ဇူလိုင်လ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့က ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်မှာ ရန်ကုန်မြစ်ထဲ သမ္ဗာန်တိမ်းမှောက်ပြီး ပျောက်ဆုံးနေတဲ့ လူ ၈ ဦးရဲ့ အလောင်း တွေကို ကယ်ဆယ်ရေးအဖွဲ့တွေက မနေ့က ရှာဖွေဆယ်ယူနိုင်ခဲ့တယ်လို့ ကြည့်မြင်တိုင် မီးသတ်အဖွဲ့က ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအစမှာ စစ်ဗျူဟာအရ အရေးပါတဲ့ မန္တလေးတိုင်းနဲ့ဆက်နေတဲ့ ရှမ်းပြည်တောင်ပိုင်းက နောင်ချိုကို အပြီးသတ်သိမ်းပိုက်နိုင်တာဟာ စစ်ရေးအရ အလွန်အရေးပါကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF (မန္တလေး) ရဲ့ပြောခွင့်ရ ကိုအော်စမွန်က ဗွီအိုအေကိုပြောပါတယ်။
ဇွန်လ ၁၀ ရက် ဒီကနေ့ မနက်ပိုင်းက ရန်ကုန်တိုင်း လှိုင်မြစ်အတွင်း သမ္ဗန်တိမ်းမှောက်တာကြောင့် သမ္ဗာန်ပေါ်လိုက်ပါလာသူ ၁၆ ဦး အနက် ၈ ဦးပျောက်ဆုံးနေပါတယ်။ ပျောက်ဆုံးနေတဲ့ ၈ ဦးထဲမှာ ကျောင်းသား ၃ ဦးလည်းပါဝင်ပြီး ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေတယ်လို့ မျက်မြင်သက်သေတချို့က ပြောပါတယ်။
ဒီရွေးကောက်ပွဲကနေ Marine Le Pen ရဲ့ လက်ယာစွန်း National Rally ပါတီအနေနဲ့ သမိုင်းဝင်အောင်ပွဲကို ရရှိသွားနိုင်သလို၊ ပါလီမန်မှာ ဘယ်ပါတီကမှ အပြတ်အသတ် အနိုင်မရဘဲ နိုင်ငံရေးအရ နှစ်နဲ့ချီပြီး ရှေ့မတိုး နောက်မဆုတ်ဖြစ်တဲ့ အနေအထားလည်း ရောက်သွားနိုင်ပါတယ်။
ရွေးကောက်ခံ အီရန်သမ္မတသစ် Masoud Pezeshkian ဟာ လာမယ့် ဩဂုတ်လအစောပိုင်းမှာ နိုင်ငံရဲ့ ၉ ယောက်မြောက် သမ္မတအဖြစ် လွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆိုမယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အမေရိကန်က အဆိုပြုထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် အစ္စရေးရဲ့ တုန့်ပြန်ချက်ကို စောင့်ဆိုင်းနေကြောင်း ဟာမတ်စ်အဖွဲ့က ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့မှာ ပြောပါတယ်။
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ Donetsk ဒေသအတွင်းက ကျေးရွာတရွာကို သိမ်းပိုက်လိုက်နိုင်ကြောင်း ရုရှားက ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့မှာ ပြောပါတယ်။ ဒါဟာ ယူကရိန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ရုရှားတပ်ဖွဲ့တွေရဲ့ စစ်ရေးအရ သေးငယ်တဲ့ အောင်မြင်တခု ရရှိလိုက်တာလည်း ဖြစ်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoko Kamikawa က ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးလည်းဖြစ်တဲ့ Sok Chanda Sophea နဲ့ တွေ့ဆုံပြီး မြန်မာအပါအဝင် ဒေသတွင်းပဋိပက္ခတွေနဲ့ နိုင်ငံတကာအရေးကိစ္စတွေကို ဆွေးနွေး
မြန်မာစစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှုးကြီးစိုးဝင်း၊ တရုတ်နိုင်ငံမှာ ရောက်ရှိနေပါတယ်။ တရုတ် ဦးဆောင်ဖွဲ့စည်းထားတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ အစိမ်းရောင်ဖွံဖြိုးတိုးတက်ရေးဖိုရမ်ကို တက်ဖို့သွားတာလို့ စစ်ကောင်စီပြောခွင့်ရက VOA ကို အတည်ပြုပါတယ်။
ဗြိတိန်အစိုးရသစ်အတွက် ပထမတာဝန်က လုံခြုံရေးနဲ့ ကာကွယ်ရေး ဖြစ်တယ်လို့ ဝန်ကြီးချုပ်သစ် Keir Starmer က ပြောကြားလိုက်ပါတယ်။ NATO စစ်ရေးမဟာမိတ်အဖွဲ့နဲ့ ယူကရိန်းအပေါ် ဆက်ပြီးထောက်ခံသွားမှာ ဖြစ်တယ်ဆိုတာကို ပထမဆုံးပြုလုပ်တဲ့ ဒီနေ့ စနေနေ့ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ဝန်ကြီးချုပ် Starmer က ပြောကြားခဲ့ပါတယ်။
အီရန်သမ္မရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အလယ်အလတ်သဘောထားရှိသူ Masoud Pezeshkian (မာဆွဒ် ပါဇစကီယန်) က ခက်ခဲတဲ့လမ်းကို သူနဲ့အတူ ရှေ့ဆက်လျှောက်ကြပါလို့ ပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။
UEFA EURO 2024 ဘောလုံးပွဲဗိုလ်လုပွဲ ကွာတားပွဲစဉ်တွေကို ဂျာမနီနိုင်ငံမှာ ဆက်လက်ကျင်းပနေတာမှာ ဒီနေ့ စနေနေ့မှာတော့ အင်္ဂလန်နဲ့ ဆွစ်ဇာလန်၊ နယ်သာလန်နဲ့ တူရကီတို့ ကစားကြမှာ ဖြစ်ပါတယ်။ အင်္ဂလန်နဲ့ ဆွစ်ဇာလန်ပွဲကို မြန်မာနိုင်ငံစံတော်ချိန် ည ၁၀ နာရီခွဲမှာ စတင်မှာ ဖြစ်ပါတယ်။
ကရင်နီပြည်နယ် လွိုင်ကော်မြို့မှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲတွေပြင်းထန်နေရာမှာ စစ်ရေးဗျူဟာအရ နှစ်ဘက်စလုံး အတိုးအဆုတ် နည်းလမ်းနဲ့တိုက်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ပတ်လည်တဝိုက်မှာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ပူးပေါင်းတပ်တွေဟာ ဒီကနေ့ မှာ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ ဗုံးကျဲပစ်ခတ်နေပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ Utica မြို့မှာ အသက် ၁၃ နှစ်အရွယ် ကရင်လူငယ်တဦးဟာ ရဲတပ်ဖွဲ့ဝင်တွေ စစ်ဆေးနေစဉ် ပစ်ခတ်မှုဖြစ်ရာက သေဆုံးခဲ့တဲ့ဖြစ်စဉ်အတွက် ရဲတပ်ဖွဲ့က ရှင်းလင်းခဲ့ပါတယ်။
ပြင်သစ်နိုင်ငံမှာ လွန်ခဲ့တဲ့ ၃ ပတ်လောက်ကပဲ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရုတ်တရက် ကြေညာခဲ့တဲ့ သမ္မတ Emmanuel Macron က ဒီကနေ့ စတင်တဲ့ ပထမအကျော့ ရွေးကောက်ပွဲမှာ မဲပေးခဲ့ပါတယ်။
အစ္စရေးတပ်ဖွဲ့တွေရဲ့ ဒီကနေ့ စစ်ဆင်ရေးတွေမှာ ဂါဇာဒေသမြောက်ပိုင်း Shejaia အရပ်အပြင်၊ Rafah မြို့ အနောက်ပိုင်းနဲ့ အလယ်ပိုင်းနယ်မြေတွေ အတွင်းပိုင်းအထိ ထိုးဖောက်ခဲ့ပြီး ပါလက်စတိုင်းသား ၆ ဦးထက်မနည်း သေဆုံး၊ အိမ်အများအပြား ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ လားရှိုးဘက် စစ်ရေးအရှိန် ဒီနေ့စမြှင့်လိုက်ပြီလို့ TNLA တအာင်းတပ်က ပြောလိုက်ပါတယ်။ မြောက်ပိုင်း တိုင်းရင်းသား ညီနောင် ၃ ဖွဲ့ရဲ့ တကျော့ပြန် စစ်ဆင်ရေး ၅ ရက်မြောက်နေ့မှာ MNDAA ကိုကန့်အဖွဲ့ ဦးဆောင်ပြီး စစ်ရှိန်မြင့်လိုက်တာ ဖြစ်တယ်လို့ TNLA ပြောခွင့်ရ လွေးယေဦးက VOA ကို ပြော
သောကြာနေ့က ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲတွေမှာ ဘယ်သူမှ အပြတ်အသတ် အနိုင်မရခဲ့တာကြောင့် ပြုပြင်ပြောင်းလဲရေးလိုလားသူ သမ္မတလောင်း Masoud Pezeshkian နဲ့ သဘောထားပြင်းထန်တဲ့ အီရန် Nuclear အရေးညှိနှိုင်းရေးမှူး Saeed Jalili တို့ ၂ ယောက် ဒုတိယအကျော့မှာ ပြိုင်ဆိုင်ကြရမှာပါ။
တရုတ်ရဲ့ အိမ်နီးချင်း မြန်မာ၊ အိန္ဒိယနိုင်ငံတို့နဲ့ ဆက်ဆံရေးမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အခြေခံမူ ၅ ချက်ကို အဓိကထားတယ်လို့ တရုတ်သမ္မတ Xi Jinping က ပြောကြားခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်