မြန်မာစစ်တပ် လက်နက်တွေ ဝယ်ယူနိုင်အောင် ထိုင်းဘဏ်တွေကတဆင့် ငွေအလွှဲအပြောင်း လုပ်နေတယ်ဆိုတဲ့ ကုလသမဂ္ဂ အစီရင်ခံစာပါ ဖော်ပြချက်ကို ထိုင်းဘဏ်လုပ်ငန်းများရှင်များအသင်းက ပြင်းပြင်းထန်ထန် ငြင်းဆန်လိုက်ပါတယ်။
ဂျာမနီနိုင်ငံမှာ ကျင်းပနေတဲ့ UEFA EURO 2024 ဘောလုံးပွဲတွေ ရှုံးထွက်အဆင့် ရောက်ရှိလာပြီး၊ ဒီနေ့ စနေနေ့မှာ ပထမဆုံးပွဲအနေနဲ့ အီတလီ နဲ့ ဆွစ်ဇလန်, ဂျာမဏီ နဲ့ ဒိန်းမက်တို့ ကစားကြမှာ ဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေထိုင်တဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ် အမှတ် ၅၄ ကို လေလံ ကြမ်းခင်းစျေးသစ် အဖြစ် အရင်သတ်မှတ်ထားတဲ့ နှုန်းထက် လျော့ချပြီး သြဂုတ်လ ၁၅ ရက်နေ့မှာ ထပ်မံ လေလံတင်ရောင်းချဖို့ တရားရုံးက အမိန့်ချမှတ်လိုက်ကြောင်း နီးစပ်သူတွေက ဗွီအိုအေကိုပြောပါတယ်။
တရုတ်အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ သမ္မတဟောင်းဦးသိန်းစိန်နဲ့ အဖွဲ့ဟာ မနေ့က တရုတ်နိုင်ငံကို ထွက်ခွာသွားပါတယ်။ ရန်ကုန်တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာတော့- တရုတ်နိုင်ငံမှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ချက် ထုတ်ပြန်တဲ့ နှစ် ၇၀ ပြည့် အခမ်းအနားကို တက်ရောက်ဖို့ အတွက်ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ ရဲ့ စျာပန အခမ်းအနားကို ဆရာတော်ကျောင်းဖြစ်တဲ့ ပဲခူးမြို့ ၀င်းနိမ္မိတာရုံ ကျောင်းမှာ ဒီကနေ့ ကျင်းပနေပါတယ်။ အနယ်နယ်အရပ်ရပ်က ဆရာတော် သံဃတော်တွေ ရာနဲ့ချီ ကြွရောက်ပြီး ဆရာတော် ရုပ်ကလပ်တော်ကို နောက်ဆုံးအနေနဲ့ ပူဇော်တဲ့ အနေနဲ့ တရားဓမ္မတွေ ဟောကြားနေပါတယ်။
စစ်ကောင်စီအတွက် လွန်ခဲ့တဲ့ ၂ နှစ်အတွင်း နိုင်ငံပေါင်း (၇)နိုင်ငံက ဘဏ်ပေါင်း (၁၆)ခု ဟာ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ၀ယ်ယူရေး စစ်ပိုင်းဆိုင်ရာကိစ္စရပ်တွေနဲ့ ဆက်စပ်တဲ့ ငွေလွှဲပြောင်းမှုအပါအ၀င် ဘဏ်၀န်ဆောင်မှုတွေ ပေးခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrewsရဲ့ အစီရင်ခံစာသစ်က ဖေါ်ပြထားပါတယ်။
မန္တလေးတိုင်း မြင်းခြံဘက်မှာ ပရဟိတဆောင်ရွက်နေတဲ့ သံဃတော်တပါး အပြန်ခရီး ကားပေါ်မှာ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတယ်။ ပျံလွန်တော်မူသွားတဲ့ စခမ ကျေးရွာ ဆရာတော်ဟာ လူနာကို မြင်းခြံဆေးရုံကို ပို့ဆောင်ပြီး အပြန်မှာ ကင်းပုန်းစောင့်နေတဲ့ စစ်ကောင်စီလုံခြုံရေးတပ်တွေဘက်က ပစ်ခတ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
ရန်ကုန် အင်းစိန်ဗဟိုအကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသားနှစ်ရာငါးဆယ်ကို ဒိုက်ဦးထောင်ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ထောင်အာဏာပိုင်တွေက ရွှေ့ပြောင်းခဲ့ပါတယ်။ နိုင်ငံရေးအကျဥ်းသားတွေကို ကား ၅ စီးနဲ့ ခေါ်ယူသွားတာဖြစ်ပြီး နာမည် အရေ အတွက် အတိအကျကိုတော့ လတ်တလော မသိရသေးပါဘူး။
စစ်ကောင်စီရဲ့ လေကြောင်းက တိုက်ခိုက်တဲ့ အန္တရာယ်တွေကို စိုးရိမ်တဲ့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလကစလို့ အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်တွင်းက Kamjong ခရိုင်ထဲမှာ လာရောက် ခိုလှုံနေတဲ့ မြန်မာနိုင်ငံသား ၅ ထောင်ကျော် ရှိတယ်လို့ ဒေသခံတပ်မှူးတဦးကို ကိုးကားပြီး အိန္ဒိယနိုင်ငံက သတင်းတွေမှာ ဖော်ပြပါတယ်
အရှေ့အလယ်ပိုင်း အိမ်နီးချင်းနိုင်ငံတွေမှာ ရှိနေကြတဲ့ အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ အဖွဲ့တွေက တိုက်ခိုက်ရေးသမားတွေ လက်ဘနွန်နိုင်ငံကိုလာပြီး Hezbollah အဖွဲ့ဘက်က ဝင်ရောက် တိုက်ခိုက်ပေးဖို့ အဆင်သင့်ရှိနေကြတယ်လို့ အကဲခတ်တွေက ပြောပါတယ်။
ရုရှား သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသမှာ ယူကရိန်းရဲ့ မစ်ဇိုင်းဒုံး ထိမှန်ရာက ကလေးတဦးအပါအဝင် အရပ်သား ၂ ဦး သေဆုံးပြီး၊ ၂၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ရုရှားအစိုးရက ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant ဟာ ဂါဇာစစ်ဆင်ရေး နောက်တဆင့်တက်မယ့် အစီအစဉ်နဲ့ ပဋိပက္ခတွေ ကျယ်ပြန့်လာမှာ စိုးရိမ်နေချိန် Hezbollah စစ်သွေးကြွတွေနဲ့ လက်ဘနွန်နယ်စပ်မှာ တိုက်ခိုက်မှုတွေ ကြီးထွားလာနေတဲ့ ကိစ္စတွေကို ဝါရှင်တန်မှာ ဆွေးနွေးဖို့ ဒီကနေ့ပဲ အစ္စရေးက ထွက်ခွာလာပါတယ်။
ယီမင်နိုင်ငံက ဟူသီသူပုန်တွေ ပစ်ခတ်တယ်လို့ ယူဆရတဲ့ အဝေးထိန်းဒရုန်း ပင်လယ်နီထဲက သင်္ဘောတစင်းကို ထိမှန်ခဲ့ပြီး ပျက်စီးမှုရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
ဇွန်လ ၁၉ ရက်နေ့က မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် ကမ္မရွာအနီး စစ်တပ်ပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်ခဲ့တဲ့အဖြစ်ကို သည်းခံခွင့်လွှတ်ဖို့ သီတဂူဆရာတော်ကြီးက တိုက်တွန်းခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဆန်စပါးဈေးတွေ အဆမတန် မြင့်တက်နေတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က တာဝန်ရှိသူတွေကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးနေပါတယ်။
ယူကရိန်းအပေါ် Missile ဒုံးတွေ ဒရုန်းတွေနဲ့ ရုရှားက ညလုံးပေါက် တိုက်ခိုက်မှုတွေ လုပ်ခဲ့တာမှာ ယူကရိန်းတောင်ပိုင်းနဲ့ အနောက်ပိုင်းက ဓါတ်အားပေးစက်ရုံတွေ ထိခိုက်ပျက်စီးခဲ့ပြီး စက်ရုံသား ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဇွန်လ ၁၉ ရက်နေ့က မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် ကမ္မရွာအနီး စစ်တပ်ပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်ခဲ့တဲ့အဖြစ်ကို သည်းခံခွင့်လွှတ်ဖို့ သီတဂူဆရာတော်ကြီးက တိုက်တွန်းခဲ့ပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ဇူလိုင်လ ၂၆ ရက်ကနေ ဩဂုတ်လ ၁၁ ရက်အထိ ကျင်းပမယ့် အိုလံပစ်အားကစားပွဲတွေမှာ ယှဉ်ပြိုင်ကြမယ့် အမေရိကန်အိုလံပစ်အသင်းက ကိုယ်ပိုင်လေအေးပေးစက်တွေ ယူသွားကြမှာ ဖြစ်ပါတယ်။
စစ်ကောင်စီ ဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၉)နှစ်မြောက် မွေးနေ့ ဂုဏ်ပြုဖွယ်အခမ်းအနားကို Timor-Leste တီမော လတ်စ်တေ နိုင်ငံ မှာ ဒေသစံတော်ချိန် ညနေပိုင်းမှာ ပြုလုပ်ဖို့ရှိပြီး သမ္မတ Dr. Jose Ramos-Horta ကိုယ်တိုင် တက်ရောက်ချီးမြှင့်မှာဖြစ်ပါတယ်။
ထောင်ဒဏ် (၂၇)နှစ် ချမှတ်ထိမ်းသိန်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ ကျရောက်တဲ့ (၇၉) နှစ်မြောက် မွေးနေ့ ဂုဏ်ပြုလှုပ်ရှားမှုတွေကို နိုင်ငံတကာနဲ့ ပြည်တွင်း မှာ ပုံစံမျိုးစုံနဲ့ ပြုလုပ်နေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်