ အထိမ်းအမှတ်အဖြစ် အောင်ပွဲခံခဲ့ပါတယ်။
မြန်မာနိုင်ငံဘက်က ပစ်လိုက်တဲ့ကျည်တွေ ဘင်္ဂလားဒေ့ရှ်ပိုင်နက် Saint Martin ကျွန်းကို ကျရောက်ခဲ့တဲ့အတွက် ဒီကိစ္စကို နှစ်နိုင်ငံအကြား ဖြေရှင်းဖို့ ကြိုးစားနေတယ်လို့ ဘင်္ဂလားဒေ့ရှ် ပို့ဆောင်ရေးနဲ့ လမ်းတံတားဆိုင်ရာဝန်ကြီး Obaidul Quader က ပြောလိုက်ပါတယ်။
မြန်မာ့အရေး ငြိမ်းချမ်းတဲ့နည်းနဲ့ ဆွေးနွေးအဖြေရှာရာမှာ ထိုင်းနိုင်ငံဟာ အရေးပါတာကြောင့် သံတမန်ရေးအရ ဦးစားပေး ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းမယ်လို့ မကြာသေးခင်ကမှ အသစ်ခန့်လိုက်တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa ကပြောလိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေတဲ့ ယူကရိန်း ငြိမ်းချမ်းရေး နိုင်ငံတကာညီလာခံရဲ့ ဒီကနေ့ တနင်္ဂနွေနေ့ ဆွေးနွေးမှုတွေမှာ စားနပ်ရိက္ခာ ဖူလုံရေး၊ နျူကလီးယား ကပ်ဘေးကို ရှောင်ရှားနိုင်ရေး၊ ယူကရိန်းကနေ ခေါ်သွားတဲ့ ကလေးတွေ ရုရှားထံက ပြန်လည်ရရှိရေး ကိစ္စတွေကို အဓိက ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။
အစ္စရေး-ဟာမတ်စ် စစ်ပွဲကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတဲ့ အရေးပေါ် အကူအညီ လိုအပ်နေသူ ပါလက်စတိုင်းတွေအတွက် ပို့ပေးမယ့် အကူအညီတွေ ပိတ်မိနေတဲ့ပြဿနာ ပြေလည်ရေးအတွက် ဂါဇာတောင်ပိုင်းက လမ်းမှာ နေ့ဘက် တိုက်ပွဲတွေ ယာယီရပ်ထားမယ်လို့ အစ္စရေးစစ်တပ်က ဒီကနေ့ ဇွန်လ ၁၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ဂျာမနီနိုင်ငံမှာ ကျင်းပနေတဲ့ Euro ၂၀၂၄ ဘောလုံးဗိုလ်လုပွဲ ဒုတိယနေ့ ပထမပွဲစဉ်မှာ ဆွစ်ဇာလန်အသင်းက ၂ ဂိုး ဟန်ဂေရီအသင်းက ၁ ဂိုးနဲ့ ဆွစ်ဇာလန်အသင်းက နိုင်သွားပါတယ်။
တနင်္သာရီတိုင်း မြိတ်၊ ထားဝယ်ခရိုင်ထဲက ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ နယ်မြေမှာရှိတဲ့ အောင်သာဝရ၊ ကရင်လို အခေါ် ဝေ့တူရေ့ စစ်စခန်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းယူခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲ အပစ်ရပ်ဖို့အတွက် ရုရှားသမ္မတ Vladimir Putin ဘက်က တောင်းဆိုတဲ့အချက်တွေကို အမေရိကန်၊ ယူကရိန်း၊ NATO မဟာမိတ်အဖွဲ့ကြီးက ပယ်ချလိုက်ပါတယ်။
ဗြိတိန်နိုင်ငံ တတိယမြောက် Charles ဘုရင်ရဲ့ မွေးနေ့ပွဲအထိမ်းအမှတ် ဗိုလ်ရှုခံအခမ်းအနားကို ဒီနေ့ ကျင်းပတာမှာ ပြည်သူအများအပြား လာရောက်ဆုတောင်းပေးခဲ့ကြပါတယ်။ Charles ဘုရင်မွေးနေ့က နိုဝင်ဘာ ၁၄ ရက် ဖြစ်ပေမဲ့ ဗြိတိန်တော်ဝင် အစဉ်အလာအတိုင်း ဇွန်လမှာ အခုလို တရားဝင် မွေးနေ့အခမ်းအနားကို ကျင်းပတာ ဖြစ်ပါတယ်။
အာရက္ခတပ်တော်AAနဲ့ တိုက်ပွဲတွေ ပြင်းထန်နေ တဲ့ ရခိုင်မှာ စစ်တွေမြို့နယ် ကျေးရွာပေါင်း ၁ဝကျော်က ဒေသခံတွေကို စစ်တွေမြို့တွင်းသို့ အတင်းကြပ်ရှွေ့ပြောင်းခိုင်းနေပြီး လူသားဒိုင်းသဖွယ် အဖြစ် အသုံးပြုဖို့ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဗွီအိုအေကိုပြောဆိုကြပါတယ်။
မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှုဟာ လွန်ခဲ့တဲ့ ခြောက်နှစ်ကစပြီး ဆိုးရွားလာနေတာ အခုဆိုရင် မကြုံစဖူးအခြေအနေမျိုးရောက်ရှိနေကြောင်း ကမ္ဘာ့ဘဏ်က ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
NUG အစိုးရကို ကိုယ်စားပြုတဲ့ မြန်မာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) လက်ထောက်အထွေထွေ အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုး ကို ILO အပြည်ပြည်ဆိုင်ရာအလုပ်သမားများအဖွဲ့ချုပ်ရဲ့ အလုပ်သမားတွေကို ကိုယ်စားပြုတဲ့ လက်ထောက် အုပ်ချုပ်ရေးအဖွဲ့၀င် အဖြစ် ဇွန်လ (၉)ရက်နေ့မှာ ရွေးကောက်တင်မြှောက်ခဲ့ကြပါတယ်။
ဒီရွေးကောက်ပွဲက အီးယူရဲ့ နိုင်ငံရေးရပ်တည်ချက်ကို လက်ယာဘက် ယိမ်းသွားစေနိုင်ပြီး ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး ကုန်သွယ်ရေးအုပ်စုကြီးရဲ့ အနာဂတ်ကိုလည်း လက်ရှိ အခြေအနေကနေ လမ်းကြောင်းပြောင်းသွားစေနိုင်ပါတယ်။
အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့ နှစ်ဘက်စလုံးဟာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်နေပြီး လက်ရှိ ဖြစ်နေတဲ့ စစ်ပွဲအတွင်း ကလေးငယ်တွေကို အန္တရာယ်တွေနဲ့ ရင်ဆိုင်ရအောင် ဖန်တီးနေကြတယ်ဆိုတာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ရှေ့သီတင်းပတ်အတွင်း လုံခြုံရေးကောင်စီမှာ တင်ပြဖို့ရှိပါတယ်။
မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်းတွေ ဝယ်ယူမှုအပေါ် စစ်ကောင်စီက စိစစ်အရေးယူမှုတွေ လုပ်ဆောင်လာတဲ့အတွက် အခုနှစ်ရဲ့ ဒုတိယနဲ့ တတိယ ၄ လပတ်တွေအတွင်း အရောင်းကျသွားနိုင်တယ်လို့ ထိုင်းနိုင်ငံ ကွန်ဒိုတိုက်ခန်းများ လုပ်ငန်းရှင်အသင်းက ပြောပါတယ်။
မြောက်ကိုရီးယားက မစင်တွေနဲ့ အမှိုက်တွေ ထည့်ထားတဲ့ မိုးပျံပူဖောင်းတွေ တောင်ကိုရီးယားနိုင်ငံထဲ ကျဲချခဲ့တာကို လက်စားချေတဲ့အနေနဲ့ မြောက်ကိုရီးယားအစိုးရကို ဆန့်ကျင်တဲ့ အသံချဲ့စက်နဲ့ ဝါဒဖြန့် ပြောဆိုတဲ့အစီအစဉ်ကို ပြန်လည်စတင်မယ်လို့ တောင်ကိုရီးယားက ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်က တိုက်ပွဲတွေအတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် ၁၃၀ ကျော်ကို ဒီကနေ့ပဲ နေရပ်ပြန်ဖို့ လွှဲပြောင်းပေးလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက သတင်းတွေက ဖော်ပြပါတယ်။
ရုရှားရဲ့ နောက်ဆုံးပေါ် အဆင့်မြင့် တိုက်လေယာဉ် Sukhoi Su-57 တစင်းကို ရုရှားနိုင်ငံအတွင်းပိုင်းမှာ ယူကရိန်းတပ်ဖွဲ့တွေ ထိအောင်တိုက်ခိုက်နိုင်ခဲ့ကြောင်း ကောင်းကင်ဂြိုဟ်တုက ရိုက်ယူထားတဲ့ ဓာတ်ပုံ အထောက်အထားတွေနဲ့အတူ ယူကရိန်း စစ်ထောက်လှမ်းရေးဌာနက အတည်ပြုပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်