ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆန္ဒပြတာတွေ ဖြစ်နေပြီး လူထုမငြိမ်သက်မှုတွေ ဖြစ်နေတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခရီးသွားလာတာတွေ မလုပ်ဖို့ အမေရိကန်က နှိုးဆော်ချက် ထုတ်ပြန်လိုက်ပါတယ်။
လက်ဘနွန်အခြေစိုက် Hezbollah အဖွဲ့ရဲ့ လက်နက်တိုက်တွေကို ညဖက်မှာ တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဒီကနေ့ပဲ အတည်ပြုလိုက်ပါတယ်။ လက်ဘနွန်နိုင်ငံတောင်ဘက် အတွင်းပိုင်းက လက်နက်တိုက်တခုကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရကြောင်း အစိုးရပိုင် မီဒီယာတွေက ဖော်ပြခဲ့ပြီးနောက် အစ္စရေးက အတည်ပြုခဲ့တာပါ။
ယူကရိန်းအနေနဲ့ သူတို့ရဲ့ မြို့တွေနဲ့ ရှေ့တန်းမှာရှိတဲ့ တပ်ဖွဲ့တွေကို ရုရှားဘက်က ဒရုန်းတွေ ၊ ဗုံးတွေနဲ့ တိုက်ခိုက်တာကနေ ကာကွယ်ဖို့အတွက် တာဝေးပစ်လက်နက်တွေသုံးဖို့ လိုအပ်တယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစိုးရဝန်ထမ်း အလုပ်နေရာအတွက် စစ်မှုထမ်းဟောင်း မိသားစုတွေကို ပေးထားတဲ့ ခွဲတမ်းကို လျှော့ချဖို့ တရားရုံးချုပ်က ဒီကနေ့ပဲ ဆုံးဖြတ်လိုက်တာကြောင့် ဆန္ဒပြ တွေအတွက် အောင်ပွဲတစိတ်တပိုင်း ဖြစ်ခဲ့ပါတယ်။
ဒီနေ့မနက်အစောပိုင်းမှာ ယီမင်နိုင်ငံထဲက ပစ်ခတ်ခဲ့တဲ့ မစ်ဇိုင်းဒုံးတစင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောလိုက်ပါတယ်။ ဟူသီသူပုန် ပစ်မှတ်တွေကို အစ္စရေး တိုက်လေယာဉ်တွေ တိုက်ခိုက်ခဲ့ပြီး နာရီပိုင်းအကြာမှာပဲ မစ်ဇိုင်းဒုံးနဲ့ ပစ်ခတ်ခဲ့တာပါ။
တိုက်ပွဲတွေဖြစ်နေတဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်က ဆည်တော်ကြီးဆည်ရေ မရရှိတာကြောင့် မန္တလေး မတ္တရာ မြို့နယ်ထဲက စိုက်ပျိုးရေးတောင်သူတွေမှာ အခက်အခဲ ဖြစ်နေပါတယ်။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ထဲက ဘုန်းကြီးကျောင်းတကျောင်းကို စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲ တိုက်ခိုက်လို့ အရပ်သားတွေ အပါအဝင် လူ ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။
ရုရှားက ယူကရိန်းကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ညလုံးပေါက် တိုက်ခိုက်လို့ ယူကရိန်းအရပ်သား ၂ ဦး သေဆုံးပြီး နိုင်ငံတဝန်းက စွမ်းအင်စက်ရုံတွေနဲ့ မီးရထား သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို ထိခိုက်ခဲ့တယ်လို့ ယူကရိန်း အရာရှိတွေက ဒီကနေ့ ပြောပါတယ်။
ဂါဇာအလယ်ပိုင်းမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို မနေ့ညက အစ္စရေးက လေကြောင်းကနေ ၃ ကြိမ် တိုက်ခိုက်တာကြောင့် ၁၃ ယောက် ထက်မနည်းသေဆုံးသွားတယ်လို့ ပါလက်စတိုင်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အနေနဲ့ တရုတ်နိုင်ငံရဲ့ တောင်းဆိုမှုကြောင့် ဇူလိုင်လကုန်အထိ အပစ်အခတ် ရပ်စဲထားမယ့်အကြောင်း ထုတ်ပြန်လိုက်ပါတယ်။
RNC ရီပတ်ပလင်ကန်ပါတီ နိုင်ငံလုံးဆိုင်ရာညီလာခံအတွင်း မူဝါဒဆိုင်ရာ ဆွေးနွေးချက်တွေနဲ့ပတ်သက်ပြီး နိုင်ငံရေးလေ့လာသူတွေဖြစ်တဲ့ ဒေါက်တာတင့်ဆွေနဲ့ ဦးဇိုသုန်းမှုန်တို့ကို ဗွီအိုအေ အယ်ဒီတာဦးကျော်ဇံသာက ဆွေးနွေးထားပါတယ်။
လက်ရှိကျင်းပနေတဲ့ ရီပတ်ပလင်ကန်ပါတီညီလာခံအတွင်းမှာတော့ ပါတီတွင်း ညီညွတ်မှုရှိတယ်ဆိုတာကို ဖော်ပြနိုင်ဖို့ ကြိုးစားခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံရေးလေ့လာသူတွေက ယူဆပါတယ်။ ဒေါက်တာတင့်ဆွေ၊ ဦးဇိုသုန်းမှုန်တို့ကို RNC ညီလာခံ ပထမနေ့ ဒုတိယနေ့ ဆွေးနွေးချက်အပေါ် အယ်ဒီတာ ဦးကျော်ဇံသာ တွေ့ဆုံမေးမြန်းထားပါတယ်။
သမ္မတဟောင်း Donald Trump ကို လုပ်ကြံပစ်ခတ်တဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ မြန်မာ-အမေရိကန် လူမှုရေးအသင်း (BACI) ရဲ့ ဘုတ်အဖွဲ့ဒါရိုက်တာ Dr. Ro Dinga က သူ့ရဲ့အမြင်သဘောထားကို ပြော။
အမေရိကန်ပြည်ထောင်စုက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း သမ္မတဟောင်း Donald Trump ကို လုပ်ကြံဖို့ကြိုးစားတဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ ကမ္ဘာ့ခေါင်းဆောင်တွေကလည်း အံ့အားသင့်စွာ တုံံ့ပြန်ပြောဆိုလာကြပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း သမ္မတဟောင်း Donald Trump ကို လုပ်ကြံဖို့ ကြိုးစားတဲ့ ဖြစ်ရပ်အပေါ် သမ္မတ Joe Biden က ပြင်းထန်စွာ ပြစ်တင် ရှုတ်ချလိုက်ပြီး ဒီဖြစ်ရပ်ကို တနိုင်ငံလုံးက ပြစ်တင်ရှုတ်ချကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
သမ္မတဟောင်း Donald Trump က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း မနေ့ စနေနေ့က ညာဘက်နားရွက် အပေါ်ပိုင်းကို သေနတ် ထိမှန်ခဲ့ပြီးတဲ့နောက် အခြေအနေကောင်းမွန်ကြောင်း လူမှုကွန်ယက်မှာ ရေးပါတယ်။ သူ့ကို လိုအပ်တဲ့ ဆေးကုသမှုပေးပြီးတဲ့နောက် စနေနေ့နှောင်းပိုင်းမှာဘဲ ဆေးရုံက ဆင်းခွင့်ပြုလိုက်ပါတယ်။
ရုရှား အနောက်တောင်ပိုင်း Rostov ဒေသမှာ ဒီကနေ့ အစောပိုင်း ယူကရိန်းက ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ရေနံစက်ရုံတရုံ မီးလောင်သွားခဲ့တယ်လို့ ရုရှားအစိုးရအရာရှိတွေက ပြောပါတယ်။ နယ်စပ်ယူကရိန်းတပ်ဖွဲ့တွေရဲ့ အခုနောက်ဆုံး ဒီတိုက်ခိုက်မှုက ရုရှားနိုင်ငံထဲ အဝေးဆုံးကို ရောက်တဲ့ တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။
ဟာမတ်စ်အဖွဲ့ စစ်ဦးစီးချုပ်ကို ပစ်မှတ်ထားပြီး ဂါဇာကမ်းမြောင်ဒေသ၊ Khan Younis မြို့ကို တိုက်ခိုက်ခဲ့တယ်လို အစ္စရေး စစ်ဘက်အသံလွှင့်ဌာနက ဒီကနေ့ ကြေညာသွားချိန်မှာပဲ ဂါဇာကျန်းမာရေးဌာနကတော့ အဲ့ဒီတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း အယောက် ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
မြောက်ကိုရီးယား အစိုးရဟာ ရုရှားကို လက်နက်တွေ တင်ပို့နေတယ်လို့ ပြီးခဲ့တဲ့ နေတိုးထိပ်သီးဆွေးနွေးပွဲအတွင်း ကြေညာချက်ထုတ်ပြီး ပြစ်တင်လိုက်တဲ့အပေါ် မြောက်ကိုရီးယားနိုင်ငံက ရှုတ်ချလိုက်ပြီး ဒီကြေညာချက်ဟာ တရားမဝင်ဘူးလို့လည်း မြောက်ကိုရီးယားအစိုးရပိုင် မီဒီယာက ဒီနေ့ ပြောလိုက်ပါတယ်။
ပြင်သစ်နိုင်ငံမှာ သိပ်မကြာခင် ရှေ့လထဲမှာ စတင်ကျင်းပမယ့် ပါရီအိုလံပစ် အားကစားပြိုင်ပွဲမှာ ယှဥ်ပြိုင်ကြမယ့် ရေကူးအားကစားသမားတွေအတွက် Seine မြစ်ရေရဲ့ သန့်ရှင်းကြည်လင်မှုကို စမ်းသပ်တဲ့အနေနဲ့ ပြင်သစ်အားကစားဝန်ကြီး အမ်မလီ အိုဒဲ−ကက်စ်တဲဟာ ကိုယ်တိုင် ဒီကနေ့ Seine မြစ်ထဲမှာ ရေကူးခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်